495 Views

ကျွမ်းကျင်သူများပြောသည့် မှန်များနှင့်ဆိုင်သော ဖုန်းရွှေစည်းမျဉ်း (၁၀) ခု

[Unicode]


ဖုန်းရွှေကို အသုံးချကြသည်ဖြစ်စေ မချကြသည်ဖြစ်စေ ဖုန်းရွှေနည်းကျအထားအသိုချိန်ညှိမှုများက ကောင်းခြင်းမင်္ဂလာများကို စီးဆင်းလည်ပတ်စေသည်မှာ ငြင်း၍မရပါပေ။

အိမ်တွင်းပစ္စည်းများထဲမှ ဖုန်းရွှေနည်းကျ သီးခြား မှတ်သားထားရှိရမည့်၊ ဖုန်းရွှေပညာရှင်များပင် ရုတ်တရက်တွေဝေသွားစေနိုင်သည့် အရာတစ်ခု ရှိပါသည်။ မှန်များပင်ဖြစ်သည်။ မှန်များကို သင့်အိမ်ရှိ အရာဝတ္ထုပစ္စည်းများအား ထိထိရောက်ရောက်တိုးပွားစေနိုင်၊ ရောင်ပြန်ထင်ဟပ်စေနိုင်သည့် ဂုဏ်သတ္တိရှိသူအဖြစ် ရှုမြင်ကြပါသည်။

သို့ဆိုလျှင် သင့်အိမ်တွင် မှန်များကို မှန်မှန်ကန်ကန်သုံးနေသလားဆိုသည်ကို ဘယ်လိုသိနိုင်ပါမလဲ? ဖုန်းရွှေကျွမ်းကျင်သူများပြောသည့် အောက်ပါစည်းမျဉ်းများကို လိုက်နာပြီး သင့်အိမ်ထဲမှ ဆိုးရွားသော ခံစားချက်ဓာတ်သက်များအားလုံးကို ထွက်သွားစေလိုက်ပါ။ နောက်ဆုံးတွင် သင်၏အိမ်သည် သင့်ဘဝတွင် သင်ဆွဲဆောင်လိုသောအရာကို ထင်ဟပ်စေကြောင်း သေချာစေခြင်းက သပ်ရပ်စွာ စနစ်တကျ အလှဆင်ထားသော အိမ်တစ်လုံးရှိခြင်းနှင့် မဝေးလွန်းလှတော့ပါ။


၁။ မှန်များအား အိမ်ရှေ့တံခါးနှင့် ထောင့်မှန်ကျအောင် ထားပါ

ကျွမ်းကျင်သူများပြောသည့် မှန်များနှင့်ဆိုင်သော ဖုန်းရွှေစည်းမျဉ်း (၁၀) ခု

ယေဘုယျအားဖြင့် ဆိုရသော် ဖုန်းရွှေပညာရှင်များက မှန်ချပ်အား အိမ်ရှေ့တံခါးနှင့် တိုက်ရိုက်ကန့်လန့်ဖြတ်ထားရှိခြင်းကို မထောက်ခံကြပါသော်လည်း မှန်အားနံရံပေါ်ထားရှိခြင်းဖြင့် အိမ်ရှေ့တံခါးနှင့် ထောင့်မှန်ကျခြင်းကိုမူ ထောက်ခံကြပါသည်။ “အိမ်ရှေ့တံခါးဟာ ဖုန်းရွှေမှာ အလွန်အရေးပါပါတယ်” ဟု ဖုန်းရွှေပညာရှင်တစ်ဦးဖြစ်သူ လော်ရာဘင်ကိုကတော့ ဆိုထားပါသည်။ သူမကတော့ သင့်အနေဖြင့် မှန်တစ်ချပ်ကို ချိတ်သောအခါ သင့်ဘဝတွင် အခွင့်အလမ်းများကို ချဲ့ထွင်ပြန့်ကားစေခြင်းကဲ့သို့သော ပြုလိုခြင်းရည်ရွယ်ချက်တစ်ခုနှင့် ချိတ်ဆက်ရန် အကြံပြုထားပါသည်။


၂။ မည်သည့်ထမင်းစားခန်းနံရံတွင်မဆို မှန်များထားရှိအသုံးပြုပါ

ကျွမ်းကျင်သူများပြောသည့် မှန်များနှင့်ဆိုင်သော ဖုန်းရွှေစည်းမျဉ်း (၁၀) ခု

မှန်များချိတ်ရန် အကောင်းဆုံးအခန်းမှာ ထမင်းစားခန်းဖြစ်သည်ဟု ဖုန်းရွှေပညာရှင်များက ယူဆကြပါသည်။ ထမင်းစားခန်းသည် ကျွန်ုပ်တို့ဘဝများတွင် အနည်းငယ်ပိုမိုရောင်ပြန်ထင်ဟပ်စေချင်သည့် အရာဖြစ်သော ဓနဉစ္စာအပေါ် သင်၏ထိန်းသိမ်းနိုင်စွမ်းကို ကိုယ်စားပြုပါသည်။


၃။ မီးဖိုချောင်တွင် မှန်များမထားရှိရ

ကျွမ်းကျင်သူများပြောသည့် မှန်များနှင့်ဆိုင်သော ဖုန်းရွှေစည်းမျဉ်း (၁၀) ခု

ယေဘုယျအားဖြင့် ဖုန်းရွှေလမ်းညွှန်ချက်များက မီးဖိုချောင်တွင် မှန်များထားရှိခြင်းကို ဆန့်ကျင်၍ အကြံပြုကြပါသည်။ အထူးသဖြင့် မှန်များက မီးဖိုနှင့် မျက်နှာချင်းဆိုင်ဖြစ်နေပါက ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းကဲ့သို့ထားရှိမှုသည် မကောင်းသောအညံ့ဓာတ်စွမ်းအင်ကို လက်ခံရန်ဖြစ်သည်ဟု ယုံကြည်ယူဆကြသောကြောင့်ဖြစ်ပါသည်။


၄။ မှန်များအား လှပသောမြင်ကွင်းများနှင့် မျက်နှာချင်းဆိုင်ထားပါ

ကျွမ်းကျင်သူများပြောသည့် မှန်များနှင့်ဆိုင်သော ဖုန်းရွှေစည်းမျဉ်း (၁၀) ခု

သင့်မှန်က အိမ်အတွင်းနှင့်အပြင်နှစ်ခုစလုံးအပေါ် ထင်ဟပ်စေသည့်အရာအား သတိပြုရန် ဖုန်းရွှေပညာရှင်အများစုက သင့်အား သတိပေးကြပါလိမ့်မည်။ “ဖုန်းရွှေမှာ မှန်တွေဟာ အက်စပရင်လိုပါပဲ။ နာမကျန်းမှုအတော်များများကို ကုသဖို့ အဲဒီဆေးကို မကြာမကြာ ဆေးညွှန်းပေးကြပါတယ်။ နေရာကျယ်စေချင်ပြီး အလင်းလည်း ပိုရစေချင်တဲ့အခါ မှန်တွေက မြန်ဆန်တဲ့ချိန်ညှိမှုတစ်ခုပဲဖြစ်ပါတယ်။ မှန်တွေမှာ လှပတဲ့မြင်ကွင်းကို ထင်ဟပ်စေပြီး ငွေအထပ်လိုက်သာ ရရှိစေလိုက်ပါ။” ဟု လော်ရာဘင်ကိုက ဆိုပါသည်။


၅။ လျှောက်လမ်းတစ်နေရာရာလောက်တွင် မှန်တစ်ချပ်ချိတ်ဆွဲပါ

ကျွမ်းကျင်သူများပြောသည့် မှန်များနှင့်ဆိုင်သော ဖုန်းရွှေစည်းမျဉ်း (၁၀) ခု

လျှောက်လမ်းတွင် ထားသော မှန်များကို အပြုသဘောဆောင်စေသည့်အရာအဖြစ် ယေဘုယျရှုမြင်ကြသည်ဟု ဖုန်းရွှေအရ သိရပါသည်။ သို့သော်လည်း မှန်များအား လျှောက်လမ်းအဆုံးတွင် ထားသောအခါ ယင်းမှန်များသည် သင့်အိမ်တွင် စွမ်းအင်စီးဆင်းလည်ပတ်မှုကို နှေးကွေးကျဆင်းစေနိုင်ပါသည်။ မှန်များအား လှေကားအုံငယ်များ၏ လှေကားတက်များတွင် ထားရှိခြင်းကလည်း နေရာကို ပိုကျယ်စေနိုင်ပါသည်။


၆။ သင့်စားပွဲခုံအနီး မှန်တစ်ချပ်ချိတ်ဆွဲပါ

ကျွမ်းကျင်သူများပြောသည့် မှန်များနှင့်ဆိုင်သော ဖုန်းရွှေစည်းမျဉ်း (၁၀) ခု

ငွေစက္ကူအထပ်လိုက်ကို ထင်ဟပ်နေသော မှန်တစ်ချပ်က အပျက်သဘောဆောင်သော စွမ်းအင်ကို မိတ်ဆက်နိုင်သကဲ့သို့ သင့်စားပွဲကို မျက်နှာမူထားသော မှန်တစ်ချပ်ကလည်း သင့်အတွက် အပျက်သဘောဆောင်စေပြီး သင့်အလုပ်ကို နှစ်ဆဖြစ်စေပါလိမ့်မည်။ ထို့အပြင် မည်သူကမှ သူတို့အလုပ်လုပ်နေစဉ်မှာ သူတို့ကိုယ်သူတို့ တကယ်ကို မကြည့်ချင်ကြဘူး မဟုတ်လား?


၇။ ဧည့်ခန်းတွင် မှန်တစ်ချပ်ကို ရွေးချယ်ပါ

ကျွမ်းကျင်သူများပြောသည့် မှန်များနှင့်ဆိုင်သော ဖုန်းရွှေစည်းမျဉ်း (၁၀) ခု

ဧည့်ခန်းတွင် မှန်ချပ်များသည် အခန်းတွင်းရှိ လူဦးရေကို နှစ်ဆဖြစ်စေခြင်းဖြင့် ပိုမိုပျော်ရွှင်စရာကောင်းသော စုဝေးမှုများကို ပြုလုပ်ရန်ဟု ယူဆကြပါသည်။ သို့ရာတွင် သင့်ဧည်သည်များက အပျက်သဘောဆောင်ပါလျှင် ၎င်းမှန်ချပ်များသည် မကောင်းသောစွမ်းအင်ကိုလည်း မြှင့်စေနိုင်ပါသည်၊ ထို့ကြောင့် သင်ဖိတ်ခေါ်သောသူကို သတိထားပါ သို့မဟုတ် သင့်ဧည်သည်များအား စိတ်ဆင်းရဲစရာကိစ္စများကို သင့်အိမ်သို့ သယ်မလာရန် ယဉ်ကျေးစွာ ပြောပါ။


၈။ ကုတင်များ၊ ဆိုဖာများနှင့် ကုလားထိုင်များအထက် မှန်ချပ်များထားရှိခြင်းအား ရှောင်ကြဉ်ပါ

ကျွမ်းကျင်သူများပြောသည့် မှန်များနှင့်ဆိုင်သော ဖုန်းရွှေစည်းမျဉ်း (၁၀) ခု

မှန်ချပ်ချိတ်ဆွဲခြင်းကို ဖုန်းရွှေပညာရှင်များ ဆန့်ကျင်တားမြစ်သည့် နေရာမှာ ဆိုဖာ သို့မဟုတ် ကုတင်အနောက်ဖြစ်ပါသည်။ အသိအမှတ်ပြုလက်မှတ်ရ ဖုန်းရွှေပညာရှင် မာရီယန်ဂေါ်ဒွန်ကလည်း ထိုင်သည့်နေရာများအထက်တွင် လေးလံသောအရာများချိတ်ဆွဲခြင်းကို ဆန့်ကျင်ရန် အကြံပြုထားပါသည်။ “ဖုန်းရွှေဆိုတာ သင့်နေရာမှာ ဘေးကင်းလုံခြုံမှုကို ခံစားရစေဖို့ပဲဖြစ်ပါတယ်” ပြီးတော့လည်း သင့်ခေါင်းပေါ်တွင် လေးလံတဲ့အရာတစ်ခုခု တိုက်ရိုက်တွဲလောင်းကျနေပါက ဘေးကင်းသလိုခံစားရရန် ခက်ခဲပါသည်။


၉။ အိပ်ခန်းထဲတွင် မှန်ချပ်များကို အသုံးချပါ

ကျွမ်းကျင်သူများပြောသည့် မှန်များနှင့်ဆိုင်သော ဖုန်းရွှေစည်းမျဉ်း (၁၀) ခု

“တကယ်လို့ သင့်မှာ အိပ်ရခက်တဲ့ပြဿနာရှိတယ်ဆိုရင် အိပ်ခန်းနံရံပေါ်က အဲဒီမှန်ချပ်က ဘာကြောင့် တရားခံဖြစ်နိုင်သလဲဆိုတာကို ပြောကြပါစို့။” ဟု Simple Shui ဝက်ဘ်ဆိုက်၏ တည်ထောင်သူ အမန်ဒါဂစ်ဘီပီတာက ပြောပါသည်။ သင့်မှန်က သင့်အိပ်စက်မှုကို ထိခိုက်စေနိုင်သလားဆိုသည်ကို အလျင်အမြန်ဆန်းစစ်ရန် သူမက အကြံပြုပါသည်။ “အိပ်ခန်းရှိ မှန်ချပ်တွေကို နှစ်ညလောက် အဖုံးအုပ်ထားလိုက်ပြီး သင့်အိပ်စက်မှုပိုကောင်းမွန်လာမလာကို သတိပြုကြည့်ပါ။ ဖုံးအုပ်ထားတဲ့ညတွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်ဆိုရင် အဲဒီမှန်ချပ်တွေကို အစားထိုးဖို့ ဒါမှမဟုတ် သင့်အိပ်ရာနဲ့ မျက်နှာချင်းဆိုင်မဟုတ်တဲ့ နံရံတစ်ဖက်ကို ရွှေ့ထားလိုက်ဖို့ရာ စဉ်းစားပါ။” ဟု သူမက အကြံပြုပါသည်။


၁၀။ ရေအိမ်နှင့်ဝေးသော မှန်ချပ်ကို ရွေးချယ်ပါ

ကျွမ်းကျင်သူများပြောသည့် မှန်များနှင့်ဆိုင်သော ဖုန်းရွှေစည်းမျဉ်း (၁၀) ခု

သန့်စင်ခန်းထဲတွင် မှန်ချပ်အား ရေအိမ် သို့မဟုတ် တံခါးနှင့် တိုက်ရိုက်ကန့်လန့်ဖြတ်မချိတ်ဆွဲရန် ဖုန်းရွှေပညာရှင်များက အကြံပြုကြပါသည်။ မည်သည့်အခန်းတွင်မဆို တံခါးနှင့် တိုက်ရိုက်မျက်နှာချင်းဆိုင်၍ မှန်ချပ်များထားရှိခြင်းကို အကောင်းသောအကြံအစည်တစ်ခုအဖြစ် ယေဘုယျအားဖြင့် ရှုမြင်ကြပါသည်။ ရေအိမ်ပေါ်မှ သင့်ကိုယ်သင် မြင်တွေ့ရသည်မှာလည်း မည်သို့မျှသက်သောင့်သာသာရှိလိမ့်မည်မဟုတ်ပါပေ။

 


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

ကြၽမ္းက်င္သူမ်ားေျပာသည့္ မွန္မ်ားႏွင့္ဆိုင္ေသာ ဖုန္းေ႐ႊစည္းမ်ဥ္း (၁၀) ခု

 


ဖုန္းေ႐ႊကို အသုံးခ်ၾကသည္ျဖစ္ေစ မခ်ၾကသည္ျဖစ္ေစ ဖုန္းေ႐ႊနည္းက်အထားအသိုခ်ိန္ညႇိမႈမ်ားက ေကာင္းျခင္းမဂၤလာမ်ားကို စီးဆင္းလည္ပတ္ေစသည္မွာ ျငင္း၍မရပါေပ။

အိမ္တြင္းပစၥည္းမ်ားထဲမွ ဖုန္းေ႐ႊနည္းက် သီးျခား မွတ္သားထား႐ွိရမည့္၊ ဖုန္းေ႐ႊပညာ႐ွင္မ်ားပင္ ႐ုတ္တရက္ေတြေဝသြားေစႏိုင္သည့္ အရာတစ္ခု ႐ွိပါသည္။ မွန္မ်ားပင္ျဖစ္သည္။ မွန္မ်ားကို သင့္အိမ္႐ွိ အရာဝတၳဳပစၥည္းမ်ားအား ထိထိေရာက္ေရာက္တိုးပြားေစႏိုင္၊ ေရာင္ျပန္ထင္ဟပ္ေစႏိုင္သည့္ ဂုဏ္သတၱိ႐ွိသူအျဖစ္ ႐ႈျမင္ၾကပါသည္။

သို႔ဆိုလွ်င္ သင့္အိမ္တြင္ မွန္မ်ားကို မွန္မွန္ကန္ကန္သုံးေနသလားဆိုသည္ကို ဘယ္လိုသိႏိုင္ပါမလဲ? ဖုန္းေ႐ႊကြၽမ္းက်င္သူမ်ားေျပာသည့္ ေအာက္ပါစည္းမ်ဥ္းမ်ားကို လိုက္နာၿပီး သင့္အိမ္ထဲမွ ဆိုး႐ြားေသာ ခံစားခ်က္ဓာတ္သက္မ်ားအားလုံးကို ထြက္သြားေစလိုက္ပါ။ ေနာက္ဆုံးတြင္ သင္၏အိမ္သည္ သင့္ဘ၀တြင္ သင္ဆြဲေဆာင္လိုေသာအရာကို ထင္ဟပ္ေစေၾကာင္း ေသခ်ာေစျခင္းက သပ္ရပ္စြာ စနစ္တက် အလွဆင္ထားေသာ အိမ္တစ္လုံး႐ွိျခင္းႏွင့္ မေဝးလြန္းလွေတာ့ပါ။


၁။ မွန္မ်ားအား အိမ္ေ႐ွ႕တံခါးႏွင့္ ေထာင့္မွန္က်ေအာင္ ထားပါ

ေယဘုယ်အားျဖင့္ ဆိုရေသာ္ ဖုန္းေ႐ႊပညာ႐ွင္မ်ားက မွန္ခ်ပ္အား အိမ္ေ႐ွ႕တံခါးႏွင့္ တိုက္႐ိုက္ကန္႔လန္႔ျဖတ္ထား႐ွိျခင္းကို မေထာက္ခံၾကပါေသာ္လည္း မွန္အားနံရံေပၚထား႐ွိျခင္းျဖင့္ အိမ္ေ႐ွ႕တံခါးႏွင့္ ေထာင့္မွန္က်ျခင္းကိုမူ ေထာက္ခံၾကပါသည္။ “အိမ္ေ႐ွ႕တံခါးဟာ ဖုန္းေ႐ႊမွာ အလြန္အေရးပါပါတယ္” ဟု ဖုန္းေ႐ႊပညာ႐ွင္တစ္ဦးျဖစ္သူ ေလာ္ရာဘင္ကိုကေတာ့ ဆိုထားပါသည္။ သူမကေတာ့ သင့္အေနျဖင့္ မွန္တစ္ခ်ပ္ကို ခ်ိတ္ေသာအခါ သင့္ဘဝတြင္ အခြင့္အလမ္းမ်ားကို ခ်ဲ႕ထြင္ျပန္႔ကားေစျခင္းကဲ့သို႔ေသာ ျပဳလိုျခင္းရည္႐ြယ္ခ်က္တစ္ခုႏွင့္ ခ်ိတ္ဆက္ရန္ အၾကံျပဳထားပါသည္။


၂။ မည္သည့္ထမင္းစားခန္းနံရံတြင္မဆို မွန္မ်ားထား႐ွိအသုံးျပဳပါ

မွန္မ်ားခ်ိတ္ရန္ အေကာင္းဆုံးအခန္းမွာ ထမင္းစားခန္းျဖစ္သည္ဟု ဖုန္းေ႐ႊပညာ႐ွင္မ်ားက ယူဆၾကပါသည္။ ထမင္းစားခန္းသည္ ကြၽႏ္ုပ္တို႔ဘဝမ်ားတြင္ အနည္းငယ္ပိုမိုေရာင္ျပန္ထင္ဟပ္ေစခ်င္သည့္ အရာျဖစ္ေသာ ဓနဉစၥာအေပၚ သင္၏ထိန္းသိမ္းႏိုင္စြမ္းကို ကိုယ္စားျပဳပါသည္။


၃။ မီးဖိုေခ်ာင္တြင္ မွန္မ်ားမထား႐ွိရ

ေယဘုယ်အားျဖင့္ ဖုန္းေ႐ႊလမ္းၫႊန္ခ်က္မ်ားက မီးဖိုေခ်ာင္တြင္ မွန္မ်ားထား႐ွိျခင္းကို ဆန္႔က်င္၍ အၾကံျပဳၾကပါသည္။ အထူးသျဖင့္ မွန္မ်ားက မီးဖိုႏွင့္ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေနပါက ျဖစ္ပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ယင္းကဲ့သို႔ထား႐ွိမႈသည္ မေကာင္းေသာအညံ့ဓာတ္စြမ္းအင္ကို လက္ခံရန္ျဖစ္သည္ဟု ယုံၾကည္ယူဆၾကေသာေၾကာင့္ျဖစ္ပါသည္။


၄။ မွန္မ်ားအား လွပေသာျမင္ကြင္းမ်ားႏွင့္ မ်က္ႏွာခ်င္းဆိုင္ထားပါ

သင့္မွန္က အိမ္အတြင္းႏွင့္အျပင္ႏွစ္ခုစလုံးအေပၚ ထင္ဟပ္ေစသည့္အရာအား သတိျပဳရန္ ဖုန္းေ႐ႊပညာ႐ွင္အမ်ားစုက သင့္အား သတိေပးၾကပါလိမ့္မည္။ “ဖုန္းေ႐ႊမွာ မွန္ေတြဟာ အက္စပရင္လိုပါပဲ။ နာမက်န္းမႈအေတာ္မ်ားမ်ားကို ကုသဖို႔ အဲဒီေဆးကို မၾကာမၾကာ ေဆးၫႊန္းေပးၾကပါတယ္။ ေနရာက်ယ္ေစခ်င္ၿပီး အလင္းလည္း ပိုရေစခ်င္တဲ့အခါ မွန္ေတြက ျမန္ဆန္တဲ့ခ်ိန္ညႇိမႈတစ္ခုပဲျဖစ္ပါတယ္။ မွန္ေတြမွာ လွပတဲ့ျမင္ကြင္းကို ထင္ဟပ္ေစၿပီး ေငြအထပ္လိုက္သာ ရ႐ွိေစလိုက္ပါ။” ဟု ေလာ္ရာဘင္ကိုက ဆိုပါသည္။


၅။ ေလွ်ာက္လမ္းတစ္ေနရာရာေလာက္တြင္ မွန္တစ္ခ်ပ္ခ်ိတ္ဆြဲပါ

ေလွ်ာက္လမ္းတြင္ ထားေသာ မွန္မ်ားကို အျပဳသေဘာေဆာင္ေစသည့္အရာအျဖစ္ ေယဘုယ်႐ႈျမင္ၾကသည္ဟု ဖုန္းေ႐ႊအရ သိရပါသည္။ သို႔ေသာ္လည္း မွန္မ်ားအား ေလွ်ာက္လမ္းအဆုံးတြင္ ထားေသာအခါ ယင္းမွန္မ်ားသည္ သင့္အိမ္တြင္ စြမ္းအင္စီးဆင္းလည္ပတ္မႈကို ေႏွးေကြးက်ဆင္းေစႏိုင္ပါသည္။ မွန္မ်ားအား ေလွကားအုံငယ္မ်ား၏ ေလွကားတက္မ်ားတြင္ ထား႐ွိျခင္းကလည္း ေနရာကို ပိုက်ယ္ေစႏိုင္ပါသည္။


၆။ သင့္စားပြဲခုံအနီး မွန္တစ္ခ်ပ္ခ်ိတ္ဆြဲပါ

ေငြစကၠဴအထပ္လိုက္ကို ထင္ဟပ္ေနေသာ မွန္တစ္ခ်ပ္က အပ်က္သေဘာေဆာင္ေသာ စြမ္းအင္ကို မိတ္ဆက္ႏိုင္သကဲ့သို႔ သင့္စားပြဲကို မ်က္ႏွာမူထားေသာ မွန္တစ္ခ်ပ္ကလည္း သင့္အတြက္ အပ်က္သေဘာေဆာင္ေစၿပီး သင့္အလုပ္ကို ႏွစ္ဆျဖစ္ေစပါလိမ့္မည္။ ထို႔အျပင္ မည္သူကမွ သူတို႔အလုပ္လုပ္ေနစဥ္မွာ သူတို႔ကိုယ္သူတို႔ တကယ္ကို မၾကည့္ခ်င္ၾကဘူး မဟုတ္လား?


၇။ ဧည့္ခန္းတြင္ မွန္တစ္ခ်ပ္ကို ေ႐ြးခ်ယ္ပါ

ဧည့္ခန္းတြင္ မွန္ခ်ပ္မ်ားသည္ အခန္းတြင္း႐ွိ လူဦးေရကို ႏွစ္ဆျဖစ္ေစျခင္းျဖင့္ ပိုမိုေပ်ာ္႐ႊင္စရာေကာင္းေသာ စုေဝးမႈမ်ားကို ျပဳလုပ္ရန္ဟု ယူဆၾကပါသည္။ သို႔ရာတြင္ သင့္ဧည္သည္မ်ားက အပ်က္သေဘာေဆာင္ပါလွ်င္ ၎မွန္ခ်ပ္မ်ားသည္ မေကာင္းေသာစြမ္းအင္ကိုလည္း ျမႇင့္ေစႏိုင္ပါသည္၊ ထို႔ေၾကာင့္ သင္ဖိတ္ေခၚေသာသူကို သတိထားပါ သို႔မဟုတ္ သင့္ဧည္သည္မ်ားအား စိတ္ဆင္းရဲစရာကိစၥမ်ားကို သင့္အိမ္သို႔ သယ္မလာရန္ ယဥ္ေက်းစြာ ေျပာပါ။


၈။ ကုတင္မ်ား၊ ဆိုဖာမ်ားႏွင့္ ကုလားထိုင္မ်ားအထက္ မွန္ခ်ပ္မ်ားထား႐ွိျခင္းအား ေ႐ွာင္ၾကဥ္ပါ

မွန္ခ်ပ္ခ်ိတ္ဆြဲျခင္းကို ဖုန္းေ႐ႊပညာ႐ွင္မ်ား ဆန္႔က်င္တားျမစ္သည့္ ေနရာမွာ ဆိုဖာ သို႔မဟုတ္ ကုတင္အေနာက္ျဖစ္ပါသည္။ အသိအမွတ္ျပဳလက္မွတ္ရ ဖုန္းေ႐ႊပညာ႐ွင္ မာရီယန္ေဂၚဒြန္ကလည္း ထိုင္သည့္ေနရာမ်ားအထက္တြင္ ေလးလံေသာအရာမ်ားခ်ိတ္ဆြဲျခင္းကို ဆန္႔က်င္ရန္ အၾကံျပဳထားပါသည္။ “ဖုန္းေ႐ႊဆိုတာ သင့္ေနရာမွာ ေဘးကင္းလုံျခဳံမႈကို ခံစားရေစဖို႔ပဲျဖစ္ပါတယ္” ၿပီးေတာ့လည္း သင့္ေခါင္းေပၚတြင္ ေလးလံတဲ့အရာတစ္ခုခု တိုက္႐ိုက္တြဲေလာင္းက်ေနပါက ေဘးကင္းသလိုခံစားရရန္ ခက္ခဲပါသည္။


၉။ အိပ္ခန္းထဲတြင္ မွန္ခ်ပ္မ်ားကို အသုံးခ်ပါ

“တကယ္လို႔ သင့္မွာ အိပ္ရခက္တဲ့ျပႆနာ႐ွိတယ္ဆိုရင္ အိပ္ခန္းနံရံေပၚက အဲဒီမွန္ခ်ပ္က ဘာေၾကာင့္ တရားခံျဖစ္ႏိုင္သလဲဆိုတာကို ေျပာၾကပါစို႔။” ဟု Simple Shui ဝက္ဘ္ဆိုက္၏ တည္ေထာင္သူ အမန္ဒါဂစ္ဘီပီတာက ေျပာပါသည္။ သင့္မွန္က သင့္အိပ္စက္မႈကို ထိခိုက္ေစႏိုင္သလားဆိုသည္ကို အလ်င္အျမန္ဆန္းစစ္ရန္ သူမက အၾကံျပဳပါသည္။ “အိပ္ခန္း႐ွိ မွန္ခ်ပ္ေတြကို ႏွစ္ညေလာက္ အဖုံးအုပ္ထားလိုက္ၿပီး သင့္အိပ္စက္မႈပိုေကာင္းမြန္လာမလာကို သတိျပဳၾကည့္ပါ။ ဖုံးအုပ္ထားတဲ့ညေတြမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္တယ္ဆိုရင္ အဲဒီမွန္ခ်ပ္ေတြကို အစားထိုးဖို႔ ဒါမွမဟုတ္ သင့္အိပ္ရာနဲ႔ မ်က္ႏွာခ်င္းဆိုင္မဟုတ္တဲ့ နံရံတစ္ဖက္ကို ေ႐ႊ႕ထားလိုက္ဖို႔ရာ စဥ္းစားပါ။” ဟု သူမက အၾကံျပဳပါသည္။


၁၀။ ေရအိမ္ႏွင့္ေဝးေသာ မွန္ခ်ပ္ကို ေ႐ြးခ်ယ္ပါ

သန္႔စင္ခန္းထဲတြင္ မွန္ခ်ပ္အား ေရအိမ္ သို႔မဟုတ္ တံခါးႏွင့္ တိုက္႐ိုက္ကန္႔လန္႔ျဖတ္မခ်ိတ္ဆြဲရန္ ဖုန္းေ႐ႊပညာ႐ွင္မ်ားက အၾကံျပဳၾကပါသည္။ မည္သည့္အခန္းတြင္မဆို တံခါးႏွင့္ တိုက္႐ိုက္မ်က္ႏွာခ်င္းဆိုင္၍ မွန္ခ်ပ္မ်ားထား႐ွိျခင္းကို အေကာင္းေသာအၾကံအစည္တစ္ခုအျဖစ္ ေယဘုယ်အားျဖင့္ ႐ႈျမင္ၾကပါသည္။ ေရအိမ္ေပၚမွ သင့္ကိုယ္သင္ ျမင္ေတြ႕ရသည္မွာလည္း မည္သို႔မွ်သက္ေသာင့္သာသာ႐ွိလိမ့္မည္မဟုတ္ပါေပ။

 


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)