2199 Views

သင့်တိုက်ခန်းအား ဖုန်းရွှေနည်းကျစေရေး လွယ်ကူသောနည်းလမ်း (၇)သွယ်

[Unicode]

အိမ်အကျယ်ကြီးနဲ့မဟုတ်ဘဲ တိုက်ခန်းကျဉ်းထဲနေရလို့ စိတ်ညစ်နေပြီလား။ နေရာကျဉ်းခြင်းကျယ်ခြင်းက သင့်ပျော်ရွှင်မှုအတွက် အဓိကမကျပါဘူး။ အကောင်းဓာတ်စွမ်းအင်တွေ ရှိနေတယ်ဆိုရင် သင့်အိမ်ခန်းဟာ သင့်အတွက် နေချင့်စဖွယ်အတိဖြစ်နေမှာပါ။

“ဖုန်းရွှေဆိုတာ သင့်အနေနဲ့ ဘဝကို ဘယ်လိုတိုးတက်အောင် စွမ်းဆောင်နိုင်ပြီး သင့်ကို ထောက်ပံ့ပျိုးထောင်ပေးနိုင်တဲ့ နေရာတစ်ခုကို ဘယ်လိုဖန်တီးနိုင်တယ်ဆိုတာနဲ့ပတ်သက်တဲ့ ရှေးအယူအဆတစ်ခုပါ” လို့ နယူးယောက်အခြေစိုက် ဗိသုကာပညာရှင်၊ စာရေးဆရာနဲ့ Holistic Spaces ဆိုင်ကို တည်ထောင်သူ ဖုန်းရွှေရေးရာကျွမ်းကျင်သူ အန်ကျဲချိုက ဆိုပါတယ်။

လက်တွေ့မှာလည်း သင့်အနေနဲ့ ဖုန်းရွှေကျွမ်းကျင်သူတစ်ယောက်ဆီက လာတဲ့ အောက်ဖော်ပြပါအချက်လေးတွေကို လုပ်‌ဆောင်ကြည့်လိုက်ရုံနဲ့ သင့်တိုက်ခန်းဟာ သင့်အတွက် နေလို့ပိုအဆင်ပြေလာစေပြီး အကျိုးဆက်အားဖြင့် သင့်ကို ကျန်းမာချမ်းသာစေမှာပဲ ဖြစ်ပါတယ်။

၁။ အုံးတား (ခုတင်ခေါင်းရင်းရှိ ဘုတ်ပြား) ၏ အရေးပါမှု။

သင့်တိုက်ခန်းအား ဖုန်းရွှေနည်းကျစေရေး လွယ်ကူသောနည်းလမ်း (၇)သွယ်

- ဖုန်းရွှေမှာတော့ ခုတင်ဆိုတာ အိမ်တစ် အိမ်လုံးမှာ အရေးပါဆုံးပရိဘောဂတစ်ခုပါ။ သင့် ရဲ့တစ်နေ့တာမှာ အချိန်အများစုကို ခုတင်မှာ ကုန်ဆုံးရတာကို တွေးတောဆင်ခြင်ကြည့်လိုက် မယ်ဆိုရင်ပဲ သူ့ရဲ့အရေးပါမှုကို သိနိုင်ပါတယ်။ မာကျောတောင့်တင်းတဲ့ အုံးတား (မှတ်ချက်။ သစ် သားဖြင့် ပြုလုပ်ထားသော အုံးတားက အကောင်း ဆုံး)က သင့်ရဲ့ ခေါင်းနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လုံခြုံစိတ်ချမှုရှိတဲ့ခံစားချက်ရရှိအောင် ထောက်ကန်ပေးပါလိမ့်မယ်။ လက်ရန်းတွေပါတဲ့ အကျဉ်း ထောင်ဟန်ပန်ရှိ သတ္တုအုံးတားမျိုးကိုတော့ ရှောင် ကြဉ်သင့်ပါတယ်။

၂။ ၃၆ လက်မဥပဒေသ။

- နယူးယောက်မှာတော့ နေရာဆိုတာ တန်ဖိုးအလွန်ကြီးပါတယ်။ ဒါပေမဲ့လည်း ဖြစ်နိုင်မယ်ဆိုရင် ပရိဘောဂတွေ တစ်ခုနဲ့တစ်ခုအကြားမှာ ၃၆ လက်မခြားပေးဖို့ အန်ကျဲက ဆိုပါတယ်။ အန်ကျဲကတော့ ဒါကို ကျက်သရေဇုံလို့ ခေါ်ပါတယ်။ ၁၈ လက်မအောက် အကွာအဝေးဖြစ်သွားရင်တော့ အလွန်ကျပ်တည်းသွားပြီလို့ ဆိုပါတယ်။ ဒါကြောင့် ဗြုပ်စဗျင်းတောင်းဖြစ်နေတာတွေ၊ မလိုတာတွေ ရှင်းပြီး အတတ်နိုင်ဆုံး ဒီဥပဒေသကို လိုက်နာပါ။

၃။ အကြင်နာတရား မွေးမြူပါ။

သင့်တိုက်ခန်းအား ဖုန်းရွှေနည်းကျစေရေး လွယ်ကူသောနည်းလမ်း (၇)သွယ်

- အကြင်နာတရားကို မွေးမြူဖို့အတွက် အကောင်းဆုံးနည်းကတော့ သစ်ပင်စိုက်ပြီး ပျိုးထောင်တာပါပဲ။ သစ်ပင်တွေဟာ သူတို့အသက်ရှင်ဖို့ခွန်အားအတွက် တက်ကြွတဲ့ချီစွမ်းအင်တွေကို ဆွဲဆောင်ပါတယ်။ ဒါကြောင့် သစ်ပင်တွေကို ကျန်းမာသန်စွမ်းအောင် စောင့်ရှောက်ခြင်းက စွမ်းအင်ကောင်းတွေကို ဆွဲဆောင်ရာလည်း ကျပါတယ်။ သိပ်ပြုပြင်ထိန်းသိမ်းစရာမလို၊ အလင်းရောင်လည်း တအားမလိုတဲ့ ဖုန်းရွှေနည်းကျအပင်ငယ်လေးတွေကို ရွေးချယ်ဖို့လည်း အန်ကျဲက အကြံပြုထားပါတယ်။

၄။ မီးဖိုချောင်။

- စွမ်းအင်စီးဆင်းမှုကို အဟန့်အတားမဖြစ် စေဖို့ မီးဖိုချောင်ရှိ စားပွဲခုံ၊ မီးဖိုခုံတွေရဲ့ မျက်နှာပြင် တွေကို သန့်ရှင်းတောက်ပြောင်နေပါစေ။ ရေခဲသေတ္တာမျက်နှာပြင်တွေမှာ ဘယ်လိုအရာတွေကိုမှ မကပ်မိပါစေနဲ့။ နေအိမ်တော်တော်များများက မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေ၊ အမှတ်တရလေးတွေ၊ ပြုလုပ်ရန်စာရင်းတွေ၊ မှာတမ်းစာရွက်လေးတွေကို ရေခဲသေတ္တာ မျက်နှာပြင်တွေမှာ သံလိုက်တုံးလေး တွေနဲ့ ကပ်လေ့ရှိပါတယ်။ ဖုန်းရွှေမှာတော့ အဲဒီလုပ်ရပ်ကို လုံးဝရှောင်ကြဉ်ရပါမယ်။ ရှုပ်ယှက်ခက်တဲ့ ရေခဲသေတ္တာမျက်နှာပြင်ဟာ မကောင်းဆိုးဝါးဓာတ်၊ အပျက်သဘောဆောင်တဲ့ စွမ်းအင်တွေကို ဖိတ်ခေါ် နိုင်ပါတယ်။ ရေခဲသေတ္တာအတွင်း သိုလှောင်ထားတဲ့ စားသောက်ဖွယ်ရာ တွေကို သန့်သန့်ရှင်းရှင်းထားရှိရမယ့် သဘောတရားနဲ့ အတူတူ ပါပဲ။ ရေပိုက်ခေါင်း တွေ ရေမလုံ၊ ယိုစိမ့်နေရင် ချက်ချင်းပြင်ပါ။ ဖုန်းရွှေ မှာ ရေပိုက်ခေါင်းမလုံလို့ ရေယိုခြင်းဟာ ငွေယိုပေါက် ဖြစ်ခြင်းသဘောပဲ ဖြစ်လို့ပါ။

၅။ အိမ်ရှေ့ဆင်ဝင်။

သင့်တိုက်ခန်းအား ဖုန်းရွှေနည်းကျစေရေး လွယ်ကူသောနည်းလမ်း (၇)သွယ်

- ဖုန်းရွှေမှာတော့ အိမ်ရှေ့ဆင်ဝင်ဆိုတာ အိမ်တစ်အိမ်ရဲ့ အလွန့်အလွန်ကို အရေးပါတဲ့ ဧရိယာပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ရှေ့ဆင်ဝင်၊ အိမ်ရှေ့ဝင်ပေါက်ဆိုတဲ့ အိမ်တစ်အိမ်ရဲ့ အရှေ့ဝင်ပေါက်ဆိုတာ စွမ်းအင်တွေကို အိမ်ထဲ ကို ဖိတ်ခေါ်တဲ့ လမ်းကြောင်းနေရာဖြစ်လို့ပါ။ ဒါကြောင့်မို့လို့ စွမ်းအင်တွေ များများစီးဝင်နိုင်အောင် အိမ်ရှေ့ဆင်ဝင်နေရာမှာ ပိတ်ဆို့ ရှုပ်ထွေး မှုမရှိစေဘဲ သန့်ရှင်းသပ်ရပ်နေစေဖို့ လိုပါတယ်။

၆။ ကောင်းမွန်သောဘဝက ရနံ့လည်း ကောင်းသည်။

- အနံ့အသက်ဟာ ဖုန်းရွှေမှာ အလွန်အရေးပါပါတယ်။ ဒါကြောင့် သင့်စွမ်းအင်တွေအတွက် သူ့ကို တန်ဖိုးထားအာရုံစိုက်သင့်ပါတယ်။ ယေဘုယျအားဖြင့် အိမ်အတွင်း အနံ့အသက်ကောင်းဖို့ကို အားလုံးလည်း သဘောပေါက်ပြီးသားမို့ အသေးစိတ်မပြောလိုတော့ပေမဲ့ အထူးသဖြင့် အငှားတိုက်ခန်းတွေမှာ ပိုဂရုစိုက်စေချင်ပါတယ်။ ကိုယ်ပိုင်အိမ်ဆိုရင်တော့ နံရံဆေးသုတ်တာ၊ သန့်ရှင်းရေးလုပ်တဲ့အခါ စတာတွေမှာကို အသုံးပြုတဲ့အရာကို ဂရုစိုက်တတ်ကြပေမဲ့ အငှားတိုက်ခန်းတွေမှာတော့ အဲဒါတွေရဲ့အနံ့အသက်ကို လျစ်လျူရှုတတ်ကြပါတယ်။ ဓာတုဆေးပါဝင်မှုအလွန်များနေတာ၊ သဘာဝကုန်ကြမ်းတွေကို အများဆုံးအသုံးပြုထားတာလား စသဖြင့်ကြောင့် ထွက်လာတဲ့ အနံ့အသက်တွေကလည်း ကွာခြားမှုကြီးကြီးမားမားကို ဖြစ်စေနိုင်ပါတယ်။

၇။ နေအိမ်အတွင်း လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းမွန်စွာ ရှိပါစေ။

သင့်တိုက်ခန်းအား ဖုန်းရွှေနည်းကျစေရေး လွယ်ကူသောနည်းလမ်း (၇)သွယ်

- နေအိမ်အတွင်း စွမ်းအင်ကောင်းအမြဲတစေစီးဆင်းနေစေဖို့ဆိုရင် လေနဲ့အလင်းရောင် ကောင်းကောင်းရှင်သန်လှုပ်ရှားနေရပါမယ်။ အဆင့် ၁ ပါအတိုင်း သင့်အိမ်ကိုသန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်ပြီးပြီဆိုရင် စွမ်းအင်စီးဆင်းဖို့က လွယ်ကူသွားပါပြီ။ အခုထပ်ပြီးတော့ လေကြောင်းပိုမိုစီးဆင်းစေဖို့ ပြတင်းပေါက်တွေကို ဖွင့်လိုက်ပါ။ မှန်၊ ကြည့်မှန်နှင့် ပြတင်းအားလုံးကို သန့်ရှင်းနေအောင်ထားခြင်းဖြင့် အလင်းရောင်ဝင်ရောက်မှုကို တိုးမြှင့်ပါ။ အလင်းရောင်ကောင်းကောင်းမရတဲ့နေရာ ရှိတယ်ဆိုရင်လည်း လျှပ်စစ်မီးအလင်းရောင် ကူပေးတာ ဒါမှမဟုတ် တခြားနေရာကသဘာဝအလင်းကို မှန်နဲ့အလင်းပြန်စေတာတို့ လုပ်ဆောင်ပေးပါ။

တိုက်ခန်းနဲ့နေတဲ့ ဖုန်း‌ရွှေချစ်သူအားလုံးပဲ မိမိတို့ရဲ့ဖုန်းရွှေနည်းကျတိုက်ခန်းမှာ သာယာပျော်မွေ့နိုင်ကြပါစေလို့ ဆုမွန်ကောင်းပေးလိုက်ရပါတယ်။ ခင်အေးချမ်း

 

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

သင့္တိုက္ခန္းအား ဖုန္းေ႐ႊနည္းက်ေစေရး လြယ္ကူေသာနည္းလမ္း (၇)သြယ္


အိမ္အက်ယ္ႀကီးနဲ႔မဟုတ္ဘဲ တိုက္ခန္းက်ဥ္းထဲေနရလို႔ စိတ္ညစ္ေနၿပီလား။ ေနရာက်ဥ္းျခင္းက်ယ္ျခင္းက သင့္ေပ်ာ္႐ႊင္မႈအတြက္ အဓိကမက်ပါဘူး။ အေကာင္းဓာတ္စြမ္းအင္ေတြ ႐ွိေနတယ္ဆိုရင္ သင့္အိမ္ခန္းဟာ သင့္အတြက္ ေနခ်င့္စဖြယ္အတိျဖစ္ေနမွာပါ။

“ဖုန္းေ႐ႊဆိုတာ သင့္အေနနဲ႔ ဘဝကို ဘယ္လိုတိုးတက္ေအာင္ စြမ္းေဆာင္ႏိုင္ၿပီး သင့္ကို ေထာက္ပံ့ပ်ိဳးေထာင္ေပးႏိုင္တဲ့ ေနရာတစ္ခုကို ဘယ္လိုဖန္တီးႏိုင္တယ္ဆိုတာနဲ႔ပတ္သက္တဲ့ ေ႐ွးအယူအဆတစ္ခုပါ” လို႔ နယူးေယာက္အေျခစိုက္ ဗိသုကာပညာ႐ွင္၊ စာေရးဆရာနဲ႔ Holistic Spaces ဆိုင္ကို တည္ေထာင္သူ ဖုန္းေ႐ႊေရးရာကြၽမ္းက်င္သူ အန္က်ဲခ်ိဳက ဆိုပါတယ္။

လက္ေတြ႕မွာလည္း သင့္အေနနဲ႔ ဖုန္းေ႐ႊကြၽမ္းက်င္သူတစ္ေယာက္ဆီက လာတဲ့ ေအာက္ေဖာ္ျပပါအခ်က္ေလးေတြကို လုပ္‌ေဆာင္ၾကည့္လိုက္႐ုံနဲ႔ သင့္တိုက္ခန္းဟာ သင့္အတြက္ ေနလို႔ပိုအဆင္ေျပလာေစၿပီး အက်ိဳးဆက္အားျဖင့္ သင့္ကို က်န္းမာခ်မ္းသာေစမွာပဲ ျဖစ္ပါတယ္။

၁။ အုံးတား (ခုတင္ေခါင္းရင္း႐ွိ ဘုတ္ျပား) ၏ အေရးပါမႈ။

- ဖုန္းေ႐ႊမွာေတာ့ ခုတင္ဆိုတာ အိမ္တစ္ အိမ္လုံးမွာ အေရးပါဆုံးပရိေဘာဂတစ္ခုပါ။ သင့္ ရဲ႕တစ္ေန႔တာမွာ အခ်ိန္အမ်ားစုကို ခုတင္မွာ ကုန္ဆုံးရတာကို ေတြးေတာဆင္ျခင္ၾကည့္လိုက္ မယ္ဆိုရင္ပဲ သူ႕ရဲ႕အေရးပါမႈကို သိႏိုင္ပါတယ္။ မာေက်ာေတာင့္တင္းတဲ့ အုံးတား (မွတ္ခ်က္။ သစ္ သားျဖင့္ ျပဳလုပ္ထားေသာ အုံးတားက အေကာင္း ဆုံး)က သင့္ရဲ႕ ေခါင္းနဲ႔ ခႏၶာကိုယ္တစ္ခုလုံးကို လုံျခဳံစိတ္ခ်မႈ႐ွိတဲ့ခံစားခ်က္ရ႐ွိေအာင္ ေထာက္ကန္ေပးပါလိမ့္မယ္။ လက္ရန္းေတြပါတဲ့ အက်ဥ္း ေထာင္ဟန္ပန္႐ွိ သတၱဳအုံးတားမ်ိဳးကိုေတာ့ ေ႐ွာင္ ၾကဥ္သင့္ပါတယ္။

၂။ ၃၆ လက္မဥပေဒသ။

- နယူးေယာက္မွာေတာ့ ေနရာဆိုတာ တန္ဖိုးအလြန္ႀကီးပါတယ္။ ဒါေပမဲ့လည္း ျဖစ္ႏိုင္မယ္ဆိုရင္ ပရိေဘာဂေတြ တစ္ခုနဲ႔တစ္ခုအၾကားမွာ ၃၆ လက္မျခားေပးဖို႔ အန္က်ဲက ဆိုပါတယ္။ အန္က်ဲကေတာ့ ဒါကို က်က္သေရဇုံလို႔ ေခၚပါတယ္။ ၁၈ လက္မေအာက္ အကြာအေဝးျဖစ္သြားရင္ေတာ့ အလြန္က်ပ္တည္းသြားၿပီလို႔ ဆိုပါတယ္။ ဒါေၾကာင့္ ျဗဳပ္စဗ်င္းေတာင္းျဖစ္ေနတာေတြ၊ မလိုတာေတြ ႐ွင္းၿပီး အတတ္ႏိုင္ဆုံး ဒီဥပေဒသကို လိုက္နာပါ။

၃။ အၾကင္နာတရား ေမြးျမဴပါ။

- အၾကင္နာတရားကို ေမြးျမဴဖို႔အတြက္ အေကာင္းဆုံးနည္းကေတာ့ သစ္ပင္စိုက္ၿပီး ပ်ိဳးေထာင္တာပါပဲ။ သစ္ပင္ေတြဟာ သူတို႔အသက္႐ွင္ဖို႔ခြန္အားအတြက္ တက္ႂကြတဲ့ခ်ီစြမ္းအင္ေတြကို ဆြဲေဆာင္ပါတယ္။ ဒါေၾကာင့္ သစ္ပင္ေတြကို က်န္းမာသန္စြမ္းေအာင္ ေစာင့္ေ႐ွာက္ျခင္းက စြမ္းအင္ေကာင္းေတြကို ဆြဲေဆာင္ရာလည္း က်ပါတယ္။ သိပ္ျပဳျပင္ထိန္းသိမ္းစရာမလို၊ အလင္းေရာင္လည္း တအားမလိုတဲ့ ဖုန္းေ႐ႊနည္းက်အပင္ငယ္ေလးေတြကို ေ႐ြးခ်ယ္ဖို႔လည္း အန္က်ဲက အၾကံျပဳထားပါတယ္။

၄။ မီးဖိုေခ်ာင္။

- စြမ္းအင္စီးဆင္းမႈကို အဟန္႔အတားမျဖစ္ ေစဖို႔ မီးဖိုေခ်ာင္႐ွိ စားပြဲခုံ၊ မီးဖိုခုံေတြရဲ႕ မ်က္ႏွာျပင္ ေတြကို သန္႔႐ွင္းေတာက္ေျပာင္ေနပါေစ။ ေရခဲေသတၱာမ်က္ႏွာျပင္ေတြမွာ ဘယ္လိုအရာေတြကိုမွ မကပ္မိပါေစနဲ႔။ ေနအိမ္ေတာ္ေတာ္မ်ားမ်ားက မိသားစုဝင္ေတြရဲ႕ ဓာတ္ပုံေတြ၊ အမွတ္တရေလးေတြ၊ ျပဳလုပ္ရန္စာရင္းေတြ၊ မွာတမ္းစာ႐ြက္ေလးေတြကို ေရခဲေသတၱာ မ်က္ႏွာျပင္ေတြမွာ သံလိုက္တုံးေလး ေတြနဲ႔ ကပ္ေလ့႐ွိပါတယ္။ ဖုန္းေ႐ႊမွာေတာ့ အဲဒီလုပ္ရပ္ကို လုံးဝေ႐ွာင္ၾကဥ္ရပါမယ္။ ႐ႈပ္ယွက္ခက္တဲ့ ေရခဲေသတၱာမ်က္ႏွာျပင္ဟာ မေကာင္းဆိုးဝါးဓာတ္၊ အပ်က္သေဘာေဆာင္တဲ့ စြမ္းအင္ေတြကို ဖိတ္ေခၚ ႏိုင္ပါတယ္။ ေရခဲေသတၱာ အတြင္း သိုေလွာင္ထားတဲ့ စားေသာက္ဖြယ္ရာ ေတြကို သန္႔သန္႔႐ွင္း႐ွင္းထား႐ွိ ရမယ့္ သေဘာတရားနဲ႔ အတူတူ ပါပဲ။ ေရပိုက္ေခါင္း ေတြ ေရမလုံ၊ ယိုစိမ့္ေနရင္ ခ်က္ခ်င္းျပင္ပါ။ ဖုန္းေ႐ႊ မွာ ေရပိုက္ေခါင္းမလုံလို႔ ေရယိုျခင္းဟာ ေငြယိုေပါက္ ျဖစ္ျခင္းသေဘာပဲ ျဖစ္လို႔ပါ။

၅။ အိမ္ေ႐ွ႕ဆင္ဝင္။

- ဖုန္းေ႐ႊမွာေတာ့ အိမ္ေ႐ွ႕ဆင္ဝင္ဆိုတာ အိမ္တစ္အိမ္ရဲ႕ အလြန္႔အလြန္ကို အေရးပါတဲ့ ဧရိယာပဲ ျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အိမ္ေ႐ွ႕ဆင္ဝင္၊ အိမ္ေ႐ွ႕ဝင္ေပါက္ဆိုတဲ့ အိမ္တစ္အိမ္ရဲ႕ အေ႐ွ႕ဝင္ေပါက္ဆိုတာ စြမ္းအင္ေတြကို အိမ္ထဲ ကို ဖိတ္ေခၚတဲ့ လမ္းေၾကာင္းေနရာျဖစ္လို႔ပါ။ ဒါေၾကာင့္မို႔လို႔ စြမ္းအင္ေတြ မ်ားမ်ားစီးဝင္ႏိုင္ေအာင္ အိမ္ေ႐ွ႕ဆင္ဝင္ေနရာမွာ ပိတ္ဆို႔ ႐ႈပ္ေထြး မႈမ႐ွိေစဘဲ သန္႔႐ွင္းသပ္ရပ္ေနေစဖို႔ လိုပါတယ္။

၆။ ေကာင္းမြန္ေသာဘဝက ရနံ႔လည္း ေကာင္းသည္။

- အနံ႔အသက္ဟာ ဖုန္းေ႐ႊမွာ အလြန္အေရးပါပါတယ္။ ဒါေၾကာင့္ သင့္စြမ္းအင္ေတြအတြက္ သူ႕ကို တန္ဖိုးထားအာ႐ုံစိုက္သင့္ပါတယ္။ ေယဘုယ်အားျဖင့္ အိမ္အတြင္း အနံ႔အသက္ေကာင္းဖို႔ကို အားလုံးလည္း သေဘာေပါက္ၿပီးသားမို႔ အေသးစိတ္မေျပာလိုေတာ့ေပမဲ့ အထူးသျဖင့္ အငွားတိုက္ခန္းေတြမွာ ပိုဂ႐ုစိုက္ေစခ်င္ပါတယ္။ ကိုယ္ပိုင္အိမ္ဆိုရင္ေတာ့ နံရံေဆးသုတ္တာ၊ သန္႔႐ွင္းေရးလုပ္တဲ့အခါ စတာေတြမွာကို အသုံးျပဳတဲ့အရာကို ဂ႐ုစိုက္တတ္ၾကေပမဲ့ အငွားတိုက္ခန္းေတြမွာေတာ့ အဲဒါေတြရဲ႕အနံ႔အသက္ကို လ်စ္လ်ဴ႐ႈတတ္ၾကပါတယ္။ ဓာတုေဆးပါဝင္မႈအလြန္မ်ားေနတာ၊ သဘာဝကုန္ၾကမ္းေတြကို အမ်ားဆုံးအသုံးျပဳထားတာလား စသျဖင့္ေၾကာင့္ ထြက္လာတဲ့ အနံ႔အသက္ေတြကလည္း ကြာျခားမႈႀကီးႀကီးမားမားကို ျဖစ္ေစႏိုင္ပါတယ္။

၇။ ေနအိမ္အတြင္း ေလဝင္ေလထြက္ေကာင္းၿပီး အလင္းေရာင္ေကာင္းမြန္စြာ ႐ွိပါေစ။

- ေနအိမ္အတြင္း စြမ္းအင္ေကာင္းအၿမဲတေစစီးဆင္းေနေစဖို႔ဆိုရင္ ေလနဲ႔အလင္းေရာင္ ေကာင္းေကာင္း႐ွင္သန္လႈပ္႐ွားေနရပါမယ္။ အဆင့္ ၁ ပါအတိုင္း သင့္အိမ္ကိုသန္႔႐ွင္းသပ္ရပ္ေအာင္ ေဆာင္႐ြက္ၿပီးၿပီဆိုရင္ စြမ္းအင္စီးဆင္းဖို႔က လြယ္ကူသြားပါၿပီ။ အခုထပ္ၿပီးေတာ့ ေလေၾကာင္းပိုမိုစီးဆင္းေစဖို႔ ျပတင္းေပါက္ေတြကို ဖြင့္လိုက္ပါ။ မွန္၊ ၾကည့္မွန္ႏွင့္ ျပတင္းအားလုံးကို သန္႔႐ွင္းေနေအာင္ထားျခင္းျဖင့္ အလင္းေရာင္ဝင္ေရာက္မႈကို တိုးျမႇင့္ပါ။ အလင္းေရာင္ေကာင္းေကာင္းမရတဲ့ေနရာ ႐ွိတယ္ဆိုရင္လည္း လွ်ပ္စစ္မီးအလင္းေရာင္ ကူေပးတာ ဒါမွမဟုတ္ တျခားေနရာကသဘာဝအလင္းကို မွန္နဲ႔အလင္းျပန္ေစတာတို႔ လုပ္ေဆာင္ေပးပါ။

တိုက္ခန္းနဲ႔ေနတဲ့ ဖုန္း‌ေ႐ႊခ်စ္သူအားလုံးပဲ မိမိတို႔ရဲ႕ဖုန္းေ႐ႊနည္းက်တိုက္ခန္းမွာ သာယာေပ်ာ္ေမြ႕ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေပးလိုက္ရပါတယ္။ ခင္ေအးခ်မ္း

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)