သင်၏ အိမ်အတွင်းသို့ ကောင်းသောစွမ်းအားများ ၀င်ရောက်ရန်အတွက် ဖုန်းရွှေ ပညာဖြင့် အိမ်တွင်းအလှဆင်ခြင်းနှင့် အိမ်၏ အဓိက ၀င်ပေါက်မှတစ်ဆင့် အကောင်းဆုံးဖုန်းရွှေပညာစွမ်းအားသက်ရောက်ရန်အတွက် ပြုပြင်ဖန်တီးခြင်း။
အိမ်အတွင်းအဓိက၀င်ပေါက်ဟာ အရေးကြီးတယ်ဆိုတာသင့်ရဲ့ဖုန်းရွှေပညာဘလော့ဂ် ကိုဖတ်ပြီးနားလည်ခဲ့ရပါတယ်။ ဒါကြောင့် အိမ်ရဲ့အဓိက၀င်ပေါက်ကို ဖုန်းရွှေပညာနဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖန်တီးရမယ်ဆိုတာပြောပြနိုင်မလား။
ဟုတ်ပါတယ် အိမ်ရဲ့အဓိက ၀င်ပေါက် ဆိုတာဖုန်းရွှေပညာရပ်မှာအဓိကအရေး ကြီးဆုံးပါပဲဘာဖြစ်လို့လဲဆိုတော့ အိမ်ရဲ့ အဓိက၀င်ပေါက်ဟာ ဖုန်းရွှေပညာရပ်ရဲ့ ချီစွမ်းအင်တွေကို ဖြတ်သန်းဝင်ရောက်ပြီးအားကောင်းဖို့ရာအတွက် ဆွဲဆောင်နိုင် လို့ပါပဲ။
အိမ်တစ်အိမ်ဟာကောင်းကျိုးစွမ်းအင်တွေဖြတ်သန်း ၀င်ရောက်ဖို့ရာ အားကောင်းတဲ့ စက်ဝန်း တစ်ခုဖြစ်နေချိန်မှာအဲ့ဒီအိမ်မှာနေထိုင်တဲ့ လူတွေအတွက် ကောင်းကျိုးချမ်းသာတွေ ရရှိဖို့အတွက်အမြင့်ဆုံးအခြေအနေဖြစ်နေလို့ပါပဲ။
ကျွန်တော်တို့ ဖုန်းရွှေပညာမှာအားကောင်းတဲ့ အဓိကအိမ်တံခါးပေါက် တစ်ခု ဖြစ်အောင် ဘယ်လိုဖန်တီးမလဲဆိုတာနည်းလမ်းများစွာရှိပါတယ်။ နောက်ထပ် အဆင့်တစ်ခုကတော့ သင့်ရဲ့အိမ် အဓိက ၀င်ပေါက်မှာ အားကောင်းတဲ့ ဖုန်းရွှေ အစီအရင်တစ်ခုရှိနေအောင် ပြုလုပ် ဖန်တီးခြင်းပါပဲ။
အခြေခံအားဖြင့်တော့ ကောင်းတဲ့ ဖုန်းရွှေ အစီအရင်တစ်ခုကိုသင့်ရဲ့ အိမ်တံ ခါးဝမှာဖန်တီးခြင်းဟာ သင့်အိမ်ထဲကိုဖုန်းရွှေပညာရပ်ရဲ့ စွမ်းအင်တွေ အလိုအလျောက် တိုက်ရိုက်စီးဝင်စေအောင် ကြိုဆိုဖန်တီးခြင်းနဲ့ မကောင်းတဲ့ အရာတွေ အိမ်အတွင်းမှ ထွက်ခွာစေခြင်းဖြင့် အားနည်းသွားအောင် စီရင်ခြင်းပါပဲ။
အခုဖော်ပြထားလိုက်တဲ့ အချက်တွေ ကတော့ သင့်ရဲ့အိမ်တံခါးဝမှာ ကောင်းမွန် တဲ့ ဖုန်းရွှေအစီအရင်တွေ ပြုလုပ်ဖန်တီးခြင်းနဲ့၊ ဒီအချက်တွေပြည့်စုံအောင် ဖန်တီး ခြင်းဖြင့် သင့်အိမ်ရဲ့အဓိက ၀င်ပေါက်ကို ဖုန်းရွှေပညာအရအားကောင်းအောင်ပြု လုပ်ခြင်းပါပဲ။
““သင့်အိမ်တံခါးဝမှာ ဖုန်းရွှေပညာဖြင့် စီရင်လို့ရမယ့် နေရာရှာပြီးလိုအပ်တဲ့ ဖုန်းရွှေဆိုင်ရာအခြေခံပစ်္စည်းတွေအပေါ်မှာအကောင်းဆုံးဆေးခြယ်ခြင်းနဲ့ လိုအပ်တဲ့ ပုံ ဖြစ်အောင် ပြုပြင်ဖန်တီးထားဖို့လိုပါ့ မယ်။ သင့်ရဲ့ အိမ်တံခါးဟာအနီရောင် သို့မဟုတ် အပြာရောင်ခြယ်ထားသင့်သလားလို့ သင့် အနေနဲ့ မေးစရာရှိပါတယ်။ ဒါပေမဲ့ ဖုန်းရွှေပညာရှင်ကတော့ သင့်ရဲ့အိမ်တံခါးမှာရှိတဲ့ ဖုန်းရွှေ စီရင်လို့ရတဲ့ နေရာနဲ့သာဆိုင်ပြီးစတင်ဖို့လိုတယ်လို့ ဖြေကြားမှာ ဖြစ်ပါတယ်။
စွမ်းအားတွေကို ကြိုဆိုဖို့အတွက် သင့်တင့် ကျယ်ဝန်းပြီး အားကောင်းတဲ့ နေရာတစ်ခုဖန်တီးထားရပါမယ်။ ကြည့် ကောင်းတဲ့ စက်ဝန်းပုံစားပွဲတစ်ခုကို ယူပြီးအလယ်ခေါင်ကျတဲ့ နေရာမှာမီးအိမ်ငယ်တစ်ခုခင်းကျင်းထားပြီးပန်းတွေထိုးထားတဲ့ ပန်းအိုးငယ် တစ်ခုကိုစားပွဲထိပ်မှာခင်းကျင်းထားပါ။
ဒီနေရာမှာချီစွမ်းအင်တွေကြိုဆိုဖို့ သို့မဟုတ် ကောင်း ကျိုးတွေ သက်ရောက်ဖို့အတွက် ဖုန်းရွှေ ပညာရပ်ဆိုင်ရာခင်းကျင်းနေရာချထားမှု နည်းလမ်းများစွာရှိပါတယ်။ အကယ်၍ သင်နေထိုင်ရာနေရာဟာ ကျဉ်းမြောင်းပြီး အကန့်အသတ်ရှိတယ်ဆိုရင် ၀င်ပေါက်ဝမှာ အရည်အသွေးကောင်းကောင်း ကြမ်းခင်းကော်ဇောတစ်ခုခင်းထားပြီး အရောင်စုံဆေးချယ်ထားခြင်း သို့မဟုတ် လှပတဲ့ခြယ် မှုန်းမှုနဲ့ အားကောင်းတဲ့ နံရံဆေးခြယ်ထား မှု ပြုလုပ်ထားခြင်း ဖြင့်လည်း အသုံးဝင် အထောက်အကူ ဖြစ်ပါတယ်။
ဘုန်းမင်း မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com