926 Views

စီးပွားလာဘ်လာဘ၊ ကြီးပွားချမ်းသာခြင်းတွေဖိတ်ခေါ်နိုင်မယ့် နေအိမ်တံခါးဝတွေ ဖုန်းရွှေအစီအရင်နဲ့ ဖန်တီးမယ်

 

[Unicode]

 

အိမ်တစ်အိမ်ရဲ့ အဓိကဝင်ပေါက်ဟာ နေအိမ်ထဲဝင်ရောက်ဖို့ အရေးကြီးဆုံးလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းကနေတဆင့် နေအိမ်ထဲ အောင်မြင်မှု၊ ကြီးပွားတိုးတက်ခြင်းနဲ့ ကံကောင်းခြင်း၊ လာဘ်လာဘတွေ ဖိတ်ခေါ်နိုင်ပါတယ်။ ဖုန်းရွှေရဲ့ အစီရင်တွေ အရ ပင်မ တံခါးပေါက်ဟာ အိမ်ရဲ့ အရေးကြီးဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။ အိမ်ရဲ့ပင်မ တံခါးဝကြီးဟာ ဧည့်သည်တွေ ဒါမှမဟုတ် ဖြတ်သွားဖြတ်လာလူတွေတိုင်း သတိထားမိစေမယ့် အရာဖြစ်တဲ့အပြင်ကို စွမ်းအင်သဘောသဘာဝတွေလည်း နေအိမ်ထဲကို စီးဆင်းဝင်ရောက် နိုင်မယ့်အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။

 

 

စီးပွားလာဘ်လာဘ၊ ကြီးပွားချမ်းသာခြင်းတွေဖိတ်ခေါ်နိုင်မယ့် နေအိမ်တံခါးဝတွေ ဖုန်းရွှေအစီအရင်နဲ့ ဖန်တီးမယ်

 

ဒီအတွက်ကြောင့် ဖုန်းရွှေရဲ့ နည်းလမ်းတွေကို လိုက်နာပြီး စည်းစိမ်ချမ်းသာနဲ့ ကောင်းတဲ့ စွမ်းအင်ဓာတ်တွေ နေအိမ်ထဲ စီးဆင်းဝင်ရောက်နိုင်ဖို့၊ လာဘ်လာဘတွေ ဖိတ်ခေါ်နိုင်ဖို့ အိမ်တံခါးဝတွေဖန်တီးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 


အိမ်ရဲ့ ဝင်ပေါက် ဦးတည်ရာကို ဂရုစိုက်ပါ

 

စီးပွားလာဘ်လာဘ၊ ကြီးပွားချမ်းသာခြင်းတွေဖိတ်ခေါ်နိုင်မယ့် နေအိမ်တံခါးဝတွေ ဖုန်းရွှေအစီအရင်နဲ့ ဖန်တီးမယ်

 

အိမ်တစ်လုံးအတွက် အကောင်းဆုံး ဦးတည်ရာကတော့ တောင်ဘက်ကို မျက်နှာမူခြင်းဖြစ်ကာ ချီ (အသက်စွမ်းအား)၊ မိသားစုတွင်းငြိမ်းချမ်းမှုနဲ့ အိမ်အတွင်း အလင်းရောင် ဝင်ရောက်စေနိုင်တာကြောင့် ကောင်းတဲ့ ဦးတည်ခြင်းလို့ သတ်မှတ်ထားပါတယ်။ အဲဒါအပြင် အိမ်ရှေ့ တံခါးရဲ့ ဦးတည်ရာကို ဘယ်လို ပြင်ဆင်မလဲဆိုတာကို သိဖို့ အရေးကြီးပါတယ်။ အိမ်ရှေ့တံခါးရဲ့ ဦးတည်ရာ မျက်နှာကို သေချာလေ့လာ အကဲခတ်ပါ။ အပြင်ဘက်ကနေ အဝင်အဝကို ကြည့်ရှုစစ်ဆေးပါ။ သံလိုက်အိမ်မြှောင် အသုံးပြုပြီး ဦးတည်ရာ စနစ်တကျ ရှိပါစေ။ အိမ်တစ်လုံးရဲ့ အရေးအကြီးဆုံးနဲ့ အစပြုရာဖြစ်တဲ့ အိမ်အဝင်အဝကို မိမိစိတ်တိုင်းကျ ဖြစ်တဲ့ အထိ ထပ်ခါ ထပ်ခါ ပြင်ဆင်ပြောင်းလဲမှုတွေ၊ ရွေးချယ်မှုတွေ လုပ်နိုင်ပါတယ်။

 

သင့်လျော်တဲ့ ဝင်ပေါက်နေရာအကျယ်အဝန်း ရှိနေပါစေ

 

စီးပွားလာဘ်လာဘ၊ ကြီးပွားချမ်းသာခြင်းတွေဖိတ်ခေါ်နိုင်မယ့် နေအိမ်တံခါးဝတွေ ဖုန်းရွှေအစီအရင်နဲ့ ဖန်တီးမယ်

 

အိမ်ရဲ့ ဝင်ပေါက်တံခါးဝဟာ ဧည့်ခန်း ဒါမှမဟုတ် ထမင်းစားခန်းကို တည့်တည့်ဦးတည်ပြီး ဖွင့်ထားခြင်းက သာမန်အတိုင်းဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ရဲ့ ဝင်ပေါက်ကို သတ်မှတ်ပြီးသီးခြားနေရာထားရှိခြင်းကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အကယ်၍ သီးခြားထားရှိဖို့ အဆင်မပြေဘူးဆိုရင်တော့ အိမ်ရဲ့ အဝင် တံခါးဝကို ကြီးမားတဲ့ နေရာကျယ်ကြီးရှိတဲ့ နေရာမှာ ထားရှိပါ။ ကျဉ်းမြောင်းတဲ့ ဝင်ပေါက်နဲ့ ရှင်းရှင်းလင်းလင်းမရှိတဲ့ ဝင်ပေါက်တွေဟာ အိမ်ရဲ့ ကျက်သရေဆောင်နဲ့ ခမ်းနားလှပခြင်း၊ ကြည့်ကောင်းခြင်းတွေကို ရုပ်ဆိုးအကျည်းတန်စေသလို ဖြစ်စေပါတယ်။ အိမ်ရဲ့ ဝင်ပေါက်တွေက တသတ်မတ်တည်းလဲ သီးခြားမရှိဘူး။ ဝင်ထွက်သွား လာရ လွယ်ကူအဆင်ပြေရုံ ဝင်ပေါက်ထားရှိခြင်းက အိမ်တစ်လုံးရဲ့ ရှိသင့်ရှိထိုက်တဲ့ လက္ခဏာနဲ့ မပြည့်စုံပါဘူး။

 

အိမ်ရှေ့တံခါးတွေကို ထိန်းသိမ်းပါ

 

စီးပွားလာဘ်လာဘ၊ ကြီးပွားချမ်းသာခြင်းတွေဖိတ်ခေါ်နိုင်မယ့် နေအိမ်တံခါးဝတွေ ဖုန်းရွှေအစီအရင်နဲ့ ဖန်တီးမယ်

 

 

အိမ်ရှေ့တံခါးချပ်တွေရဲ့ အသွင်အပြင်နဲ့ အဖွင့်အပိတ် လုပ်ဆောင်ချက်တွေဟာ ဂရုစိုက်ဖို့က အရေးကြီး ပါတယ်။ ဟောင်းနွမ်းနေတာ၊ ဆေးရောင်တွေကွာနေတာ၊ တံခါးအရွက်တွေ ပျက်စီး ယိုယွင်းနေတာတွေက အိမ်ရဲ့ ဥပဓိရုပ်ကို ကြည့်ရဆိုးစေပြီး ကျက်သရေ မင်္ဂလာရှိခြင်းတွေကို မဆောင်စေနိုင်ပါဘူး။ ဖွင့်ပိတ်လုပ် လိုက်တိုင်း တကျွီကျွီမြည်တဲ့ တံခါးတွေ၊ သံချေးနဲ့ ဖုန်၊ ပင့်ကူမျှင်တွေ စွဲကပ်နေတဲ့ တံခါးချပ်တွေ၊ အမှိုက်သရိုက်တွေနဲ့ ညစ်ပတ်ပေရေနေတဲ့ တံခါးနဲ့ မျက်နှာစာဟာ အိမ်ထဲကို ဝင်လာမယ့် ကောင်းတဲ့ စွမ်းအင်၊ အပြုသဘောဆောင်တဲ့ အရာတွေ ဝင်လာဖို့ကို အတားအဆီးဖြစ်စေနိုင်ပါတယ်။ ဒီအတွက်ကြောင့် အိမ်အဝင် အဝနဲ့ ခြံဝင်းတံခါးတွေမှာ ကြည့်လိုက်တာနဲ့ကို ရှင်းလင်း သပ်ရပ်ပြီး ကြည့်ကောင်းနေသင့်ပါတယ်။ သန့်ရှင်းမှုကို ဦးစားပေးပြီး အဝင်အဝ တွေကိုပါ ရှင်းလင်းစွာ ထားခြင်းအားဖြင့် မိမိအိမ်ထဲ ကောင်းသော လာဘ်လာဘနဲ့ ကောင်းသော စွမ်းအင် စီးဆင်းဝင်ရောက်ခြင်းကို ဖိတ်ခေါ်နိုင်ပါတယ်။

 


မှန်ကန်တဲ့အရောင်ရွေးချယ်အသုံးပြုပါ

 

စီးပွားလာဘ်လာဘ၊ ကြီးပွားချမ်းသာခြင်းတွေဖိတ်ခေါ်နိုင်မယ့် နေအိမ်တံခါးဝတွေ ဖုန်းရွှေအစီအရင်နဲ့ ဖန်တီးမယ်

အိမ်တံခါးမကြီးရဲ့ ဦးတည်ရာအတိုင်း မှန်ကန်တဲ့ အရောင်ရွေးချယ်မှု ရှိသင့်ပါတယ်။ တောင်ဘက်ကို မျက်နှာစာ မူထားတယ်ဆိုပါက မီးတောက်လို အနီရောင်ကို ရွေးချယ်ပါ။ ဝင်ပေါက်တံခါးဟာ မြောက်ဘက်ကို မျက်နှာ မူထားပါက အနက်ရောင် ဒါမှမဟုတ် အပြာနုရောင်ကို ရွေးချယ်ပါ။ အရှေ့နဲ့ အရှေ့တောင်ပိုင်း ကို တံခါးပေါက် ထားရွိတယ်ဆိုပါက သဘာဝ သစ်သားအရောင်ရွေးချယ်သင့်ပြီး အနောက်နဲ့ အနောက် မြောက်ဘက်ဆိုရင်တော့ အဝါရောင်ကို ရွေးချယ်သင့်ပါတယ်။ အနောက်တောင်ဘက်နဲ့ အရှေ့မြောက်ဘက် ဦးတည်ထားတဲ့ တံခါးပေါက်မျိုးဆိုရင်တော့ အေးချမ်းတဲ့ အဖြူရောင်ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

 

အိမ်ရဲ့ဝင်ပေါက် တံခါးဝမှာ အဟန့်အတားများ မရှိပါစေနဲ့။

 

စီးပွားလာဘ်လာဘ၊ ကြီးပွားချမ်းသာခြင်းတွေဖိတ်ခေါ်နိုင်မယ့် နေအိမ်တံခါးဝတွေ ဖုန်းရွှေအစီအရင်နဲ့ ဖန်တီးမယ်

 

 

အိမ်ဝင်းတံခါး၊ ဝင်ပေါက်က ကျဉ်းမြောင်းတဲ့နေရာ၊ ပိတ်ဆို့နေတဲ့ ဝင်ပေါက်၊ တံခါးဝနားက အမှိုက်နဲ့ အညစ်အကြေးတွေ၊ ခြောက်သွေ့ပြီး သေနေတဲ့ သစ်ပင်ခြောက်၊ ပန်းခြောက်တွေ ထားခြင်းက ဖုန်းရွှေရဲ့ လာဘ်ခေါ် အိမ်တံခါးဝ အစီအရင် ဖန္တီးတဲ့ နေရာမှာ အဟန့်အတားဖြစ်စေပါတယ်။ သေနေတဲ့ သစ်ပင်တွေနဲ့ အညစ်အကြေးတွေက အိမ်ရဲ့ ဖုန်းကျက်သရေနဲ့ လာဘ်လာဘ ကြီးပွားတိုးတက်ခြင်းတွေကို မဖိတ်ခေါ်နိုင်ပါဘူး။ နောက်ပြီး ဒါဟာ အိမ်တစ်ခုလုံးစာအတွက် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ အိမ်ရှေ့တံခါး အဖွင့်နေရာမှာ ပိတ်ဆို့နေတဲ့ အတားအဆီးတွေဟာ နေအိမ်ထဲ စွမ်းအင်စီး ဝင်ခြင်းကို ရပ်တန့်သွားစေနိုင်ပြီး ကောင်းတဲ့ ဓာတ်တွေ ဝင်ရောက်ခြင်းတွေကို ပိတ်ဆို့ တားဆီးစေနိုင်ပါတယ်။ အဲ့ဒီအတွက် အဝင်အဝလိုနေရာမှာ အဟန့်အတားဖြစ်စေမယ့် ပိတ်ဆို့စေမယ့် အရာတွေအားလုံးကို ရှင်းလင်း ဖယ်ရှားသင့်ပါတယ်။ စိမ်းလန်းစိုပြေတဲ့ သစ်ပင်ပန်းမန်လေးတွေ၊ လှပတဲ့ အိမ်အလှဆင်၊ ခြံဝင်းအလှဆင်ပစ္စည်းလေးတွေ၊ မျက်စိပသာဒဖြစ်စေမယ့် အတိတ်နမိတ်ကောင်း တွေဆောင်တဲ့ အလှဆင်ပစ္စည်းလေးတွေ ထားရှိခြင်းဖြင့် နေအိမ်ထဲကောင်းသောအရာတွေကို ဖိတ်ခေါ်နိုင်ပါတယ်။

 

စီးပွားလာဘ်လာဘ၊ ကြီးပွားချမ်းသာခြင်းတွေဖိတ်ခေါ်နိုင်မယ့် နေအိမ်တံခါးဝတွေ ဖုန်းရွှေအစီအရင်နဲ့ ဖန်တီးမယ်

 

စီးပွားလာဘ်လာဘ၊ ကြီးပွားချမ်းသာခြင်းတွေဖိတ်ခေါ်နိုင်မယ့် နေအိမ်တံခါးဝတွေ ဖုန်းရွှေအစီအရင်နဲ့ ဖန်တီးမယ်

 

ဒီလောက်ဆို အခုဖော်ပြပေးတဲ့ ဖုန်းရွှေအစီအရင်ရဲ့ နည်းလမ်းလေးတွေကို လိုက်နာပြီး မိမိအိမ်ရဲ့ ကောင်းမွန်တဲ့ စွမ်းအင်တွေကို နေအိမ်ထဲ ဖိတ်ခေါ်နိုင်ပြီလို့ ထင်ပါတယ်။

ကျက်သရေမင်္ဂလာရှိတဲ့ နေအိမ်ဝင်ပေါက် တံခါးကနေ တဆင့် နေအိမ်ထဲ ကြီးပွားတိုးတက်ခြင်း၊ စီးပွားလာဘ်လာဘ၊ ကောင်းခြင်းမင်္ဂလာအဖြာဖြာကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း.. အခုလ ဖုန်းရွှေကဏ္ဍ iMyanmarhouse.com ရဲ့ စာဖတ်ပရိသတ်ကြီးကို နှုတ်ဆက်လိုက်ပါတယ်..

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 


[Zawgyi]

စီးပြားလာဘ္လာဘ၊ ႀကီးပြားခ်မ္းသာျခင္းေတြဖိတ္ေခၚႏိုင္မယ့္ ေနအိမ္တံခါးဝေတြ ဖုန္းေ႐ႊအစီအရင္နဲ႔ ဖန္တီးမယ္

 

အိမ္တစ္အိမ္ရဲ႕ အဓိကဝင္ေပါက္ဟာ ေနအိမ္ထဲဝင္ေရာက္ဖို႔ အေရးႀကီးဆုံးလမ္းေၾကာင္းတစ္ခုျဖစ္ပါတယ္။ အဲဒီလမ္းေၾကာင္းကေနတဆင့္ ေနအိမ္ထဲ ေအာင္ျမင္မႈ၊ ႀကီးပြားတိုးတက္ျခင္းနဲ႔ ကံေကာင္းျခင္း၊ လာဘ္လာဘေတြ ဖိတ္ေခၚႏိုင္ပါတယ္။ ဖုန္းေ႐ႊရဲ႕ အစီရင္ေတြ အရ ပင္မ တံခါးေပါက္ဟာ အိမ္ရဲ႕ အေရးႀကီးဆုံးေတြထဲက တစ္ခုျဖစ္ပါတယ္။ အိမ္ရဲ႕ပင္မ တံခါးဝႀကီးဟာ ဧည့္သည္ေတြ ဒါမွမဟုတ္ ျဖတ္သြားျဖတ္လာလူေတြတိုင္း သတိထားမိေစမယ့္ အရာျဖစ္တဲ့အျပင္ကို စြမ္းအင္သေဘာသဘာဝေတြလည္း ေနအိမ္ထဲကို စီးဆင္းဝင္ေရာက္ ႏိုင္မယ့္အေရးပါတဲ့ အရာတစ္ခုျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္ ဖုန္းေ႐ႊရဲ႕ နည္းလမ္းေတြကို လိုက္နာၿပီး စည္းစိမ္ခ်မ္းသာနဲ႔ ေကာင္းတဲ့ စြမ္းအင္ဓာတ္ေတြ ေနအိမ္ထဲ စီးဆင္းဝင္ေရာက္ႏိုင္ဖို႔၊ လာဘ္လာဘေတြ ဖိတ္ေခၚႏိုင္ဖို႔ အိမ္တံခါးဝေတြဖန္တီးႏိုင္မယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 


အိမ္ရဲ႕ ဝင္ေပါက္ ဦးတည္ရာကို ဂ႐ုစိုက္ပါ

အိမ္တစ္လုံးအတြက္ အေကာင္းဆုံး ဦးတည္ရာကေတာ့ ေတာင္ဘက္ကို မ်က္ႏွာမူျခင္းျဖစ္ကာ ခ်ီ (အသက္စြမ္းအား)၊ မိသားစုတြင္းၿငိမ္းခ်မ္းမႈနဲ႔ အိမ္အတြင္း အလင္းေရာင္ ဝင္ေရာက္ေစႏိုင္တာေၾကာင့္ ေကာင္းတဲ့ ဦးတည္ျခင္းလို႔ သတ္မွတ္ထားပါတယ္။ အဲဒါအျပင္ အိမ္ေ႐ွ႕ တံခါးရဲ႕ ဦးတည္ရာကို ဘယ္လို ျပင္ဆင္မလဲဆိုတာကို သိဖို႔ အေရးႀကီးပါတယ္။ အိမ္ေ႐ွ႕တံခါးရဲ႕ ဦးတည္ရာ မ်က္ႏွာကို ေသခ်ာေလ့လာ အကဲခတ္ပါ။ အျပင္ဘက္ကေန အဝင္အဝကို ၾကည့္႐ႈစစ္ေဆးပါ။ သံလိုက္အိမ္ေျမႇာင္ အသုံးျပဳၿပီး ဦးတည္ရာ စနစ္တက် ႐ွိပါေစ။ အိမ္တစ္လုံးရဲ႕ အေရးအႀကီးဆုံးနဲ႔ အစျပဳရာျဖစ္တဲ့ အိမ္အဝင္အဝကို မိမိစိတ္တိုင္းက် ျဖစ္တဲ့ အထိ ထပ္ခါ ထပ္ခါ ျပင္ဆင္ေျပာင္းလဲမႈေတြ၊ ေ႐ြးခ်ယ္မႈေတြ လုပ္ႏိုင္ပါတယ္။

 

သင့္ေလ်ာ္တဲ့ ဝင္ေပါက္ေနရာအက်ယ္အဝန္း ႐ွိေနပါေစ

အိမ္ရဲ႕ ဝင္ေပါက္တံခါးဝဟာ ဧည့္ခန္း ဒါမွမဟုတ္ ထမင္းစားခန္းကို တည့္တည့္ဦးတည္ၿပီး ဖြင့္ထားျခင္းက သာမန္အတိုင္းျဖစ္ပါတယ္။ ဒါေပမယ့္ အိမ္ရဲ႕ ဝင္ေပါက္ကို သတ္မွတ္ၿပီးသီးျခားေနရာထား႐ွိျခင္းကေတာ့ အေကာင္းဆုံးျဖစ္ပါတယ္။ အကယ္၍ သီးျခားထား႐ွိဖို႔ အဆင္မေျပဘူးဆိုရင္ေတာ့ အိမ္ရဲ႕ အဝင္ တံခါးဝကို ႀကီးမားတဲ့ ေနရာက်ယ္ႀကီး႐ွိတဲ့ ေနရာမွာ ထား႐ွိပါ။ က်ဥ္းေျမာင္းတဲ့ ဝင္ေပါက္နဲ႔ ႐ွင္း႐ွင္းလင္းလင္းမ႐ွိတဲ့ ဝင္ေပါက္ေတြဟာ အိမ္ရဲ႕ က်က္သေရေဆာင္နဲ႔ ခမ္းနားလွပျခင္း၊ ၾကည့္ေကာင္းျခင္းေတြကို ႐ုပ္ဆိုးအက်ည္းတန္ေစသလို ျဖစ္ေစပါတယ္။ အိမ္ရဲ႕ ဝင္ေပါက္ေတြက တသတ္မတ္တည္းလဲ သီးျခားမ႐ွိဘူး။ ဝင္ထြက္သြား လာရ လြယ္ကူအဆင္ေျပ႐ုံ ဝင္ေပါက္ထား႐ွိျခင္းက အိမ္တစ္လုံးရဲ႕ ႐ွိသင့္႐ွိထိုက္တဲ့ လကၡဏာနဲ႔ မျပည့္စုံပါဘူး။

 

အိမ္ေ႐ွ႕တံခါးေတြကို ထိန္းသိမ္းပါ

 

အိမ္ဝင္းတံခါး၊ ဝင္ေပါက္က က်ဥ္းေျမာင္းတဲ့ေနရာ၊ ပိတ္ဆို႔ေနတဲ့ ဝင္ေပါက္၊ တံခါးဝနားက အမိႈက္နဲ႔ အညစ္အေၾကးေတြ၊ ေျခာက္ေသြ႕ၿပီး ေသေနတဲ့ သစ္ပင္ေျခာက္၊ ပန္းေျခာက္ေတြ ထားျခင္းက ဖုန္းေ႐ႊရဲ႕ လာဘ္ေခၚ အိမ္တံခါးဝ အစီအရင္ ဖႏၲီးတဲ့ ေနရာမွာ အဟန္႔အတားျဖစ္ေစပါတယ္။ ေသေနတဲ့ သစ္ပင္ေတြနဲ႔ အညစ္အေၾကးေတြက အိမ္ရဲ႕ ဖုန္းက်က္သေရနဲ႔ လာဘ္လာဘ ႀကီးပြားတိုးတက္ျခင္းေတြကို မဖိတ္ေခၚႏိုင္ပါဘူး။ ေနာက္ၿပီး ဒါဟာ အိမ္တစ္ခုလုံးစာအတြက္ အပ်က္သေဘာေဆာင္တဲ့ သက္ေရာက္မႈေတြ ႐ွိႏိုင္ပါတယ္။ အိမ္ေ႐ွ႕တံခါး အဖြင့္ေနရာမွာ ပိတ္ဆို႔ေနတဲ့ အတားအဆီးေတြဟာ ေနအိမ္ထဲ စြမ္းအင္စီး ဝင္ျခင္းကို ရပ္တန္႔သြားေစႏိုင္ၿပီး ေကာင္းတဲ့ ဓာတ္ေတြ ဝင္ေရာက္ျခင္းေတြကို ပိတ္ဆို႔ တားဆီးေစႏိုင္ပါတယ္။ အဲ့ဒီအတြက္ အဝင္အဝလိုေနရာမွာ အဟန္႔အတားျဖစ္ေစမယ့္ ပိတ္ဆို႔ေစမယ့္ အရာေတြအားလုံးကို ႐ွင္းလင္း ဖယ္႐ွားသင့္ပါတယ္။ စိမ္းလန္းစိုေျပတဲ့ သစ္ပင္ပန္းမန္ေလးေတြ၊ လွပတဲ့ အိမ္အလွဆင္၊ ျခံဝင္းအလွဆင္ပစၥည္းေလးေတြ၊ မ်က္စိပသာဒျဖစ္ေစမယ့္ အတိတ္နမိတ္ေကာင္း ေတြေဆာင္တဲ့ အလွဆင္ပစၥည္းေလးေတြ ထား႐ွိျခင္းျဖင့္ ေနအိမ္ထဲေကာင္းေသာအရာေတြကို ဖိတ္ေခၚႏိုင္ပါတယ္။

 

မွန္ကန္တဲ့အေရာင္ေ႐ြးခ်ယ္အသုံးျပဳပါ

အိမ္တံခါးမႀကီးရဲ႕ ဦးတည္ရာအတိုင္း မွန္ကန္တဲ့ အေရာင္ေ႐ြးခ်ယ္မႈ ႐ွိသင့္ပါတယ္။ ေတာင္ဘက္ကို မ်က္ႏွာစာ မူထားတယ္ဆိုပါက မီးေတာက္လို အနီေရာင္ကို ေ႐ြးခ်ယ္ပါ။ ဝင္ေပါက္တံခါးဟာ ေျမာက္ဘက္ကို မ်က္ႏွာ မူထားပါက အနက္ေရာင္ ဒါမွမဟုတ္ အျပာႏုေရာင္ကို ေ႐ြးခ်ယ္ပါ။ အေ႐ွ႕နဲ႔ အေ႐ွ႕ေတာင္ပိုင္း ကို တံခါးေပါက္ ထား႐ြိတယ္ဆိုပါက သဘာဝ သစ္သားအေရာင္ေ႐ြးခ်ယ္သင့္ၿပီး အေနာက္နဲ႔ အေနာက္ ေျမာက္ဘက္ဆိုရင္ေတာ့ အဝါေရာင္ကို ေ႐ြးခ်ယ္သင့္ပါတယ္။ အေနာက္ေတာင္ဘက္နဲ႔ အေ႐ွ႕ေျမာက္ဘက္ ဦးတည္ထားတဲ့ တံခါးေပါက္မ်ိဳးဆိုရင္ေတာ့ ေအးခ်မ္းတဲ့ အျဖဴေရာင္ကို ေ႐ြးခ်ယ္အသုံးျပဳႏိုင္ပါတယ္။

 

အိမ္ရဲ႕ဝင္ေပါက္ တံခါးဝမွာ အဟန္႔အတားမ်ား မ႐ွိပါေစနဲ႔။

အိမ္ဝင္းတံခါး၊ ဝင္ေပါက္က က်ဥ္းေျမာင္းတဲ့ေနရာ၊ ပိတ္ဆို႔ေနတဲ့ ဝင္ေပါက္၊ တံခါးဝနားက အမိႈက္နဲ႔ အညစ္အေၾကးေတြ၊ ေျခာက္ေသြ႕ၿပီး ေသေနတဲ့ သစ္ပင္ေျခာက္၊ ပန္းေျခာက္ေတြ ထားျခင္းက ဖုန္းေ႐ႊရဲ႕ လာဘ္ေခၚ အိမၲံခါးဝ အစီအရင္ ဖႏၲီးတဲ့ ေနရာမွာ အဟန္႔အတားျဖစ္ေစပါတယ္။ ေသေနတဲ့ သစ္ပင္ေတြနဲ႔ အညစ္အေၾကးေတြက အိမ္ရဲ႕ ဖုန္းက်က္သေရနဲ႔ လာဘႅာဘ ႀကီးပြားတိုးတက္ျခင္းေတြကို မဖိတ္ေခၚႏိုင္ပါဘူး။ ေနာက္ၿပီး ဒါဟာ အိမ္တစ္ခုလုံးစာအတြက္ အပ်က္သေဘာေဆာင္တဲ့ သက္ေရာက္မႈေတြ ႐ွိႏိုင္ပါတယ္။ အိမ္ေ႐ွ႕တံခါး အဖြင့္ေနရာမွာ ပိတ္ဆို႔ေနတဲ့ အတားအဆီးေတြဟာ ေနအိမ္ထဲ စြမ္းအင္စီး ဝင္ျခင္းကို ရပ္တန္႔သြားေစႏိုင္ၿပီး ေကာင္းတဲ့ ဓာတ္ေတြ ဝင္ေရာက္ျခင္းေတြကို ပိတ္ဆို႔ တားဆီးေစႏိုင္ပါတယ္။ အဲ့ဒီအတြက္ အဝင္အဝလိုေနရာမွာ အဟန္႔အတားျဖစ္ေစမယ့္ ပိတ္ဆို႔ေစမယ့္ အရာေတြအားလုံးကို ႐ွင္းလင္း ဖယ္႐ွားသင့္ပါတယ္။ စိမ္းလန္းစိုေျပတဲ့ သစ္ပင္ပန္းမန္ေလးေတြ၊ လွပတဲ့ အိမ္အလွဆင္၊ ျခံဝင္းအလွဆင္ပစၥည္းေလးေတြ၊ မ်က္စိပသာဒျဖစ္ေစမယ့္ အတိတ္နမိတ္ေကာင္း ေတြေဆာင္တဲ့ အလွဆင္ပစၥည္းေလးေတြ ထား႐ွိျခင္းျဖင့္ ေနအိမ္ထဲေကာင္းေသာအရာေတြကို ဖိတ္ေခၚႏိုင္ပါတယ္။

ဒီေလာက္ဆို အခုေဖာ္ျပေပးတဲ့ ဖုန္းေ႐ႊအစီအရင္ရဲ႕ နည္းလမ္းေလးေတြကို လိုက္နာၿပီး မိမိအိမ္ရဲ႕ ေကာင္းမြန္တဲ့ စြမ္းအင္ေတြကို ေနအိမ္ထဲ ဖိတ္ေခၚႏိုင္ၿပီလို႔ ထင္ပါတယ္။ က်က္သေရမဂၤလာ႐ွိတဲ့ ေနအိမ္ဝင္ေပါက္ တံခါးကေန တဆင့္ ေနအိမ္ထဲ ႀကီးပြားတိုးတက္ျခင္း၊ စီးပြားလာဘ္လာဘ၊ ေကာင္းျခင္းမဂၤလာအျဖာျဖာကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးရင္း.. အခုလ ဖုန္းေ႐ႊက႑ iMyanmarhouse.com ရဲ႕ စာဖတ္ပရိသတ္ႀကီးကို ႏႈတ္ဆက္လိုက္ပါတယ္..

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App