2276 Views

သင့်ကလေးငယ်၏ အခန်းအတွက် ထိပ်တန်း ဖုန်းရွှေ (၆)ချက်

ဖုန်းရွှေချစ်သူတွေအနေနဲ့ မိမိတို့ရဲ့ ကလေး ငယ်ရဲ့ အခန်းအတွက် အရည်အသွေး ကောင်းမွန်တဲ့ ကလေးကုတင်နဲ့ ကလေးပစ္စည်းပစ္စယတွေ တင်ဖို့၊ ထည့်ဖို့ စင်တို့၊ ဗီရိုတို့ ၀ယ်တင်းဖြည့်ဆည်းပေးထား ရုံနဲ့တင် မရပ်တန့်လိုက်ပါနဲ့။

ကလေးငယ်ရဲ့ အခန်းတွင်းအပြင်အဆင် အထားအသို တွေက ဖုန်းရွှေနည်းကျဖြစ်ဖို့ကလည်း အရေးကြီးပါသေးတယ်။
ဒါမှသာလျှင် သင့်ကလေးအတွက် မင်္ဂလာတွေကို ဖန်တီးပေးမယ့် အကောင်းဓာတ်စွမ်းအင်ဖြစ်တဲ့ ချီစွမ်းအင်ဟာ အခန်းအတွင်း အဆင်ပြေချောမွေ့စွာ စီးဆင်းနိုင်မှာပဲ ဖြစ် ပါတယ်။

သင့်ကလေးငယ်၏ အခန်းအတွက် ထိပ်တန်း ဖုန်းရွှေ (၆)ချက်

၁။ကလေးအတွက် ကံကောင်းစေသော အရောင်ကို သိပါစေ။

ကလေးရဲ့ မွေးလက သူ့အတွက် ကံကောင်းစေတဲ့ အရောင်ကို ညွှန်ပြပါတယ်။ တကယ်လို့ သင့်ကလေးက နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်န၀ါရီတို့ထဲက တစ်လလမှာ မွေးဖွား တာဆိုရင် ပန်းရောင်တောက်တောက်၊ အနီရောင်တောက် တောက်၊ မရမ်းရောင်တောက်တောက်၊ လိမေ်္မ်ာရောင်တောက် တောက်တွေကို အသုံးပြုပါ။

ဖေဖော်ဝါရီ၊ မတ်နဲ့ ဧပြီ တစ်လလမှာ မွေးတာဆိုရင် သူ့ရဲ့ ကံကောင်းခြင်းအရောင်က အဖြူ၊ မီးခိုးနဲ့ ရွှေရောင်တို့ပဲ ဖြစ်ပါတယ်။ မေ၊ ဇွန် ဒါမှမဟုတ် ဇူလိုင် တစ်လလမှာ မွေးဖွား တာဆိုရင်တော့ အရောင်တောက်တောက်တစ်ခုပေါ်မှာ အပြာ ရောင်ပြေးတွေ ရောယှက်ထားတာတို့ အနက်ရောင်တို့ကို ရွေးချယ်ရမှာပါ။ တကယ်လို့ မွေးလက သြဂုတ်၊ စက်တင်ဘာ ဒါမှမဟုတ် အောက်တိုဘာမှာ ဆိုရင်တော့ အစိမ်းရောင်က သူ့ကို ကံကောင်းစေမယ့်အရောင်ပဲ ဖြစ်ပါတယ်။

၂။ ကလေးကုတင်အတွက် အသင့်လျော်ဆုံး မျက်နှာမူရာ အရပ်ကို ရှာဖွေပါ။

ဒီအချက်အတွက်လည်း ကလေးရဲ့ မွေးလက ကူညီ ရွေးချယ်ပေးဦးမှာပါ။ ကလေးက နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်န၀ါရီတို့ထဲက တစ်လလမှာ မွေးဖွားတာဆိုရင် ကုတင် ခြေရင်းဟာ တောင်ဘက်အရပ်ကို မျက်နှာမူရမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ၊ မတ်နဲ့ ဧပြီ တစ်လလမှာ မွေးတာဆို ရင် အနောက်အရပ်က အကောင်းဆုံးပဲ ဖြစ်ပါတယ်။ မေ၊ ဇွန် ဒါမှမဟုတ် ဇူလိုင် တစ်လလမှာ မွေးဖွားတာဆိုရင်တော့ ကုတင်ခြေရင်းဟာ မြောက်အရပ်ကို မျက်နှာမူရမှာပါ။

သြဂုတ်၊ စက်တင်ဘာ ဒါမှမဟုတ် အောက်တိုဘာ မှာ ဆိုရင်တော့ အရှေ့အရပ်ကို မျက်နှာမူကာ ထားရှိရမှာပဲ ဖြစ်ပါတယ်။

သင့်ကလေးငယ်၏ အခန်းအတွက် ထိပ်တန်း ဖုန်းရွှေ (၆)ချက်

၃။ ကုတင်အား နံရံကို အမှီသဟဲပြု၍ ထားရှိပါ။

ကုတင်အား အခန်းတံခါး ဒါမှမဟုတ် သန့်စင်ခန်းနဲ့ တပြေးညီ မထားပါနဲ့။ မီးရောင်အောက်တည့်တည့်မှာလည်း မထားရှိပါနဲ့။ ကုတင်နောက်ကျောအား နံရံကို အမှီသဟဲပြုပြီး တော့သာ ထားရှိပါ။ အထူးသဖြင့် သူ့ရဲ့ မွေးလက နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်န၀ါရီတို့ထဲက တစ်လလမှာဆိုရင် ဆောင်းရာသီ ကာလဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ ခန္ဓာကိုယ်အမျိုးအစားက အေးတဲ့ဘက်ကို သဘောပိုသက်ရောက်တာမို့ သူ့ကုတင်ကို လေအေးပေးစက်နဲ့ ပန်ကာတို့နဲ့ မျက်နှာချင်းမဆိုင်မိစေ ဖို့လည်း အထူးသတိထားပါ။

၎။ ချီစွမ်းအင်စီးဆင်းမှု အဆင်ပြေချောမွေ့ပါစေ။

ရာသီဥတုက ပူအိုက်တဲ့အခါမှာ လေအေးပေးစက် ဖွင့်ထားတဲ့ အခန်းထဲ ကလေးငယ်အိပ်စက်ရတာဟာ ယေဘုယျ အားဖြင့် သက်သောင့်သက်သာ ပိုရှိပါတယ်။ ဒါပေမဲ့ ဖုန်းရွှေ ရှုထောင့်ကနေကြည့်ရင်တော့ ဒါဟာ ကောင်းမွန်တဲ့ ချီ စွမ်းအင်စီးဆင်းမှုကို တားဆီးကန့်သတ်နေပါတယ်။ ဖြစ်နိုင် သမျှ လေအေးပေးစက်အသုံးပြုတာကို လျှော့ချပြီး လတ်ဆတ် တဲ့ သဘာဝလေထု တိုက်ခတ်စီးဝင်အောင် ပြတင်းပေါက်ဖွင့် ပါ။ အခန်းကို သန့်ရှင်းအောင်ထားပြီး ရှုပ်ပွမနေစေခြင်းက လည်း ချီစွမ်းအင်စီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပြီး သင့်ကလေးငယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်စေဖို့အတွက်နောက်ထပ်နည်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် တီဗွီနဲ့ ကွန်ပျူတာ လိုမျိုး မလိုအပ်တဲ့ အီလက်ထရောနစ်ပစ်္စည်းတွေအားလုံး ကိုလည်း အခန်းထဲမှာ မထားပါနဲ့။

သင့်ကလေးငယ်၏ အခန်းအတွက် ထိပ်တန်း ဖုန်းရွှေ (၆)ချက်

၅။ ကလေး၏ ပင်ကိုယ်စရိုက်ကို ထည့်သွင်းစဉ်းစားပါ။

သင့်ကလေးငယ်က စိတ်ဆတ်ပြီး ဂျီကျတတ်တယ် ဆိုရင် ဥယျာဉ်ပုံစံလိုမျိုး သဘာဝဆန်ဆန် အခန်းတွင်းအပြင် အဆင်က သူ့စိတ်ကို တည်ငြိမ်စေဖို့ အထောက်အကူပြု ပါလိမ့်မယ်။ သဘောထားပျော့ပျောင်းတဲ့ ကလေးဆိုရင်တော့ အားကစားပြုလုပ်နေတဲ့ပုံတွေလိုမျိုး အခန်းတွင်းအပြင်အဆင် က သူ့ရဲ့ စိတ်ဓာတ်ခွန်အား ခိုင်မာတက်ကြွစေဖို့ ကူညီပေး နိုင်ပါလိမ့်မယ်။ ဘယ်လိုစရိုက်ပဲရှိရှိ ကြောက်မက်ထိတ်လန့် ဖွယ်ရာ နံရံကပ်စက်္ကူပုံတွေ၊ အခန်းတွင်းအပြင်အဆင်တွေကို ရှောင်ရှားရမှာကိုတော့ မမေ့ပါနဲ့။

သင့်ကလေးငယ်၏ အခန်းအတွက် ထိပ်တန်း ဖုန်းရွှေ (၆)ချက်

၆။ သင့်ချစ်မေတ္တာကို ပြသပါ

သင်တို့မိသားစုဓာတ်ပုံတွေ၊ ပန်းချီကားတွေ၊ ဆု တံဆိပ်တွေကို ကလေးရဲ့ အခန်းတွင်း ထားရှိပေးပါ။ ဒီချစ်ခြင်း မေတ်္တာနဲ့ အသိအမှတ်ပြုခံရမှုသင်္ကေတတွေက သူ့ရဲ့ အကောင်း မြင်စိတ်ကို ဖြစ်ပေါ်စေပြီး အောင်မြင်မှုအတွက် လမ်းစဖြစ်စေ ပါတယ်။ အလှထားတဲ့ဓားပဲဖြစ်ဖြစ် ချွန်ထက်တဲ့အရာတွေ အပျက်သဘောဆောင်တဲ့အရာတွေ မထားရှိမိစေဖို့လည်း ဂရု ပြုပါ။ သူ့အတွက် စိတ်မလုံမခြုံဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။

ဖုန်းရွှေချစ်သူအားလုံးပဲ ဖုန်းရွှေပညာရှင်တွေရဲ့ အထက်ပါထိပ်တန်းအကြံပြုချက် (၆) ချက်ကို လိုက်နာပြီး မိမိတို့သားသမီးရတနာလေးတွေရဲ့ အနာဂတ်လှပအောင် ဖုန်းရွှေနဲ့ ပုံဖော်ပေးနိုင်စေဖို့ ဆန္ဒပြုလိုက်ရပါတယ်ရှင်။

 

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

 

Other Poperty Feng Shui Articles

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App