561 Views

Minions အကောင်လေးတွေနဲ့ သင့်ကလေးငယ်ရဲ့ ချစ်စရာ ကောင်းတဲ့ အိပ်ခန်းအပြင်အဆင်

 

သင့်အိမ်က ရင်သွေးငယ်လေးတွေက Minions (banana) ကောင် လေးတွေရဲ့ ပရိတ်သတ်တွေလား။ မျက်လုံးပြူးပြူးနဲ့ သိပ်ပြီးချစ်စရာ ကောင်းတဲ့ အပြု အမူ၊ လှုပ်ရှားမှုလေးတွေ၊ နောက်ခံစကားပြောသံ လေးတွေနဲ့ လုပ် သမျှ အလွဲလွဲအချော်ချော် ဖြစ်နေတဲ့ အဝါရောင် ငှက်ပျောသီး ကောင်လေးတွေကို ဇာတ်ကောင်အဖြစ်ဖန်တီးပြီး ကာတွန်းကား ထုတ်လုပ်ရိုက်ကူးထားတာက ကမ္ဘာကျော်ပြီး လူကြီးတွေ ကော ကလေးတွေပါ ကြိုက်နှစ်သက်ကြပါတယ်။

 


ဒီလိုကောင်လေးတွေရဲ့ ရုပ်ပုံလေးအတိုင်း သူ့တို့တွေကိုချစ်တဲ့ ပရိတ်သတ်တွေအတွက် လူသုံးကုန်ပစ္စည်းတွေကိုလည်း ထုတ်ပေး ထားတာက တကယ့် minions အကောင်လေးတွေလိုပါပဲ။ ဒီတော့ သင့်အိမ်က Minions (banana) ချစ်တဲ့ ကလေးလေးတွေ အတွက် ချစ်စရာကောင်းတဲ့ Minions အခန်းလေးတွေ ဖြစ်အောင်ပုံဖော် ပေးလိုက်ကြရအောင်….

 



၁။ တစ်ထပ်ကုတင်၊ နှစ်ထပ်ကုတင်လေးတွေမှာ Minions လေး တွေပုံနှိပ်ထားတဲ့ အိပ်ယာခင်းတို့၊ စောင်တို့၊ ခေါင်းအုံးလေးတွေ ကိုအသုံးပြုနိုင်ပါတယ်။ နောက်ပြီး အခန်းရဲ့ နံရံမှာ Minions ကောင်လေးတွေရဲ့ ချစ်စရာရုပ်ပုံလေးတွေဆွဲပြီး ပုံဖော်ပေးလိုက် ရင် သင့်အိမ်က ကလေးငယ်လေးကလည်း ဒီအခန်းလေးကို ကြိုက် နှစ်သက်မှာ သေချာပါတယ်။

 



၂။ အခန်းတစ်ခုလုံးကို Minions ကောင်လေးတွေရဲ့ ရီချင်စရာပတ် ဝန်းကျင်လေးဖြစ်အောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ အခန်းတစ် ခန်းလုံးကို Minions ကမ္ဘာဖြစ်အောင် ဖန်တီးရမှာပါ။

 



၃။ ကလေးငယ် လေးရဲ့ အိပ်မယ့်ကုတင်၊ နံရံ၊ လိုက်ကာခန်းစီး၊ စားပွဲ၊ ကြမ်းပြင်၊ ဘီဒိုလေးတွေ စသဖြင့် အသုံးအဆောင်လေးတွေ အားလုံးကို ငှက်ပျောသီးကောင်လေးတွေ ရုပ်ပုံ၊ အကောင်လေး တွေနဲ့ အသုံးပြုပြီး ပြင်ဆင်လို့ရပါတယ်။

 



၎။  ဒါ့အပြင် ကာတွန်းကောင်လေးရဲ့ အရောင် အပြာနဲ့ အဝါရောင် နှစ်မျိုးတည်းသာ အခန်းထဲခြယ်သပြင်ဆင်ပြီး အခန်းရဲ့ နေရာတော် တော်များများမှာဆိုရင်လည်း Minions အကောင် အရုပ်ကလေး တွေ ထားရှိပေးနိုင်ပါတယ်။

 



၅။  နောက်ကလေးငယ်လေးရဲ့ အသုံးအဆောင်အပြင် ညဘက်အိပ် ဝတ်စုံလေးတွေကိုလည်း ဇာတ်ကောင်လေးထဲကအတိုင်းချုပ် လုပ် ဝတ်ဆင်ပေးမယ်ဆိုရင်လည်း သင့်ကလေးငယ်ကတကယ့် Minions အကောင်လေးအတိုင်းချစ်ဖို့ကောင်းနေမှာပါ။

 

 

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App