1168 Views

သစ်ပင်သေးသေးလေးတွေ စိုက်ပျိုးပြီး အိမ်တွင်းခန်းလေးတွေမှာ အလှဆင်ကြမယ်….

သစ်ပင်လေးတွေ စိုက်ပျိုးရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် သစ်ပင်လေးတွေလည်း စိုက်ပျိုးရင်း နေအိမ်လေးကိုလည်း အလှ ဆင်ပြင်ဆင်လို့ရနိုင်တဲ့ နည်းလမ်းကောင်း စိတ်ကူးလေးတွေ ဖော်ပြပေးချင်ပါတယ်။ ခြံဝင်းထဲမှာ စိုက်ပျိုးတဲ့အပင်ကြီးကြီးမားမားကြီး တွေမဟုတ်ပဲ အိမ်တွင်းထဲမှာ စိုက်ပျိုးလို့ရမယ့်အပင်ငယ်လေးတွေက သေးငယ်ပြီးတော့ချစ်စရာလည်းကောင်းပါတယ်။

အစိမ်းရောင် သဘာဝနဲ့ လက်ဆတ်တဲ့ အပင်ငယ်လေးတွေက အိမ်တွင်းကလေ ထုကိုလည်း သန့်စင်စေနိုင်တာကြောင့် ကျန်းမာ ရေးအတွက်လည်း အထောက်အကူဖြစ်စေကာ သင့်အိမ်ခန်းလေး ကိုလည်း ပန်းပင် လေးတွေနဲ့ စွဲဆောင်မှုရှိရှိ အလှပြင်ဆင်နိုင် ပါသေးတော့ သစ်ပင်လည်း စိုက်ပျိုးရ၊ အိမ်အလှလည်း ပြင်ဆင်ပြီး သားဖြစ်သွားပါတယ်။ အိမ်တွင်းသစ်ပင်အလှစိုက် ပျိုးခြင်းနည်း လမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ သစ်ပင်ငယ်လေးတွေ ဖြစ်တာကြောင့် အနည်းငယ်ကိုင်တွယ်ရ နုစိပ်ပါတယ်။ ပန်းအိုးသေးသေးလေးတွေ၊ အိမ်တွင်းက အသုံးအဆောင် သေးသေးလေးတွေက အပင်လေးတွေအတွက် တကယ့်ကို ခြေကုတ်မြစ်ယူစရာ ဖြစ်ပါတယ်။

အပင်သေးငယ်တာကြောင့်လည်း သစ်ပင်ရှင်သန်မှုနဲ့ အာဟာရပြည့်ဝမှုအတွက် ဂရုစိုက်ထိန်းသိမ်းမှုကို စနစ်တကျပြုလုပ်ပေးရပါတယ်။ တစ်ခုကောင်းတာကတော့ သူ တို့လေးတွေအတွက် နေရာကျယ်ကျယ်ပေးစရာမလိုပဲ မိမိအလှဆင် စိုက်ပျိုးလိုတဲ့ နေရာကိုရွေးချယ်ပြီး စိုက်ပျိုးနိုင်ပါတယ်။

၂။ နေအိမ်ခန်းရဲ့နံရံ၊ ထောင့်တွေ၊ ဘောင်တန်းတွေမှာ သစ်ပင်ငယ် လေးတွေကို တစ်စုတစ်စည်းတည်း စိုက်ပျိုးထိန်းသိမ်းနိုင်ပါတယ်။  ပန်းအိုး၊ သတ္တု၊ ဖိုက်ဘာ အိုးငယ်လေးတွေထဲ မြေသြဇာမြေကြီး ထည့်ပြီး စိုက်ပျိုးရမှာ ဖြစ်ပါတယ်။

နံရံမှာဆိုရင် ပန်းအိုးလေးတွေ တွဲလောင်းချစိုက်ပျိုးတာတို့၊ နံရံမှာကပ်ပြီး စိုက်ပျိုးတာမျိုးတွေ ပြု လုပ်နိုင်ပါတယ်။

၃။အိမ်ရဲ့ထောင့်ဘက်နေရာ၊အစွန်း၊အဝင်ပေါက်၊ ပြတင်းတံခါး ဘောင်လေးတွေပေါ်မှာ စိုက်ပျိုးနိုင်ပါတယ်။ နေ့အလင်းရောင်ကို အဓိကအားထားပြီး ရှင်သန်တာကြောင့် အလင်းရောင်ကောင်း ကောင်းရတဲ့ နေရာတွေမှာ စိုက်ပျိုးသင့်ပါတယ်။ ရေဓာတ်၊ အလင်း ဓာတ်၊ အပင်အာဟာရဓာတ်တွေကို ရရှိဖို့ ဂရုတစိုက်ပြုလုပ်ပေးရပါ မယ်။

၎။ တန်းကလေးတွေ၊ စင်ကလေးတွေ လုပ်ပြီးတော့လည်း စိုက်ပျိုး နိုင်ပါတယ်။ လှေကားထစ်ဘေးလေးတွေ၊ လှေကားထစ် စင်လေး တွေမှာ ပန်းအိုးငယ်လေးတွေနဲ့ စိုက်ပျိုးထားတဲ့ အပင်လေးတွေကို အစီအရီစိုက်ပျိုးထားရင် တကယ့်ကိုချစ်စရာကောင်းပြီး စွဲဆောင်မှု လည်း ရှိပါတယ်။

အပွင့်မပွင့်တဲ့ သစ်ပင်ငယ်လေးတွေ ဖြစ်ပေမယ့် လည်း သေးငယ်တဲ့အရွယ်အစားရှိတဲ့ သစ်ပင်လေးတွေဖြစ်တာ ကြောင့် ချစ်စရာကောင်းနေပြီး သင့်အခန်းလေးကို အလှဆင်ပေးနေ မှာပါ။

၅။ နွယ်ပင်၊ ကပ်ပါးပင်တို့လို မြေလျှောက်အပင်တွေဆိုရင်တော့ အမှီတစ်ခုခုထားပြီး စိုက်ပျိုးရပါလိမ့်မယ်။ နံရံဘေးဘောင်ဖြစ်ဖြစ်၊ ပြတင်းတံခါးပေါက်ဖြစ်ဖြစ်၊ စင်လေးတွေဖြစ်ဖြစ် ပြုလုပ်ပေးထားပြီး ကပ်ပါးရှင်သန်လို့ရနိုင်ပါတယ်။ တဖြည်းဖြည်းသစ်ပင်ရှင်သန်ပြီး ကြီး ထွားလာတဲ့အခါ အိမ်မှာတွဲလောင်းအလှဆင်ကြိုးလေးတွေလိုပဲ တွဲ လောင်းအပင်လေးတွေနဲ့ တကယ့်ကိုထူးခြားနေမှာပါ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)