623 Views

အိမ်ရဲ့အဝင်ဝနေရာလေးကို လှပပြီးဆွဲဆောင်မှုရှိအောင် ပြင်ဆင် တတ်ဖို့

 

သင့်အိမ်ကို ဧည့်သည်လာတာပဲဖြစ်ဖြစ်၊ သင်ကပဲသူများအိမ်တွေ သွားလည်တာပဲဖြစ်ဖြစ် အိမ်တစ်အိမ်ထဲရောက်သွားပြီဆိုရင် ဘယ် နေရာကိုအရင်ဆုံး သတိထားကြည့်မိသလဲ။ နေအိမ်ရဲ့ တံခါးမကြီး ဖွင့်လိုက်ရင်အရင်ဆုံးမြင်ရမယ့် လျှောက်လှမ်းနဲ့ဘေးပတ်လည် အခန်းကျယ်၊ နံရံတွေပဲဖြစ်ပါတယ်။


 

ခမ်းနားလွန်းတဲ့ အိမ်အဝင်အဝလမ်း၊ ချစ်စရာကောင်းပြီးစွဲဆောင်မှုရှိ တဲ့ လျှောက်လမ်း၊ သေသပ်ရှင်းလင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဘေးနံရံတွေ က အိမ်တစ်လုံးရဲ့တန်ဖိုးတစ်ခုလုံးကို သတ်မှတ်ပေး နိုင်ပါတယ်။ ဒီ့အတွက် နေအိမ်ရဲ့အဝင်အဝ လျှောက်လမ်းလေးကို ဘယ်လိုမျိုးအလှဆင်ပြင်ဆင်ပေးလို့ရမလဲဆိုတဲ့ နည်းလမ်းကောင်း တွေကို ကြည့်ရအောင်….


 

၁။ အိမ်ရဲ့ဝင်ဝင်ချင်းမှာ ချစ်စရာကောင်းတဲ့ကောဇောခင်းပေးထား ပြီး လျှောက်လမ်းရဲ့ ဘေးဘက်မှာ အလှထားတဲ့ခုံလေးတွေ၊ စင် လေးတွေရိုက်ထားပြီး အိမ်အလှဆင်ပစ္စည်းလေးတွေနဲ့ အလှဆင် ထားမယ်ဆိုရင်လည်း သင့်အိမ်ခန်းဝင်ဝင်ချင်းမှာပဲ ထူးခြားပြီး စွဲ ဆောင်မှုတဲ့ခံစားမှုမျိုးကိုရရှိနိုင်မှာပါ။

 



 ၂။ အဝင်အဝဘေးဘက် နံရံတွေမှာ ချစ်စရာကောင်းတဲ့ မိသားစု ဓာတ်ပုံလေးတွေချိတ်မယ်၊ အလှဆင်ပစ္စည်းလေးတွေ ဒါမှမဟုတ် တခြား ထူးထူးခြားခြားအလှဆင်ပစ္စည်းလေးတွေ ထားရှိမယ်ဆိုရင် လည်း သင့်ရဲ့အိမ်ခန်းအဝလေးက ထူးခြားပြီး စွဲဆောင်မှုအပြည့်ရှိ သွားမှာ ဖြစ်ပါတယ်။



 ၃။ ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းရတာ ဝါသနာပါသူအဖို့ဆို ရင်တော့ ဒီနေရာမှာ သင်စုဆောင်းထားတဲ့ ရှေးဟောင်းပစ္စည်းလေး တွေက သိပ်ကို တန်ဖိုးကြီးပါတယ်။ သင်မြတ်နိုးတဲ့ ရှေးဟောင်းတန် ဖိုးရှိတဲ့ ပစ္စည်းလေးတွေက သင့်အိမ်လေးရဲ့ အလှကို ပုံဖော်ပံ့ပိုးပေး နိုင်ပါတယ်။

 



 ဒိုင်ခွက်နာရီချိန်သီးကြီးတွေ၊ မီးအိမ်ဟောင်းတွေ၊ ချည် ထည်၊ ကြိမ်ထည်အသုံးအဆောင်လေးတွေက နှစ်သက်စရာကောင်း တဲ့ အိမ်အပြင်လေးတွေအဖြစ်ပုံဖော်ပေးနိုင်မှာပါ။

 
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App