4560 Views

ဖုန်းရွှေအိမ်တွင်းသစ်ပင် ရွေးချယ်နေရာချထားမှုလမ်းညွှန်

[Unicode]

လူတိုင်းလူတိုင်း သူတို့ရဲ့အိမ်မှာ သစ်ပင်ပန်းမန်လေးတွေ ရှိသင့်တယ်လို့ ကျွန်မ ကတော့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ...သစ်ပင်ပန်းမန်တွေဆိုတာ သင့်အိမ်ရဲ့ အသွင်အပြင်နဲ့ ခံစားချက်ထဲ ကြီးမားတဲ့ ဖြည့်စွက်ချက်ကြီးတစ်ရပ် ဖြစ်လို့ပါပဲ။ သူတို့ က သင့်ရဲ့ ရိုးအီပြီး ငြီးငွေ့ စရာကောင်းတဲ့ ပတ်ဝန်းကျင်ကို အသက်ဝင်စေပါတယ်။ ပြီးတော့ လည်း သူတို့ဟာ ထိန်းသိမ်းဖို့ရာလည်း အတော်လေး လွယ်ကူပါတယ်။

ဖုန်းရွှေအိမ်တွင်းသစ်ပင် ရွေးချယ်နေရာချထားမှုလမ်းညွှန်


ဒါပေမဲ့လည်း အဓိကအကြောင်းရင်းကတော့ သစ်ပင်ပန်းမန်တွေဟာ ကျန်းမာရေးနဲ့ ဖုန်းရွှေအကျိုးကျေးဇူးတွေကို ဆောင်ကြဉ်းတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင်က သင့်အိမ် ကို အသက်ပိုဝင်အောင် ခွန်အားဖြည့်မယ်ဆိုရင်တော့ ဒီဖုန်းရွှေအိမ်တွင်း သစ်ပင်ရွေးချယ်နေရာချ ထားမှုလမ်းညွှန်က သင့်အတွက်ပါပဲ။

လမ်းညွှန်ကို မပြောပြပေးခင်မှာ အိမ်တွင်းသစ်ပင်ပန်းမန်လေးတွေ ထားရှိခြင်းရဲ့ဖုန်းရွှေ အကျိုးကျေးဇူးကို အရင်ဆုံးဖော်ပြပေးချင်ပါတယ်။

သိပ္ပံနည်းကျ သုတေသနပြု သက်သေရရှိထားတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရှိပေမယ့် ဒီဆောင်းပါးက ဖုန်းရွှေဆောင်းပါးဖြစ်တာကြောင့် ဖုန်းရွှေအကျိုးကျေးဇူးတွေကိုပဲ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဖုန်းရွှေအိမ်တွင်းသစ်ပင် ရွေးချယ်နေရာချထားမှုလမ်းညွှန်


အိမ်တွင်းသစ်ပင်ပန်းမန်များ၏ ဖုန်းရွှေ


သစ်ပင်ပန်းမန်တွေက ဖုန်းရွှေကို ဘယ်လိုအထောက်အကူ ဖြစ်စေတာပါလိမ့်

သစ်ပင်ပန်းမန်တွေဟာ အသက်ရှိသလို အသက် လည်း ရှူကြတဲ့ သက်ရှိအရာတွေပဲဖြစ်ပါတယ်။ သူတို့က သက်မဲ့ဖုန်းရွှေပစ္စည်းတွေထက် စွမ်းအင်တွေ ပိုပြီးထုတ်လုပ် ကြပါတယ်။ သူတို့ ရဲ့စွမ်းအင်တွေကို အောက်ဖော်ပြပါ ရည်ရွယ်ချက်တွေ အောင်မြင်ပေါက်မြောက်စေဖို့အတွက် ပုံမှန် အားဖြင့် အသုံးပြုပါတယ်။

ဧရိယာတစ်ခု၏ စွမ်းအင်ကိုတိုးမြှင့်ပေးခြင်း

သစ်ပင်ပန်းမန်တွေဟာ အသက်ရှူနေကြတဲ့ သက်ရှိ တွေဖြစ်ပါတယ်။ သူတို့က သင့်အိမ်ထဲမှာ တက်ကြွတဲ့ခံစား ချက်နဲ့ စွမ်းအင်တို့ကို ထုတ်လုပ်နိုင်ပါတယ်။ သင့်ပတ်ဝန်းကျင် ကို ပိုမို အသက်ဝင်အောင် ဖန်တီးပေးပါတယ်။

ဖုန်းရွှေအိမ်တွင်းသစ်ပင် ရွေးချယ်နေရာချထားမှုလမ်းညွှန်


ဖုန်းရွှေဓာတ်ကြီးငါးပါးကို ထိန်းညှိပေးခြင်း

သစ်ပင်ပန်းမန်တွေအားလုံးက သစ်သားဓာတ်နဲ့ သက်ဆိုင်ပါတယ်။ နေရာတစ်နေရာရာ ရဲ့ ဓာတ်စွမ်းအင်ကို ထိန်းညှိဖို့နည်းလမ်းတစ်ခုအဖြစ် သူတို့ကို ကျွမ်းကျင်သူတွေ က အသုံးပြုကြပါတယ်။ ဥပမာအားဖြင့် သူက သစ်သားဓာတ် နဲ့ ဆက်စပ်နဲ့ နေရာရဲ့ စွမ်းအင်ပမာဏကို တိုးမြှင့်ပေးနိုင် သလို ရေဓာတ်နဲ့ သက်ဆိုင်တဲ့နေရာရဲ့ စွမ်းအင်ပမာဏကို အားပျော့စေနိုင်ပါတယ်။

ချစ်ခြင်းမေတ္တာကို ဆွဲဆောင်ခြင်း

ချစ်ခြင်းမေတ္တာကို ဆွဲဆောင်ဖို့ရာ ယေဘုယျအား ဖြင့် ပန်းမန်တွေကို အသုံးပြုကြပါတယ်။ ယေဘုယျအကျဆုံး နည်းကတော့ ပန်းအနည်းငယ်ကို အိပ်ခန်းထဲ ထားရှိတာ
ပါ။

ဖုန်းရွှေအိမ်တွင်းသစ်ပင် ရွေးချယ်နေရာချထားမှုလမ်းညွှန်


အိမ်တွင်းသစ်ပင်ပန်းမန်များအား ထားရှိရမည့်နေရာများ

၁။ အရှေ့နှင့် အရှေ့တောင်အရပ်

အဲဒီအရပ်နှစ်ခုစလုံးက သစ်သားဓာတ်နဲ့ သက်ဆိုင်ပါ တယ်။ သက်ရှိသစ်သားဓာတ်ဖြစ်တဲ့ အိမ်တွင်းသစ်ပင်တွေမှာ အဲဒီနေရာရဲ့ သစ်သားဓာတ်ကို အားကောင်းစေတဲ့ အစွမ်းသတ္တိ ရှိပါတယ်။

၂။ တောင်အရပ်

ဒီအရပ်ကတော့ မီးဓာတ်ကို ကိုယ်စားပြုပါတယ်။ ဒီနေရာမှာ သစ်ပင်ပန်းမန်ပင်တွေ ထားရှိမယ်ဆိုရင် မီးဓာတ် အတွက် သစ်သားဓာတ်က အစာဖြစ်တာမို့ မီးဓာတ်အားကောင်း စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ရလဒ်အနေနဲ့ ရဲရင့်မှု တိုးပွား ပြီး ပိုမိုကောင်းမွန်တဲ့ စီရင်ဆုံးဖြတ်မှုတွေ ချမှတ်နိုင်စွမ်းမြင့်မား ကာ ဂုဏ်သတင်းပိုမိုမွှေးပျံ့စေမှာပဲ ဖြစ်ပါတယ်။

ဖုန်းရွှေအိမ်တွင်းသစ်ပင် ရွေးချယ်နေရာချထားမှုလမ်းညွှန်


၃။ ဝင်ပေါက်ရှိရာနေရာတစ်ဝိုက်နှင့် ဧည့်ခန်း

ကြီးမားတဲ့ အိမ်တွင်းသစ်ပင်တွေဟာ ဒီနှစ်နေရာ စလုံးနဲ့ သင့်လျော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်မိသားစု လုံးရဲ့ အလုံးစုံသောကံကို ဖြည်းဖြည်း မှန်မှန်တိုးတက်စေနိုင် ပါတယ်။ ဒါပေမဲ့လည်း ဝင်ပေါက်ရှိရာနေရာတစ်ဝိုက်နှင့် ဧည့်ခန်းပင် ဖြစ်စေကာမူ အိမ်ရဲ့အနောက်တောင်အရပ်၊ အရှေ့ မြောက်၊ အနောက်မြောက်အရပ်တွေ ဖြစ်ပါက ဘယ်လိုသစ်ပင် ကြီးကိုမှ မထားရှိသင့်ဘူးဆိုတာကို အမှတ်ရပါ။

၄။ စားသောက်ခန်း

စားသောက်ခန်းထဲမှာ သစ်ပင်ပန်းမန်တွေ ထားရှိတာဟာ တစ်မိသားစုလုံးရဲ့ ငွေကြေးကံကို တိုးတက်စေနိုင်ပါတယ်။ အပင်ရဲ့အရွယ်အစားကို စားသောက် ခန်းရဲ့အရွယ်နဲ့ လိုက် လျောညီထွေဖြစ်စေဖို့ သတိထားပါ။

ဖုန်းရွှေအိမ်တွင်းသစ်ပင် ရွေးချယ်နေရာချထားမှုလမ်းညွှန်

 

၅။ လျှပ်စစ်ရောင်ခြည်တန်းအောက်

လျှပ်စစ်ရောင်ခြည်တန်းတွေဟာ ချီစွမ်းအင်ကို ဖိနှိပ် ကြတာကြောင့် ဖုန်းရွှေဆိုးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လို့လည်း လျှပ်စစ်ရောင်ခြည်တန်းအောက်မှာ အနားယူတာ၊ အလုပ်လုပ်တာ၊ အိပ်တာကို ရှောင်ရှားဖို့ ဖုန်းရွှေမှာ အကြံပြု တာပဲ ဖြစ်ပါတယ်။ အပင်ကြီးနဲ့တူတဲ့ ဘွန်ဇိုင်းပင်လေးတွေ ကို လျှပ်စစ်ရောင်ခြည်တန်းအောက်မှာ ထားရှိမယ်ဆိုရင် ချီစွမ်းအင်အပေါ် လျှပ်စစ်ရောင်ခြည်တန်းရဲ့ ဖိနှိပ်မှုကို ရင်ဆိုင် တွန်းလှန်နိုင်ပါတယ်။

 


၆။ စာဖတ်ခန်း၊ အိမ်ရှိ အလုပ်ခန်း

သစ်ပင်ပန်းမန်တွေက သင်ယူလေ့လာနိုင်စွမ်းကို မြင့်မာစေပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေတာကို သိပ္ပ်ံ ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။


ဖုန်းရွှေနည်း အရ လည်း လက်ကီးဝါးပင်လေးတွေကို စာဖတ်ခန်း၊ အိမ်ရှိ အလုပ်ခန်းထဲ ထားရှိတဲ့အခါ အလားတူအကျိုးသက်ရောက် စေနိုင်ပါတယ်။

ဖုန်းရွှေအိမ်တွင်းသစ်ပင် ရွေးချယ်နေရာချထားမှုလမ်းညွှန်


၇။ အိပ်ခန်း


အိပ်ခန်းဆိုတာ ချစ်ခြင်းမေတ္တာနဲ့ ဆွတ်ပျံ့ကြည်နူးမှု နဲ့ ဆက်နွယ်ပါတယ်။ ဒီနေရာကို ပန်းမန်တွေ အသုံးပြုပြီး ချစ်ခြင်းမေတ္တာနဲ့ ဆွတ်ပျံ့ကြည်နူးမှုတွေကို အားကောင်းစေ နိုင်ပါတယ်။ ဒီအချက်ကိုတော့ ကိုယ့်ရဲ့ကြင်ဖော်ကို ဆွဲဆောင် ဖို့အတွက်ပဲ အသုံးပြုသင့်ပါတယ်။

ဖုန်းရွှေအိမ်တွင်းသစ်ပင် ရွေးချယ်နေရာချထားမှုလမ်းညွှန်

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

 

[Zawgyi]

 

ဖုန္းေရႊအိမ္တြင္းသစ္ပင္ ေရြးခ်ယ္ေနရာခ်ထားမႈလမ္းၫႊန္

 

လူတုိင္းလူတုိင္း သူတို႔ရဲ႕အိမ္မွာ သစ္ပင္ပန္းမန္ေလးေတြ ရွိသင့္တယ္လို႔ ကၽြန္မ ကေတာ့ ယူဆပါတယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ ...သစ္ပင္ပန္းမန္ေတြဆိုတာ သင့္အိမ္ရဲ႕ အသြင္အျပင္နဲ႔ ခံစားခ်က္ထဲ ႀကီးမားတဲ့ ျဖည့္စြက္ခ်က္ႀကီးတစ္ရပ္ ျဖစ္လို႔ပါပဲ။ သူတုိ႔ က သင့္ရဲ႕ ႐ိုးအီၿပီး ၿငီးေငြ႕ စရာေကာင္းတဲ့ ပတ္၀န္းက်င္ကို အသက္၀င္ေစပါတယ္။ ၿပီးေတာ့ လည္း သူတို႔ဟာ ထိန္းသိမ္းဖို႔ရာလည္း အေတာ္ေလး လြယ္ကူပါတယ္။

 

ဒါေပမဲ့လည္း အဓိကအေၾကာင္းရင္းကေတာ့ သစ္ပင္ပန္းမန္ေတြဟာ က်န္းမာေရးနဲ႔ ဖုန္းေရႊအက်ဳိးေက်းဇူးေတြကို ေဆာင္ၾကဥ္းတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ သင္က သင့္အိမ္ ကို အသက္ပို၀င္ေအာင္ ခြန္အားျဖည့္မယ္ဆုိရင္ေတာ့ ဒီဖုန္းေရႊအိမ္တြင္း သစ္ပင္ေရြးခ်ယ္ေနရာခ် ထားမႈလမ္းညႊန္က သင့္အတြက္ပါပဲ။

လမ္းၫႊန္ကို မေျပာျပေပးခင္မွာ အိမ္တြင္းသစ္ပင္ပန္းမန္ေလးေတြ ထားရွိျခင္းရဲ႕ဖုန္းေရႊ အက်ိဳးေက်းဇူးကို အရင္ဆံုးေဖာ္ျပေပးခ်င္ပါတယ္။

သိပၸံနည္းက် သုေတသနျပဳ သက္ေသရရွိထားတဲ့ က်န္းမာေရး အက်ိဳးေက်းဇူးေတြလည္း အမ်ားႀကီးရွိေပမယ့္ ဒီေဆာင္းပါးက ဖုန္းေရႊေဆာင္းပါးျဖစ္တာေၾကာင့္ ဖုန္းေရႊအက်ိဳးေက်းဇူးေတြကိုပဲ ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

 

အိမ္တြင္းသစ္ပင္ပန္းမန္မ်ား၏ ဖုန္းေရႊ


သစ္ပင္ပန္းမန္ေတြက ဖုန္းေရႊကို ဘယ္လိုအေထာက္အကူ ျဖစ္ေစတာပါလိမ့္

သစ္ပင္ပန္းမန္ေတြဟာ အသက္ရွိသလို အသက္ လည္း ႐ွဴၾကတဲ့ သက္ရွိအရာေတြပဲျဖစ္ပါတယ္။ သူတို႔က သက္မဲ့ဖုန္းေရႊပစၥည္းေတြထက္ စြမ္းအင္ေတြ ပိုၿပီးထုတ္လုပ္ ၾကပါတယ္။ သူတို႔ ရဲ႕စြမ္းအင္ေတြကို ေအာက္ေဖာ္ျပပါ ရည္ရြယ္ခ်က္ေတြ ေအာင္ျမင္ေပါက္ေျမာက္ေစဖို႔အတြက္ ပံုမွန္ အားျဖင့္ အသံုးျပဳပါတယ္။

ဧရိယာတစ္ခု၏ စြမ္းအင္ကိုတုိးျမႇင့္ေပးျခင္း

သစ္ပင္ပန္းမန္ေတြဟာ အသက္႐ွဴေနၾကတဲ့ သက္ရွိ ေတြျဖစ္ပါတယ္။ သူတို႔က သင့္အိမ္ထဲမွာ တက္ႂကြတဲ့ခံစား ခ်က္နဲ႔ စြမ္းအင္တို႔ကို ထုတ္လုပ္ႏိုင္ပါတယ္။ သင့္ပတ္၀န္းက်င္ ကို ပုိမို အသက္၀င္ေအာင္ ဖန္တီးေပးပါတယ္။

 

ဖုန္းေရႊဓာတ္ႀကီးငါးပါးကို ထိန္းညိႇေပးျခင္း

သစ္ပင္ပန္းမန္ေတြအားလံုးက သစ္သားဓာတ္နဲ႔ သက္ဆုိင္ပါတယ္။ ေနရာတစ္ေနရာရာ ရဲ႕ ဓာတ္စြမ္းအင္ကို ထိန္းညိႇဖို႔နည္းလမ္းတစ္ခုအျဖစ္ သူတို႔ကို ကၽြမ္းက်င္သူေတြ က အသံုးျပဳၾကပါတယ္။ ဥပမာအားျဖင့္ သူက သစ္သားဓာတ္ နဲ႔ ဆက္စပ္နဲ႔ ေနရာရဲ႕ စြမ္းအင္ပမာဏကို တိုးျမႇင့္ေပးႏုိင္ သလို ေရဓာတ္နဲ႔ သက္ဆုိင္တဲ့ေနရာရဲ႕ စြမ္းအင္ပမာဏကို အားေပ်ာ့ေစႏုိင္ပါတယ္။

ခ်စ္ျခင္းေမတၱာကို ဆြဲေဆာင္ျခင္း

ခ်စ္ျခင္းေမတၱာကို ဆြဲေဆာင္ဖုိ႔ရာ ေယဘုယ်အား ျဖင့္ ပန္းမန္ေတြကို အသံုးျပဳၾကပါတယ္။ ေယဘုယ်အက်ဆံုး နည္းကေတာ့ ပန္းအနည္းငယ္ကို အိပ္ခန္းထဲ ထားရွိတာ
ပါ။

 

အိမ္တြင္းသစ္ပင္ပန္းမန္မ်ားအား ထားရွိရမည့္ေနရာမ်ား

၁။ အေရွ႕ႏွင့္ အေရွ႕ေတာင္အရပ္

အဲဒီအရပ္ႏွစ္ခုစလံုးက သစ္သားဓာတ္နဲ႔ သက္ဆုိင္ပါ တယ္။ သက္ရွိသစ္သားဓာတ္ျဖစ္တဲ့ အိမ္တြင္းသစ္ပင္ေတြမွာ အဲဒီေနရာရဲ႕ သစ္သားဓာတ္ကို အားေကာင္းေစတဲ့ အစြမ္းသတၱိ ရွိပါတယ္။

၂။ ေတာင္အရပ္

ဒီအရပ္ကေတာ့ မီးဓာတ္ကို ကိုယ္စားျပဳပါတယ္။ ဒီေနရာမွာ သစ္ပင္ပန္းမန္ပင္ေတြ ထားရွိမယ္ဆုိရင္ မီးဓာတ္ အတြက္ သစ္သားဓာတ္က အစာျဖစ္တာမို႔ မီးဓာတ္အားေကာင္း ေစႏုိင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ရလဒ္အေနနဲ႔ ရဲရင့္မႈ တုိးပြား ၿပီး ပိုမိုေကာင္းမြန္တဲ့ စီရင္ဆံုးျဖတ္မႈေတြ ခ်မွတ္ႏုိင္စြမ္းျမင့္မား ကာ ဂုဏ္သတင္းပိုမိုေမႊးပ်ံ႕ေစမွာပဲ ျဖစ္ပါတယ္။

 

၃။ ၀င္ေပါက္ရွိရာေနရာတစ္၀ိုက္ႏွင့္ ဧည့္ခန္း

ႀကီးမားတဲ့ အိမ္တြင္းသစ္ပင္ေတြဟာ ဒီႏွစ္ေနရာ စလံုးနဲ႔ သင့္ေလ်ာ္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ တစ္မိသားစု လံုးရဲ႕ အလံုးစံုေသာကံကို ျဖည္းျဖည္း မွန္မွန္တုိးတက္ေစႏုိင္ ပါတယ္။ ဒါေပမဲ့လည္း ၀င္ေပါက္ရွိရာေနရာတစ္၀ိုက္ႏွင့္ ဧည့္ခန္းပင္ ျဖစ္ေစကာမူ အိမ္ရဲ႕အေနာက္ေတာင္အရပ္၊ အေရွ႕ ေျမာက္၊ အေနာက္ေျမာက္အရပ္ေတြ ျဖစ္ပါက ဘယ္လုိသစ္ပင္ ႀကီးကိုမွ မထားရွိသင့္ဘူးဆုိတာကို အမွတ္ရပါ။

၄။ စားေသာက္ခန္း

စားေသာက္ခန္းထဲမွာ သစ္ပင္ပန္းမန္ေတြ ထားရွိတာဟာ တစ္မိသားစုလံုးရဲ႕ ေငြေၾကးကံကို တိုးတက္ေစႏုိင္ပါတယ္။ အပင္ရဲ႕အရြယ္အစားကို စားေသာက္ ခန္းရဲ႕အရြယ္နဲ႔ လိုက္ ေလ်ာညီေထြျဖစ္ေစဖို႔ သတိထားပါ။

 

၅။ လွ်ပ္စစ္ေရာင္ျခည္တန္းေအာက္

လွ်ပ္စစ္ေရာင္ျခည္တန္းေတြဟာ ခ်ီစြမ္းအင္ကို ဖိႏိွပ္ ၾကတာေၾကာင့္ ဖုန္းေရႊဆိုးေတြပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ လုိ႔လည္း လွ်ပ္စစ္ေရာင္ျခည္တန္းေအာက္မွာ အနားယူတာ၊ အလုပ္လုပ္တာ၊ အိပ္တာကို ေရွာင္ရွားဖို႔ ဖုန္းေရႊမွာ အႀကံျပဳ တာပဲ ျဖစ္ပါတယ္။ အပင္ႀကီးနဲ႔တူတဲ့ ဘြန္ဇိုင္းပင္ေလးေတြ ကို လွ်ပ္စစ္ေရာင္ျခည္တန္းေအာက္မွာ ထားရွိမယ္ဆုိရင္ ခ်ီစြမ္းအင္အေပၚ လွ်ပ္စစ္ေရာင္ျခည္တန္းရဲ႕ ဖိႏွိပ္မႈကို ရင္ဆုိင္ တြန္းလွန္ႏုိင္ပါတယ္။

 

၆။ စာဖတ္ခန္း၊ အိမ္ရွိ အလုပ္ခန္း

သစ္ပင္ပန္းမန္ေတြက သင္ယူေလ့လာႏုိင္စြမ္းကို ျမင့္မာေစၿပီး အာ႐ံုစူးစိုက္မႈကို ေကာင္းမြန္ေစတာကို သိပ္ၸံ ပညာရွင္ေတြက ေလ့လာေတြ႕ရွိခဲ့ၾကပါတယ္။

 

ဖုန္းေရႊနည္း အရ လည္း လက္ကီး၀ါးပင္ေလးေတြကို စာဖတ္ခန္း၊ အိမ္ရွိ အလုပ္ခန္းထဲ ထားရွိတဲ့အခါ အလားတူအက်ဳိးသက္ေရာက္ ေစႏုိင္ပါတယ္။

 

၇။ အိပ္ခန္း


အိပ္ခန္းဆိုတာ ခ်စ္ျခင္းေမတၱာနဲ႔ ဆြတ္ပ်ံ႕ၾကည္ႏူးမႈ နဲ႔ ဆက္ႏြယ္ပါတယ္။ ဒီေနရာကို ပန္းမန္ေတြ အသံုးျပဳၿပီး ခ်စ္ျခင္းေမတၱာနဲ႔ ဆြတ္ပ်ံ႕ၾကည္ႏူးမႈေတြကို အားေကာင္းေစ ႏိုင္ပါတယ္။ ဒီအခ်က္ကိုေတာ့ ကိုယ့္ရဲ႕ၾကင္ေဖာ္ကို ဆြဲေဆာင္ ဖုိ႔အတြက္ပဲ အသံုးျပဳသင့္ပါတယ္။

 

ခင္ေအးခ်မ္း မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးဘာသာျပန္ ေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App