3938 Views

အိမ်သာထိုင်ခုံအတွက် ထိပ်တန်းဖုန်းရွှေအချက် (၆) ချက်

အားလုံးသိကြတဲ့အတိုင်း ရေအိမ် (သို့မဟုတ်) အိမ်သာဆိုတာဟာ ဖုန်းရွှေအညံ့ဓာတ်ရင်းမြစ်ပဲ ဖြစ်ပါတယ်။ အိမ်သာမှာ အညစ်အကြေးစွန့်တဲ့အခါ ထိုင်ရတဲ့နေရာဖြစ်တဲ့ အိမ်သာထိုင်ခုံကတော့ အိမ်သာရဲ့ အဓိက ဖုန်းရွှေအခြေခံပါ။ ဒါကြောင့် ဒီလမှာ အိမ်သာထိုင်ခုံအတွက် ဖုန်းရွှေအချက်လေး တွေနဲ့ ပတ်သက်ပြီး ဖော်ပြပေးချင်ပါတယ်။

၁။ အိမ်သာထိုင်ခုံ တည်နေရာ

အိမ်သာထိုင်ခုံအတွက် ထိပ်တန်းဖုန်းရွှေအချက် (၆) ချက်

အိမ်သာထိုင်ခုံဟာ အိမ်သာတံခါးနဲ့ မျက်နှာချင်းမဆိုင်ရပါဘူး။ အကယ်၍များ မျက်နှာချင်းဆိုင်အနေအထားဖြစ်နေမယ်ဆိုရင် ဒါဟာ ငွေကြေးဆုံးရှုံးမှု ကို ဖြစ်ပေါ်စေမှာပါ။ အိမ်သာတံခါးဟာ အိမ်သာထိုင်ခုံလားရာနဲ့ ထောင်လိုက် ဖြစ်ရပါမယ်။ နေရာအခက်အခဲရှိတယ်ဆိုရင်လည်း အိမ်သာတံခါးနဲ့ တည့်တိုးကြီး မျက်နှာချင်းဆိုင်မကျအောင်လို့ အိမ်သာထိုင်ခုံကို အနည်းငယ်ရွှေ့ပြီး တည်ဆောက်သင့်ပါတယ်။

အိမ်သာထိုင်ခုံအတွက် ထိပ်တန်းဖုန်းရွှေအချက် (၆) ချက်

အိမ်သာထိုင်ခုံအတွက် ထိပ်တန်းဖုန်းရွှေအချက် (၆) ချက်

၂။ အိမ်သာထိုင်ခုံမျက်နှာမူရာအရပ်ဟာ တောင်အရပ်မဖြစ်ရပါဘူး။ ဘာကြောင့်လဲဆိုတော့ တောင်အရပ်ဟာ ဖုန်းရွှေဓာတ်ကြီးငါးပါးထဲမှာ မီးဓာတ်ဖြစ်ပါတယ်။ ဒါကြောင့် အိမ်သာမှာ ရေဓာတ်နဲ့မီးဓာတ်တို့ ၀ရုန်းသုန်းကား အချင်းများ ကုန်ကြကုန်မှာမို့လို့ပါ။

အိမ်သာထိုင်ခုံအတွက် ထိပ်တန်းဖုန်းရွှေအချက် (၆) ချက်

၃။ အိမ်သာထိုင်ခုံဟာ တစ်ဖက်မှာရှိတဲ့အိပ်ခန်းရဲ့ကုတင်ခေါင်းရင်းကပ်ထားတဲ့နံရံနဲ့ မနီးကပ်သင့်ပါဘူး။ အိမ်သာသုံးတဲ့အခါ ရေဆွဲချတဲ့အသံက သင့် အိပ်ရေးကို အနှောင့်အယှက်ဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်။ အဲ့ဒီလိုအနှောင့်အယှက် ကို ရေရှည်ကြုံတွေ့လာရတဲ့အခါ ခေါင်းကိုက်ခြင်းနှင့် အိပ်မပျော်ခြင်းတို့ ခံစားရနိုင်ပါတယ်။

အိမ်သာထိုင်ခုံအတွက် ထိပ်တန်းဖုန်းရွှေအချက် (၆) ချက်

၎။ အိမ်သာထိုင်ခုံအဖုံးကို ဖုံးအုပ်ထားပါ။ အိမ်သာထိုင်ခုံအဖုံးနဲ့ အိမ်သာတံခါးတို့ကို အသုံးပြုချိန်နဲ့ အ၀င်အထွက်ပြုလုပ်ချိန်တို့ကလွဲရင် ပိတ်ထားတာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အညံ့ဓာတ်တွေဟာ သင့်အိမ်ထဲဝင်ရောက်ပြီး အကောင်းဓာတ်တွေကို အားပျော့စေမှာမို့ပါ။ ဖုန်းရွှေကြောင့်မဟုတ်ဘဲ ဒီအတိုင်းပဲ ကျန်းမာရေးအတွက် စဉ်းစားလိုက်မယ်ဆိုရင်တောင် အိမ်သာထိုင်ခုံက အစိုဓာတ်နဲ့အနံ့ဆိုးတွေကြောင့် အိမ်သာထိုင်ခုံအဖုံးနဲ့ အိမ်သာတံခါးတို့ကို အသုံးပြုချိန်နဲ့ အ၀င်အထွက်ပြုလုပ်ချိန်တို့ကလွဲရင် ပိတ်ထားသင့်ပါတယ်။

အိမ်သာထိုင်ခုံအတွက် ထိပ်တန်းဖုန်းရွှေအချက် (၆) ချက်

၅။ အိမ်သာအား ကုတင်နဲ့မျက်နှာချင်းဆိုင် မဆောက်လုပ်ရ။

အိမ်သာထိုင်ခုံအတွက် ထိပ်တန်းဖုန်းရွှေအချက် (၆) ချက်

၆။ အိမ်သာထိုင်ခုံဟာ တစ်ဖက်မှာရှိတဲ့ မီးဖိုချောင်ရဲ့ မီးဖိုခုံကပ်ထားရာ နံရံနဲ့ မနီးကပ်သင့်ပါဘူး။ သိကြတဲ့အတိုင်းပဲ ရေဓာတ်နဲ့ မီးဓာတ်တို့ဟာ သဟဇာတ မဖြစ်ကြပါဘူး။ ရေနဲ့မီးတို့ ၀ရုန်းသုန်းကားထိပ်တိုက်တွေ့ကြရင် မတည်ငြိမ်တဲ့ ဖုန်းရွှေအညံ့ဓာတ်တွေကို ဖြစ်ပေါ်စေမှာပါ။

အိမ်သာထိုင်ခုံဆိုင်ရာ အထက်ပါဖုန်းရွှေအချက်တွေဟာ သင့်အတွက် ဖုန်းရွှေအကောင်းဓာတ်တွေရရှိဖို့အတွက် အလွန်အရေးပါပါတယ်။ သင့်အိမ်သာ မှာ အထက်ဖော်ပြပါဖုန်းရွှေအချက်တွေကို အသုံးချပြီး သင့်ဘ၀နဲ့ကျန်းမာရေးတို့ စည်းချက်ညီညီလှပနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။


ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)