[Unicode]
နှစ်တစ်နှစ်ကုန်ဆုံးသွားတာကြောင့် အရာအားလုံးကလည်း အသစ်အဖြစ်ပြောင်းလဲသွားပါပြီ။ နှစ်ဟောင်းမှာရှိခဲ့သမျှတွေကို ထားခဲ့ပြီး အားလုံးကိုအစကနေ ပြန်လည်စတင်ဖို့ ခွန်အားသစ်တွေလည်း ရလာကြပြီ။ တရုတ်ရာသီ ခွင်တွက်ချက်မှုအရ ၂၀၂၃ ခုနှစ်ဟာ ရေ ယုန်နှစ်ဖြစ်တာကြောင့် ငြိမ်းချမ်းရေးကို မြတ်နိုးပြီး နူးညံ့သိမ်မွေ့ခြင်း၊ လိုက်လျောညီထွေဖြစ်တဲ့ဆက်ဆံရေးနဲ့ အနာရောဂါကင်းရှင်းတဲ့ နှစ်တစ်နှစ်လို့ မျှော်လင့်ရပါတယ်။
ဒါ့ကြောင့်မို့လို့လည်း ယုန်နှစ် မှာ နှစ်သစ်ကနေ စတင်ပြီး ကောင်းမွန်တဲ့တစ်နှစ်တာလုံးကို ပိုင်ဆိုင်ရရှိဖို့ ကောင်းတဲ့စွမ်းအင်တွေ နေအိမ်ထဲဝင်ရောက်နိုင်ဖို့ အိမ်အပြင်အဆင်နည်းလမ်းကလည်း အရမ်းကို အရေးပါ ပါတယ်။ ဒီတော့ စာဖတ်ပရိသတ်တွေအတွက် ယုန်နှစ်မှာ ဖုန်းရွှေရဲ့ နည်းလမ်းအစီအရင်တွေနဲ့ နေအိမ်တွေ ထားရှိပြင်ဆင်ပုံတွေ၊ အတွင်းခန်း၊ အပြင်ဘက် ဒီဇိုင်းပိုင်းတွေအကြောင်း လိုက်နာပြီး ကောင်းတဲ့အရာတွေ ဖိတ်ခေါ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဧည့်ခန်းအတွက် ဖုန်းရွှေရဲ့လမ်းညွှန်ချက်နဲ့ အပြင်အဆင်
အိမ်ရဲ့ ဧည့်ခန်းလေးကို ရှုပ်ပွမှုမရှိပဲ သပ်သပ်ရပ်ရပ်ရှင်းရှင်းလင်းလင်းနဲ့ ထားပြီး အလင်းရောင် ကောင်းကောင်းလေး ဖန်တီးပေးလိုက်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ နေအိမ်မှာ ကောင်းမွန်တဲ့ chi ဓာတ်ဆွဲဆောင်ဖို့ ပန်းအိုး၊ ပန်းပင်လေးတွေ ဧည့်ခန်းမှာ ထားရှိလိုက်ပါ။
အဆူးပါတဲ့ အပင်တွေ၊ ရှားစောင်းလက်ပတ်ပင်တွေကို မထားပဲ အရွက်ဝိုင်းဝိုင်းသဏ္ဍာန်ရှိတဲ့ အပင်တွေထားဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ နောက်ပြီး ငါးကန်လေးလည်းဧည့်ခန်းထဲမှာထားရှိပြီး စီးပွားလာဘ်လာဘ၊ ကျက်သရေတိုး ပွားခြင်းတွေကို ဖိတ်ခေါ်နိုင်ပါတယ်။
အိပ်ခန်းအပြင်အဆင်ကို ဖုန်းရွှေနည်းလမ်းနဲ့ ဖန်တီးမယ်
အိပ်ခန်းဟာ နေအိမ်က အရေးကြီးဆုံး အခန်းတွေထဲကတစ်ခုဖြစ်ပါတယ်။ လူတွေအများစုအတွက် တစ်နေ့တာ အလုပ်တွေလုပ်ကိုင်ပြီး အကောင်းဆုံးအနားယူတဲ့နေရာတစ်ခုဖြစ်တာကြောင့် ကောင်းမွန်တဲ့ အိပ်စက်ခြင်း၊ အတွင်းစိတ်တည်ငြိမ်မှု၊ ငြိမ်းချမ်းခြင်းတွေ ရဖို့လိုပါတယ်။ အဲ့ဒီကနေမှ တဆင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာ ရေး ကိစ္စအဝဝကို ဆက်စပ်ပြီး ဖန်တီးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဖုန်းရွှေနည်းလမ်းတွေ မှာလည်း အိပ်ခန်းနဲ့ပတ်သက်လို့ အကြံပြုချက်တွေ အများကြီးရှိပါတယ်။
အိပ်ခန်းတံခါးဖွင့်လိုက်တာနဲ့ အခန်းထဲက လူကို တိုက်ရိုက်မြင်ရစေတဲ့ အပြင်အဆင်မျိုး မဖြစ်ရပါဘူး။ နောက်ပြီး ရှုပ်ပွပေရေနေတဲ့ အခန်းမျိုးကလည်း စိတ်စွမ်းအင် ညစ်ထေးမှုနဲ့ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်စေပါတယ်။ အဟောင်းတွေကိုစွန့်ပစ်တာ၊ အခင်းအဟောင်း၊ ကြမ်းခင်းအဟောင်းတွေကို လဲပစ်တာမျိုးတွေ လုပ်ပြီး သစ်လွင်လန်းဆန်းတဲ့ ခံစားချက်အငွေ့အသက်မျိုး ဖန်တီးသင့်ပါတယ်။ အာရုံစိုက်မှုကို အနှောင့်အယှက်မပေးဖို့ ရောင်ပြန်ဟပ်တဲ့ မှန်တွေ သုံးတာလျော့ပါ။ အိပ်ခန်းမှာ ငါးကန်နဲ့ ရေသတ္တဝါ အကောင်တွေမထားသင့်ပါဘူး။
ဖုန်းရွှေက အကြံပြုထားတဲ့ တစ်နှစ်တာ အကောင်းဆုံး အရောင်တွေကတော့ အပြာရောင်နဲ့ အစိမ်းဖျော့တို့ ဖြစ်ပါတယ်။ အဲ့ဒီအရောင်တွေကို အိပ်ယာ ခင်း၊ ခေါင်းအုံးတွေမှာ အသုံးပြုပါက ပိုမိုတည်ငြိမ်ငြိမ်းချမ်းတဲ့ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေကို ဆွဲဆောင်နိုင်ပြီး ကျန်းမာပျော်ရွှင်မှုတွေကို ရရှိစေမှာ ဖြစ်ပါတယ်။
မီးဖိုချောင်ခန်းအတွက်လည်း ဖုန်းရွှေက ဒီလို အကြံပေးထားပါတယ်။
မီးဖိုချောင်တွေနဲ့ အမိုးဖွင့်ပြင်ပနေရာတွေအတွက် ဖုန်းရွှေရဲ့ အပြင်အဆင်အကြံပြုချက်ထဲ အရေးကြီးဆုံး အချက်ကတော့ ရှုပ်ပွပေရေနေတဲ့ အခန်းမဖြစ်ရပါဘူး။ မီးဖိုထဲက ရေခဲသေတ္တာမှာ ရှုပ်ပွမနေရပါဘူး။ ဆားရည်ကိုအသုံးပြုပြီး မကောင်းတဲ့စွမ်းအင်တွေ ဖယ်ရှားဖို့ ကောင်းမွန်တဲ့ စွမ်းအင်တွေ ဖိတ်ခေါ်ဖို့ သန့်စင်ဆေးကြောပါလို့ အကြံပြုထားပါတယ်။
နောက်ပြီး အဝါရောင်နဲ့ အညိုရောင်တွေဟာ အာဟာရဓာတ်ကို ရည်ညွန်းပြီး အပြာနဲ့ အစိမ်းကတော့ တက်ကြွခြင်းကို ဖော်ဆောင်ပါတယ်။ အဖြူရောင်နဲ့ မီးခိုးရောင်ကတော့ ပျော်ရွှင်မှုတွေကို ဖန်တီးပေးပါတယ်။
အရေးကြီးဆုံးအချက်ကတော့ ပျက်စီးနေတဲ့ ပစ္စည်းတွေကို မီးဖိုချောင်ခန်းထဲမှာ သိမ်းဆည်းမထားဖို့ပါပဲ။
ဖုန်းရွှေရဲ့ အကြံပြုချက်ထဲက ရေချိုးခန်းတည်နေရာနဲ့ အပြင်အဆင်
ဖုန်းရွှေရဲ့ အိမ်အလှအပ ပြင်ဆင်ဖန်တီးမှု အကြံပြုချက်အရ ရေချိုးခန်းဟာ အိမ်ရဲ့အဝင်အဝ ဦးတည်ရာ ဘယ်တော့မှ မဖြစ်သင့်ပါဘူး။ ရေချိုးခန်းတွေဟာ စွမ်းအင်တွက်ချက်မှုအရ အနိမ့်ဆုံးဖြစ်လို့ နေအိမ်တွေမှာဆိုရင် ရေချိုးခန်းကို အရှေ့မြောက်ဘက်အရပ်မှာ ထားတာက အကောင်းဆုံးပါပဲ။ ဖုန်းရွှေ နည်းလမ်းကျွမ်းကျင်သူတွေကတော့ အပြာနုရောင်၊ စိမ်းပြာရောင်၊ မက်မွန်သီးရောင်၊ ပန်းရောင်၊ အဖြူ၊ ခရင်မ်ဖြူနဲ့ အဝါရောင်တို့လို့ လင်းပြီးနွေးထွေးတဲ့ အရောင်တွေကို အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။ ဘဲဥပုံသဏ္ဍာန်ကြည့်မှန်တွေနဲ့ တည်ငြိမ်စေမယ့် အလင်းရောင်တို့ကိုသုံးဖို့ အကြံပြုထားပါတယ်။ တခြားအရာတွေထက်ရေချိုးခန်းကို မကြာခဏသန့်ရှင်းရေးလုပ်ဖို့၊ ဆေးကြောသန့်စင်ဖို့ လိုအပ်တယ်လို့လည်း ဆိုထားပါတယ်။
ကဲဒီလောက်ဆိုရင် iMyanmarHouse စာဖတ်ပရိသတ်ကြီးအတွက် ဖုန်းရွှေနည်းလမ်းနဲ့ နှစ်သစ်တစ်နှစ်တာ ပတ်လုံး ကောင်းမွန်ခြင်းတွေ ဖိတ်ခေါ်နိုင်မယ့် နေအိမ်အပြင်အဆင်တွေကို သိရှိပြီးလို့ ထင်ပါတယ်။ ဖုန်းရွှေနည်းလမ်းက ပြောပြပေးတဲ့ အချက်လေးတွေကို လိုက်နာပြီး မိမိနေအိမ်တွေမှာ ပြင်ဆင်နေထိုင်ခြင်း အားဖြင့် ကောင်းမွန်တဲ့ စွမ်းအင်တွေကို ဆွဲဆောင်ပြီး ကျန်းမာချမ်းသာခြင်း၊ ကံကောင်းခြင်း၊ စီးပွားလာဘ်လာဘပေါများခြင်းနဲ့ ကြွယ်ဝချမ်းသာခြင်းတွေ ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ႏွစ္သစ္တြင္ ေနအိမ္ဆီ ေကာင္းမြန္ျခင္းမ်ား ဖိတ္ေခၚနည္း
ႏွစ္တစ္ႏွစ္ကုန္ဆုံးသြားတာေၾကာင့္ အရာအားလုံးကလည္း အသစ္အျဖစ္ေျပာင္းလဲသြားပါၿပီ။ ႏွစ္ေဟာင္းမွာ႐ွိခဲ့သမွ်ေတြကို ထားခဲ့ၿပီး အားလုံးကိုအစကေန ျပန္လည္စတင္ဖို႔ ခြန္အားသစ္ေတြလည္း ရလာၾကၿပီ။ တ႐ုတ္ရာသီ ခြင္တြက္ခ်က္မႈအရ ၂၀၂၃ ခုႏွစ္ဟာ ေရ ယုန္ႏွစ္ျဖစ္တာေၾကာင့္ ၿငိမ္းခ်မ္းေရးကို ျမတ္ႏိုးၿပီး ႏူးညံ့သိမ္ေမြ႕ျခင္း၊ လိုက္ေလ်ာညီေထြျဖစ္တဲ့ဆက္ဆံေရးနဲ႔ အနာေရာဂါကင္း႐ွင္းတဲ့ ႏွစ္တစ္ႏွစ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါ့ေၾကာင့္မို႔လို႔လည္း ယုန္နွစ္ မွာ ႏွစ္သစ္ကေန စတင္ၿပီး ေကာင္းမြန္တဲ့တစ္ႏွစ္တာလုံးကို ပိုင္ဆိုင္ရ႐ွိဖို႔ ေကာင္းတဲ့စြမ္းအင္ေတြ ေနအိမ္ထဲဝင္ေရာက္ႏိုင္ဖို႔ အိမ္အျပင္အဆင္နည္းလမ္းကလည္း အရမ္းကို အေရးပါ ပါတယ္။ ဒီေတာ့ စာဖတ္ပရိသတ္ေတြအတြက္ ယုန္ႏွစ္မွာ ဖုန္းေ႐ႊရဲ႕ နည္းလမ္းအစီအရင္ေတြနဲ႔ ေနအိမ္ေတြ ထား႐ွိျပင္ဆင္ပုံေတြ၊ အတြင္းခန္း၊ အျပင္ဘက္ ဒီဇိုင္းပိုင္းေတြအေၾကာင္း လိုက္နာၿပီး ေကာင္းတဲ့အရာေတြ ဖိတ္ေခၚႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။
ဧည့္ခန္းအတြက္ ဖုန္းေ႐ႊရဲ႕လမ္းၫႊန္ခ်က္နဲ႔ အျပင္အဆင္
အိမ္ရဲ႕ ဧည့္ခန္းေလးကို ႐ႈပ္ပြမႈမ႐ွိပဲ သပ္သပ္ရပ္ရပ္႐ွင္း႐ွင္းလင္းလင္းနဲ႔ ထားၿပီး အလင္းေရာင္ ေကာင္းေကာင္းေလး ဖန္တီးေပးလိုက္ျခင္းက အေကာင္းဆုံးျဖစ္ပါတယ္။ ေနအိမ္မွာ ေကာင္းမြန္တဲ့ chi ဓာတ္ဆြဲေဆာင္ဖို႔ ပန္းအိုး၊ ပန္းပင္ေလးေတြ ဧည့္ခန္းမွာ ထား႐ွိလိုက္ပါ။ အဆူးပါတဲ့ အပင္ေတြ၊ ႐ွားေစာင္းလက္ပတ္ပင္ေတြကို မထားပဲ အ႐ြက္ဝိုင္းဝိုင္းသ႑ာန္႐ွိတဲ့ အပင္ေတြထားဖို႔ ကြၽမ္းက်င္သူေတြက အၾကံေပးထားပါတယ္။ ေနာက္ၿပီး ငါးကန္ေလးလည္းဧည့္ခန္းထဲမွာထား႐ွိၿပီး စီးပြားလာဘ္လာဘ၊ က်က္သေရတိုး ပြားျခင္းေတြကို ဖိတ္ေခၚႏိုင္ပါတယ္။
အိပ္ခန္းအျပင္အဆင္ကို ဖုန္းေ႐ႊနည္းလမ္းနဲ႔ ဖန္တီးမယ္
အိပ္ခန္းဟာ ေနအိမ္က အေရးႀကီးဆုံး အခန္းေတြထဲကတစ္ခုျဖစ္ပါတယ္။ လူေတြအမ်ားစုအတြက္ တစ္ေန႔တာ အလုပ္ေတြလုပ္ကိုင္ၿပီး အေကာင္းဆုံးအနားယူတဲ့ေနရာတစ္ခုျဖစ္တာေၾကာင့္ ေကာင္းမြန္တဲ့ အိပ္စက္ျခင္း၊ အတြင္းစိတ္တည္ၿငိမ္မႈ၊ ၿငိမ္းခ်မ္းျခင္းေတြ ရဖို႔လိုပါတယ္။ အဲ့ဒီကေနမွ တဆင့္ စီးပြားေရး၊ လူမႈေရး၊ က်န္းမာ ေရး ကိစၥအဝဝကို ဆက္စပ္ၿပီး ဖန္တီးႏိုင္မွာလည္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္မို႔လို႔ ဖုန္းေ႐ႊနည္းလမ္းေတြ မွာလည္း အိပ္ခန္းနဲ႔ပတ္သက္လို႔ အၾကံျပဳခ်က္ေတြ အမ်ားႀကီး႐ွိပါတယ္။ အိပ္ခန္းတံခါးဖြင့္လိုက္တာနဲ႔ အခန္းထဲက လူကို တိုက္႐ိုက္ျမင္ရေစတဲ့ အျပင္အဆင္မ်ိဳး မျဖစ္ရပါဘူး။ ေနာက္ၿပီး ႐ႈပ္ပြေပေရေနတဲ့ အခန္းမ်ိဳးကလည္း စိတ္စြမ္းအင္ ညစ္ေထးမႈနဲ႔ စိတ္႐ႈပ္ေထြးမႈေတြ ျဖစ္ေစပါတယ္။ အေဟာင္းေတြကိုစြန္႔ပစ္တာ၊ အခင္းအေဟာင္း၊ ၾကမ္းခင္းအေဟာင္းေတြကို လဲပစ္တာမ်ိဳးေတြ လုပ္ၿပီး သစ္လြင္လန္းဆန္းတဲ့ ခံစားခ်က္အေငြ႕အသက္မ်ိဳး ဖန္တီးသင့္ပါတယ္။ အာ႐ုံစိုက္မႈကို အေႏွာင့္အယွက္မေပးဖို႔ ေရာင္ျပန္ဟပ္တဲ့ မွန္ေတြ သုံးတာေလ်ာ့ပါ။ အိပ္ခန္းမွာ ငါးကန္နဲ႔ ေရသတၱဝါ အေကာင္ေတြမထားသင့္ပါဘူး။ ဖုန္းေ႐ႊက အၾကံျပဳထားတဲ့ တစ္ႏွစ္တာ အေကာင္းဆုံး အေရာင္ေတြကေတာ့ အျပာေရာင္နဲ႔ အစိမ္းေဖ်ာ့တို႔ ျဖစ္ပါတယ္။ အဲ့ဒီအေရာင္ေတြကို အိပ္ယာ ခင္း၊ ေခါင္းအုံးေတြမွာ အသုံးျပဳပါက ပိုမိုတည္ၿငိမ္ၿငိမ္းခ်မ္းတဲ့ အျပဳသေဘာေဆာင္တဲ့ စြမ္းအင္ေတြကို ဆြဲေဆာင္ႏိုင္ၿပီး က်န္းမာေပ်ာ္႐ႊင္မႈေတြကို ရ႐ွိေစမွာ ျဖစ္ပါတယ္။
မီးဖိုေခ်ာင္ခန္းအတြက္လည္း ဖုန္းေ႐ႊက ဒီလို အၾကံေပးထားပါတယ္။
မီးဖိုေခ်ာင္ေတြနဲ႔ အမိုးဖြင့္ျပင္ပေနရာေတြအတြက္ ဖုန္းေ႐ႊရဲ႕ အျပင္အဆင္အၾကံျပဳခ်က္ထဲ အေရးႀကီးဆုံး အခ်က္ကေတာ့ ႐ႈပ္ပြေပေရေနတဲ့ အခန္းမျဖစ္ရပါဘူး။ မီးဖိုထဲက ေရခဲေသတၱာမွာ ႐ႈပ္ပြမေနရပါဘူး။ ဆားရည္ကိုအသုံးျပဳၿပီး မေကာင္းတဲ့စြမ္းအင္ေတြ ဖယ္႐ွားဖို႔ ေကာင္းမြန္တဲ့ စြမ္းအင္ေတြ ဖိတ္ေခၚဖို႔ သန္႔စင္ေဆးေၾကာပါလို႔ အၾကံျပဳထားပါတယ္။ ေနာက္ၿပီး အဝါေရာင္နဲ႔ အညိဳေရာင္ေတြဟာ အာဟာရဓာတ္ကို ရည္ၫြန္းၿပီး အျပာနဲ႔ အစိမ္းကေတာ့ တက္ႂကြျခင္းကို ေဖာ္ေဆာင္ပါတယ္။ အျဖဴေရာင္နဲ႔ မီးခိုးေရာင္ကေတာ့ ေပ်ာ္႐ႊင္မႈေတြကို ဖန္တီးေပးပါတယ္။ အေရးႀကီးဆုံးအခ်က္ကေတာ့ ပ်က္စီးေနတဲ့ ပစၥည္းေတြကို မီးဖိုေခ်ာင္ခန္းထဲမွာ သိမ္းဆည္းမထားဖို႔ပါပဲ။
ဖုန္းေ႐ႊရဲ႕ အၾကံျပဳခ်က္ထဲက ေရခ်ိဳးခန္းတည္ေနရာနဲ႔ အျပင္အဆင္
ဖုန္းေ႐ႊရဲ႕ အိမ္အလွအပ ျပင္ဆင္ဖန္တီးမႈ အၾကံျပဳခ်က္အရ ေရခ်ိဳးခန္းဟာ အိမ္ရဲ႕အဝင္အဝ ဦးတည္ရာ ဘယ္ေတာ့မွ မျဖစ္သင့္ပါဘူး။ ေရခ်ိဳးခန္းေတြဟာ စြမ္းအင္တြက္ခ်က္မႈအရ အနိမ့္ဆုံးျဖစ္လို႔ ေနအိမ္ေတြမွာဆိုရင္ ေရခ်ိဳးခန္းကို အေ႐ွ႕ေျမာက္ဘက္အရပ္မွာ ထားတာက အေကာင္းဆုံးပါပဲ။ ဖုန္းေ႐ႊ နည္းလမ္းကြၽမ္းက်င္သူေတြကေတာ့ အျပာႏုေရာင္၊ စိမ္းျပာေရာင္၊ မက္မြန္သီးေရာင္၊ ပန္းေရာင္၊ အျဖဴ၊ ခရင္မ္ျဖဴနဲ႔ အဝါေရာင္တို႔လို႔ လင္းၿပီးေႏြးေထြးတဲ့ အေရာင္ေတြကို အသုံးျပဳဖို႔ တိုက္တြန္းထားပါတယ္။ ဘဲဥပုံသ႑ာန္ၾကည့္မွန္ေတြနဲ႔ တည္ၿငိမ္ေစမယ့္ အလင္းေရာင္တို႔ကိုသုံးဖို႔ အၾကံျပဳထားပါတယ္။ တျခားအရာေတြထက္ေရခ်ိဳးခန္းကို မၾကာခဏသန္႔႐ွင္းေရးလုပ္ဖို႔၊ ေဆးေၾကာသန္႔စင္ဖို႔ လိုအပ္တယ္လို႔လည္း ဆိုထားပါတယ္။
ကဲဒီေလာက္ဆိုရင္ iMyanmarHouse စာဖတ္ပရိသတ္ႀကီးအတြက္ ဖုန္းေ႐ႊနည္းလမ္းနဲ႔ ႏွစ္သစ္တစ္ႏွစ္တာ ပတ္လုံး ေကာင္းမြန္ျခင္းေတြ ဖိတ္ေခၚႏိုင္မယ့္ ေနအိမ္အျပင္အဆင္ေတြကို သိ႐ွိၿပီးလို႔ ထင္ပါတယ္။ ဖုန္းေ႐ႊနည္းလမ္းက ေျပာျပေပးတဲ့ အခ်က္ေလးေတြကို လိုက္နာၿပီး မိမိေနအိမ္ေတြမွာ ျပင္ဆင္ေနထိုင္ျခင္း အားျဖင့္ ေကာင္းမြန္တဲ့ စြမ္းအင္ေတြကို ဆြဲေဆာင္ၿပီး က်န္းမာခ်မ္းသာျခင္း၊ ကံေကာင္းျခင္း၊ စီးပြားလာဘ္လာဘေပါမ်ားျခင္းနဲ႔ ႂကြယ္ဝခ်မ္းသာျခင္းေတြ ဖန္တီးႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com