2940 Views

ဝင်ငွေတိုးလိုသော စားသောက်ဆိုင်ပိုင်ရှင်များအတွက် ဖုန်းရွှေ

### Unicode Version ###

ယခုလို ကမ္ဘာတစ်ဝန်း COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးသင့်နေမှုကြောင့် အကျိုးဆက်ဖြစ်ပေါ်လာတဲ့ စီးပွားရေးဂယက်ကို စားသောက်ဆိုင်တွေလည်း တစ်ခုအပါအဝင်အဖြစ် ရိုက်ခတ်ခံရပါတယ်။

ဒီလိုအခြေအနေမှာ မိမိတို့ရဲ့လုပ်ငန်းဝင်ငွေကို အထိမနာစေချင်၊ ပုံမှန်အခြေအနေမှာဆိုရင်လည်း ဝင်ငွေတိုးတက်လိုတဲ့ ဆိုင်ပိုင်ရှင်တွေအနေနဲ့ ဖုန်းရွှေကို အသုံးချနိုင်ပါတယ်နော်။ ဘယ်လိုဖုန်းရွှေအချက်နည်းလမ်းမဆိုက သင့်ရဲ့လုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုရှိစေမှာပါ။
အောက်မှာဖော်ပြပေးသွားမှာတွေကတော့ လွယ်ကူရိုးရှင်းစွာလုပ်ဆောင်လို့ရမယ့် ဖုန်းရွှေအချက်နည်းနာတွေပဲဖြစ်ပါတယ်။ လိုက်ပါလုပ်ဆောင်ကြည့်လိုက်ပါဦးနော်။

၁။ စားသောက်ဆိုင်များအတွက် အရေးကြီးဓာတ်များကို အသက်သွင်းနှိုးဆော်အသက်သွင်းပါ။

စားသောက်ဆိုင်တွေကို မီးဓာတ်က ကြီးစိုးပါတယ်။ စားသောက်ဆိုင်ဒီဇိုင်း သို့မဟုတ် ရောင်းမည့်အစားအသောက်ချက်ပြုတ်ပြင်ဆင်ရာနေရာ (ဆိုင်ဖွင့်ရောင်းသည်ဖြစ်စေ၊ အော်ဒါသာရောင်းသည်ဖြစ်စေ၊ အွန်လိုင်းရှော့ဖြစ်စေ) မှာ အနီရောင်ရယ် မီးဓာတ်နဲ့ဆက်နွှယ်တဲ့အခြားအရောင်တွေကို အသုံးပြုဖို့ ဖုန်းရွှေပညာရှင်တွေက အကြံပြုထားပါတယ်။ မီးဓာတ်နဲ့ဆက်နွှယ်တဲ့အခြားအရောင်တွေကတော့ ပန်းရောင်၊ မရမ်းစေ့ရောင်နု၊ အနီမှိုင်းနဲ့ ခရမ်းရောင်တို့ပဲ ဖြစ်ပါတယ်။ မီးဓာတ်ကို လှုံ့ဆော်ဖို့ အားကောင်းတဲ့သဘာဝအလင်းရောင် သို့မဟုတ် လျှပ်စစ်မီးအလင်းရောင်ကိုလည်း အသုံးပြုနိုင်ပါတယ်။

၂။ ရေဓာတ်ဖြည့်တင်းပါ။

ရေဓာတ်ကို ရှေးယခင်ကတည်းက စားသောက်ဆိုင်အပါအဝင် လုပ်ငန်းအများစုအတွက် မင်္ဂလာရှိ၊ နိမိတ်ကောင်းစေတဲ့ အားဖြည့်မှုတစ်ခုအဖြစ် မှတ်ယူလာခဲ့ဲကြတာပဲဖြစ်ပါတယ်။ ရေဓာတ်ကိုယ်စားပြုအဆောင်တွေဖြစ်တဲ့ ရေတံခွန် သို့မဟုတ် ငါးကန်တို့ကို ဆိုင်အဝင်ဝအတွင်းဘက်မှာ ထားရှိပါ။ ရေဓာတ်ကိုယ်စားပြုအရောင်နဲ့ပတ်သက်ရင် သမားရိုးကျအားဖြင့်တော့ ရေဓာတ်ကိုယ်စားပြုဖြစ်တဲ့အပြာရောင်ကို စားသောက်ဆိုင်တွေအတွက်တော့ ဖုန်းရွှေမှာ မထောက်ခံပေးထားပါဘူး။ ဘာလို့ဆို ရေဓာတ်က စားသောက်ဆိုင်တွေအတွက် အရေးကြီးဓာတ်ဖြစ်တဲ့မီးဓာတ်ကို နှောင့်ယှက်ဟန့်တားနိုင်လို့ပါပဲ။

ဝင်ငွေတိုးလိုသော စားသောက်ဆိုင်ပိုင်ရှင်များအတွက် ဖုန်းရွှေ

၃။ ငွေသိမ်းကောင်တာကို မည်သည့်အချိန်မှာ မည်သည့်နေရာကို ရွှေ့ရမှာလဲ။

ငွေသိမ်းကောင်တာကို ဆိုင်ရဲ့အရှေ့တောင်(ဓနဥစ္စာကိုယ်စားပြု) သို့မဟုတ် မြောက် (အလုပ်အကိုင်ကိုယ်စားပြု) အရပ်တွေဆီ ရွှေ့ပြောင်းလိုက်ပါ။

၄။ ကုန်ကြမ်းအလုံအလောက်ကောင်းမွန်စွာရှိသော မီးဖိုချောင်ဖြစ်ပါစေ။

ကုန်ပစ္စည်းအလုံအလောက်ရှိတဲ့မီးဖိုချောင်တစ်ခုဟာ ပေါကြွယ်ဝမှုကို ကိုယ်စားပြုတာကြောင့် နိမိတ်ကောင်းပြီး မင်္ဂလာရှိပါတယ်။ သင်ကိုယ်တိုင်လည်း မိမိမီးဖိုချောင်မှာ လိုအပ်တာတွေအကုန် ပြည့်ပြည့်စုံစုံရှိတာကို လိုလားမှာသေချာပါတယ်။

၅။ တန်ဆာပလာကိရိယာအားလုံး အနေအထားကောင်းမွန်စွာရှိပါစေ။

သင်ကိုယ်တိုင်လည်း သင့်ပစ္စည်းကိရိယာတွေကို သန့်သန့်ရှင်းရှင်းနဲ့ ကောင်းမွန်တဲ့အနေအထားမှာ ရှိစေချင်မှာပါပဲ။ အပျက်အနာအဆာရှိလာရင်လည်း ပြုပြင်သင့်တာကို ပြုပြင်ပြီး အသစ်လဲသင့်တာကို လဲပစ်ပါ။

ဝင်ငွေတိုးလိုသော စားသောက်ဆိုင်ပိုင်ရှင်များအတွက် ဖုန်းရွှေ

၆။ ကြည့်မှန်များ ထားရှိပါ။

သင့်လုပ်ငန်းကို တိုးတက်စေဖို့ ရှေးဟောင်းဖုန်းရွှေနည်းတစ်ခုလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ ကြည့်မှန်ချပ်ကြီးတွေကို နံရံမှာ အလှဆင်တဲ့အနေနဲ့ ကပ်တာပဲဖြစ်ပါတယ်။ ကြည့်မှန်တွေဟာ ဆိုင်ရှိစားပွဲတွေကို အစားအသောက်တွေကို ရောင်ပြန်ဖြစ်ရပါမယ်။ ဒါဟာ နှစ်ဆတိုးစေမယ့်နမိတ်ကို ပြလိုက်တာပါ။ ပစ္စည်းတွေအပြင် ပုံမှန်အချိန်မှာဆိုလည်း ဆိုင်မှာလာစားတဲ့ စားသုံးသူတွေနဲ့ ငွေသိမ်းကောင်တာကိုပါ ရောင်ပြန်ထင်ဟပ်စေမယ့် ကြည့်မှန်ချပ်ကြီးတွေ လုံလုံလောက်လောက်ထားရှိမယ်ဆို ပိုကောင်းပါတယ်။ မှန်ချပ်ကြီးတွေ ထားရှိတဲ့နေရာမှာ ရှောင်ရမှာတစ်ခုပဲရှိပါတယ်။ ဆိုင်ဝင်ပေါက်နဲ့မျက်နှာချင်းဆိုင်မဖြစ်စေဖို့ပါပဲ။ ဘာလို့ဆို လာမယ့်စားသုံးသူတွေကို ပြန်နှင်လွှတ်တဲ့သဘောသက်ရောက်နေလို့ပဲဖြစ်ပါတယ်။

ဝင်ငွေတိုးလိုသော စားသောက်ဆိုင်ပိုင်ရှင်များအတွက် ဖုန်းရွှေ

၇။ သန့်ရှင်းသပ်ရပ်နေပါစေ။

မီးဖိုချောင်အပါအဝင် ဆိုင်ရှိနေရာစုံ၊ အရာဝတ္ထုစုံကို သန့်ရှင်းသပ်ရပ်အောင် အထူးဂရုစိုက်ပေးပါ။ မလိုအပ်တော့သည်မှန်သမျှအား ရှင်းလင်းဖယ်ရှားပစ်ပါ။

ဖုန်းရွှေချစ်သူအားလုံး COVID-19 ရောဂါကပ်ဘေးကို ဘေးမသီရန်မခဘဲ အမြန်ဆုံးကျော်လွှားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက်....


ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ဝင္ေငြတိုးလိုေသာ စားေသာက္ဆုိင္ပိုင္ရွင္မ်ားအတြက္ ဖုန္းေရႊ


ယခုလို ကမာၻတစ္ဝန္း COVID-19 ေခၚ ကို႐ိ္ုနာဗိုင္းရပ္စ္ကပ္ေဘးသင့္ေနမွုေၾကာင့္ အက်ဳိးဆက္ျဖစ္ေပၚလာတဲ့ စီးပြားေရးဂယက္ကို စားေသာက္ဆိုင္ေတြလည္း တစ္ခုအပါအဝင္အျဖစ္ ႐ိုက္ခတ္ခံရပါတယ္။

ဒီလိုအေျခအေနမွာ မိမိတုိ႔ရဲ႕လုပ္ငန္းဝင္ေငြကို အထိမနာေစခ်င္၊ ပံုမွန္အေျခအေနမွာဆိုရင္လည္း ဝင္ေငြတိုးတက္လိုတဲ့ ဆုိင္ပိုင္ရွင္ေတြအေနနဲ႔ ဖုန္းေရႊကို အသံုးခ်ႏုိင္ပါတယ္ေနာ္။ ဘယ္လိုဖုန္းေရႊအခ်က္နည္းလမ္းမဆုိက သင့္ရဲ႕လုပ္ငန္းအေပၚ အက်ဳိးသက္ေရာက္မွုရွိေစမွာပါ။
ေအာက္မွာေဖာ္ျပေပးသြားမွာေတြကေတာ့ လြယ္ကူ႐ိုးရွင္းစြာလုပ္ေဆာင္လို႔ရမယ့္ ဖုန္းေရႊအခ်က္နည္းနာေတြပဲျဖစ္ပါတယ္။ လိုက္ပါလုပ္ေဆာင္ၾကည့္လုိက္ပါဦးေနာ္။

၁။ စားေသာက္ဆုိင္မ်ားအတြက္ အေရးႀကီးဓာတ္မ်ားကို အသက္သြင္းႏွုိးေဆာ္အသက္သြင္းပါ။

စားေသာက္ဆုိင္ေတြကို မီးဓာတ္က ႀကီးစိုးပါတယ္။ စားေသာက္ဆိုင္ဒီဇိုင္း သို႔မဟုတ္ ေရာင္းမည့္အစားအေသာက္ခ်က္ျပဳတ္ျပင္ဆင္ရာေနရာ (ဆိုင္ဖြင့္ေရာင္းသည္ျဖစ္ေစ၊ ေအာ္ဒါသာေရာင္းသည္ျဖစ္ေစ၊ အြန္လိုင္းေရွာ့ျဖစ္ေစ) မွာ အနီေရာင္ရယ္ မီးဓာတ္နဲ႔ဆက္ႏႊယ္တဲ့အျခားအေရာင္ေတြကို အသံုးျပဳဖို႔ ဖုန္းေရႊပညာရွင္ေတြက အႀကံျပဳထားပါတယ္။ မီးဓာတ္နဲ႔ဆက္ႏႊယ္တဲ့အျခားအေရာင္ေတြကေတာ့ ပန္းေရာင္၊ မရမ္းေစ့ေရာင္ႏု၊ အနီမွိုင္းနဲ႔ ခရမ္းေရာင္တို႔ပဲ ျဖစ္ပါတယ္။ မီးဓာတ္ကို လွု႔ံေဆာ္ဖို႔ အားေကာင္းတဲ့သဘာဝအလင္းေရာင္ သို႔မဟုတ္ လွ်ပ္စစ္မီးအလင္းေရာင္ကိုလည္း အသံုးျပဳႏုိင္ပါတယ္။

၂။ ေရဓာတ္ျဖည့္တင္းပါ။

ေရဓာတ္ကို ေရွးယခင္ကတည္းက စားေသာက္ဆုိင္အပါအဝင္ လုပ္ငန္းအမ်ားစုအတြက္ မဂၤလာရွိ၊ နိမိတ္ေကာင္းေစတဲ့ အားျဖည့္မွုတစ္ခုအျဖစ္ မွတ္ယူလာခဲ့ဲၾကတာပဲျဖစ္ပါတယ္။ ေရဓာတ္ကိုယ္စားျပဳအေဆာင္ေတြျဖစ္တဲ့ ေရတံခြန္ သို႔မဟုတ္ ငါးကန္တို႔ကို ဆုိင္အဝင္ဝအတြင္းဘက္မွာ ထားရွိပါ။ ေရဓာတ္ကိုယ္စားျပဳအေရာင္နဲ႔ပတ္သက္ရင္ သမား႐ိုးက်အားျဖင့္ေတာ့ ေရဓာတ္ကိုယ္စားျပဳျဖစ္တဲ့အျပာေရာင္ကို စားေသာက္ဆုိင္ေတြအတြက္ေတာ့ ဖုန္းေရႊမွာ မေထာက္ခံေပးထားပါဘူး။ ဘာလို႔ဆုိ ေရဓာတ္က စားေသာက္ဆိုင္ေတြအတြက္ အေရးႀကီးဓာတ္ျဖစ္တဲ့မီးဓာတ္ကို ေႏွာင့္ယွက္ဟန္႔တားႏုိင္လို႔ပါပဲ။

၃။ ေငြသိမ္းေကာင္တာကို မည္သည့္အခ်ိန္မွာ မည္သည့္ေနရာကို ေရႊ႕ရမွာလဲ။

ေငြသိမ္းေကာင္တာကို ဆုိင္ရဲ႕အေရွ႕ေတာင္(ဓနဥစၥာကိုယ္စားျပဳ) သို႔မဟုတ္ ေျမာက္ (အလုပ္အကိုင္ကိုယ္စားျပဳ) အရပ္ေတြဆီ ေရႊ႕ေျပာင္းလိုက္ပါ။

၄။ ကုန္ၾကမ္းအလံုအေလာက္ေကာင္းမြန္စြာရွိေသာ မီးဖိုေခ်ာင္ျဖစ္ပါေစ။

ကုန္ပစၥည္းအလံုအေလာက္ရွိတဲ့မီးဖိုေခ်ာင္တစ္ခုဟာ ေပါႂကြယ္ဝမွုကို ကိုယ္စားျပဳတာေၾကာင့္ နိမိတ္ေကာင္းၿပီး မဂၤလာရွိပါတယ္။ သင္ကိုယ္တိုင္လည္း မိမိမီးဖိုေခ်ာင္မွာ လိုအပ္တာေတြအကုန္ ျပည့္ျပည့္စံုစံုရွိတာကို လိုလားမွာေသခ်ာပါတယ္။

၅။ တန္ဆာပလာကိရိယာအားလံုး အေနအထားေကာင္းမြန္စြာရွိပါေစ။

သင္ကိုယ္တုိင္လည္း သင့္ပစၥည္းကိရိယာေတြကို သန္႔သန္႔ရွင္းရွင္းနဲ႔ ေကာင္းမြန္တဲ့အေနအထားမွာ ရွိေစခ်င္မွာပါပဲ။ အပ်က္အနာအဆာရွိလာရင္လည္း ျပဳျပင္သင့္တာကို ျပဳျပင္ၿပီး အသစ္လဲသင့္တာကို လဲပစ္ပါ။

၆။ ၾကည့္မွန္မ်ား ထားရွိပါ။

သင့္လုပ္ငန္းကို တိုးတက္ေစဖို႔ ေရွးေဟာင္းဖုန္းေရႊနည္းတစ္ခုလည္း ရွိပါေသးတယ္။ အဲ့ဒါကေတာ့ ၾကည့္မွန္ခ်ပ္ႀကီးေတြကို နံရံမွာ အလွဆင္တဲ့အေနနဲ႔ ကပ္တာပဲျဖစ္ပါတယ္။ ၾကည့္မွန္ေတြဟာ ဆိုင္ရွိစားပြဲေတြကို အစားအေသာက္ေတြကို ေရာင္ျပန္ျဖစ္ရပါမယ္။ ဒါဟာ ႏွစ္ဆတိုးေစမယ့္နမိတ္ကို ျပလိုက္တာပါ။ ပစၥည္းေတြအျပင္ ပံုမွန္အခ်ိန္မွာဆိုလည္း ဆိုင္မွာလာစားတဲ့ စားသံုးသူေတြနဲ႔ ေငြသိမ္းေကာင္တာကိုပါ ေရာင္ျပန္ထင္ဟပ္ေစမယ့္ ၾကည့္မွန္ခ်ပ္ႀကီးေတြ လံုလံုေလာက္ေလာက္ထားရွိမယ္ဆို ပိုေကာင္းပါတယ္။ မွန္ခ်ပ္ႀကီးေတြ ထားရွိတဲ့ေနရာမွာ ေရွာင္ရမွာတစ္ခုပဲရွိပါတယ္။ ဆိုင္ဝင္ေပါက္နဲ႔မ်က္ႏွာခ်င္းဆိုင္မျဖစ္ေစဖို႔ပါပဲ။ ဘာလို႔ဆို လာမယ့္စားသံုးသူေတြကို ျပန္ႏွင္လႊတ္တဲ့သေဘာသက္ေရာက္ေနလို႔ပဲျဖစ္ပါတယ္။

၇။ သန္႔ရွင္းသပ္ရပ္ေနပါေစ။

မီးဖိုေခ်ာင္အပါအဝင္ ဆို္င္ရွိေနရာစံု၊ အရာဝတၳဳစံုကို သန္႔ရွင္းသပ္ရပ္ေအာင္ အထူးဂ႐ုစိုက္ေပးပါ။ မလိုအပ္ေတာ့သည္မွန္သမွ်အား ရွင္းလင္းဖယ္ရွားပစ္ပါ။

ဖုန္းေရႊခ်စ္သူအားလံုး COVID-19 ေရာဂါကပ္ေဘးကို ေဘးမသီရန္မခဘဲ အျမန္ဆံုးေက်ာ္လႊားႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလ်က္....


ခင္ေအးခ်မ္း ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)