1537 Views

အဆောင်နေသူများအတွက် ဖုန်းရွှေ

 

[Unicode]


အကယ်၍ သင်ဟာ အဆောင် နေသူ ဒါမှမဟုတ် အဆောင်မှာ ပြောင်းရွှေ့နေထိုင်တော့မယ်ဆိုရင် ဤဆောင်းပါးမှာ ဖော်ပြပေးသွားမယ့် ဖုန်းရွှေအကြံပြုချက်တွေက သင့်ရဲ့ အဆောင်မှာ နေထိုင်ရအဆင်ပြေစေဖို့ ဒါမှမဟုတ် အဆောင်မှာ နေသားတကျဖြစ်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ပုံမှန်အဆောင်ခန်းတစ်ခန်းကတော့ ယခင်နေနေကျနေရာလောက် သက်သောင့်သက်သာမဖြစ်ဖို့ များပါတယ်။ အောက်ပါ ရိုးရှင်းတဲ့ဖုန်းရွှေအကြံပြုချက်လေးတွေကတော့ သင့်ကို အမြန်ဆုံးနေထိုင်ရအဆင်ပြေအသားကျသွားစေဖို့ ကူညီပေးနိုင်ပါတယ်။

၁။ သင့်အိပ်ရာကို မှန်ကန်စွာ နေရာချပါ

သင့်ကုတင်/အိပ်ရာကနေ ခေါင်းကို နောက်ပြန်လှည့်ကြည့်စရာမလိုဘဲ တံခါးပေါက်ကို မြင်နိုင်အောင် သင့်ကုတင်/အိပ်ရာကို နေရာချဖို့ ကြိုးစားပါ။ တစ်ပြိုင်နက်တည်းမှာပဲ သင့်ခြေထောက်တွေကို တံခါးပေါက်ဘက်ကို တည့်တည့်ခြေဆင်းပြီး အိပ်စက်ခြင်းအနေအထားမျိုးမဖြစ်အာင်လည်း ရှောင်ကြဉ်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအနေအထားကို ကောင်းမွန်တဲ့ညရေးညတာအိပ်စက်အနားယူမှုရရှိစေဖို့အတွက် မင်္ဂလာမရှိဆုံးအနေအထားအဖြစ် ဖုန်း‌ရွှေမှာ ယူဆလို့ပဲဖြစ်ပါတယ်။ အကယ်၍ သင့်အိပ်ရာ/ကုတင်ကို နေရာရွှေ့ဖို့အဆင်မပြေဘူးဆိုရင် အိပ်ရာ/ကုတင်ခြေရင်းနားမှာ ပရိဘောဂတစ်ခုခု၊ အကာတစ်ခုခု၊ စောင်တစ်ခုခု ဒါမှမဟုတ် အခြားနူးညံ့တဲ့အထည်စတစ်ခုခုကို အခုအခံအဖြစ် ထားရှိလိုက်ပါ။

၂။ ဗြုပ်စဗျင်းတောင်းများအား ရှင်းလင်းပါ

ယေဘုယျအားဖြင့်တော့ သင့်အဆောင်အခန်းဟာ ဘာပစ္စည်းမှမရှိခင်ကိုကမှ ကျဉ်းမြောင်းသေးငယ်နေနှင့်ပြီးသားပါ။ ဒါကြောင့် မလိုလားအပ်တဲ့အရာမှန်သမျှ အခန်းထဲမထားရှိပါနဲ့။ အဝတ်ဟောင်း၊ စာအုပ်ဟောင်း၊ မလိုချင်တဲ့မလိုအပ်တဲ့အရာမှန်သမျှ အခန်းထဲကနေ ဖယ်ပစ်ပါ။

ဖုန်းရွှေမှာ ဗြုပ်စဗျင်းတောင်းဖြစ်ခြင်းက ဆုံးဖြတ်ချက်များ နောက်ဆုတ်ထားခြင်းနှင့် ရှေ့မဆက်နိုင်ခြင်းတို့ကို ကိုယ်စားပြုတာကြောင့် သင့်အနေနဲ့ ပစ္စည်းတွေ စုပြုံထားတဲ့၊ စီတန်းထိုးသိပ်ထားတဲ့နေရာတွေကို ဂရုပြုပါ။ အရာဝတ္တုပစ္စည်းတွေ အလွန်အကျွံပတ်ပတ်လည်ပိတ်နေခြင်းက သင့်နံဘေးက အကောင်းဓာတ်ဖြစ်တဲ့ ချီစွမ်းအင်စီးဆင်းမှုကို တားဆီးကာ သင့်အခန်းကို နွေးထွေးမှုမရှိ အေးစက်စက်နိုင်စေပါတယ်။ အကယ်၍ သင့်အခန်းနေရာမှာ ကိုယ်ပိုင်ပရိဘောဂတစ်ခုခုထည့်ဖို့ရာ အခြေအနေပေးတယ်ဆိုရင် များများဆံ့ပြီး နေရာစားသက်သာတဲ့အမျိုးအစားကို ရွေးချယ်ပါ။ စားသောက်ခြင်း၊ အိပ်စက်ခြင်းနဲ့ စာကြည့်ခြင်းတို့ကို အခန်းတစ်ခုတည်းမှာပဲ လုပ်ဆောင်တဲ့ အဆောင်ခန်းမျိုးဆိုရင် သင်ရတဲ့နေရာမှာကိုပဲ အကာတစ်ခုခုနဲ့ပိုင်းခြားကန့်သတ်လုပ်ဆောင်နိုင်ဖို့ ကြိုးစားပါ၊ လုပ်ဆောင်ချက်မအောင်မြင်အလျဉ်ပြတ်ရောထွေးခြင်းတို့ဖြစ်ပွားခြင်းမှ လျှော့ချနိုင်သမျှ လျှော့ချနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် သင့်အခန်းကို သန့်သန့်ရှင်းရှင်းနဲ့ အစီအစဉ်တကျထားရှိခြင်းက အကျိုးဖြစ်ထွန်းမှု၊ ပျော်ရွှင်မှုနဲ့ စိတ်ငြိမ်းချမ်းမှုတို့ကို မြှင့်တင်ပေးပါတယ်။

၃။ သစ်ပင်ပန်းပင်အစို ထားရှိပါ

သင့်ကွန်ပျူတာ ဒါမှမဟုတ် တီဗွီ စတဲ့ အီလက်ထရောနစ်ပစ္စည်းတစ်ခုခုရဲ့ ၃ ပေအကွာအဝေးအတွင်းမှာ သစ်ပင်ပန်းပင်အစိုတစ်ပင်ကို ထားရှိပေးပါ။ ၎င်းအီလက်ထရောနစစ်ပစ္စည်းကနေ ထုတ်လွှတ်လိုက်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေ ကြိမ်နှုန်းဟန်ချက်ညီစေဖို့ပဲ ဖြစ်ပါတယ်။ ပုံသဏ္ဌာန်အားဖြင့် ဝိုင်းတဲ့အရွက်တွေရှိတဲ့ အပင်တွေကို ရွေးချယ်ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က ချမ်းသာကြွယ်ဝခြင်းကို ကိုယ်စားပြုလို့ပါ။ စွမ်းအင်ကို တွန်းထုတ်တဲ့သဘောရှိတဲ့ ရှားစောင်းပင်နဲ့ အခြားစူးချွန်တွေပါတဲ့အပင်တွေနဲ့ကြီးထွားမှုအကန့်အသတ်ရှိတဲ့ ဘွန်ဇိုင်းလို အပင်တွေကိုတော့ ရှောင်ကြဉ်ပါ။ တကယ်လို့ သဘာဝအပင်တွေကို မစိုက်နိုင်ဘူးဆိုရင် ပိုးထည်တစ်ခုခုကိုလည်း အစားထိုးထားရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပိုးသားဟာလည်း သဘာဝအမျှင်တွေကနေ ပြုလုပ်ထားလို့ဖြစ်ပါတယ်။ အခန်းထဲမှာ ပန်းခြောက်တွေ ထားရှိခြင်းကိုတော့ ရှောင်ကြဉ်ပါနော်။ ဘာကြောင့်လဲဆိုတော့ ပန်းခြောက်တွေဟာ စွမ်းအင်သေများအဖြစ် ဖုန်းရွှေမှာ ကိုယ်စားပြုလို့ပါပဲ။

၄။ ပြတင်းများအား သန့်သန့်ရှင်းရှင်းထားပါ

ပြတင်းပေါက်တွေကို အဆောက်အအုံတစ်ခုရဲ့ မျက်လုံးတွေအဖြစ် ရှုမြင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြတင်းပေါက်တွေညစ်ပတ်နေတယ်ဆိုရင် သင့်မြင်ကွင်းကလည်း မရှင်းတော့ပါဘူး။ အခုဆက်လက်တင်ဆက်ပေးမယ့် အချက်ကိုတော့ ကြားရတာ ယုတ္တိတန်ချင်မှတန်ပါလိမ့်မယ်။ ဒါပေမဲ့ သင့်အနာဂတ်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်စေဖို့ သင့်ပြတင်းတံခါးနဲ့ပြတင်းပေါက်ကို မကြာမကြာ သန့်ရှင်းရေးလုပ်ပေးကာ အခန်းထဲကို အကောင်းဓာတ်ချီစွမ်းအင် ဝင်ရောက်နိုင်စေဖို့အတွက် ပြတင်းတံခါးတွေကိုလည်း ဖွင့်လှစ်ပေးပါ။

၅။ သဘာဝအလင်းရောင်ကို ပွေ့ဖက်ပါ

အကယ်၍ သင့်အခန်း/နေရာနားမှာ ပြတင်းပေါက်မရှိဘူး၊ နေရောင်ခြည်ကို အကန့်အသတ်နဲ့ပဲ ရတယ်ဆိုရင် သင့်နေရာကို မီးအလင်းရောင်တွေနဲ့ ထွန်းလင်းနေစေဖို့ ကြိုးစားပါ၊ အရောင်တောက်တဲ့ နံရံကပ်ပိုစတာတွေကို နံရံမှာ ကပ်ထားခြင်းဖြင့်လည်း ကြိုးစားနိုင်ပါတယ်။ အလင်းရောင်ဟာ သင့်ရဲ့ အလုပ်ဖြစ်ထွန်းမှုကို တိုးပွားစေမှာဖြစ်ပြီး သင့်ရဲ့ တီထွင်ဖန်တီးမှုဉာဏ်ရည်တွေကို ဆန်းသစ်စေပါလိမ့်မယ်။

၆။ ရေတံခွန်ငယ်လေး ထားရှိပါ

စီးဆင်းနေတဲ့ရေဟာ ဖုန်း‌ရွှေမှာ အလွန်အရေးပါပါတယ်။ စီးဆင်းနေတဲ့ရေဟာ ကျန်းမာခြင်းသင်္ကေတကို ဆောင်ပြီး ချီစွမ်းအင်ကို တန့်မနေစေတာပဲဖြစ်ပါတယ်။ ဖြစ်နိုင်ရင် သင့်အခန်းထဲမှာ ရေတံခွန်ငယ်လေးတစ်ခု ထားရှိပါ။

၇။ ဓာတ်ကြီးငါးပါးဖြင့် အလှဆင်ပါ

ဖုန်းရွှေဓာတ်ကြီးငါးပါးရဲ့ အရောင်နဲ့ သဏ္ဌာန်တွေကို ဟန်ချက်ညီအောင်သုံးပြီးတော့ သင့်နေရာကို အလှဆင်ပါ။ မီး၊ မြေကြီး၊ သတ္တု၊ ရေနဲ့ သစ်သား ဆိုတဲ့ ဖုန်းရွှေဓာတ်ကြီးငါးပါးမှာ ဓာတ်ကြီးတစ်ခုစီဟာ ထူးခြားတဲ့ပင်ကိုယ်လက္ခဏာရှိတဲ့ ပုံဏ္ဌာန်၊ အရောင်အသွေးနဲ့ ပင်ကိုယ်ဂုဏ်သတ္တိတွေ ခြားနားကြပါတယ်။ သင့်အခန်းထဲမှာ ဒီဓာတ်ကြီးငါးပါးစလုံး ရှိတယ်ဆိုရင်တော့ သင့်အခန်း/သင့်နေရာဟာ ဟန်ချက်ပိုညီ၊ သက်သောင့်သက်သာပိုဖြစ်မှာပါ။ ဒါကြောင့် ဓာတ်ကြီးငါးပါးရဲ့ ပုံဏ္ဌာန်၊ အရောင်အသွေးနဲ့ ဂုဏ်သတ္တိတွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်နော်။

- သစ်သားဓာတ်က စိတ်ပွင့်လင်းမှုနဲ့ အသစ်စတင်မှုတွေကို ကိုယ်စားပြုပါတယ်။

သစ်သားနဲ့ပြုလုပ်ထားတဲ့အရာဝတ္ထုတွေ၊ စိမ်းလန်းစိုပြည်တဲ့ သစ်ပင်ပန်းမန်တွေ၊ပန်းရိုက်ထည်တွေ၊ အစိမ်းရောင်ပစ္စည်းတွေနဲ့ ဒေါင်လိုက်သဏ္ဌာန်တွေပဲဖြစ်ပါတယ်။

- မီးဓာတ်က ချစ်ခင်နှစ်လိုမှုနဲ့ စိတ်အားထက်သန်ပြင်းပြမှုတွေကိုကိုယ်စားပြုပါတယ်။

မီးချောင်းမီးလုံး၊ ဖယောင်းတိုင်၊ တြိဂံပုံသဏ္ဌာန်တွေ၊သားရေနဲ့ သားမွေး၊ တိရစ္ဆာန်ပုံလူပုံသရုပ်ဖော်ပုံတွေ၊ အနီရောင်၊ လိမ္မော်ရောင်နဲ့အနီမှိုင်းမှိုင်းအရာတွေပဲဖြစ်ပါတယ်။

- မြေကြီးဓာတ်က ဖွံ့ဖြိုးမှုနဲ့ တည်ငြိမ်မှုတွေကို ကိုယ်စားပြုပါတယ်။
စတုရန်းပုံပစ္စည်းတွေ၊ ကြွေထည်တွေနဲ့ အဝါ၊ ခရင်မ်အရောင် ဒါမှမဟုတ်ကြေးနီရောင်လိုမျိုး မြေကြီးအရောင်တွေပဲဖြစ်ပါတယ်။

- သတ္တုဓာတ်က အစီအစဉ်ရေးဆွဲမှုနဲ့ အချိန်တိုအတွင်း အကျိုးများမှုတို့ကိုကိုယ်စားပြုပါတယ်။
အဝိုင်းပုံဘဲဥပုံအရာဝတ္ထုတွေ၊ သတ္တုပစ္စည်းတွေ၊

ကျောက်တုံးနဲ့ အဖြူရောင်၊ ခဲရောင်၊ မီးခိုးရောင်၊ ငွေရောင်တွေပဲဖြစ်ပါတယ်။

- ရေဓာတ်က ဉာဏ်ပညာနဲ့ သစ္စာတရားကို ကိုယ်စားပြုပါတယ်။ ရေတံခွန်ငယ်၊သမုဒ္ဒရာကိုယ်စားပြုပန်းချီအနုပညာလက်ရာ၊ အမည်းရောင်နဲ့
ချောမွေ့တောက်ပတဲ့ ပစ္စည်းတွေနဲ့ တစ်ဖက်မှ တစ်ဖက်ကို စီးဆင်းနေတဲ့သဏ္ဌာန်ပုံစံတွေပဲဖြစ်ပါတယ်။

ယခုဖော်ပြပါ ဖုန်းရွှေဘာသာပြန်ဆောင်းပါးကို ဖတ်ရှုပြီးနောက်...

ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာကောင်းတဲ့ အဆောင်ခန်းနေရာလေးကို ဖန်တီးနိုင်ကြပါစေလို့.....

iMyanmarHouse.com   မိသားစုက ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

အေဆာင္ေနသူမ်ားအတြက္ ဖုန္းေ႐ႊ


အကယ္၍ သင္ဟာ အေဆာင္ ေနသူ ဒါမွမဟုတ္ အေဆာင္မွာ ေျပာင္းေ႐ႊ႕ေနထိုင္ေတာ့မယ္ဆိုရင္ ဤေဆာင္းပါးမွာ ေဖာ္ျပေပးသြားမယ့္ ဖုန္းေ႐ႊအၾကံျပဳခ်က္ေတြက သင့္ရဲ႕ အေဆာင္မွာ ေနထိုင္ရအဆင္ေျပေစဖို႔ ဒါမွမဟုတ္ အေဆာင္မွာ ေနသားတက်ျဖစ္ေစဖို႔အတြက္ ကူညီေပးႏိုင္ပါတယ္။ ေယဘုယ်အားျဖင့္ ပုံမွန္အေဆာင္ခန္းတစ္ခန္းကေတာ့ ယခင္ေနေနက်ေနရာေလာက္ သက္ေသာင့္သက္သာမျဖစ္ဖို႔ မ်ားပါတယ္။ ေအာက္ပါ႐ိုး႐ွင္းတဲ့ဖုန္းေ႐ႊအၾကံျပဳခ်က္ေလးေတြကေတာ့ သင့္ကို အျမန္ဆုံးေနထိုင္ရအဆင္ေျပအသားက်သြားေစဖို႔ ကူညီေပးႏိုင္ပါတယ္။

၁။ သင့္အိပ္ရာကို မွန္ကန္စြာ ေနရာခ်ပါ

သင့္ကုတင္/အိပ္ရာကေန ေခါင္းကို ေနာက္ျပန္လွည့္ၾကည့္စရာမလိုဘဲ တံခါးေပါက္ကို ျမင္ႏိုင္ေအာင္ သင့္ကုတင္/အိပ္ရာကို ေနရာခ်ဖို႔ ႀကိဳးစားပါ။ တစ္ၿပိဳင္နက္တည္းမွာပဲ သင့္ေျခေထာက္ေတြကို တံခါးေပါက္ဘက္ကို တည့္တည့္ေျခဆင္းၿပီး အိပ္စက္ျခင္းအေနအထားမ်ိဳးမျဖစ္အာင္လည္း ေ႐ွာင္ၾကဥ္တာ အေကာင္းဆုံးျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီအေနအထားကို ေကာင္းမြန္တဲ့ညေရးညတာအိပ္စက္အနားယူမႈရ႐ွိေစဖို႔အတြက္ မဂၤလာမ႐ွိဆုံးအေနအထားအျဖစ္ ဖုန္း‌ေ႐ႊမွာ ယူဆလို႔ပဲျဖစ္ပါတယ္။ အကယ္၍ သင့္အိပ္ရာ/ကုတင္ကို ေနရာေ႐ႊ႕ဖို႔အဆင္မေျပဘူးဆိုရင္ အိပ္ရာ/ကုတင္ေျခရင္းနားမွာ ပရိေဘာဂတစ္ခုခု၊ အကာတစ္ခုခု၊ ေစာင္တစ္ခုခု ဒါမွမဟုတ္ အျခားႏူးညံ့တဲ့အထည္စတစ္ခုခုကို အခုအခံအျဖစ္ ထား႐ွိလိုက္ပါ။

၂။ ျဗဳပ္စဗ်င္းေတာင္းမ်ားအား ႐ွင္းလင္းပါ

ေယဘုယ်အားျဖင့္ေတာ့ သင့္အေဆာင္အခန္းဟာ ဘာပစၥည္းမွမ႐ွိခင္ကိုကမွ က်ဥ္းေျမာင္းေသးငယ္ေနႏွင့္ၿပီးသားပါ။ ဒါေၾကာင့္ မလိုလားအပ္တဲ့အရာမွန္သမွ် အခန္းထဲမထား႐ွိပါနဲ႔။ အဝတ္ေဟာင္း၊ စာအုပ္ေဟာင္း၊ မလိုခ်င္တဲ့မလိုအပ္တဲ့အရာမွန္သမွ် အခန္းထဲကေန ဖယ္ပစ္ပါ။

ဖုန္းေ႐ႊမွာ ျဗဳပ္စဗ်င္းေတာင္းျဖစ္ျခင္းက ဆုံးျဖတ္ခ်က္မ်ား ေနာက္ဆုတ္ထားျခင္းႏွင့္ ေ႐ွ႕မဆက္ႏိုင္ျခင္းတို႔ကို ကိုယ္စားျပဳတာေၾကာင့္ သင့္အေနနဲ႔ ပစၥည္းေတြ စုျပဳံထားတဲ့၊ စီတန္းထိုးသိပ္ထားတဲ့ေနရာေတြကို ဂ႐ုျပဳပါ။ အရာဝတၱဳပစၥည္းေတြ အလြန္အကြၽံပတ္ပတ္လည္ပိတ္ေနျခင္းက သင့္နံေဘးက အေကာင္းဓာတ္ျဖစ္တဲ့ ခ်ီစြမ္းအင္စီးဆင္းမႈကို တားဆီးကာ သင့္အခန္းကို ေႏြးေထြးမႈမ႐ွိ ေအးစက္စက္ႏိုင္ေစပါတယ္။ အကယ္၍ သင့္အခန္းေနရာမွာ ကိုယ္ပိုင္ပရိေဘာဂတစ္ခုခုထည့္ဖို႔ရာ အေျခအေနေပးတယ္ဆိုရင္ မ်ားမ်ားဆံ့ၿပီး ေနရာစားသက္သာတဲ့အမ်ိဳးအစားကို ေ႐ြးခ်ယ္ပါ။ စားေသာက္ျခင္း၊ အိပ္စက္ျခင္းနဲ႔ စာၾကည့္ျခင္းတို႔ကို အခန္းတစ္ခုတည္းမွာပဲ လုပ္ေဆာင္တဲ့ အေဆာင္ခန္းမ်ိဳးဆိုရင္ သင္ရတဲ့ေနရာမွာကိုပဲ အကာတစ္ခုခုနဲ႔ပိုင္းျခားကန္႔သတ္လုပ္ေဆာင္ႏိုင္ဖို႔ ႀကိဳးစားပါ၊ လုပ္ေဆာင္ခ်က္မေအာင္ျမင္အလ်ဥ္ျပတ္ေရာေထြးျခင္းတို႔ျဖစ္ပြားျခင္းမွ ေလွ်ာ့ခ်ႏိုင္သမွ် ေလွ်ာ့ခ်ႏိုင္ဖို႔ပဲျဖစ္ပါတယ္။ ဒ့ါအျပင္ သင့္အခန္းကို သန္႔သန္႔႐ွင္း႐ွင္းနဲ႔ အစီအစဥ္တက်ထား႐ွိျခင္းက အက်ိဳးျဖစ္ထြန္းမႈ၊ ေပ်ာ္႐ႊင္မႈနဲ႔ စိတ္ၿငိမ္းခ်မ္းမႈတို႔ကို ျမႇင့္တင္ေပးပါတယ္။

၃။ သစ္ပင္ပန္းပင္အစို ထား႐ွိပါ

သင့္ကြန္ပ်ဴတာ ဒါမွမဟုတ္ တီဗြီ စတဲ့ အီလက္ထေရာနစ္ပစၥည္းတစ္ခုခုရဲ႕ ၃ ေပအကြာအေဝးအတြင္းမွာ သစ္ပင္ပန္းပင္အစိုတစ္ပင္ကို ထား႐ွိေပးပါ။ ၎အီလက္ထေရာနစစ္ပစၥည္းကေန ထုတ္လႊတ္လိုက္တဲ့ လွ်ပ္စစ္သံလိုက္လိႈင္းေတြ ႀကိမ္ႏႈန္းဟန္ခ်က္ညီေစဖို႔ပဲ ျဖစ္ပါတယ္။ ပုံသဏၭာန္အားျဖင့္ ဝိုင္းတဲ့အ႐ြက္ေတြ႐ွိတဲ့ အပင္ေတြကို ေ႐ြးခ်ယ္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က ခ်မ္းသာႂကြယ္ဝျခင္းကို ကိုယ္စားျပဳလို႔ပါ။ စြမ္းအင္ကို တြန္းထုတ္တဲ့သေဘာ႐ွိတဲ့ ႐ွားေစာင္းပင္နဲ႔ အျခားစူးခြၽန္ေတြပါတဲ့အပင္ေတြနဲ႔ႀကီးထြားမႈအကန္႔အသတ္႐ွိတဲ့ ဘြန္ဇိုင္းလို အပင္ေတြကိုေတာ့ ေ႐ွာင္ၾကဥ္ပါ။ တကယ္လို႔ သဘာဝအပင္ေတြကို မစိုက္ႏိုင္ဘူးဆိုရင္ ပိုးထည္တစ္ခုခုကိုလည္း အစားထိုးထား႐ွိႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ပိုးသားဟာလည္း သဘာဝအမွ်င္ေတြကေန ျပဳလုပ္ထားလို႔ျဖစ္ပါတယ္။ အခန္းထဲမွာ ပန္းေျခာက္ေတြ ထား႐ွိျခင္းကိုေတာ့ ေ႐ွာင္ၾကဥ္ပါေနာ္။ ဘာေၾကာင့္လဲဆိုေတာ့ ပန္းေျခာက္ေတြဟာ စြမ္းအင္ေသမ်ားအျဖစ္ ဖုန္းေ႐ႊမွာ ကိုယ္စားျပဳလို႔ပါပဲ။

၄။ ျပတင္းမ်ားအား သန္႔သန္႔႐ွင္း႐ွင္းထားပါ

ျပတင္းေပါက္ေတြကို အေဆာက္အအုံတစ္ခုရဲ႕ မ်က္လုံးေတြအျဖစ္ ႐ႈျမင္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျပတင္းေပါက္ေတြညစ္ပတ္ေနတယ္ဆိုရင္ သင့္ျမင္ကြင္းကလည္း မ႐ွင္းေတာ့ပါဘူး။ အခုဆက္လက္တင္ဆက္ေပးမယ့္ အခ်က္ကိုေတာ့ ၾကားရတာ ယုတၱိတန္ခ်င္မွတန္ပါလိမ့္မယ္။ ဒါေပမဲ့ သင့္အနာဂတ္ကို ႐ွင္း႐ွင္းလင္းလင္းျမင္ႏိုင္ေစဖို႔ သင့္ျပတင္းတံခါးနဲ႔ျပတင္းေပါက္ကို မၾကာမၾကာ သန္႔႐ွင္းေရးလုပ္ေပးကာ အခန္းထဲကို အေကာင္းဓာတ္ခ်ီစြမ္းအင္ ဝင္ေရာက္ႏိုင္ေစဖို႔အတြက္ ျပတင္းတံခါးေတြကိုလည္း ဖြင့္လွစ္ေပးပါ။

၅။ သဘာဝအလင္းေရာင္ကို ေပြ႕ဖက္ပါ

အကယ္၍ သင့္အခန္း/ေနရာနားမွာ ျပတင္းေပါက္မ႐ွိဘူး၊ ေနေရာင္ျခည္ကို အကန္႔အသတ္နဲ႔ပဲ ရတယ္ဆိုရင္ သင့္ေနရာကို မီးအလင္းေရာင္ေတြနဲ႔ ထြန္းလင္းေနေစဖို႔ ႀကိဳးစားပါ၊ အေရာင္ေတာက္တဲ့ နံရံကပ္ပိုစတာေတြကို နံရံမွာ ကပ္ထားျခင္းျဖင့္လည္း ႀကိဳးစားႏိုင္ပါတယ္။ အလင္းေရာင္ဟာ သင့္ရဲ႕ အလုပ္ျဖစ္ထြန္းမႈကို တိုးပြားေစမွာျဖစ္ၿပီး သင့္ရဲ႕ တီထြင္ဖန္တီးမႈဉာဏ္ရည္ေတြကို ဆန္းသစ္ေစပါလိမ့္မယ္။

၆။ ေရတံခြန္ငယ္ေလး ထား႐ွိပါ

စီးဆင္းေနတဲ့ေရဟာ ဖုန္း‌ေ႐ႊမွာ အလြန္အေရးပါပါတယ္။ စီးဆင္းေနတဲ့ေရဟာ က်န္းမာျခင္းသေကၤတကို ေဆာင္ၿပီး ခ်ီစြမ္းအင္ကို တန္႔မေနေစတာပဲျဖစ္ပါတယ္။ ျဖစ္ႏိုင္ရင္ သင့္အခန္းထဲမွာ ေရတံခြန္ငယ္ေလးတစ္ခု ထား႐ွိပါ။

၇။ ဓာတ္ႀကီးငါးပါးျဖင့္ အလွဆင္ပါ

ဖုန္းေ႐ႊဓာတ္ႀကီးငါးပါးရဲ႕ အေရာင္နဲ႔ သဏၭာန္ေတြကို ဟန္ခ်က္ညီေအာင္သုံးၿပီးေတာ့ သင့္ေနရာကို အလွဆင္ပါ။ မီး၊ ေျမႀကီး၊ သတၱဳ၊ ေရနဲ႔ သစ္သား ဆိုတဲ့ ဖုန္းေ႐ႊဓာတ္ႀကီးငါးပါးမွာ ဓာတ္ႀကီးတစ္ခုစီဟာ ထူးျခားတဲ့ပင္ကိုယ္လကၡဏာ႐ွိတဲ့ ပုံဏၭာန္၊ အေရာင္အေသြးနဲ႔ ပင္ကိုယ္ဂုဏ္သတၱိေတြ ျခားနားၾကပါတယ္။ သင့္အခန္းထဲမွာ ဒီဓာတ္ႀကီးငါးပါးစလုံး ႐ွိတယ္ဆိုရင္ေတာ့ သင့္အခန္း/သင့္ေနရာဟာ ဟန္ခ်က္ပိုညီ၊ သက္ေသာင့္သက္သာပိုျဖစ္မွာပါ။ ဒါေၾကာင့္ ဓာတ္ႀကီးငါးပါးရဲ႕ ပုံဏၭာန္၊ အေရာင္အေသြးနဲ႔ ဂုဏ္သတၱိေတြကို ေအာက္ပါအတိုင္း ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

- သစ္သားဓာတ္က စိတ္ပြင့္လင္းမႈနဲ႔ အသစ္စတင္မႈေတြကို ကိုယ္စားျပဳပါတယ္။

သစ္သားနဲ႔ျပဳလုပ္ထားတဲ့အရာဝတၳဳေတြ၊ စိမ္းလန္းစိုျပည္တဲ့ သစ္ပင္ပန္းမန္ေတြ၊ပန္း႐ိုက္ထည္ေတြ၊ အစိမ္းေရာင္ပစၥည္းေတြနဲ႔ ေဒါင္လိုက္သဏၭာန္ေတြပဲျဖစ္ပါတယ္။

- မီးဓာတ္က ခ်စ္ခင္ႏွစ္လိုမႈနဲ႔ စိတ္အားထက္သန္ျပင္းျပမႈေတြကိုကိုယ္စားျပဳပါတယ္။

မီးေခ်ာင္းမီးလုံး၊ ဖေယာင္းတိုင္၊ ႀတိဂံပုံသဏၭာန္ေတြ၊သားေရနဲ႔ သားေမြး၊ တိရစၧာန္ပုံလူပုံသ႐ုပ္ေဖာ္ပုံေတြ၊ အနီေရာင္၊ လိေမၼာ္ေရာင္နဲ႔အနီမိႈင္းမိႈင္းအရာေတြပဲျဖစ္ပါတယ္။

- ေျမႀကီးဓာတ္က ဖြံ႕ၿဖိဳးမႈနဲ႔ တည္ၿငိမ္မႈေတြကို ကိုယ္စားျပဳပါတယ္။
စတုရန္းပုံပစၥည္းေတြ၊ ေႂကြထည္ေတြနဲ႔ အဝါ၊ ခရင္မ္အေရာင္ ဒါမွမဟုတ္ေၾကးနီေရာင္လိုမ်ိဳး ေျမႀကီးအေရာင္ေတြပဲျဖစ္ပါတယ္။

- သတၱဳဓာတ္က အစီအစဥ္ေရးဆြဲမႈနဲ႔ အခ်ိန္တိုအတြင္း အက်ိဳးမ်ားမႈတို႔ကိုကိုယ္စားျပဳပါတယ္။
အဝိုင္းပုံဘဲဥပုံအရာဝတၳဳေတြ၊ သတၱဳပစၥည္းေတြ၊

ေက်ာက္တုံးနဲ႔ အျဖဴေရာင္၊ ခဲေရာင္၊ မီးခိုးေရာင္၊ ေငြေရာင္ေတြပဲျဖစ္ပါတယ္။

- ေရဓာတ္က ဉာဏ္ပညာနဲ႔ သစၥာတရားကို ကိုယ္စားျပဳပါတယ္။ ေရတံခြန္ငယ္၊သမုဒၵရာကိုယ္စားျပဳပန္းခ်ီအႏုပညာလက္ရာ၊ အမည္းေရာင္နဲ႔
ေခ်ာေမြ႕ေတာက္ပတဲ့ ပစၥည္းေတြနဲ႔ တစ္ဖက္မွ တစ္ဖက္ကို စီးဆင္းေနတဲ့သဏၭာန္ပုံစံေတြပဲျဖစ္ပါတယ္။

ယခုေဖာ္ျပပါ ဖုန္းေ႐ႊဘာသာျပန္ေဆာင္းပါးကို ဖတ္႐ႈၿပီးေနာက္...

ေပ်ာ္႐ႊင္ခ်မ္းေျမ့ဖြယ္ရာေကာင္းတဲ့ အေဆာင္ခန္းေနရာေလးကို ဖန္တီးႏိုင္ၾကပါေစလို႔.....

iMyanmarHouse.com မိသားစုက ဆုမြန္ေကာင္းေတာင္းေပးလိုက္ရပါတယ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App