1316 Views

သင့်အိမ်ဂေဟာအတွက် သဘာဝဖုန်းရွှေဆောင်းတွင်းကုထုံး (၈) ခု

[Unicode]

ဆောင်းတွင်း ကျရောက်လို့လာတာနဲ့အမျှ ကျွန်ုပ်တို့ရဲ့အိမ်ဂေဟာတွေကို အကောင်းဓာတ်စွမ်းအင်သစ်နဲ့ သန့်စင်စေတာကပဲ ကုထုံးဖြစ်နိုင်ပါတယ်။ ဖုန်းရွှေမှာ ဆောင်းရာသီဆိုတာ သူ့သဘာဝအလျောက်ကိုက ကျွန်ုပ်တို့တွေကို နေအိမ်မှာ အချိန်ပိုကုန်စေဖို့ တွန်းအားပေးတဲ့ ကာလတစ်ခု ဖြစ်ပါတယ်။ ဆောင်းတွင်းကာလ အိမ်မှာ ရှိခိုက်မှာ သင်နေထိုင်ရာအိမ်ဂေဟာကို ပိုမိုတောက်ပြောင်၊ နွေးထွေးပြီး လန်းဆန်းအားအင်ပြည့်နေစေဖို့ရာ အောက်ပါမဖြစ်မနေလိုက်နာသင့်တဲ့ဖုန်းရွှေနည်းလမ်း (၈) ချက်ကို ဖတ်ရှုလိုက်ပါ။

၁။ ရှောက်၊ သံပရာမျိုးဝင်အသီးများဖြင့် သန့်ရှင်းပါ။

သင့်အိမ်ဂေဟာအတွက် သဘာဝဖုန်းရွှေဆောင်းတွင်းကုထုံး (၈) ခု

- ဆောင်းရာသီလတွေမှာ ကျွန်ုပ်တို့တွေဟာ ပြတင်းပေါက်တွေကို အချိန်ပိုတိုးလို့ဖွင့်လေ့မရှိကြတာကြောင့် ကျွန်ုပ်တို့နေအိမ်တွေထဲရှိ လေထုနဲ့ အကောင်းဓာတ်စွမ်းအင်တွေဟာ ကြောက်ခမန်းလိလိထိုင်းမှိုင်းတန့်ခံလာနိုင်ပါတယ်။ ဒါပေမဲ့ ကံကောင်းစွာပဲ ဒီလတွေမှာ ကျွန်ုပ်တို့နေအိမ်တွေမှာ အကောင်းဓာတ်စွမ်းအင်ကို တက်ကြွစေပြီး လေထုကို လတ်ဆတ်စေဖို့နဲ့ ဘက်တီးရီးယားပေါက်ဖွားတွယ်ကပ်မှုရန်ကနေ ကာကွယ်ပေးဖို့အတွက် ရိုးရှင်းတဲ့ကုထုံးတစ်ခု ရှိပါတယ်။ ရှောက်၊ သံပရာမျိုးဝင်အသီးတွေဟာ ပိုးသတ်ပေးပြီး စိတ်တက်ကြွလန်းဆန်းစေတဲ့ အံ့အားသင့်ဖွယ် သဘာဝပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ သူတို့ကို စားသုံးဖို့အတွက်ပဲ ကျွန်ုပ်တွေက အာရုံရှိကြပေမဲ့ အိမ်သန့်ရှင်းရေးမှာ နည်းလမ်းတကျအသုံးပြုပေးလျှင် ၎င်းအသီးတွေဟာ သင့်စွမ်းအင်ကို ထိန်းညှိပေးပြီး သဘာဝလောကကြီးနဲ့ညီညွတ်စေမယ်ဆိုတာကိုတော့ လူသိနည်းပါတယ်။ အရည်ညှစ်ထုတ်ထားတဲ့ ရှောက်၊ သံပရာမျိုးဝင်အသီးတွေရဲ့အခွံကို ချေးချွတ်တိုက်ရာမှာ သုံးနိုင်သလို အရည်ကိုတော့ ရှလကာရည်အနည်းငယ်နဲ့ အဆီတစ်မျိုးမျိုးတို့နဲ့ရောစပ်ပြီး ပြတင်းပေါက်သန့်ရှင်းရေးပြုလုပ်ရာမှာ သုံးနိုင်ပါတယ်။

၂။ အိမ်ရှိပစ္စည်းများအား နေရာရွှေ့ခြင်းဖြင့် နေအိမ်အား ပြန်လည်အလှဆင်ပါ။

သင့်အိမ်ဂေဟာအတွက် သဘာဝဖုန်းရွှေဆောင်းတွင်းကုထုံး (၈) ခု

- ဆောင်းရာသီမှာ အကောင်းဓာတ်စွမ်းအင်တွေ တန့်နေတယ်လို့ ခံရစားရလျှင် သင့်ဝန်းကျင်မှာ အပြောင်းအလဲလေးတစ်ခုလုပ်ဖို့ အချိန်ကျတာပဲဖြစ်နိုင်ပါတယ်။ ဒီလိုပုံစံအသစ်အလှဆင်ဖို့အတွက် အသစ်သစ်တွေ ဝယ်ယူလဲလှယ်ဖို့တော့ မလိုပါဘူးပါနော်။ ရှိပြီးသားပစ္စည်းတွေကို အခင်းအကျင်းအသစ်ပြောင်းလဲပေးဖို့ပဲလိုတာပါ။ ပန်းအိုး၊ ဓာတ်ပုံကားချပ်၊ ပန်းချီကားချပ်၊ ပရိဘောဂ စတာတွေကို နေရာရွှေ့ခြင်း၊ အခြားအခန်းသို့ ပြောင်းလဲထားရှိခြင်း စသဖြင့် လုပ်‌ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်လိုက်ခြင်းကြောင့် သင့်နေအိမ်ရှိ အချိန်တစ်ခုကြာတန့်နေခဲ့တဲ့ အကောင်းဓာတ်စွမ်းအင်တွေ လှုပ်ရှားမှုဘယ်လောက်ဖြစ်သွားတယ်ဆိုတာကို သင်အံ့အားသင့်သွားရပါလိမ့်မယ်။ မျက်စိအမြင်အားဖြင့်လည်း အသွင်အသစ်အမြင်သစ်ကို ရရှိမှာဖြစ်ပါတယ်။

၃။ သင်မည်သည်အား တကယ်လိုအပ်သည်ကို အကဲဖြတ်မှုပြုလုပ်ပါ။

သင့်အိမ်ဂေဟာအတွက် သဘာဝဖုန်းရွှေဆောင်းတွင်းကုထုံး (၈) ခု

- အသုံးမပြုဖြစ်တာ ကြာနေပြီဖြစ်တဲ့အရာတွေ သင့်ဗီရိုထဲမှာ ဒါမှမဟုတ် သင့်ခုတင်‌အောက်မှာ ရှိပါသလား?။ နံပါတ် ၂ အချက်ကို သင်လုပ်ဆောင်ပြီးပြီဆိုရင် သင်တကယ်မလိုအပ်တဲ့အရာအချို့ကို ရှာတွေ့ကောင်းရှာတွေ့နိုင်ပါတယ်။ အဲဒီပစ္စည်းတွေကို သင်အသုံးမပြုဖြစ်တာ ၆ လအထက်ကြာပြီဆိုလျှင်တော့ သူတို့ကို နှုတ်ဆက်ဖို့သင့်နေပါပြီ။ ဖုန်တွေကိုပဲ ထိုင်စုနေပြီး အေးစက်စက်ထိုင်းတန့်နေတဲ့စွမ်းအင်တွေထပ်တိုးစေတယ်ဆိုရင်တော့ စွန့်ကြဲ၊ လွှင့်ပစ်ဖို့ အချိန်ရောက်ပါပြီ။ အသုံးမပြုတာကြာပေမဲ့လည်း ကိုယ့်အတွက် အသုံးဝင်ဦးမယ့်၊ တစ်ချိန်ပြန်သုံးရဦးမယ့်အရာဆိုလျှင်တော့ ဖုန်တက်နည်းပြီး နေရာပိုတကျဖြစ်အောင် ပြန်လည်ပုံဖော်သိမ်းဆည်းထားရှိပေးဖို့ လိုပါတယ်။

၄။ တရားထိုင်ရန်သီးသန့်နေရာ ဖန်တီးပါ။

သင့်အိမ်ဂေဟာအတွက် သဘာဝဖုန်းရွှေဆောင်းတွင်းကုထုံး (၈) ခု

- ခေါင်းအုံးများ၊ စောင် ထိုင်ဖုံ စတဲ့ အနွေးစများ နဲ့ တရားထိုင်ရန်သီးသန့်နေရာလေးတစ်ခုကို ဖန်တီးပါ။ အိမ်မှာ ခြင်ရှိလျှင် တရားထိုင်ခြင်ထောင်လေးထောင်ပြီး အချိန်တစ်ခုသတ်မှတ်၍ တရားထိုင်ပါ။ စွမ်းအင်သစ်တွေ ဖြစ်ထွန်းပြီး အားသစ်လောင်းနိုင်မှာပဲဖြစ်ပါတယ်။

၅။ ရာသီပေါ်ဟင်းသီးဟင်းရွက်များဖြင့် ဟင်းချက်၍ သဘာဝနှင့်ထိတွေ့လိုက်ပါ။

သင့်အိမ်ဂေဟာအတွက် သဘာဝဖုန်းရွှေဆောင်းတွင်းကုထုံး (၈) ခု

- ဆောင်းတွင်းဆိုတာ သင့်ကို အိမ်တွင်းပိုအောင်းဖြစ်စေတဲ့ရာသီလည်း ဖြစ်တော့ သင့်စမ်းလုပ်ကြည့်ချင်နေခဲ့တဲ့အလုပ်တွေကို လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်ကြည့်ဖို့ရာ အချိန်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီမှာမှ ချက်ပြုတ်ခြင်းက စမ်းသပ်ဖို့ရာ အသင့်လျော်ဆုံးနည်းလမ်းပါပဲ။ ချက်ပြုတ်ခြင်းက သင့်အိမ်ဂေဟာမှာ နွေးထွေးတဲ့ အ‌ကောင်းဓာတ်စွမ်းအင်တွေ ဖြည့်တင်းဖို့ရာ အံ့အားသင့်ဖွယ်နည်းလမ်းတစ်ခုပါ။ ဒီကာလမှာ ဥယျာဥ်ခြံမြေတွေထဲ ရောက်ဖို့မလွယ်နိုင်တာကြောင့် ရာသီပေါ်ဟင်းသီးဟင်းရွက်တွေနဲ့ စတူး၊ စွတ်ပြုတ် စသဖြင့် ပြုလုပ်တာဟာ သဘာဝနဲ့ဆက်သွယ်ဖို့ နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

၆။ မီးလုံးမီးသီးများ အသစ်လဲပါ။

သင့်အိမ်ဂေဟာအတွက် သဘာဝဖုန်းရွှေဆောင်းတွင်းကုထုံး (၈) ခု

- ဆောင်းရာသီမှာ အမှောင်ဓာတ်ပိုများတာကြောင့် ကျွန်ုပ်တို့တွေဟာ နေအိမ်ထဲမှာ အလင်းရောင်ကောင်းကောင်းရဖို့ လိုပါတယ်။ သင်အသုံးပြုနေတဲ့မီးသီးတွေဟာ အလင်းအားကောင်းသေးလား မကောင်းတော့ဘူးလားဆိုတာကို စစ်ဆေးဖို့ ဒီအချိန်ဟာ အကောင်းဆုံးပါပဲ။ နောက်ပြီးတော့ မီးတွေကို ညဘက်မှထွန်းရဖွင့်ရမှာမဟုတ်ပါဘူး။ နေ့ဘက်ဆိုပေမဲ့လည်း အလင်းရောင်ကောင်းကောင်းမရတဲ့ မှောင်နေတဲ့နေရာတွေမှာ လျှပ်စစ်မီးဖွင့်ထားပေးပါ။

၇။ သဘာဝအလင်းရောင်ကို အိမ်ထဲဝင်ခွင့်ပေးပါ။

သင့်အိမ်ဂေဟာအတွက် သဘာဝဖုန်းရွှေဆောင်းတွင်းကုထုံး (၈) ခု

- နေ့အချိန်တွေမှာ (အရမ်းအေးတာမျိုးမဟုတ်ရင်) သင့်အနေနဲ့ ပြတင်းပေါက်လိုက်ကာတွေကို ဘေးဖယ် ဒါမှမဟုတ် လုံးဝဖြုတ်ပစ်ချင်ဖြုတ်ပစ်ကောင်းဖြုတ်ပစ်နိုင်ပါတယ်။ အိမ်ထဲမှာ နေ့အချိန်အများစုကို လင်းထင်းနေစေချင်ပါလိမ့်မယ်။ ဒီအတွက်အကောင်းဆုံးနည်းကတော့ လျှပ်စစ်မီးဖွင့်မယ့်အစား သဘာဝအလင်းရောင်ကို သင့်အိမ်ထဲ ပေးဝင်လိုက်ပါ။

၈။ ခြုံသည့်စောင်များအား နွေးထွေးစေသောစောင်များ ဖြစ်ပါစေ။

သင့်အိမ်ဂေဟာအတွက် သဘာဝဖုန်းရွှေဆောင်းတွင်းကုထုံး (၈) ခု

- ကျွန်ုပ်တို့တွေ ချမ်းအေးတဲ့အခါ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်က တောင့်တင်းမာပြီး နေမထိထိုင်မထိနေရခက်လေ့ရှိပါတယ်။ ဒီအတွက် စောင်ခြုံပြီး နွေးထွေးအောင်လုပ်ဖို့ အ‌ရေးကြီးတယ်ဆိုပေမဲ့ ခြုံတဲ့စောင်အမျိုးအစားကလည်း အရေးပါပါသေးတယ်။ ကတ္တီပါ၊ မွေးပွ၊ ချည်အနုလိုမျိုး သင့်ကိုနွေးထွေးနူးညံ့စွာလွှမ်းခြုံပေးမယ့်စောင်ဖြစ်ဖို့ လိုအပ်ပါတယ်နော်။

ကုထုံး(၈)ခုလုံး ဖော်ပြပေးပြီးသွားပြီမို့ ဖုန်းရွှေချစ်သူအားလုံးပဲ ဆောင်းရာသီမှာ နေ့ညမပြတ် အကောင်းဓာတ်တွေနဲ့ထုံမွှမ်းနိုင်ကြပါစေလို့ iMyanmerHouse.com မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 


[Zawgyi]

သင့္အိမ္ေဂဟာအတြက္ သဘာဝဖုန္းေ႐ႊေဆာင္းတြင္းကုထုံး (၈) ခု


ေဆာင္းတြင္း က်ေရာက္လို႔လာတာနဲ႔အမွ် ကြၽႏ္ုပ္တို႔ရဲ႕အိမ္ေဂဟာေတြကို အေကာင္းဓာတ္စြမ္းအင္သစ္နဲ႔ သန္႔စင္ေစတာကပဲ ကုထုံးျဖစ္ႏိုင္ပါတယ္။ ဖုန္းေ႐ႊမွာ ေဆာင္းရာသီဆိုတာ သူ႕သဘာဝအေလ်ာက္ကိုက ကြၽႏ္ုပ္တို႔ေတြကို ေနအိမ္မွာ အခ်ိန္ပိုကုန္ေစဖို႔ တြန္းအားေပးတဲ့ ကာလတစ္ခု ျဖစ္ပါတယ္။ ေဆာင္းတြင္းကာလ အိမ္မွာ ႐ွိခိုက္မွာ သင္ေနထိုင္ရာအိမ္ေဂဟာကို ပိုမိုေတာက္ေျပာင္၊ ေႏြးေထြးၿပီး လန္းဆန္းအားအင္ျပည့္ေနေစဖို႔ရာ ေအာက္ပါမျဖစ္မေနလိုက္နာသင့္တဲ့ဖုန္းေ႐ႊနည္းလမ္း (၈) ခ်က္ကို ဖတ္႐ႈလိုက္ပါ။

၁။ ေ႐ွာက္၊ သံပရာမ်ိဳးဝင္အသီးမ်ားျဖင့္ သန္႔႐ွင္းပါ။

- ေဆာင္းရာသီလေတြမွာ ကြၽႏ္ုပ္တို႔ေတြဟာ ျပတင္းေပါက္ေတြကို အခ်ိန္ပိုတိုးလို႔ဖြင့္ေလ့မ႐ွိၾကတာေၾကာင့္ ကြၽႏ္ုပ္တို႔ေနအိမ္ေတြထဲ႐ွိ ေလထုနဲ႔ အေကာင္းဓာတ္စြမ္းအင္ေတြဟာ ေၾကာက္ခမန္းလိလိထိုင္းမိႈင္းတန္႔ခံလာႏိုင္ပါတယ္။ ဒါေပမဲ့ ကံေကာင္းစြာပဲ ဒီလေတြမွာ ကြၽႏ္ုပ္တို႔ေနအိမ္ေတြမွာ အေကာင္းဓာတ္စြမ္းအင္ကို တက္ႂကြေစၿပီး ေလထုကို လတ္ဆတ္ေစဖို႔နဲ႔ ဘက္တီးရီးယားေပါက္ဖြားတြယ္ကပ္မႈရန္ကေန ကာကြယ္ေပးဖို႔အတြက္ ႐ိုး႐ွင္းတဲ့ကုထုံးတစ္ခု ႐ွိပါတယ္။ ေ႐ွာက္၊ သံပရာမ်ိဳးဝင္အသီးေတြဟာ ပိုးသတ္ေပးၿပီး စိတ္တက္ႂကြလန္းဆန္းေစတဲ့ အံ့အားသင့္ဖြယ္ သဘာဝပစၥည္းတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ သူတို႔ကို စားသုံးဖို႔အတြက္ပဲ ကြၽႏ္ုပ္ေတြက အာ႐ုံ႐ွိၾကေပမဲ့ အိမ္သန္႔႐ွင္းေရးမွာ နည္းလမ္းတက်အသုံးျပဳေပးလွ်င္ ၎အသီးေတြဟာ သင့္စြမ္းအင္ကို ထိန္းညႇိေပးၿပီး သဘာဝေလာကႀကီးနဲ႔ညီၫြတ္ေစမယ္ဆိုတာကိုေတာ့ လူသိနည္းပါတယ္။ အရည္ညႇစ္ထုတ္ထားတဲ့ ေ႐ွာက္၊ သံပရာမ်ိဳးဝင္အသီးေတြရဲ႕အခြံကို ေခ်းခြၽတ္တိုက္ရာမွာ သုံးႏိုင္သလို အရည္ကိုေတာ့ ႐ွလကာရည္အနည္းငယ္နဲ႔ အဆီတစ္မ်ိဳးမ်ိဳးတို႔နဲ႔ေရာစပ္ၿပီး ျပတင္းေပါက္သန္႔႐ွင္းေရးျပဳလုပ္ရာမွာ သုံးႏိုင္ပါတယ္။

၂။ အိမ္႐ွိပစၥည္းမ်ားအား ေနရာေ႐ႊ႕ျခင္းျဖင့္ ေနအိမ္အား ျပန္လည္အလွဆင္ပါ။

- ေဆာင္းရာသီမွာ အေကာင္းဓာတ္စြမ္းအင္ေတြ တန္႔ေနတယ္လို႔ ခံရစားရလွ်င္ သင့္ဝန္းက်င္မွာ အေျပာင္းအလဲေလးတစ္ခုလုပ္ဖို႔ အခ်ိန္က်တာပဲျဖစ္ႏိုင္ပါတယ္။ ဒီလိုပုံစံအသစ္အလွဆင္ဖို႔အတြက္ အသစ္သစ္ေတြ ဝယ္ယူလဲလွယ္ဖို႔ေတာ့ မလိုပါဘူးပါေနာ္။ ႐ွိၿပီးသားပစၥည္းေတြကို အခင္းအက်င္းအသစ္ေျပာင္းလဲေပးဖို႔ပဲလိုတာပါ။ ပန္းအိုး၊ ဓာတ္ပုံကားခ်ပ္၊ ပန္းခ်ီကားခ်ပ္၊ ပရိေဘာဂ စတာေတြကို ေနရာေ႐ႊ႕ျခင္း၊ အျခားအခန္းသို႔ ေျပာင္းလဲထား႐ွိျခင္း စသျဖင့္ လုပ္‌ေဆာင္ရမွာျဖစ္ပါတယ္။ ဒီလိုလုပ္ေဆာင္လိုက္ျခင္းေၾကာင့္ သင့္ေနအိမ္႐ွိ အခ်ိန္တစ္ခုၾကာတန္႔ေနခဲ့တဲ့ အေကာင္းဓာတ္စြမ္းအင္ေတြ လႈပ္႐ွားမႈဘယ္ေလာက္ျဖစ္သြားတယ္ဆိုတာကို သင္အံ့အားသင့္သြားရပါလိမ့္မယ္။ မ်က္စိအျမင္အားျဖင့္လည္း အသြင္အသစ္အျမင္သစ္ကို ရ႐ွိမွာျဖစ္ပါတယ္။

၃။ သင္မည္သည္အား တကယ္လိုအပ္သည္ကို အကဲျဖတ္မႈျပဳလုပ္ပါ။

- အသုံးမျပဳျဖစ္တာ ၾကာေနၿပီျဖစ္တဲ့အရာေတြ သင့္ဗီ႐ိုထဲမွာ ဒါမွမဟုတ္ သင့္ခုတင္‌ေအာက္မွာ ႐ွိပါသလား?။ နံပါတ္ ၂ အခ်က္ကို သင္လုပ္ေဆာင္ၿပီးၿပီဆိုရင္ သင္တကယ္မလိုအပ္တဲ့အရာအခ်ိဳ႕ကို ႐ွာေတြ႕ေကာင္း႐ွာေတြ႕ႏိုင္ပါတယ္။ အဲဒီပစၥည္းေတြကို သင္အသုံးမျပဳျဖစ္တာ ၆ လအထက္ၾကာၿပီဆိုလွ်င္ေတာ့ သူတို႔ကို ႏႈတ္ဆက္ဖို႔သင့္ေနပါၿပီ။ ဖုန္ေတြကိုပဲ ထိုင္စုေနၿပီး ေအးစက္စက္ထိုင္းတန္႔ေနတဲ့စြမ္းအင္ေတြထပ္တိုးေစတယ္ဆိုရင္ေတာ့ စြန္႔ႀကဲ၊ လႊင့္ပစ္ဖို႔ အခ်ိန္ေရာက္ပါၿပီ။ အသုံးမျပဳတာၾကာေပမဲ့လည္း ကိုယ့္အတြက္ အသုံးဝင္ဦးမယ့္၊ တစ္ခ်ိန္ျပန္သုံးရဦးမယ့္အရာဆိုလွ်င္ေတာ့ ဖုန္တက္နည္းၿပီး ေနရာပိုတက်ျဖစ္ေအာင္ ျပန္လည္ပုံေဖာ္သိမ္းဆည္းထား႐ွိေပးဖို႔ လိုပါတယ္။

၄။ တရားထိုင္ရန္သီးသန္႔ေနရာ ဖန္တီးပါ။

- ေခါင္းအုံးမ်ား၊ ေစာင္ ထိုင္ဖုံ စတဲ့ အေႏြးစမ်ား နဲ႔ တရားထိုင္ရန္သီးသန္႔ေနရာေလးတစ္ခုကို ဖန္တီးပါ။ အိမ္မွာ ျခင္႐ွိလွ်င္ တရားထိုင္ျခင္ေထာင္ေလးေထာင္ၿပီး အခ်ိန္တစ္ခုသတ္မွတ္၍ တရားထိုင္ပါ။ စြမ္းအင္သစ္ေတြ ျဖစ္ထြန္းၿပီး အားသစ္ေလာင္းႏိုင္မွာပဲျဖစ္ပါတယ္။

၅။ ရာသီေပၚဟင္းသီးဟင္း႐ြက္မ်ားျဖင့္ ဟင္းခ်က္၍ သဘာဝႏွင့္ထိေတြ႕လိုက္ပါ။

- ေဆာင္းတြင္းဆိုတာ သင့္ကို အိမ္တြင္းပိုေအာင္းျဖစ္ေစတဲ့ရာသီလည္း ျဖစ္ေတာ့ သင့္စမ္းလုပ္ၾကည့္ခ်င္ေနခဲ့တဲ့အလုပ္ေတြကို လက္ေတြ႕အေကာင္အထည္ေဖာ္လုပ္ေဆာင္ၾကည့္ဖို႔ရာ အခ်ိန္ေကာင္းတစ္ခုလည္း ျဖစ္ပါတယ္။ အဲဒီမွာမွ ခ်က္ျပဳတ္ျခင္းက စမ္းသပ္ဖို႔ရာ အသင့္ေလ်ာ္ဆုံးနည္းလမ္းပါပဲ။ ခ်က္ျပဳတ္ျခင္းက သင့္အိမ္ေဂဟာမွာ ေႏြးေထြးတဲ့ အ‌ေကာင္းဓာတ္စြမ္းအင္ေတြ ျဖည့္တင္းဖို႔ရာ အံ့အားသင့္ဖြယ္နည္းလမ္းတစ္ခုပါ။ ဒီကာလမွာ ဥယ်ာဥ္ျခံေျမေတြထဲ ေရာက္ဖို႔မလြယ္ႏိုင္တာေၾကာင့္ ရာသီေပၚဟင္းသီးဟင္း႐ြက္ေတြနဲ႔ စတူး၊ စြတ္ျပဳတ္ စသျဖင့္ ျပဳလုပ္တာဟာ သဘာဝနဲ႔ဆက္သြယ္ဖို႔ နည္းလမ္းေကာင္းတစ္ခုပဲျဖစ္ပါတယ္။

၆။ မီးလုံးမီးသီးမ်ား အသစ္လဲပါ။

- ေဆာင္းရာသီမွာ အေမွာင္ဓာတ္ပိုမ်ားတာေၾကာင့္ ကြၽႏ္ုပ္တို႔ေတြဟာ ေနအိမ္ထဲမွာ အလင္းေရာင္ေကာင္းေကာင္းရဖို႔ လိုပါတယ္။ သင္အသုံးျပဳေနတဲ့မီးသီးေတြဟာ အလင္းအားေကာင္းေသးလား မေကာင္းေတာ့ဘူးလားဆိုတာကို စစ္ေဆးဖို႔ ဒီအခ်ိန္ဟာ အေကာင္းဆုံးပါပဲ။ ေနာက္ၿပီးေတာ့ မီးေတြကို ညဘက္မွထြန္းရဖြင့္ရမွာမဟုတ္ပါဘူး။ ေန႔ဘက္ဆိုေပမဲ့လည္း အလင္းေရာင္ေကာင္းေကာင္းမရတဲ့ ေမွာင္ေနတဲ့ေနရာေတြမွာ လွ်ပ္စစ္မီးဖြင့္ထားေပးပါ။

၇။ သဘာဝအလင္းေရာင္ကို အိမ္ထဲဝင္ခြင့္ေပးပါ။

- ေန႔အခ်ိန္ေတြမွာ (အရမ္းေအးတာမ်ိဳးမဟုတ္ရင္) သင့္အေနနဲ႔ ျပတင္းေပါက္လိုက္ကာေတြကို ေဘးဖယ္ ဒါမွမဟုတ္ လုံးဝျဖဳတ္ပစ္ခ်င္ျဖဳတ္ပစ္ေကာင္းျဖဳတ္ပစ္ႏိုင္ပါတယ္။ အိမ္ထဲမွာ ေန႔အခ်ိန္အမ်ားစုကို လင္းထင္းေနေစခ်င္ပါလိမ့္မယ္။ ဒီအတြက္အေကာင္းဆုံးနည္းကေတာ့ လွ်ပ္စစ္မီးဖြင့္မယ့္အစား သဘာဝအလင္းေရာင္ကို သင့္အိမ္ထဲ ေပးဝင္လိုက္ပါ။

၈။ ျခဳံသည့္ေစာင္မ်ားအား ေႏြးေထြးေစေသာေစာင္မ်ား ျဖစ္ပါေစ။

- ကြၽႏ္ုပ္တို႔ေတြ ခ်မ္းေအးတဲ့အခါ ကြၽႏ္ုပ္တို႔ရဲ႕ခႏၶာကိုယ္က ေတာင့္တင္းမာၿပီး ေနမထိထိုင္မထိေနရခက္ေလ့႐ွိပါတယ္။ ဒီအတြက္ ေစာင္ျခဳံၿပီး ေႏြးေထြးေအာင္လုပ္ဖို႔ အ‌ေရးႀကီးတယ္ဆိုေပမဲ့ ျခဳံတဲ့ေစာင္အမ်ိဳးအစားကလည္း အေရးပါပါေသးတယ္။ ကတၱီပါ၊ ေမြးပြ၊ ခ်ည္အႏုလိုမ်ိဳး သင့္ကိုေႏြးေထြးႏူးညံ့စြာလႊမ္းျခဳံေပးမယ့္ေစာင္ျဖစ္ဖို႔ လိုအပ္ပါတယ္ေနာ္။

ကုထုံး(၈)ခုလုံး ေဖာ္ျပေပးၿပီးသြားၿပီမို႔ ဖုန္းေ႐ႊခ်စ္သူအားလုံးပဲ ေဆာင္းရာသီမွာ ေန႔ညမျပတ္ အေကာင္းဓာတ္ေတြနဲ႔ထုံမႊမ္းႏိုင္ၾကပါေစလို႔ iMyanmerHouse.com မိသားစုမွ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္။


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)