466 Views

အိမ်တွင်းပစ္စည်းလေးတွေနဲ့ လွယ်လွယ်ကူကူ အိမ်အလှပြင်ဆင် ကြမယ်

 

လှပပြီးဆန်းပြားတဲ့ အိမ်အလှဆင်ပစ္စည်းလေးတွေနဲ့ အလှဆင် လိုက်ရင် ချစ်ဖို့ကောင်းတဲ့ နေအိမ်လေးတစ်အိမ်ဖြစ်လာနိုင်တယ် ဆိုတာတော့ အိမ်ရှင်မတိုင်းနဲ့ အိမ်အလှပြင်ဆင်ရတာ စိတ်ပါဝင် စားသူတိုင်း သိကြမှာပါ။ ဒါပေမဲ့ ဈေးကွက်ထဲက အိမ်အလှဆင် ဖို့ ရောင်းချထားတဲ့ အလှဆင်ပစ္စည်းတွေရဲ့ ဈေးနှုန်းက မသေးလှ တော့ ဝယ်ယူဖို့ကလည်း အဆင်မပြေနိုင်သေးပါ။

 



ဒီ့အတွက်တော့ စိတ်ပူနေစရာ မလိုတော့ပါဘူး။ ငွေမကုန်ကြေးမကျတဲ့ အိမ်တွင်း လက်လုပ်ကိုယ်ပိုင်ဒီဇိုင်းပုံစံလေးတွေပုံဖော်လို့ရနိုင်မယ့် အိမ်တွင်း အလှဆင်ပစ္စည်းလုပ်ကိုင်နည်းလမ်းလေးတွေ ဖော်ပြပေး လိုက်ပါ တယ်။ ကိုယ့်အိမ်မှာပဲရှိနေတဲ့ အလှဆင်ကုန်ကြမ်းကလေးတွေ ရယ်၊ လိုအပ်တဲ့ပစ္စည်းလေးတွေရယ် ရှိယုံနဲ့ထူးခြားပြီး လှပတဲ့ အိမ် အလှဆင်ပစ္စည်းလေးတွေ ရရှိလာမှာပါ။

 



၁။ အိမ်ရှေ့တံခါးချပ်က အလှဆင်ပန်းခွေလေးတွေပါ။ ပန်းပွင့်နဲ့ ပန်းခြောက်ကလေးတွေက တစ်ခါတစ်ရံမှာ ပစ္စည်းရနိုင်ဖို့ ခက်ခဲ့ပြီး တော့ ပျက်စီးလွယ်ပါတယ်။ ဒီတော့ သင့်အိမ်လေးမှာ သိမ်းဆည်း ထားတဲ့ အရေအတွက် များများရှိတဲ့ အလှပစ္စည်းလေးတွေနဲ့ ပန်း ခွေ ပြုလုပ်နိုင်ပါတယ်။ ဥပမာ ပုံမှာပြထားသလို ထီးရွက်သေးသေး လေးတွေနဲ့ အလှဆင်လိုက်တာ ပိုပြီးတော့ချစ်စရာကောင်းသွားတာ တွေ့နိုင်ပါတယ်။

 



၂။ အိမ်မှာရှိတဲ့ ဖန်ပုလင်းအလွတ်ကလေးတွေကို ဒီအတိုင်းသိမ်း ဆည်းမထားပါနဲ့။ သန့်ရှင်းပြောင်လက်အောင် ဆေးကြောပြီးရင် ဖန်ပုလင်းလေးထဲကို ချစ်စရာကောင်းတဲ့ ပစ္စည်းသေးသေးလေး တွေ၊ ဖန်စီအလှလေးတွေ ထည့်ထားပြီး စားပွဲခုံတို့၊ စင်တို့ ဒါမှ မဟုတ် အလှတင်ထိုင်ခုံလေးတွေမှာ ထားရှိပြင်ဆင်နိုင်ပါတယ်။ ဖန်ပုလင်း၊ ဖန်ခွက်နဲ့ တခြားထည့်စရာခွက်ငယ်ကလေးတွေမှာ လည်း ပန်းပွင့်လေးတွေ၊ ဖန်စီအလှဆင်ပစ္စည်းလေးတွေတို့နဲ့ တွဲဖက်ပြီးတော့လည်း ပြင်ဆင်နိုင်ပါတယ်။

 



၃။ ကမ်းခြေတို့၊ ရေတံခွန်တို့ခရီးစဉ်တွေ သွားတုန်းက ဝယ်ယူလာခဲ့ တဲ့ ပင်လယ်အကောင် ခရု၊ ကမာလေးတွေ၊ ကြယ်ငါးအကောင် လေးတွေ စသဖြင့် ပင်လယ်အလှဆင်ပစ္စည်းလေးတွေက အိမ် အလှဆင်ပြင်ဆင်တဲ့နေရာမှာ သိပ်ကိုအသုံးဝင်ပါတယ်။ ချစ်စရာ ကောင်းတဲ့ ခရုဆံလေးတွေ၊ ကြယ်ငါးခွံလေးတွေ၊ ငါးအရိုးစုလေး တွေ စတာတွေကို ကြိုးလေးတစ်ချောင်းနဲ့သွယ်တန်းပြီး နေအိမ်မှာ အလှဆင်လို့ရနိုင်ပါတယ်။

 



၎။ နေအိမ်ထဲမှာ ပန်းပင်လေးတွေ စိုက်ပျိုးရတာနှစ်သက်တဲ့သူ ဆိုရင်တော့ အိမ်အလှပြင်ဆင်ဖို့ အလှဆင်ပစ္စည်းတွေ တကူးတက ဝယ်ယူစရာမလိုတော့ပါဘူး။ လှပတဲ့ပန်းပွင့်ရောင်စုံလေးတွေနဲ့ ချစ် စရာကောင်းတဲ့ ပန်းအိုး၊ ပန်းပင်လေးတွေကို ထူးထူးခြားခြားစိုက်ပျိုး ထားသိုတတ်မယ်ဆိုရင် သာမန်ထက်ပိုပြီးစွဲဆောင်မှုရှိနိုင်ပါတယ်။ မိမိဥာဏ်ကွန့်မြူးသလောက်၊ စိတ်ကူးရသလောက် ဖန်တီးပြင်ဆင် နိုင်ပါတယ်။

 

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)