မကြာသေးမီက လူငယ် လူလတ်ပိုင်းတွေအကြား ရင်ဘတ်ထဲကဓားဆိုတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကား အလွန်ရေပန်းစားခဲ့တာကို ဖုန်းရွှေချစ်သူစာဖတ်ပရိသတ်တွေလည်း သိကြမှာပါ။ ချစ်သူရည်စားဘ၀မှာ ဆက် ဆံရေးပြေလည်ခဲ့ကြပေမယ့် အိမ်ထောင် ပြုပြီးနောက် အပြန်အလှန်အမုန်းကြီး မုန်းသွားကြပုံကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားဖြစ်တာမို့ လူငယ်လူလတ်ပိုင်း တွေအကြား ရေပန်းစားခဲ့တာဟာ သံသယ ဖြစ်ဖွယ်မရှိပါဘူး။ ဒါကြောင့်မို့လို့ ချစ်သူ ရည်းစားဘ၀ကနေတစ်ဆင့် ဇနီးမောင်နှံ လင်မယားဘ၀ကို ရောက်ရှိတဲ့အခါ နှစ်ဦးသားဆက်ဆံရေး ဆက်လက်အဆင်ချော စေဖို့ရာ ဖုန်းရွှေနည်းနဲ့လည်း စီမံနိုင်တဲ့ အကြောင်းလေး တင်ဆက်ပေးပါရစေ လားရှင်။
ဇနီးမောင်နှံတွေကြားမှာ ဆက်ဆံရေးဟန်ချက်ညီစေဖို့အတွက် ဖုန်းရွှေ ကို သုံးတယ်ဆိုတာဟာ ဖုန်းရွှေရဲ့ ရေ ပန်းအစားဆုံး အသုံးချနည်းတွေထဲက တစ်နည်းပဲ ဖြစ်ပါတယ်။
အချစ်အတွက်ဖုန်းရွှေတဲ့။ ဘယ် လိုများပါလိမ့်။ အဖြေကတော့ ရှင်းပါ တယ်။ အချစ်ရဲ့စွမ်းအင်ဆိုတာ နေရောင် ခြည်နဲ့တူပါတယ်တဲ့။ ကျွန်မတို့အားလုံး နေရောင်ခြည်ကို လိုအပ်ပါတယ်။
အလိုရှိအပ်တဲ့စွမ်းအင်ကို လူ တစ်ဦးရဲ့ဘ၀ဆီ ကူညီဆောင်ကြဉ်း ဆွဲဆောင်ဖို့ရာ ဖုန်းရွှေမှာ လက်နက်ကိရိယာ တွေရှိတာမို့ အချစ်ကုထုံးနည်းလမ်း သဗ္ဗရနပေါင်းစုံလည်း စိတ်ဝင်စားဖွယ် ကောင်းလောက်အောင်ရှိပါတယ်။
ဒါပေမဲ့လည်း အချစ်ကို သင် ဆွဲဆောင်နိုင်စေဖို့ လွယ်ကူတဲ့ ဖုန်းရွှေ နည်းလမ်းတွေကို မပြောပြသေးခင်မှာ သဘောတူညီဖို့ရာ အချက်တစ်ချက် ရှိ ပါတယ်။
စစ်မှန်ပြီး ကာလကြာရှည် ရွှေလက်တွဲနိုင်တဲ့ ချစ်ခြင်းမေတ္တာဆက်ဆံရေး တစ်ခုကိုရရှိဖို့အတွက် သင့်အနေနဲ့ ပထမ ဆုံးလိုအပ်တာကတော့ သင့်ကိုယ်သင် ဘယ်လိုချစ်ရမယ်ဆိုတာကို သိရမှာဖြစ် ပြီး သင့်ရဲ့ တစ်ကိုယ်ရေ စိတ်ခံစားချက် လိုအပ်ချက်တွေကို ဂရုစိုက်ရမှာပဲ ဖြစ် ပါတယ်။
ကိုယ့်ကိုယ်ကိုယ် မချစ်တတ်ရင် တော့ ဘယ်လိုဖုန်းရွှေနည်းလမ်းကမှ သင့်ဆက်ဆံရေး အဆင်ပြေစေဖို့အတွက် ကူညီနိုင်မှာမဟုတ်ပါဘူး။ ပျော်ရွှင်ကြည်နူးဖွယ်ရာ ချစ်ရေးချစ်ရာဆက်ဆံရေးတစ်ခု ကို ဆွဲဆောင်နိုင်ဖို့အတွက် သင့်အနေနဲ့ ဖုန်းရွှေကို အသုံးပြုနိုင်တယ်ဆိုပေမယ့် လည်း အဲဒီချစ်ခြင်းမေတ္တာကာလရှည် ကြာသက်တမ်းခံဖို့ဆိုတာကတော့ ကာယကံရှင်တွေပေါ်မှာ မူတည်ပါတယ်။
ဒါကြောင့်မို့လို့ လှပတဲ့ချစ်မှုရေးရာအတွက် အချစ်ရဲ့စွမ်းအင်တွေကို ဆွဲဆောင်ဖို့ရာ အာမခံပေးနိုင်တဲ့ ထိပ်တန်း ဖုန်းရွှေ ချစ်ခြင်းမေတ္တာအကြံပြုချက် ၃ ချက်ကို အောက်ပါအတိုင်း ဖော်ပြပေး လိုက်ပါတယ်။
အချစ်ကို ဆွဲဆောင်ဖို့ရာ ဖုန်းရွှေထိပ်တန်း အကြံပြုချက် (၃)ချက်
၁။ သင့်ရဲ့အိပ်ခန်းကို သင်တို့နှစ် ယောက်စလုံးအတွက် စွမ်းအင်ညီမျှမှု ရှိတဲ့နေရာ ဖြစ်ပါစေ။ နံရံအရောင်နဲ့ ပြတင်းပေါက်အလှဆင်မှုကနေ အိပ်ရာ ခင်းလိုမျိုးအထိ သင့်အိပ်ခန်းအသွင်အပြင် နဲ့ ခံစားမှုဟာ သင်တို့ တကယ်သဘောကျ တဲ့ပုံစံမျိုးမှာ ရှိနေရမယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ အိပ်ရာကိုလည်း နှစ်ဖက်စလုံး ကနေ ၀င်လွယ်ထွက်လွယ်ပြုလို့ရအောင် ထားရှိပါ။ ဒါမှစွမ်းအင်တွေဟာ သင့်အိပ်ရာ ကို ၀န်းဝိုင်းခြုံလွှမ်းခိုင်မြဲနေနိုင်မှာပဲ ဖြစ် ပါတယ်။ ဒါ့အပြင် နှစ်ယောက်စလုံးအတွက် လည်း ညရေးညတာဖြစ်ဖြစ် ကိုယ့်ဘက် အခြမ်းကနေပဲ ထာဝရပြုရ လွယ်ကူစေပါသေးတယ်။၂။ သင့်ရေချိုးခန်းကို ဒဏ်ရာကုစားပေးပြီး အေးမြလန်းဆန်းစေတဲ့ Spa ဒါ မှမဟုတ် ရေပူစမ်းငယ်လေးအဖြစ် ပြောင်းလဲလိုက်ပါ။ ဒါကတော့ အပြော လွယ်ပေမဲ့ လက်တွေ့မှာ မလွယ်ကူပါဘူး။ အကြောင်းကတော့ ကျွန်မတို့က ရေချိုး ခန်းဆို လျစ်လျူရှုတတ်ကြတာကြောင့်ပါ။ ဒါပေမဲ့ ဖုန်းရွှေမှာတော့ ရေချိုးခန်းကို အလွန်အရေးပါတဲ့နေရာအဖြစ် ယူဆကြ ပါတယ်။ ဘာကြောင့်လဲဆိုတော့ လျစ်လျူရှု ခံရတဲ့ ရေချိုးခန်းမှာ ဒါမှမဟုတ် ရေချိုးခန်း ကို လျစ်လျူရှုထားတယ်ဆိုရင် အဲဒီမှာ မကောင်းတဲ့ စွမ်းအင်ဆိုးတွေ ပေါက်ဖွားကြီးပြင်းကြလို့ပဲ ဖြစ်ပါတယ်။ အောင် မြင်တဲ့ ချစ်မှုရေးရာအတွက် ဒါက စွမ်းအင်တော်တော်များများကို ထိန်းချုပ်ထား တဲ့ ဖုန်းရွှေပညာရှိနေရာပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သင်တို့ရဲ့ စွမ်းအင်တွေ ဆေးကြောသန့်စင်မွေးမြူဖို့ ရေချိုးခန်း ကို ပုံမှန်အသုံးပြုရလို့ပဲ ဖြစ်ပါတယ်။ သင့်ရေချိုးခန်းကို သန့်ရှင်းနေပြီး ရေချိုး ခန်းသုံး အတွင်းပစ္စည်းတွေ နေရာတကျ ဖြစ်ရုံတင်မကဘဲ ရေပူစမ်း ဒါမှမဟုတ် Spa လိုမျိုး လှပပြီး စွမ်းအင်မွေးမြူတဲ့ နေရာလည်း ဖြစ်စေလိုက်ပါ။
၃။ အချစ်အတွက် ခေတ်မီဖုန်းရွှေ နည်းလမ်းတွေကို အသုံးပြုပါ။ ဒီလိုဆိုလို့ လည်း ဖုန်းရွှေ မန်ဒရင်းဘဲမောင်နှံရုပ်တု ကို အချစ်ထောင့် (အိပ်ခန်းရဲ့ အနောက် တောင်ထောင့်)မှာ ထားလိုက်ရုံနဲ့ နေ့ချင်း ညချင်း ချစ်ခြင်းမေတ္တာကြိုးသွယ်တန်း သွားဖို့ကိုတော့ မမျှော်လင့်နဲ့ပေါ့ရှင်။
နှင်းဆီသလင်းကျောက်နဲ့ ပြုလုပ်ထားတဲ့ မန်းဒရင်းဘဲမောင်နှံရုပ်က သစ္စာတရား လွှမ်းခြုံထားတဲ့ ချစ်ခြင်းရဲ့ သင်္ကေတဖြစ် လို့ မန်ဒရင်းဘဲမောင်နှံရုပ်တွေထဲမှာ ဆိုရင် နှင်းဆီသလင်းကျောက်နဲ့ ပြုလုပ် ထားတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။
နှင်းဆီသလင်းကျောက်ရဲ့ စွမ်းအင်က နူးညံ့ပြီး အနာရောဂါတွေကို ကုစားပေးပါ တယ်။ ဒါကြောင့်မို့လို့ မကောင်းတဲ့စိတ် ခံစားမှုတွေကို ဖယ်ရှားပေးပြီး သင်တို့ကို ရိုမန်းတစ် (ဆွတ်ပျံ့ကြည်နူးဖွယ်ရာ) ဆက်ဆံရေးရရှိစေဖို့ ကူညီစောင့်ရှောက် ပေးနိုင်ပါတယ်။
နှင်းဆီသလင်းကျောက် မန်ဒရင်းဘဲမောင်နှံရုပ်အပြင် နှင်းဆီသလင်းကျောက်ဇလုံကိုလည်း ထားရှိနိုင်ပါတယ်။ ဒါအပြင် အရွယ်အစားအနည်းငယ်မျှသာ ကွာခြားတဲ့ ဖယောင်းတိုင်ကြီး နှစ်တိုင်ကို ထွန်းညှိပေးတာမျိုး စသဖြင့် ခေတ်သစ်ဖုန်းရွှေ အချစ်ကုထုံးတွေကို အသုံးပြုပါ။
အထက်ပါ ဖုန်းရွှေအကြံပြုချက် တွေကို အသိညဏ်ရှိရှိ၊ စိတ်ရှည်လက်ရှည်နဲ့ အကောင်းဆုံးချဉ်းကပ်အသုံးချ ခြင်းဖြင့် သင်တို့ဇနီးမောင်နှံတွေမှာ လှပတဲ့ရလဒ်တွေ မြန်မြန်မြင်တွေ့ရမှာ အသေအချာဖြစ်ကြောင်း၊ ဇနီးမောင်နှံတိုင်း အဆင်ပြေကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com