4646 Views

သင့်အိမ် ဖုန်းရွှေကို နှစ်သစ်မှာ ပြန်လည်ချိန်ညှိမှု

 

ရေ၊ သစ်သား၊ မီး၊ မြေကြီးနဲ့ သတ္တုတို့ဆိုတာ ဖုန်းရွှေရဲ့ ဓာတ်ငါးပါးပဲ ဖြစ်ပါတယ်။

ဓာတ်တစ်ခုချင်းစီမှာ ကိုယ်ပိုင် ဂုဏ်သတ္တိတွေ ရှိပါတယ်။ တစ်ခုနဲ့တစ်ခု ဟန်ချက်ညီနေကြချိန်မှာဆိုရင် သူတို့တွေ က ပျော်ရွှင်စရာမင်္ဂလာအိမ်ဂေဟာရဲ့
အုတ်မြစ်လေးတွေ ဖြစ်လာကြပါတယ်။သို့ပေမဲ့လည်း ကျွန်မတို့တွေက သူတို့ထဲ က နှစ်ခုသုံးခုလောက်ကိုသာ အာရုံထဲ ရှိကြပြီး ကျန်တာတွေကို ချောင်ထိုးထား တတ်ကြပါတယ်။ ဓာတ်တစ်ခုစီတိုင်းမှာ အရည်အချင်းကောင်းတွေ ရှိကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ တစ်ခုခုကပဲ များများ စားစားရှိနေတယ်ဆိုရင် ဓာတ်တွေရဲ့အချိုး အစားကို မညီမမျှဖြစ်စေပြီးတော့ စိတ် ပင်ပန်းမှု၊ စိုးရိမ်သောကတွေကို တိုးလာ စေနေတာပဲ ဖြစ်ပါတယ်။

သင့်အိမ်ရှေ့တံခါးဝကနေ အိမ် ထဲကို ၀င်လိုက်တာနဲ့ ငြီးစီစီနဲ့ မရွှင် မပျဖြစ်တယ်လို့ ခံစားရတယ်ဆိုရင်တော့ သင့်အိမ်ရဲ့ဖုန်းရွှေကို အမြန်ဆုံး ပြန်လည် ချိန်ညှိပေးဖို့ လိုနေပါပြီ။

သင့်အိမ် ဖုန်းရွှေကို နှစ်သစ်မှာ ပြန်လည်ချိန်ညှိမှု

သင့်အိမ်မှာ ဘယ်ဓာတ်က များ နေပြီး ဘယ်ဓာတ်က ချို့တဲ့နေလဲဆိုတာ ကို ကြည့်ရှုဆုံးဖြတ်ဖို့ဆိုတာက မလွယ် ကူပါဘူးရှင့်။ ဥပမာပြရရင် အိမ်တစ်အိမ် မှာ သစ်သားနဲ့ ပြုလုပ်ထားတဲ့ပစ်္စည်းတွေ များနေတယ် ဆိုပါစို့။ ဒါဆို အဲဒီအိမ်မှာ သစ်သားဓာတ်များတယ်လို့ ယေဘုယျ အားဖြင့် သုံးသပ်နိုင်ပေမယ့်လည်း အဲဒီ ပစ္စည်းတွေမှာ သုံးထားတဲ့အရောင်နဲ့ ဒီဇိုင်းတွေက တဖန်စကားပြောသွားပြန် ပါတယ်။

ဒါကြောင့်မို့လို့ သင့်အိမ်မှာ ဘယ်ဓာတ်တွေ အားသာနေပြီး ဘယ်ဓာတ် တွေ အားနည်းနေတယ်ဆိုတာမျိုး မရှိရ လေအောင် ဓာတ်အားလုံးကို သင့်အိမ်ဆီ မျှမျှတတကြိုဆိုပြီး ချိန်ညှိလိုက်ကြပါစို့ လားရှင်။သင့်အိမ် ဖုန်းရွှေကို နှစ်သစ်မှာ ပြန်လည်ချိန်ညှိမှု

ဓာတ်အားလုံးအားသင့်အိမ်ဆီ ကြိုဆိုပုံ

သစ်သားဓာတ်

သစ်သားဓာတ်က စိတ်ပွင့်လင်း မှုနဲ့ အသစ်စတင်မှုတွေကို ကိုယ်စားပြု ပါတယ်။

 

သင့်အိမ် ဖုန်းရွှေကို နှစ်သစ်မှာ ပြန်လည်ချိန်ညှိမှု

သစ်သားနဲ့ပြုလုပ်ထားတဲ့ အရာ ၀တ်္ထုတွေ၊ စိမ်းလန်းစိုပြည်တဲ့ သစ်ပင်ပန်း မန်တွေ၊ ပန်းရိုက်ထည်တွေ၊ အစိမ်းရောင် ပစ္စည်းတွေနဲ့ ဒေါင်လိုက်သဏ္ဌာန်တွေကို
သင့်အိမ်မှာ ထားရှိခြင်းအားဖြင့် သစ်သား ဓာတ်ကို သင့်အိမ်ဆီ ဖိတ်ခေါ်လိုက်ပါ။သင့်အိမ် ဖုန်းရွှေကို နှစ်သစ်မှာ ပြန်လည်ချိန်ညှိမှု

မီးဓာတ်

မီးဓာတ်က ချစ်ခင်နှစ်လိုမှုနဲ့ စိတ်အားထက်သန်ပြင်းပြမှုတွေကို ကိုယ် စားပြုပါတယ်။ မီးချောင်းမီးလုံး၊ ဖယောင်း တိုင်၊ တြိဂံပုံသဏ္ဌာန်တွေ၊ သားရေနဲ့သား မွေး တိရစ်္ဆာန်ပုံ၊ လူပုံ၊ သရုပ်ဖော်ပုံတွေ၊ အနီရောင်၊ လိမေ်္မ်ာရောင်နဲ့ အနီမှိုင်းမှိုင်း အရာတွေကိုထားရှိလိုက်ပြီး မီးဓာတ်ကို သင့်အိမ်ဆီ ဆောင်ကြဉ်းပါ

သင့်အိမ် ဖုန်းရွှေကို နှစ်သစ်မှာ ပြန်လည်ချိန်ညှိမှု

မြေကြီးဓာတ်

မြေကြီးဓာတ်က ဖွံ့ဖြိုးမှုနဲ့ တည် ငြိမ်မှုတွေကို ကိုယ်စားပြုပါတယ်။ စတု ရန်းပုံပစ်္စည်းတွေ၊ ကြွေထည်တွေနဲ့ အ၀ါ၊ ခရင်မ်အရောင် ဒါမှမဟုတ် ကြေးနီရောင် လိုမျိုး မြေကြီးအရောင်တွေနဲ့ သင့်အိမ် ဆီ မြေကြီးဓာတ်ကိုကမ်းလင့်လိုက်ပါ

သင့်အိမ် ဖုန်းရွှေကို နှစ်သစ်မှာ ပြန်လည်ချိန်ညှိမှု

သတ္တုဓာတ်

သတ္တုဓာတ်က အစီအစဉ်ရေး ဆွဲမှုနဲ့ အချိန်တိုအတွင်း အကျိုးများမှု တို့ကို ကိုယ်စားပြုပါတယ်။ သင့်အိမ် ဖုန်းရွှေကို နှစ်သစ်မှာ ပြန်လည်ချိန်ညှိမှု

အ၀ိုင်းပုံ၊ ဘဲဥပုံ၊ အရာဝတ္ထုတွ၊ သတ္တုပစ္စည်းတွေ၊ ကျောက်တုံးနဲ့ အဖြူရောင်၊ ခဲရောင်၊ မီးခိုးရောင်၊ ငွေရောင်တွေကို ထားရှိအသုံး ပြုပြီး သတ္တုဓာတ်ကို ဖြည့်တင်းလိုက်ပါ။

သင့်အိမ် ဖုန်းရွှေကို နှစ်သစ်မှာ ပြန်လည်ချိန်ညှိမှု

ရေဓာတ်

ရေဓာတ်က ညဏ်ပညာနဲ့ သစ္စာ တရားကို ကိုယ်စားပြုပါတယ်။ ရေတံခွန် ငယ်၊ သမုဒ္ဒကိုယ်စားပြုပန်းချီ အနုပညာလက်ရာ၊ အမည်းရောင်နဲ့ ချောမွေ့ တောက်ပတဲ့ ပစ်္စည်းတွေနဲ့ တစ်ဖက်မှ တစ်ဖက်ကို စီးဆင်းနေတဲ့သဏ္ဍန်ပုံစံ တွေကို သင့်အိမ်မှာ ထားရှိလိုက်ပြီး သင့် အိမ်ဆီ ရေဓာတ်ကိုဆောင်ယူလိုက်ပါ။

သင့်အိမ် ဖုန်းရွှေကို နှစ်သစ်မှာ ပြန်လည်ချိန်ညှိမှု

ယခုဖော်ပြပါ ဖုန်းရွှေဘာသာ ပြန် ဆောင်းပါးကို ဖတ်ရှုပြီးနောက် နှစ် သစ်မှာ မိမိတို့အိမ်ဂေဟာရဲ့ ဖုန်းရွှေကို ပြန်လည်ချိန်ညှိနိုင်ကြကာ ပျော်ရွှင်ဖွယ်ရာ ကောင်းတဲ့ မင်္ဂလာအိမ်ဂေဟာလေးကို ဖန်တီးနိုင်ကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်။ ၊

ခင်အေးချမ်း   မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)