[Unicode]
လတ်ဆတ်လှပတဲ့ ပန်းတစ်ပွေ့တစ်ပိုက်ဟာ ပျော်ရွင်မှုကို ဆောင်ယူလာတတ်တယ်ဆိုတာ သင်သိပါသလား ။ သင့်အိမ်ကို ပန်းနဲ့အလှဆင်တဲ့အခါ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ ဖုန်းရွှေနည်းလမ်းအရ သင့်လျော်တဲ့ ပန်းလေးများနဲ့ အလှဆင်နိုင်ပါတယ်။ ဖုန်းရွှေပညာရပ်မှာ ပန်းရဲ့ အလှအပဟာ ကံကောင်းမှုကို ဆောင်ယူလာတတ်ပြီး ပန်းတွေဟာ ကောင်းမွန်တဲ့ စိတ်ခံစားချက်၊ စွမ်းအင်အားကောင်းကောင်းဖြင့် စိတ်ကိုအေးချမ်းစေလို့ ရက်သတ္တပတ်အပြီး weekend နှစ်ရက်လေးမှာ အိမ်ကို ပန်းအခိုင်လေးများဖြင့် အလှဆင်ထားလိုက်ပါနော်။
ကြာပန်း
ရွံ့ရေရှိရုံနဲ့ စိုက်ပျိုးရလွယ်ကူ ပန်းပွင့်လွယ်တဲ့ကြာပန်းစိုက်ဖို့ ရေကန်ရှိစရာမလိုပါဘူး။ ပန်းအိုးကြီးကြီးတစ်လုံးကိုရေထည့်ပြီး စိုက်ပျိုးနိုင်ပါတယ် ။
ကြာပန်းဟာ ပြီးပြည့်စုံမှုကို ကိုယ်စားပြုတဲ့ ပန်းပင်ဖြစ်ပါတယ်။ သန့်ရှင်းစင်ကြယ်ခြင်း၊ကျော့ရှင်းတဲ့အလှတရား၊ မတိမ်ကောတဲ့ စည်းစိမ်ဥစ္စာကိုရည်ညွှန်းပြီး နေအိမ်ရဲ့စီးပွားကို မြင့်တင်ပေးပါတယ်။
ကြာပင်ရဲ့ အမြစ်ကနေစပြီး အစိတ်အပိုင်းအားလုံးဟာ တရုတ်ဆေးပညာရပ်မှာ ဆေးဖော်စပ်ရာတွင် အသုံးဝင်လွန်းတာကြောင့် ကြာပန်းဟာ ကျန်းမာခြင်းကို ကိုယ်စားပြုတဲ့ ပန်းဖြစ်ပါတယ်။ နေအိမ်ခြံမှာ စိုက်ပျိုးသင့်ပါတယ်။
ချယ်ရီပန်း
ချယ်ရီပန်းခိုင်တွေဟာ ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုပါတယ်။ စိတ်၊ကိုယ်ခန္ဓာ အသစ်ပြန်လည်မွေးဖွားခြင်း၊ လန်းဆန်းတက်ကြွခြင်း၊ သစ်လွင်လန်းဆန်းတဲ့ အစပျိုးမှုကို ကိုယ်စားပြုပါတယ်။
ပွင့်လင်းရာသီနှောင်းပိုင်းဖြစ်တဲ့ ဆောင်းရာသီ နွေဦးအစောပိုင်းကာလတွင် ပွင့်တတ်လေ့ရှိပြီး အခက်အခဲများကို ကျော်ဖြတ်နိုင်ပြီဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ် ။
ချစ်ခြင်းတရား၊ကျန်းမာပျော်ရွင်မှု၊ အလုပ်အခက်အခဲများကို ရင်ဆိုင်ကျော်လွှားတဲ့နေရာမှာ ချယ်ရီပန်းဟာ ကြံ့ကြံ့ခံပြီး ကျော်ဖြတ်နိုင်မှုအဖြစ် ပုံဖော်ထားတဲ့အတွက် နေအိမ်ခြံအတွင်းမှာ နောက်ထပ်စိုက်ထားသင့်တဲ့ပန်းဟာ ချယ်ရီပန်းဖြစ်ပါတယ်။
သစ်ခွ
ပန်းပုံစံရော ပန်းအိုးပုံစံလေးများပါ ကွဲပြားပြီး မျိုးစိတ်များစွာ ရှိတဲ့ သစ်ခွပန်းတွေဟာ မွေးဖွားမှုကို ကိုယ်စားပြုပါတယ်။ ဟိုးအရင်ခေတ် သမိုင်းအဆက်ဆက် လက်ခံထားကြတဲ့ အချက်ဖြစ်ပါတယ်။
ပြီးပြည့်စုံမှုကိုကိုယ်စားပြုပြီး ဘဝရဲ့ အစိတ်အပိုင်းတိုင်းလိုလိုမှာ သစ်ခွပန်းကို ဆောင်ထားသင့်ပါတယ်။ လက်ထပ်ခြင်း၊ မွေးဖွားခြင်း၊ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်တွေနဲ့ပတ်သတ်တဲ့ နေရာတိုင်းမှာ သစ်ခွပန်းကိုဆောင်ထားသင့်ပါတယ်။
ပန်း( သို့မဟုတ် ) လိမ္မော်ရောင်အဆင်းရှိတဲ့သစ်ခွဟာ ချစ်ခြင်းမေတ္တာနဲ့ဖန်တီးနိုင်စွမ်းကို ကိုယ်စားပြုပြီး အဖြူရောင်သစ်ခွကတော့ စင်ကြယ်မှုနဲ့ ငြိမ်းအေးချမ်းမှုကို ကိုယ်စားပြုပါတယ်။
နှင်းပန်းဝါ ( သို့) ရေနတ်သမီး ( သို့ ) အဝါရောင် Daffodil
နွေဦးကာလမှာပွင့်တတ်တဲ့ Daffodil ပန်းတွေဟာ ပြန်လည်သစ်လွင်မှုနဲ့ လန်းဆန်းတဲ့ စိတ်ခံစားချက်ကို ခေါ်ဆောင်ပါတယ်။ ကံကောင်းခြင်းကို ဖြစ်ပေါ်စေပြီး နှင်းပန်းဝါနဲ့ ကျူးလစ်ပန်းတွေဟာ သာမာန်ထက်ပိုတဲ့ ချမ်းသာကြွယ်ဝမှုကို ဆောင်ယူနိုင်တယ်လို့ နာမည်ကြီးပါတယ်။
နာလန်ထကာစ လူနာအတွက် ပန်းလက်ဆောင်ဆိုရင် နှင်းပန်းဖြူကို ရွေးချယ်သင့်ပြီး အသက်မွေးဝမ်းကြောင်းအလုပ်ကို စတင် လုပ်ကိုင်သူအတွက် ချမ်းသာကြွယ်ဝမှုနဲ့ ဆက်စပ်သော ခရမ်းရောင်ပန်းများသည် သင့်တော်ပါသည်။
ဒီတစ်ခေါက်မှာတော့ သစ်ရွက်စိမ်းစိမ်းလေးတွေ အိမ်ထဲမစိုက်ချင်သူ အိမ်ရှင်မများအတွက် ပန်းအမျိုးအစားများကိုမှ ဖုန်းရွှေနည်းလမ်းအရ ကံကောင်းခြင်းကိုဖြစ်ပေါ်စေမယ့် အပင်မျိုးလေးတွေကို ရွေးချယ်ပြောပြပေးလိုက်ပါတယ်နော်....
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
လွလွပပ ပန္းအျဖာျဖာ ဖုန္းေ႐ႊနည္းလမ္းျဖင့္ အလွဆင္ပါ
လတ္ဆတ္လွပတဲ့ ပန္းတစ္ေပြ႕တစ္ပိုက္ဟာ ေပ်ာ္႐ြင္မႈကို ေဆာင္ယူလာတတ္တယ္ဆိုတာ သင္သိပါသလား ။ သင့္အိမ္ကို ပန္းနဲ႔အလွဆင္တဲ့အခါ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္အေနနဲ႔ ဖုန္းေ႐ႊနည္းလမ္းအရ သင့္ေလ်ာ္တဲ့ ပန္းေလးမ်ားနဲ႔ အလွဆင္ႏိုင္ပါတယ္။ ဖုန္းေ႐ႊပညာရပ္မွာ ပန္းရဲ႕ အလွအပဟာ ကံေကာင္းမႈကို ေဆာင္ယူလာတတ္ၿပီး ပန္းေတြဟာ ေကာင္းမြန္တဲ့ စိတ္ခံစားခ်က္၊ စြမ္းအင္အားေကာင္းေကာင္းျဖင့္ စိတ္ကိုေအးခ်မ္းေစလို႔ ရက္သတၱပတ္အၿပီး weekend ႏွစ္ရက္ေလးမွာ အိမ္ကို ပန္းအခိုင္ေလးမ်ားျဖင့္ အလွဆင္ထားလိုက္ပါေနာ္။
ၾကာပန္း
႐ြံ႕ေရ႐ွိ႐ုံနဲ႔ စိုက္ပ်ိဳးရလြယ္ကူ ပန္းပြင့္လြယ္တဲ့ၾကာပန္းစိုက္ဖို႔ ေရကန္႐ွိစရာမလိုပါဘူး။ ပန္းအိုးႀကီးႀကီးတစ္လုံးကိုေရထည့္ၿပီး စိုက္ပ်ိဳးႏိုင္ပါတယ္ ။ ၾကာပန္းဟာၿပီးျပည့္စုံမႈကို ကိုယ္စားျပဳတဲ့ ပန္းပင္ျဖစ္ပါတယ္။ သန္႔႐ွင္းစင္ၾကယ္ျခင္း၊ေက်ာ့႐ွင္းတဲ့အလွတရား၊ မတိမ္ေကာတဲ့ စည္းစိမ္ဥစၥာကိုရည္ၫႊန္းၿပီး ေနအိမ္ရဲ႕စီးပြားကို ျမင့္တင္ေပးပါတယ္ ။ ၾကာပင္ရဲ႕ အျမစ္ကေနစၿပီး အစိတ္အပိုင္းအားလုံးဟာ တ႐ုတ္ေဆးပညာရပ္မွာ ေဆးေဖာ္စပ္ရာတြင္ အသုံးဝင္လြန္းတာေၾကာင့္ ၾကာပန္းဟာ က်န္းမာျခင္းကို ကိုယ္စားျပဳတဲ့ ပန္းျဖစ္ပါတယ္။ ေနအိမ္ျခံမွာ စိုက္ပ်ိဳးသင့္ပါတယ္။
ခ်ယ္ရီပန္း
ခ်ယ္ရီပန္းခိုင္ေတြဟာ ျပန္လည္ေမြးဖြားျခင္းကို ကိုယ္စားျပဳပါတယ္။ စိတ္၊ကိုယ္ခႏၶာ အသစ္ျပန္လည္ေမြးဖြားျခင္း၊ လန္းဆန္းတက္ႂကြျခင္း၊ သစ္လြင္လန္းဆန္းတဲ့ အစပ်ိဳးမႈကို ကိုယ္စားျပဳပါတယ္။ ပြင့္လင္းရာသီေႏွာင္းပိုင္းျဖစ္တဲ့ ေဆာင္းရာသီ ေႏြဦးအေစာပိုင္းကာလတြင္ ပြင့္တတ္ေလ့႐ွိၿပီး အခက္အခဲမ်ားကို ေက်ာ္ျဖတ္ႏိုင္ၿပီဆိုတဲ့ အဓိပၸာယ္သက္ေရာက္ပါတယ္ ။ ခ်စ္ျခင္းတရား၊က်န္းမာေပ်ာ္႐ြင္မႈ၊ အလုပ္အခက္အခဲမ်ားကို ရင္ဆိုင္ေက်ာ္လႊားတဲ့ေနရာမွာ ခ်ယ္ရီပန္းဟာ ၾကံ့ၾကံ့ခံၿပီး ေက်ာ္ျဖတ္ႏိုင္မႈအျဖစ္ ပုံေဖာ္ထားတဲ့အတြက္ ေနအိမ္ျခံအတြင္းမွာ ေနာက္ထပ္စိုက္ထားသင့္တဲ့ပန္းဟာ ခ်ယ္ရီပန္းျဖစ္ပါတယ္။
သစ္ခြ
ပန္းပုံစံေရာ ပန္းအိုးပုံစံေလးမ်ားပါ ကြဲျပားၿပီး မ်ိဳးစိတ္မ်ားစြာ ႐ွိတဲ့ သစ္ခြပန္းေတြဟာ ေမြးဖြားမႈကို ကိုယ္စားျပဳပါတယ္။ ဟိုးအရင္ေခတ္ သမိုင္းအဆက္ဆက္ လက္ခံထားၾကတဲ့ အခ်က္ျဖစ္ပါတယ္။ ၿပီးျပည့္စုံမႈကိုကိုယ္စားျပဳၿပီး ဘဝရဲ႕ အစိတ္အပိုင္းတိုင္းလိုလိုမွာ သစ္ခြပန္းကို ေဆာင္ထားသင့္ပါတယ္။ လက္ထပ္ျခင္း၊ ေမြးဖြားျခင္း၊က်န္းမာေရး၊ အသက္ေမြးဝမ္းေၾကာင္းအလုပ္အကိုင္ေတြနဲ႔ပတ္သတ္တဲ့ ေနရာတိုင္းမွာ သစ္ခြပန္းကိုေဆာင္ထားသင့္ပါတယ္။ ပန္း( သို႔မဟုတ္ ) လိေမၼာ္ေရာင္အဆင္း႐ွိတဲ့သစ္ခြဟာ ခ်စ္ျခင္းေမတၱာနဲ႔ဖန္တီးႏိုင္စြမ္းကို ကိုယ္စားျပဳၿပီး အျဖဴေရာင္သစ္ခြကေတာ့ စင္ၾကယ္မႈနဲ႔ ၿငိမ္းေအးခ်မ္းမႈကို ကိုယ္စားျပဳပါတယ္။
ႏွင္းပန္းဝါ ( သို႔) ေရနတ္သမီး ( သို႔ ) အဝါေရာင္ Daffodil
ေႏြဦးကာလမွာပြင့္တတ္တဲ့ Daffodil ပန္းေတြဟာ ျပန္လည္သစ္လြင္မႈနဲ႔ လန္းဆန္းတဲ့ စိတ္ခံစားခ်က္ကို ေခၚေဆာင္ပါတယ္။ ကံေကာင္းျခင္းကို ျဖစ္ေပၚေစၿပီး ႏွင္းပန္းဝါနဲ႔ က်ဴးလစ္ပန္းေတြဟာ သာမာန္ထက္ပိုတဲ့ ခ်မ္းသာႂကြယ္ဝမႈကို ေဆာင္ယူႏိုင္တယ္လို႔ နာမည္ႀကီးပါတယ္။ နာလန္ထကာစ လူနာအတြက္ ပန္းလက္ေဆာင္ဆိုရင္ ႏွင္းပန္းျဖဴကို ေ႐ြးခ်ယ္သင့္ၿပီး အသက္ေမြးဝမ္းေၾကာင္းအလုပ္ကို စတင္ လုပ္ကိုင္သူအတြက္ ခ်မ္းသာႂကြယ္ဝမႈနဲ႔ ဆက္စပ္ေသာ ခရမ္းေရာင္ပန္းမ်ားသည္ သင့္ေတာ္ပါသည္။
ဒီတစ္ေခါက္မွာေတာ့ သစ္႐ြက္စိမ္းစိမ္းေလးေတြ အိမ္ထဲမစိုက္ခ်င္သူ အိမ္႐ွင္မမ်ားအတြက္ ပန္းအမ်ိဳးအစားမ်ားကိုမွ ဖုန္းေ႐ႊနည္းလမ္းအရ ကံေကာင္းျခင္းကိုျဖစ္ေပၚေစမယ့္ အပင္မ်ိဳးေလးေတြကို ေ႐ြးခ်ယ္ေျပာျပေပးလိုက္ပါတယ္ေနာ္....
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com