8068 Views

အိမ္ေရာင္းမည္ဆိုလွ်င္ သိရမည့္ ဖုန္းေရႊအခ်က္ (၈) ခ်က္

### Zawgyi Version ###

သင္က သင့္အိမ္ကို ေဈးကြက္ေပၚတင္ဖုိ႔ ျပင္ဆင္ေနတယ္ဆုိရင္ ယခုေဖာ္ျပမယ့္ ဖုန္းေရႊေဆာင္းပါးက အသံုးျပဳဖို႔ရာ ၿပီးျပည့္စုံမႈအရွိဆံုးလက္နက္တစ္ခုပါပဲ။ ေအာက္ပါဖုန္းေရႊအေျခခံအခ်က္ေတြကို လုိက္ပါလုပ္ေဆာင္႐ံုနဲ႔ သင့္အိမ္ျမန္ျမန္ေရာင္းထြက္ဖို႔ အခြင့္အလမ္းေတြ တိုးလာမွာပဲျဖစ္ပါတယ္။


၁။ အစီအစဥ္တက်ရွိပါေစ။

ဒီအခ်က္က ႐ုတ္တရက္ၾကားလိုက္ရင္ အရမ္းလြယ္တယ္လို႔ ထင္ရပါတယ္။ အစီအစဥ္တက်ျဖစ္ျခင္းဆိုတာ ဖုန္းေရႊအေျခခံနိယာမတစ္ခုပဲျဖစ္ပါတယ္။ ဖုန္းေရႊဆိုတာ စြမ္းအင္ေကာင္းေတြ လြတ္လြတ္လပ္လပ္ စီးဆင္းႏုိင္တဲ့ေနရာဖန္တီးျခင္းနဲ႔ အစီအစဥ္တက်ရွိျခင္းပါပဲ။ သင္လည္းပဲ ဝယ္လက္ေတြ သင့္အိမ္ကိုလာၾကည့္တဲ့အခါ သင့္အိမ္ကို အစီအစဥ္တက်ရွိေစခ်င္မွာပါ။ ဒီအတြက္ သင္လုပ္ရမွာကသင့္အိမ္ကို သင္ပိုင္တဲ့အရာအျဖစ္ ႐ႈျမင္ခံစားျခင္းကို ရပ္တန္႔လုိက္ၿပီး သူမ်ားအိမ္အျဖစ္ျမင္ၾကည့္ကာ အိမ္ကိုအစီအစဥ္တက်ျဖစ္ေအာင္ ျပင္ဆင္ထားရွိပါ။

အိမ္ေရာင္းမည္ဆိုလွ်င္ သိရမည့္ ဖုန္းေရႊအခ်က္ (၈) ခ်က္

၂။ သင့္အိမ္ကို ေဈးကြက္တင္၍ရရန္ ျဗဳတ္စဗ်င္းေတာင္းမျဖစ္ပါေစႏွင့္။

ေနာက္တစ္ခ်က္သင္လုပ္ေဆာင္ရမွာကေတာ့ ျဗဳတ္စဗ်င္းေတာင္းမျဖစ္ေစဖို႔ပါ။ အဓိပၸာယ္ကေတာ့ အမႈိက္သ႐ိုက္ေတြအားလံုးကို ဖယ္ရွားရွင္းထုတ္ပစ္ပါ။ ေန႔စဥ္လိုအပ္တာေတြမဟုတ္ဘဲ ရံဖန္ရံခါမွလိုတာေတြကို ထုတ္ပိုးသိမ္းဆည္းထားရွိပါ။ ဖုန္းေရႊမွာ အမိႈက္သ႐ိုက္ေတြဟာ စြမ္းအင္ေကာင္းစီးဆင္းမႈကို ပိတ္ဆို႔ေစၿပီး တန္႔ေနေစပါတယ္။ အဲ့ဒီလိုမ်ဳိး စြမ္းအင္တန္႔ၿပီဆုိရင္ ေငြေၾကးစီးဆင္းမႈရပ္ၿပီး အလားအလာရွိတဲ့ ဝယ္လက္ေတြ သင့္အိမ္ကို ေရာက္လာမွာမဟုတ္ေတာ့ပါဘူး။

၃။ မလုိအပ္သည္မ်ားကို သိုေလွာင္႐ံုကဲ့သို႔ေသာ ေနရာသို႔ ေရႊ႕ေျပာင္းထားရွိပါ။

မလိုအပ္တဲ့အရာေတြကို ထုတ္ပိုးသင့္တာထုပ္ပိုးၿပီး ကားဂိုေထာင္ထဲ သိမ္းဆည္းပါ။ ေငြေၾကးတတ္ႏုိင္တယ္ဆုိရင္ သိုေလွာင္႐ံုအေသးေလးငွားၿပီး အဲ့ဒီမွာသြားသိမ္းပါ။ မလိုအပ္တာေတြ အိမ္ခန္းျပင္ပပို႔လုိက္ျခင္းေၾကာင့္ သင့္အိမ္ကို ပိုမိုက်ယ္ဝန္းရွင္းလင္းသြားေစၿပီး ဝယ္လက္ေတြကိုလည္း သင့္အိမ္ကို ဖိတ္ေခၚဖို႔ရာ အေထာက္အပံ့ေပးမွာပါ။

၄။ မဂၤလာမရွိေသာ စြမ္းအင္မ်ားကို ျပင္ဆင္ရန္ ပ်က္စီးက်ဳိးပဲ့ေနသည္မ်ားအား ျပင္ဆင္ပါ။

ဖုန္းေရႊမွာ တစ္စံုတစ္ခုက်ဳိးပဲ့ပ်က္စီးေနတယ္ဆိုရင္ ျပန္လည္ျပင္ဆင္ပါ။ ပ်က္စီးေနတဲ့အရာက စြမ္းအင္ဆိုးကို ဖန္တီးပါတယ္။

၅။ အိမ္ထဲသို႔ စြမ္းအင္ေကာင္းမ်ား စီးဆင္းမႈရွိပါေစ။

အိမ္ေရာင္းမည္ဆိုလွ်င္ သိရမည့္ ဖုန္းေရႊအခ်က္ (၈) ခ်က္

စြမ္းအင္ေကာင္းေတြ သင့္အိမ္ထဲ စီးဆင္းမႈရွိေစဖို႔အတြက္ ေအာက္ပါ႐ိုးရွင္းၿပီး ေငြကုန္ေၾကးက်မမ်ားတဲ့အရာေလးေတြကို လုပ္ေဆာင္ႏုိင္ပါတယ္။

* ခ်ဳံ၊ ခ်ဳံပုတ္မ်ားအားလံုးကို တိတိရိရိညႇပ္ပစ္ပါ။ (စြမ္းအင္ေကာင္းစီးဆင္းမႈကို တိုးတက္ေစတဲ့သေဘာ)

* အိမ္အျပင္ပိုင္းကို ေဆးသုတ္ပါ။ (စြမ္းအင္ေကာင္းကို ဆြဲေဆာင္တဲ့သေဘာျဖစ္ပါတယ္။)

* ျပတင္းေပါက္၊ တံခါး၊ အဖံုး၊ အိမ္အျပင္ဘက္မီးေတြကို ေကာင္းေအာင္ျပဳျပင္ၿပီး ေရေျမာင္းေတြကိုလည္း ပိတ္ဆို႔မႈမရွိေအာင္ ရွင္းလင္းပါ။

* ကားလမ္းနဲ႔ ေလွ်ာက္လမ္းမွ အမိႈက္သ႐ိုက္မွန္သမွ်ကို ရွင္းလင္းပါ။ (စြမ္းအင္စီးဆင္းမႈအတြက္ အတားအဆီးေတြကို ဖယ္ရွားတဲ့သေဘာျဖစ္ပါတယ္)

* ျမက္ခင္းကို ျပဳျပင္ထိန္းသိမ္းပါ။


၆။ အိမ္ေရွ႕တံခါးကို ဖုန္းေရႊနည္းက်ျဖစ္ပါေစ။

အိမ္ေရာင္းမည္ဆိုလွ်င္ သိရမည့္ ဖုန္းေရႊအခ်က္ (၈) ခ်က္

အိမ္ေရွ႕တံခါးဟာ အိမ္တစ္အိမ္ရဲ႕ အေရးအႀကီးဆံုးအစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ သင့္အိမ္ထဲကို အေကာင္းဓာတ္စြမ္းအင္ေတြ ဖိတ္ေခၚဖို႔ အိမ္ေရွ႕တံခါးကို ဖုန္းေရႊဒီဇိုင္းဓာတ္ပစၥည္းတစ္ခုအျဖစ္ ရပ္တည္ေစမယ့္ ဆြဲေဆာင္မႈရွိတဲ့ေဆးအေရာင္ သုတ္ပါ။

အိမ္ေရွ႕ဝင္ေပါက္မီးကို ျပင္ဆင္ပါ

အိမ္ေရွ႕တံခါးရဲ႕ အတြင္းဘက္၊ အျပင္ဘက္မွာ မီးမရွိဘူးဆိုရင္ တပ္ဆင္လိုက္ပါ။ အဲ့ဒီမီးေတြက အေကာင္းဓာတ္စြမ္းအင္ကို ဆြဲေဆာင္ပါတယ္။ မီးရွိၿပီးသားဆုိရင္ သန္႔သန္႔ရွင္းရွင္းျဖစ္ေနပါေစ။ ခလုတ္ဖြင့္ရင္ မီးေကာင္းေကာင္းလင္းတာေသခ်ာပါေစ။ လိုအပ္ရင္ အစားထိုးပါ။

အိမ္ေရွ႕ဝင္ေပါက္ကို ျပဳျပင္မႈမ်ား ျပဳလုပ္ပါ

အိမ္ေရာင္းမည္ဆိုလွ်င္ သိရမည့္ ဖုန္းေရႊအခ်က္ (၈) ခ်က္

ဝင္ေပါက္ဧရိယာမွာ ျပႆနာတစ္ခုခုရွိတယ္ဆုိရင္ကိုပဲ သင့္အိမ္ထဲကို အေကာင္းဓာတ္စြမ္းအင္ေတြ ဝင္ေရာက္မႈကေန တားဆီးႏုိင္ပါတယ္။ ျပဳျပင္ထိန္းသိမ္းမႈမရွိတဲ့အိမ္ဟာ တန္႔၊ ထိုင္းမႈိင္း၊ တိုးတက္မႈမရွိတဲ့စြမ္းအင္ေတြကို ဖန္တီးပါတယ္။

* တံခါးရြက္မွာ ေနရာအနည္းငယ္ေလးပဲ စုတ္ၿပဲပ်က္စီးေနတယ္ဆုိရင္ေတာင္ အေကာင္းနဲ႔အစားထိုးလဲလွယ္ပါ။

* တံခါး၊ ျပတင္းအားလံုးက ေသာ့ေတြ ပိတ္ရဖြင့္ရအဆင္ေျပေခ်ာေမြ႕မႈရွိပါေစ။

* ျပတင္းေပါက္အားလံုးကို အတြင္းေရာအျပင္ေရာ သန္႔ရွင္းေရးပုံမွန္လုပ္ေပးပါ။ ဒါမွ အေကာင္းဓာတ္စြမ္းအင္ေတြ သင့္အိမ္ထဲ ဝင္ေရာက္ႏုိင္မွာျဖစ္ပါတယ္။

* မဖြင့္ျဖစ္တဲ့ျပတင္းေပါက္ေတြ၊ အလြယ္တကူဖြင့္မရတဲ့ ျပတင္းေပါက္မွန္သမွ်ကို ျပဳျပင္ပါ။

* ျပတင္းမွာ မွန္ကြက္၊ မွန္ေလွ်ာထိုးေတြ တပ္ထားရင္ အဲ့ဒီမွန္ေတြကိုလည္း ျပဳျပင္ပါ။

* အိမ္ေဘးေလွ်ာက္လမ္းေတြမွာ အုတ္၊ ကြန္ကရစ္က်ဳိးပဲ့ပ်က္စီးမႈရွိရင္ ျပဳျပင္ပါ။

* ၿခံထဲကေလွ်ာက္လမ္းအျပင္ဘက္ထြက္ၿပီး ေပါက္ေနတဲ့ခ်ဳံႏြယ္ျမက္ပင္ေတြကိုရွင္းလင္းပါ။ (သေဘာကေတာ့ အေကာင္းဓာတ္စြမ္းအင္ေတြ အိမ္ထဲဝင္ဖုိ႔ လမ္းေၾကာင္းမွာရွိတဲ့ အတားအဆီးမွန္သမွ်ကို ဖယ္ရွားပါ။)

အိမ္ေရာင္းမည္ဆိုလွ်င္ သိရမည့္ ဖုန္းေရႊအခ်က္ (၈) ခ်က္

၇။ မဂၤလာရွိေသာဖုန္းေရႊအတြက္ စာတိုက္ပံုးကို ပိုမိုေကာင္းမြန္ေစၿပီး ပလက္ေဖာင္းေဘာင္ကို ျမႇင့္တင္ပါ။

ဒီအခ်က္ကို အေရးမပါတဲ့အခ်က္လုိ႔ ထင္ျမင္ေကာင္းထင္ျမင္ႏုိင္ပါတယ္။ ဒါေပမဲ့ သင့္စာတုိက္ပံုးဟာ သစ္လြင္ရွင္းသန္႔ေနသင့္ပါတယ္။ လိုအပ္ရင္ သူ႕ကို ေဆးထပ္သုတ္ေပးတာ၊ အသစ္လဲေပးတာမ်ဳိး လုပ္ေပးပါ။ သင့္စာတိုက္ပံုးနားမွာ ႐ႈခင္းသာယာေစေအာင္ ျပဳျပင္ေပးပါ။ သင့္စာတိုက္ပံုးဆီ အေကာင္းဓာတ္စြမ္းအင္ေတြကို ဆြဲေခၚၿပီး ကားလမ္းပလက္ေဖာင္းေဘာင္ကို ျမႇင့္တင္ေပးပါ။

၈။ ဖုန္းေရႊေရဓာတ္႐ုပ္မ်ားကို သင့္ေလ်ာ္စြာေနရာခ်ပါ။

ဖုန္းေရႊနိယာမေတြအသံုးခ်တာေတာင္ သင့္အိမ္ကို ေရာင္းမထြက္ေအာင္ ဟန္႔တားေနတဲ့ ျပႆနာဧရိယာအခ်ဳိ႕ သင့္အိမ္မွာ ရွိေနႏုိင္ပါတယ္။ ဖုန္းေရႊနိယာမေတြ အသံုးခ်တဲ့အခါ လူေတြလုပ္ေလ့ရွိတဲ့ အႀကီးဆံုးအမွားကေတာ့ ဖုန္းေရႊ႐ုပ္ေတြကို အထားမွားတာပါပဲ။ ဥပမာ - တခ်ဳိ႕လူေတြက ေရဓာတ္႐ုပ္ကို သူတို႔ရဲ႕အိမ္အျပင္ဘက္မွာထားဖို႔ ဆံုးျဖတ္ပါတယ္။ အဲ့ဒီလိုထားတဲ့အခါ ေရဓာတ္႐ုပ္ရဲ႕ မ်က္ႏွာမူရာအရပ္ကို မွန္ကန္ေအာင္မထားတတ္ဘူးဆိုရင္ အေကာင္းထက္အဆုိးကို ပိုလို႔ေတာင္ျဖစ္ေစႏုိင္ပါတယ္။

အိမ္ဆီသို႔ ေရစီးဆင္းမႈမ်ား

ေရကို အိမ္ကေန အေဝးမဟုတ္ဘဲ အိမ္ဘက္ဆီ အၿမဲတေစ စီးဆင္းပါေစ။ ေရက သင့္အိမ္ဆီစီးဆင္းတဲ့အခါ သင့္ဆီေငြေၾကးကို ေဆာင္ၾကဥ္းေပးမွာပါ။ သင့္အိမ္ကေနေဝးရာကို စီးဆင္းေနရင္ေတာ့ သင့္ဥစၥာဓနကို ကဲ့ယူၿပီး အလားအလာရွိတဲ့ဝယ္လက္ေတြကို အေဝးကိုပို႔ပစ္တာကို ေတြ႕ရပါလိမ့္မယ္။

အိပ္ခန္းထဲ ေရမထားရ

ငါးကန္အပါအဝင္ ေရဓာတ္႐ုပ္ကို သင့္အိပ္ခန္းထဲ ဘယ္ေတာ့မွမထားပါနဲ႔။ ဓာတ္ေတြကို ႏႈိးဆြရာမေရာက္ဘဲ ဓာတ္ေတြရဲ႕ ထက္သန္မႈကိုေလ်ာ့ေစႏုိင္ပါတယ္။

သင့္အိမ္ေရာင္းထြက္ဖို႔အခြင့္အလမ္းတိုးတက္ေစခ်င္တယ္ဆုိရင္ သင့္အေနနဲ႔ အျခားမသက္ဆုိင္တဲဲ့နည္းလမ္းေတြနဲ႔ ႀကိဳးစားေနမယ့္အစား ယခုေဖာ္ျပပါဖုန္းေရႊအခ်က္ေတြကို ယံုယံုၾကည္ၾကည္နဲ႔လုပ္ေဆာင္ၾကည့္ဖို႔ တုိက္တြန္းလိုက္ရပါတယ္ရွင္။

ခင္ေအးခ်မ္း မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

သင်က သင့်အိမ်ကို ဈေးကွက်ပေါ်တင်ဖို့ ပြင်ဆင်နေတယ်ဆိုရင် ယခုဖော်ပြမယ့် ဖုန်းရွှေဆောင်းပါးက အသုံးပြုဖို့ရာ ပြီးပြည့်စုံမှုအရှိဆုံးလက်နက်တစ်ခုပါပဲ။ အောက်ပါဖုန်းရွှေအခြေခံအချက်တွေကို လိုက်ပါလုပ်ဆောင်ရုံနဲ့ သင့်အိမ်မြန်မြန်ရောင်းထွက်ဖို့ အခွင့်အလမ်းတွေ တိုးလာမှာပဲဖြစ်ပါတယ်။


၁။ အစီအစဉ်တကျရှိပါစေ။

ဒီအချက်က ရုတ်တရက်ကြားလိုက်ရင် အရမ်းလွယ်တယ်လို့ ထင်ရပါတယ်။ အစီအစဉ်တကျဖြစ်ခြင်းဆိုတာ ဖုန်းရွှေအခြေခံနိယာမတစ်ခုပဲဖြစ်ပါတယ်။ ဖုန်းရွှေဆိုတာ စွမ်းအင်ကောင်းတွေ လွတ်လွတ်လပ်လပ် စီးဆင်းနိုင်တဲ့နေရာဖန်တီးခြင်းနဲ့ အစီအစဉ်တကျရှိခြင်းပါပဲ။ သင်လည်းပဲ ဝယ်လက်တွေ သင့်အိမ်ကိုလာကြည့်တဲ့အခါ သင့်အိမ်ကို အစီအစဉ်တကျရှိစေချင်မှာပါ။ ဒီအတွက် သင်လုပ်ရမှာကသင့်အိမ်ကို သင်ပိုင်တဲ့အရာအဖြစ် ရှုမြင်ခံစားခြင်းကို ရပ်တန့်လိုက်ပြီး သူများအိမ်အဖြစ်မြင်ကြည့်ကာ အိမ်ကိုအစီအစဉ်တကျဖြစ်အောင် ပြင်ဆင်ထားရှိပါ။

၂။ သင့်အိမ်ကို ဈေးကွက်တင်၍ရရန် ဗြုတ်စဗျင်းတောင်းမဖြစ်ပါစေနှင့်။

နောက်တစ်ချက်သင်လုပ်ဆောင်ရမှာကတော့ ဗြုတ်စဗျင်းတောင်းမဖြစ်စေဖို့ပါ။ အဓိပ္ပာယ်ကတော့ အမှိုက်သရိုက်တွေအားလုံးကို ဖယ်ရှားရှင်းထုတ်ပစ်ပါ။ နေ့စဉ်လိုအပ်တာတွေမဟုတ်ဘဲ ရံဖန်ရံခါမှလိုတာတွေကို ထုတ်ပိုးသိမ်းဆည်းထားရှိပါ။ ဖုန်းရွှေမှာ အမှိုက်သရိုက်တွေဟာ စွမ်းအင်ကောင်းစီးဆင်းမှုကို ပိတ်ဆို့စေပြီး တန့်နေစေပါတယ်။ အဲ့ဒီလိုမျိုး စွမ်းအင်တန့်ပြီဆိုရင် ငွေကြေးစီးဆင်းမှုရပ်ပြီး အလားအလာရှိတဲ့ ဝယ်လက်တွေ သင့်အိမ်ကို ရောက်လာမှာမဟုတ်တော့ပါဘူး။

၃။ မလိုအပ်သည်များကို သိုလှောင်ရုံကဲ့သို့သော နေရာသို့ ရွှေ့ပြောင်းထားရှိပါ။

မလိုအပ်တဲ့အရာတွေကို ထုတ်ပိုးသင့်တာထုပ်ပိုးပြီး ကားဂိုထောင်ထဲ သိမ်းဆည်းပါ။ ငွေကြေးတတ်နိုင်တယ်ဆိုရင် သိုလှောင်ရုံအသေးလေးငှားပြီး အဲ့ဒီမှာသွားသိမ်းပါ။ မလိုအပ်တာတွေ အိမ်ခန်းပြင်ပပို့လိုက်ခြင်းကြောင့် သင့်အိမ်ကို ပိုမိုကျယ်ဝန်းရှင်းလင်းသွားစေပြီး ဝယ်လက်တွေကိုလည်း သင့်အိမ်ကို ဖိတ်ခေါ်ဖို့ရာ အထောက်အပံ့ပေးမှာပါ။

၄။ မင်္ဂလာမရှိသော စွမ်းအင်များကို ပြင်ဆင်ရန် ပျက်စီးကျိုးပဲ့နေသည်များအား ပြင်ဆင်ပါ။

ဖုန်းရွှေမှာ တစ်စုံတစ်ခုကျိုးပဲ့ပျက်စီးနေတယ်ဆိုရင် ပြန်လည်ပြင်ဆင်ပါ။ ပျက်စီးနေတဲ့အရာက စွမ်းအင်ဆိုးကို ဖန်တီးပါတယ်။

၅။ အိမ်ထဲသို့ စွမ်းအင်ကောင်းများ စီးဆင်းမှုရှိပါစေ။

စွမ်းအင်ကောင်းတွေ သင့်အိမ်ထဲ စီးဆင်းမှုရှိစေဖို့အတွက် အောက်ပါရိုးရှင်းပြီး ငွေကုန်ကြေးကျမများတဲ့အရာလေးတွေကို လုပ်ဆောင်နိုင်ပါတယ်။

* ချုံ၊ ချုံပုတ်များအားလုံးကို တိတိရိရိညှပ်ပစ်ပါ။ (စွမ်းအင်ကောင်းစီးဆင်းမှုကို တိုးတက်စေတဲ့သဘော)

* အိမ်အပြင်ပိုင်းကို ဆေးသုတ်ပါ။ (စွမ်းအင်ကောင်းကို ဆွဲဆောင်တဲ့သဘောဖြစ်ပါတယ်။)

* ပြတင်းပေါက်၊ တံခါး၊ အဖုံး၊ အိမ်အပြင်ဘက်မီးတွေကို ကောင်းအောင်ပြုပြင်ပြီး ရေမြောင်းတွေကိုလည်း ပိတ်ဆို့မှုမရှိအောင် ရှင်းလင်းပါ။

* ကားလမ်းနဲ့ လျှောက်လမ်းမှ အမှိုက်သရိုက်မှန်သမျှကို ရှင်းလင်းပါ။ (စွမ်းအင်စီးဆင်းမှုအတွက် အတားအဆီးတွေကို ဖယ်ရှားတဲ့သဘောဖြစ်ပါတယ်)

* မြက်ခင်းကို ပြုပြင်ထိန်းသိမ်းပါ။


၆။ အိမ်ရှေ့တံခါးကို ဖုန်းရွှေနည်းကျဖြစ်ပါစေ။

အိမ်ရှေ့တံခါးဟာ အိမ်တစ်အိမ်ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သင့်အိမ်ထဲကို အကောင်းဓာတ်စွမ်းအင်တွေ ဖိတ်ခေါ်ဖို့ အိမ်ရှေ့တံခါးကို ဖုန်းရွှေဒီဇိုင်းဓာတ်ပစ္စည်းတစ်ခုအဖြစ် ရပ်တည်စေမယ့် ဆွဲဆောင်မှုရှိတဲ့ဆေးအရောင် သုတ်ပါ။

အိမ်ရှေ့ဝင်ပေါက်မီးကို ပြင်ဆင်ပါ

အိမ်ရှေ့တံခါးရဲ့ အတွင်းဘက်၊ အပြင်ဘက်မှာ မီးမရှိဘူးဆိုရင် တပ်ဆင်လိုက်ပါ။ အဲ့ဒီမီးတွေက အကောင်းဓာတ်စွမ်းအင်ကို ဆွဲဆောင်ပါတယ်။ မီးရှိပြီးသားဆိုရင် သန့်သန့်ရှင်းရှင်းဖြစ်နေပါစေ။ ခလုတ်ဖွင့်ရင် မီးကောင်းကောင်းလင်းတာသေချာပါစေ။ လိုအပ်ရင် အစားထိုးပါ။

အိမ်ရှေ့ဝင်ပေါက်ကို ပြုပြင်မှုများ ပြုလုပ်ပါ

ဝင်ပေါက်ဧရိယာမှာ ပြဿနာတစ်ခုခုရှိတယ်ဆိုရင်ကိုပဲ သင့်အိမ်ထဲကို အကောင်းဓာတ်စွမ်းအင်တွေ ဝင်ရောက်မှုကနေ တားဆီးနိုင်ပါတယ်။ ပြုပြင်ထိန်းသိမ်းမှုမရှိတဲ့အိမ်ဟာ တန့်၊ ထိုင်းမှိုင်း၊ တိုးတက်မှုမရှိတဲ့စွမ်းအင်တွေကို ဖန်တီးပါတယ်။

* တံခါးရွက်မှာ နေရာအနည်းငယ်လေးပဲ စုတ်ပြဲပျက်စီးနေတယ်ဆိုရင်တောင် အကောင်းနဲ့အစားထိုးလဲလှယ်ပါ။

* တံခါး၊ ပြတင်းအားလုံးက သော့တွေ ပိတ်ရဖွင့်ရအဆင်ပြေချောမွေ့မှုရှိပါစေ။

* ပြတင်းပေါက်အားလုံးကို အတွင်းရောအပြင်ရော သန့်ရှင်းရေးပုံမှန်လုပ်ပေးပါ။ ဒါမှ အကောင်းဓာတ်စွမ်းအင်တွေ သင့်အိမ်ထဲ ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

* မဖွင့်ဖြစ်တဲ့ပြတင်းပေါက်တွေ၊ အလွယ်တကူဖွင့်မရတဲ့ ပြတင်းပေါက်မှန်သမျှကို ပြုပြင်ပါ။

* ပြတင်းမှာ မှန်ကွက်၊ မှန်လျှောထိုးတွေ တပ်ထားရင် အဲ့ဒီမှန်တွေကိုလည်း ပြုပြင်ပါ။

* အိမ်ဘေးလျှောက်လမ်းတွေမှာ အုတ်၊ ကွန်ကရစ်ကျိုးပဲ့ပျက်စီးမှုရှိရင် ပြုပြင်ပါ။

* ခြံထဲကလျှောက်လမ်းအပြင်ဘက်ထွက်ပြီး ပေါက်နေတဲ့ချုံနွယ်မြက်ပင်တွေကိုရှင်းလင်းပါ။ (သဘောကတော့ အကောင်းဓာတ်စွမ်းအင်တွေ အိမ်ထဲဝင်ဖို့ လမ်းကြောင်းမှာရှိတဲ့ အတားအဆီးမှန်သမျှကို ဖယ်ရှားပါ။)

၇။ မင်္ဂလာရှိသောဖုန်းရွှေအတွက် စာတိုက်ပုံးကို ပိုမိုကောင်းမွန်စေပြီး ပလက်ဖောင်းဘောင်ကို မြှင့်တင်ပါ။

ဒီအချက်ကို အရေးမပါတဲ့အချက်လို့ ထင်မြင်ကောင်းထင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ သင့်စာတိုက်ပုံးဟာ သစ်လွင်ရှင်းသန့်နေသင့်ပါတယ်။ လိုအပ်ရင် သူ့ကို ဆေးထပ်သုတ်ပေးတာ၊ အသစ်လဲပေးတာမျိုး လုပ်ပေးပါ။ သင့်စာတိုက်ပုံးနားမှာ ရှုခင်းသာယာစေအောင် ပြုပြင်ပေးပါ။ သင့်စာတိုက်ပုံးဆီ အကောင်းဓာတ်စွမ်းအင်တွေကို ဆွဲခေါ်ပြီး ကားလမ်းပလက်ဖောင်းဘောင်ကို မြှင့်တင်ပေးပါ။

၈။ ဖုန်းရွှေရေဓာတ်ရုပ်များကို သင့်လျော်စွာနေရာချပါ။

ဖုန်းရွှေနိယာမတွေအသုံးချတာတောင် သင့်အိမ်ကို ရောင်းမထွက်အောင် ဟန့်တားနေတဲ့ ပြဿနာဧရိယာအချို့ သင့်အိမ်မှာ ရှိနေနိုင်ပါတယ်။ ဖုန်းရွှေနိယာမတွေ အသုံးချတဲ့အခါ လူတွေလုပ်လေ့ရှိတဲ့ အကြီးဆုံးအမှားကတော့ ဖုန်းရွှေရုပ်တွေကို အထားမှားတာပါပဲ။ ဥပမာ - တချို့လူတွေက ရေဓာတ်ရုပ်ကို သူတို့ရဲ့အိမ်အပြင်ဘက်မှာ ထားဖို့ ဆုံးဖြတ်ပါတယ်။ အဲ့ဒီလိုထားတဲ့အခါ ရေဓာတ်ရုပ်ရဲ့ မျက်နှာမူရာအရပ်ကို မှန်ကန်အောင် မထားတတ်ဘူးဆိုရင် အကောင်းထက် အဆိုးကို ပိုလို့တောင်ဖြစ်စေနိုင်ပါတယ်။

အိမ်ဆီသို့ ရေစီးဆင်းမှုများ

ရေကို အိမ်ကနေ အဝေးမဟုတ်ဘဲ အိမ်ဘက်ဆီ အမြဲတစေ စီးဆင်းပါစေ။ ရေက သင့်အိမ်ဆီစီးဆင်းတဲ့အခါ သင့်ဆီငွေကြေးကို ဆောင်ကြဉ်းပေးမှာပါ။ သင့်အိမ်ကနေဝေးရာကို စီးဆင်းနေရင်တော့ သင့်ဥစ္စာဓနကို ကဲ့ယူပြီး အလားအလာရှိတဲ့ဝယ်လက်တွေကို အဝေးကိုပို့ပစ်တာကို တွေ့ရပါလိမ့်မယ်။

အိပ်ခန်းထဲ ရေမထားရ

ငါးကန်အပါအဝင် ရေဓာတ်ရုပ်ကို သင့်အိပ်ခန်းထဲ ဘယ်တော့မှမထားပါနဲ့။ ဓာတ်တွေကို နှိုးဆွရာမရောက်ဘဲ ဓာတ်တွေရဲ့ ထက်သန်မှုကိုလျော့စေနိုင်ပါတယ်။

သင့်အိမ်ရောင်းထွက်ဖို့အခွင့်အလမ်းတိုးတက်စေချင်တယ်ဆိုရင် သင့်အနေနဲ့ အခြားမသက်ဆိုင်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားနေမယ့်အစား ယခုဖော်ပြပါဖုန်းရွှေအချက်တွေကို ယုံယုံကြည်ကြည်နဲ့လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

Other Poperty Feng Shui Articles

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)