[Unicode]
ဖုန်းရွှေပညာရပ်မှာ တိရစ္ဆာန်လေးတွေဟာ ကံကောင်းခြင်းတွေကို ယူဆောင်လာပေးနိုင်တဲ့ အရင်းအမြစ်လေးတွေပါ။ ချမ်းသာတဲ့အိမ်တွေထဲကို သေချာကြည့်မိရင် တိရစ္ဆာန်အရုပ်လေးတွေကို နေအိမ်ထောင့်များမှာ ထားတတ်ကြတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ အလကားမဟုတ်ပါဘူး။ ဖုန်းရွှေနည်းလမ်းအရ တိရစ္ဆာန်ရုပ်လေးတွေနဲ့ လာဘ်ခေါ်ထားခြင်းဖြစ်ပါတယ်။ နှစ်သစ်မှာ ထီပေါက်သလို ငွေတွေဒလဟော ဝင်ဖို့ရာအတွက် ဖုန်းရွှေနည်းလမ်းအရ ဘယ်လိုအကောင်လေးကို ဘယ်နေရာမှာ ထားရမလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။
ချမ်းသာကြွယ်ဝမှုရဲ့ Symbol Koi
ကံကောင်းခြင်းကို ဆောင်ကျဉ်းနိုင်တယ်လို့ နာမည်ကြီးတဲ့ ရောင်စုံငါးကြင်းလေးတွေဟာ ငါးရဲ့အရောင်လိုက် ကြွယ်ဝချမ်းသာခြင်း၊ ကံကောင်းခြင်း၊ အောင်မြင်မှု၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ရဲစွမ်းသတ္တိ တိုးပွားမှုကို ဖြစ်ပေါ်စေပါတယ်။ စည်းစိမ်ဥစ္စာနဲ့ ငွေကြေးချမ်းသာမှုအတွက်တော့ ရွှေရောင်အဆင်းရှိတဲ့ငါးကြင်းများကို မွေးမြူရမှာဖြစ်ပါတယ်။
ငွေဝင်မယ့် ပိုးဟပ်ပျံ
လူကြီးသူမတွေပြောတဲ့ ယုံတမ်းစကားတစ်ခုကတော့ အိမ်တွင်းမှာ ပိုးဟပ်ပျံရင်ငွေဝင်မယ်တဲ့။ ဖုန်းရွှေပညာရပ်မှာဆိုရင် မီးဖိုချောင်နေရာမှာ ပိုးဟပ်ပျံခြင်းဟာ ကိုယ့်အိမ်ကိုငွေတွေအလုံးလိုက်အရင်းလိုက် ဝင်လာမယ့်နမိတ်ပါ။ အိမ်ရဲ့ ငွေကြေးပိုင်းဆိုင်ရာမှာကံကောင်းမှုတွေ ရရှိနိုင်ဖို့အတွက် ပိုးဟပ်ရုပ်လေးကို မီးဖိုချောင် ဒါမှမဟုတ် အိမ်ရဲ့အရှေ့တောင်အရပ်မှာထားနိုင်ပါတယ်။ စီးပွားရေးနဲ့ပတ်သတ်ပြီးအောင်မြင်မှုတွေရရှိဖို့အတွက်တော့ ကိုယ့်ရုံးခန်းမှာ အရုပ်လေးထားလိုက်ပါနော်။
ငွေစုမယ့် ရွှေဝက်
ဖုန်းရွှေနည်းလမ်းအရ ငွေစုဝက်ရုပ်လေးတွေဟာ ငွေတွေအများကြီး ဗိုက်ထဲမှာ ထည့်ထားဖို့အတွက် ငွေကိုဖိတ်ခေါ်ပါတယ်တဲ့။ ဝက်ရုပ်လေးတွေကို အိမ်တွင်းဝင်ငွေကောင်းစေဖို့အတွက် အိမ်ရဲ့ အရှေ့တောင်ဘက်မှာ ထားရှိနိုင်ပါတယ်။ ငွေဝင်ဖို့အတွက် အစီအရင်တစ်ခုလဲဖြစ် အိမ်တွင်းကိုလည်း ဝက်ရုပ်လေးနဲ့ အလှဆင်နိုင်ပါတယ်။
စည်းစိမ်ဥစ္စာကို စောင့်ရှောက်နိုင်တဲ့ လင်းနို့ငှက်
တရုတ်ဘာသာမှာ လင်းနို့အသံထွက်ဟာ ကြွယ်ဝချမ်းသာမှုရဲ့ အသံထွက်နဲ့ ဆင်တူတာကြောင့် လင်းနို့ကို ကြွယ်ဝချမ်းသာမှုရဲ့ ပြယုဂ်အဖြစ် ထားရှိကြပါတယ်။ လင်းနို့ငှက်ရုပ်လေးကို အိမ်ရဲ့ အရှေ့တောင်ဘက်မှာထားရှိခြင်းဟာ ကြွယ်ဝချမ်းသာမှုအပြင် အသက်ရှည်ခြင်းနဲ့ ကံကောင်းခြင်းကိုပါ ဆောင်ကျဉ်းပေးနိုင်ပါတယ် ။
နှစ်သစ်မှာ ရွှေငွေဥစ္စာအပြည့်ဝင်နိုင်ဖို့အတွက် ဖုန်းရွှေနည်းလမ်းအရ ထားရှိရမယ့် အကောင်လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။ အားလုံးအတွက် ပျော်ရွင်ခြင်း ကျမ်းမာခြင်း ချမ်းသာခြင်းနဲ့ ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေလို့ ထပ်မံဆုမွန်ကောင်းတောင်းဆိုလိုက်ပါတယ်။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
[Zawgyi]
ႏွစ္သစ္မွာ ဝင္ေငြေတြ ဒလေဟာဝင္ဖို႔ ဖုန္းေ႐ႊနည္းလမ္းနဲ႔ လာဘ္ေခၚၾကမယ္
ဖုန္းေ႐ႊပညာရပ္မွာ တိရစၧာန္ေလးေတြဟာ ကံေကာင္းျခင္းေတြကို ယူေဆာင္လာေပးႏိုင္တဲ့ အရင္းအျမစ္ေလးေတြပါ။ ခ်မ္းသာတဲ့အိမ္ေတြထဲကို ေသခ်ာၾကည့္မိရင္ တိရစၧာန္အ႐ုပ္ေလးေတြကို ေနအိမ္ေထာင့္မ်ားမွာ ထားတတ္ၾကတာကို ေတြ႕ရပါလိမ့္မယ္။ ဒါဟာ အလကားမဟုတ္ပါဘူး။ ဖုန္းေ႐ႊနည္းလမ္းအရ တိရစၧာန္႐ုပ္ေလးေတြနဲ႔ လာဘ္ေခၚထားျခင္းျဖစ္ပါတယ္။ ႏွစ္သစ္မွာ ထီေပါက္သလို ေငြေတြဒလေဟာ ဝင္ဖို႔ရာအတြက္ ဖုန္းေ႐ႊနည္းလမ္းအရ ဘယ္လိုအေကာင္ေလးကို ဘယ္ေနရာမွာ ထားရမလဲ ဆိုတာ ၾကည့္လိုက္ရေအာင္ေနာ္။
ခ်မ္းသာႂကြယ္ဝမႈရဲ႕ Symbol Koi
ကံေကာင္းျခင္းကို ေဆာင္က်ဥ္းႏိုင္တယ္လို႔ နာမည္ႀကီးတဲ့ ေရာင္စုံငါးၾကင္းေလးေတြဟာ ငါးရဲ႕အေရာင္လိုက္ ႂကြယ္ဝခ်မ္းသာျခင္း၊ ကံေကာင္းျခင္း၊ ေအာင္ျမင္မႈ၊ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္နဲ႔ ရဲစြမ္းသတၱိ တိုးပြားမႈကို ျဖစ္ေပၚေစပါတယ္။ စည္းစိမ္ဥစၥာနဲ႔ ေငြေၾကးခ်မ္းသာမႈအတြက္ေတာ့ ေ႐ႊေရာင္အဆင္း႐ွိတဲ့ငါးၾကင္းမ်ားကို ေမြးျမဴရမွာျဖစ္ပါတယ္။
ေငြဝင္မယ့္ ပိုးဟပ္ပ်ံ
လူႀကီးသူမေတြေျပာတဲ့ ယုံတမ္းစကားတစ္ခုကေတာ့ အိမ္တြင္းမွာ ပိုးဟပ္ပ်ံရင္ေငြဝင္မယ္တဲ့။ ဖုန္းေ႐ႊပညာရပ္မွာဆိုရင္ မီးဖိုေခ်ာင္ေနရာမွာ ပိုးဟပ္ပ်ံျခင္းဟာ ကိုယ့္အိမ္ကိုေငြေတြအလုံးလိုက္အရင္းလိုက္ ဝင္လာမယ့္နမိတ္ပါ။ အိမ္ရဲ႕ ေငြေၾကးပိုင္းဆိုင္ရာမွာကံေကာင္းမႈေတြ ရ႐ွိႏိုင္ဖို႔အတြက္ ပိုးဟပ္႐ုပ္ေလးကို မီးဖိုေခ်ာင္ ဒါမွမဟုတ္ အိမ္ရဲ႕အေ႐ွ႕ေတာင္အရပ္မွာထားႏိုင္ပါတယ္။ စီးပြားေရးနဲ႔ပတ္သတ္ၿပီးေအာင္ျမင္မႈေတြရ႐ွိဖို႔အတြက္ေတာ့ ကိုယ့္႐ုံးခန္းမွာ အ႐ုပ္ေလးထားလိုက္ပါေနာ္။
ေငြစုမယ့္ ေ႐ႊဝက္
ဖုန္းေ႐ႊနည္းလမ္းအရ ေငြစုဝက္႐ုပ္ေလးေတြဟာ ေငြေတြအမ်ားႀကီး ဗိုက္ထဲမွာ ထည့္ထားဖို႔အတြက္ ေငြကိုဖိတ္ေခၚပါတယ္တဲ့။ ဝက္႐ုပ္ေလးေတြကို အိမ္တြင္းဝင္ေငြေကာင္းေစဖို႔အတြက္ အိမ္ရဲ႕ အေ႐ွ႕ေတာင္ဘက္မွာ ထား႐ွိႏိုင္ပါတယ္။ ေငြဝင္ဖို႔အတြက္ အစီအရင္တစ္ခုလဲျဖစ္ အိမ္တြင္းကိုလည္း ဝက္႐ုပ္ေလးနဲ႔ အလွဆင္ႏိုင္ပါတယ္။
စည္းစိမ္ဥစၥာကို ေစာင့္ေ႐ွာက္ႏိုင္တဲ့ လင္းႏို႔ငွက္
တ႐ုတ္ဘာသာမွာ လင္းႏို႔အသံထြက္ဟာ ႂကြယ္ဝခ်မ္းသာမႈရဲ႕ အသံထြက္နဲ႔ ဆင္တူတာေၾကာင့္ လင္းႏို႔ကို ႂကြယ္ဝခ်မ္းသာမႈရဲ႕ ျပယုဂ္အျဖစ္ ထား႐ွိၾကပါတယ္။ လင္းႏို႔ငွက္႐ုပ္ေလးကို အိမ္ရဲ႕ အေ႐ွ႕ေတာင္ဘက္မွာထား႐ွိျခင္းဟာ ႂကြယ္ဝခ်မ္းသာမႈအျပင္ အသက္႐ွည္ျခင္းနဲ႔ ကံေကာင္းျခင္းကိုပါ ေဆာင္က်ဥ္းေပးႏိုင္ပါတယ္ ။
ႏွစ္သစ္မွာ ေ႐ႊေငြဥစၥာအျပည့္ဝင္ႏိုင္ဖို႔အတြက္ ဖုန္းေ႐ႊနည္းလမ္းအရ ထား႐ွိရမယ့္ အေကာင္ေလးေတြကို တင္ဆက္ေပးလိုက္ၿပီေနာ္။ အားလုံးအတြက္ ေပ်ာ္႐ြင္ျခင္း က်မ္းမာျခင္း ခ်မ္းသာျခင္းနဲ႔ ျပည့္စုံေသာ ႏွစ္သစ္ျဖစ္ပါေစလို႔ ထပ္မံဆုမြန္ေကာင္းေတာင္းဆိုလိုက္ပါတယ္။
(iMyanmarHouse.com Team မြ ေရးသား ေဖာ္်ပသည္။)
Credit: iMyanmarHouse.com