1234 Views

ခြံဝင်းလေးထဲ ချစ်စရာကောင်းတဲ့ အပန်းဖြေအိမ်ငယ်ကလေးတွေ တည်ဆောက်တတ်ဖို့….....

ဒီတစ်ခါတော့ ခြံဝင်းကျယ်ကျယ်ကို ပိုင်ဆိုင်ထားတဲ့ မိသားစုဝင် တွေအတွက် ခြံဝင်လေးထဲမှာ နေချင်စရာကောင်းတဲ့ အပန်းဖြေ စံအိမ်ငယ်လေးတစ်လုံး တည်ဆောက်နိုင်မယ့်စိတ်ကူးကောင်း ကောင်းလေးကို ဖော်ပြပေးချင်ပါတယ်။

ခြံဝင်းထဲမှာ ခုံလေးတွေ၊ ဒန်းတွဲလေးတွေအပြင် မိုးလုံ၊ လေလုံနားနေလို့ရတဲ့ နားနေအဆောင်အိမ်ငယ်လေးတစ်လုံးဆိုရင် အိမ်ထဲမှာနေရတာထက်စာရင် ပြင်ပအေးချမ်းပြီး လတ်ဆက်တဲ့ လေကောင်းလေသန့်ကို ရနိုင်ပါ တယ်။

အရိပ်အာဝါသကောင်းကောင်းနဲ့ စိမ်းစိုစိုသစ်ပင် ပန်းမန် လေးတွေကြား တကယ့်သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့နိုင်မှာဖြစ် တာမို့လို့ ခြံကျယ်ကျယ်လေးတစ်ခုပိုင်ဆိုင်ထား ရင်တော့ ဒီလိုအ ပန်းဖြေအိမ်ငယ်လေးတစ်လုံးတော့ ဆောက်လုပ် ထားသင့်ပါတယ်။ ဒီ့အတွက်ကြောင့် ချစ်စရာကောင်းပြီး စိတ်ကူးကောင်းတဲ့ အပန်းဖြေ စံအိမ်လေးတည်ဆောက်ဖို့ နည်းလမ်းကောင်းလေး ပေးပါရစေ....

၁။ ခြံကျယ်ကြီးထဲမှာ နောက်ထပ်အိမ်ငယ်လေးတစ်လုံးပါပဲ။ သစ် သားအမိုးအကာနဲ့ ခေါင်မိုးအလုံတည်ဆောက်ထားတဲ့ အိမ်ငယ်လေး တစ်လုံးကို လုံလုံခြုံခြုံတည်ဆောက်လိုက်ပါ။ ခြံရဲ့ထောင်ကလေးမှာ ဖြစ်ဖြစ်၊ နံရံနားကပ်ထားတာပဲ ဖြစ်ဖြစ်၊ အရိပ်ရအပင်အောက်မှာ ပဲဖြစ်ဖြစ် တည်ဆောက်လိုက်ပါ။

အမိုး၊ အကာ၊ အခင်းအကျင်းတွေ ကို လုံလုံခြုံခြုံဆောက်လုပ်နိုင်ပါတယ်။ ဒီလိုဆိုရင် သင့်အတွက် စိတ်အေးချမ်းသာစွာ အပန်းဖြေနားနေလို့ရမယ့် အိမ်ကလေးဖြစ် လာပါလိမ့်မယ်။

၂။ အိမ်ငယ်လေးတစ်လုံးတည်ဆောက်ပြီးသွားရင်တော့ ဆေးရောင် လှလှကလေးနဲ့ အမိုးအကာ၊ အခင်းအကျင်းတို့ပြင်ဆင်လိုက်ပါ။

ပြီး ရင်တော့ အထဲမှာ နားနေဖို့၊ လှဲအိပ်စက်ဖို့အတွက် အခင်းအကျင်း၊ ဆိုဖာ၊ ကုတင်၊ ထိုင်ခုံလေးတွေ စသဖြင့် ထည့်သွင်းလိုက်ပါ။ ခန်းစီး၊ လိုက်ကာစလေးတွေ၊ ဒါမှမဟုတ် အလှခန်းစီးစလေးတွေကို တံခါး ပေါက်တွေမှာ၊ ပြတင်းတံခါးလေးတွေမှာ အလှတပ်ဆင်လိုက်ပါ။

၃။ အတွင်းခန်းထဲမှာ ချစ်စရာကောင်းတဲ့ အရောင်ကလေးတွေနဲ့ ဆက်ပြီး ပြင်ဆင်လိုက်ပါ။အသုံးအဆောင်တွေ၊ အလှဆင်ပစ္စည်း လေးတွေရဲ့ အရောင်တွေကအစ အသေးအမွှား ထိုင်ခုံ၊ ဖန်စီပစ္စည်း အစရှိတာတွေကို ချစ်စရာကောင်းအောင် အရောင်ကလေးတွေ စပ် ပြီးအသုံးပြုနိုင်ပါတယ်။

နောက်ထပ်ပြင်ဆင်လို့ရတဲ့ အလွယ်တကူ နည်းလမ်းကလေးကလည်း ပန်းကလေးတွေနဲ့ ပြင်ဆင်လိုက်တာပါ ပဲ။

ပန်းပင်လေးတွေ၊ ပန်းဆိုင်းလေးတွေ၊ ပန်းခွေလေးတွေ စသဖြင့် ပန်းပင်လေးတွေနဲ့ ပြင်ဆင်လိုက်တာက တကယ့်ကိုစွဲဆောင်မှု ရှိပြီး ချစ်စရာကောင်းမှာသေချာပါတယ်။



၎။ တံခါးပေါက်လေးတွေ၊ ပြတင်းတံခါးလေးတွေကို ချစ်စရာကောင်း အောင် ဖောက်ပြင်ဆင်တတ်ရပါမယ်။ ထောင့်နဲ့အကွေ့အကောက် တွေ၊ အထပ်ကလေးတွေလည်း တည်ဆောက်လို့ရနိုင်ပါတယ်။

ဖန် ချပ်ပြတင်းတံခါးလေးတွေမှာ အလှဆင်ပစ္စည်းလေးတွေ၊ လိုက်ကာ ခန်းစီးစလေးတွေ၊ အဝင်တံခါးဝလေးတွေမှာ ချစ်စရာကောင်းတဲ့ လျှောက်လမ်းလေးတွေ၊ ပန်းပင်လေးတွေနဲ့ အခင်းအကျင်းအပြင်အ ဆင်ကလေးတွေကတော့ တကယ့်စိတ်ကူးထဲကအတိုင်း စိတ်လှုပ် ရှားစရာကောင်းလိမ့်မယ်လို့ ထင်ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App