4277 Views

၂၀၁၉ တွင်ဖုန်းရွှေနည်းကို အခြေပြု အလှဆင်ရမည့်ကံကောင်းစေသော အရောင်များ

သင့်တစ်ကိုယ်ရေစွမ်းအင်ကို အားကောင်းစေဖို့ ၂၀၁၉ ခုနှစ်ထဲ မှာ ၀တ်ဆင်ဖို့ဖြစ်ဖြစ် ဒါမှမဟုတ် အိမ်အလှဆင်ဖို့ဖြစ်ဖြစ် သင့်အတွက် အကောင်းဆုံး အရောင်ရွေးချယ်မှုတွေ ပြုလုပ်တဲ့အခါ ဖုန်းရွှေမှာ နည်းလမ်း များစွာရှိပါတယ်။ ပထမနည်းက သင့်ရဲ့ပုဂ္ဂလိက ဖုန်းရွှေမွေးဓာတ် အပေါ် အခြေခံပါတယ်။ ဒုတိယနည်းကတော့ လက်ရှိနှစ်ရဲ့ ဖုန်းရွှေဓာတ်နဲ့ ဆုံးဖြတ်တဲ့နည်းပဲ ဖြစ်ပါတယ်။

ဖုန်းရွှေမှာ ဓာတ်ကြီး ငါးပါး ရှိပါတယ်။ ၂၀၁၉ ခုနှစ် က မြေဓာတ်ကြီးစိုးတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ ဖုန်းရွှေ ဓာတ်တစ်မျိုးစီကို အရောင်များစွာနဲ့ ဖော်ပြတာမို့ အဲဒီအခြင်း အရာက အရောင်ရွေးချယ်ခွင့်လေးတွေ ရရှိစေပါတယ်။

၂၀၁၉ တွင်ဖုန်းရွှေနည်းကို အခြေပြု အလှဆင်ရမည့်ကံကောင်းစေသော အရောင်များ

၂၀၁၉ မှာ ၀တ်ဆင်ဖို့ ဒါမှမဟုတ် အိမ်အလှဆင်ဖို့ အကောင်းဆုံးဖုန်းရွှေ အရောင်တွေဟာ ၂၀၁၈ အတွက် အကောင်းဆုံးဖုန်းရွှေအရောင်တွေနဲ့ အတော်လေးတူတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်နှစ်စလုံးက မြေဓာတ် ကြီးစိုးတဲ့ နှစ်တွေပဲ ဖြစ်လို့ပါ။

၂၀၁၉ တွင်ဖုန်းရွှေနည်းကို အခြေပြု အလှဆင်ရမည့်ကံကောင်းစေသော အရောင်များ

ဒါပေမဲ့ ၂၀၁၉ ကတော့ ၂၀၁၈ ခုနှစ်လို ယန်စွမ်းအင် အရည်အသွေး ကြီးစိုးတဲ့နှစ် မဟုတ်ဘဲ ယင်စွမ်းအင်ကြီးစိုးတဲ့ နှစ်ဖြစ်တာမို့ ခွေးနှစ်လည်း ဖြစ်တဲ့ ၂၀၁၈ ထက် ပိုပြီးတည်ငြိမ်၊ ပိုပြီးသက်သောင့်သက်သာဖြစ်၊ ပိုပြီးဆိတ်ငြိမ်တဲ့ စွမ်းအင်ကို ဆောင်ကြဉ်းလာမှာပါ။ ယခုနှစ်ကတော့ ၀က်နှစ်ဖြစ်ပြီး ၂၀၁၉ ဖေဖော်ဝါရီ ၅ ရက်မှာ စတင်ပါတယ်။

၂၀၁၉ တွင်ဖုန်းရွှေနည်းကို အခြေပြု အလှဆင်ရမည့်ကံကောင်းစေသော အရောင်များ

မြေဓာတ်ကို မီးဓာတ်က အာဟာရဖြည့်ပေးတာကြောင့် ၂၀၁၉ မှာ အလှဆင်ဖို့ အကောင်းဆုံးအရောင်တွေ ကတော့ မီးဓာတ်ကိုယ်စားပြုအရောင်တွေပဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ အထူးသဖြင့် ယင်စွမ်းအင်ပိုရှိစေတဲ့ အရောင်တွေပဲ ဖြစ်ပါတယ်။ မြေကြီးဓာတ် ကိုယ်စားပြုအရောင်တွေ ကိုလည်း ၂၀၁၉ ရဲ့ ကံကောင်းစေတဲ့အရောင်တွေအဖြစ် ယူဆပါတယ်။

၂၀၁၉ တွင်ဖုန်းရွှေနည်းကို အခြေပြု အလှဆင်ရမည့်ကံကောင်းစေသော အရောင်များ

အောက်ပါအရောင်တွေကတော့ ၂၀၁၉ မှာ ၀တ်ဆင် ဖို့ ဒါမှမဟုတ် အိမ်အလှဆင်ဖို့ အကောင်းဆုံးဖုန်းရွှေအရောင် တွေပဲ ဖြစ်ပါတယ်။

၂၀၁၉ တွင်ဖုန်းရွှေနည်းကို အခြေပြု အလှဆင်ရမည့်ကံကောင်းစေသော အရောင်များ

ပန်းသွေးရောင်၊ ခရမ်းပြာနုရောင် ၊ မြေနီရောင်၊ သန္တာ ရောင် ၊ ထောပတ်ရောင်၊ မီးခိုးနုရောင်။ အထက်ပါ ၂၀၁၉ အတွက် ကံကောင်းစေတဲ့ ဖုန်းရွှေအရောင်တွေကို နေအိမ် အလှဆင်ပစ္စည်းတွေအပြင် အ၀တ်အထည်မှသည် လက်ဝတ်ရတနာ၊ လက်ကိုင်အိတ်၊ ဖိနပ် စတဲ့အသုံးအဆောင်အမျိုးမျိုး မှာပါ အသုံးချနိုင်ပါတယ်။

၂၀၁၉ တွင်ဖုန်းရွှေနည်းကို အခြေပြု အလှဆင်ရမည့်ကံကောင်းစေသော အရောင်များ

ဒါကြောင့်မို့လို့ အထက်ဖော်ပြပါအရောင်တွေကို သင့်ရဲ့ နေ့စဉ်ဘ၀မှာ မျိုးစုံအလှဆင်ပြီး သင့်တစ်ကိုယ်ရေစွမ်းအင်ကို အားကောင်းစေလိုက်ပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ် ရှင်။


ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App