“အိမ်ဆိုတာ အမျိုးမျိုးပုံဖော်နိုင်တဲ့နေရာလေးတစ်ခုပါ” ဆိုတဲ့ ထက်ထက်ထွန်း
Posted by Wai Phyo Thu (iMyanmarHouse.com)
[Unicode]
"ထက်ထက်ထွန်း" ဆိုတာကတော့ Miss တစ်ယောက်အဖြစ် အနုပညာ လောကထဲကို စတင်ဝင်ရောက်ခဲ့ပြီးနောက် ရုပ်သံဇာတ်လမ်းတွဲတွေ၊ ကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ လှပတဲ့ သရုပ်ဆောင်မှုတွေအပြင် ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်အကြား ရေပန်းစားလာခဲ့သူလေးလည်း ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ကတော့သူမအတွက် ပရိသတ်တွေဆီက အချစ်တွေအပြင် သူမရဲ့ စိတ်ကူးအိပ်မက်တွေလည်း အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ အဲဒီထဲကမှ အိမ်လေးကတော့ “အမေစိတ်ချမ်းသာစေဖို့” ရည်ရွယ်ပြီး ဝယ်နိုင်ခဲ့တာလို့လည်း ပြည်တွင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။
“ ထက်ဝယ်လိုက်တဲ့အိမ်က သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိပါတယ်။ သိန်း၂၀၀၀ ကျော် အရင်သွင်းထားပါတယ်။ ၁၀ နှစ်အရစ်ကျနဲ့ ဝယ်လိုက်တာပါ။ lone ပေးငွေသိန်း ၂၀၀၀ ကျော်ဆိုတာကလည်း ကျန်ခဲ့တဲ့နှစ်တွေမှာ ခွေးလို၊ နွားလို၊ ဝက်လိုရုန်းပြီး အလုပ်တွေအများကြီးလုပ်၊ မိဘအတွက်ဆိုတဲ့စိတ်နဲ့ ကြိုးစားပြီး သမာအာဇီဝနဲ့ ရှာခဲ့တဲ့ငွေတွေပါပဲ။ ဖြူစင်သန့်ရှင်းတဲ့ ငွေတွေပါရှင့်။ ပရိသတ်ကြီးကလည်း ကိုယ့်ကို သီချင်းဘယ်လိုပဲဆိုဆို အားပေးကြတာကတော့ ထက်အတွက် အရမ်းဝမ်းသာရပါတယ်။ ”
“အမေစိတ် ချမ်းသာအောင်အိမ်လေးတစ်လုံး ဝယ်ပေးမယ်ဆိုတဲ့စိတ်ကူးနဲ့ ကြိုးစားပြီး ဝယ်လိုက်တာပါ။ ၂၀၂၃ ခုနှစ်ထဲမှာ ထက်အလုပ်တွေအများကြီး လုပ်ခဲ့ပါတယ်။ ထက်က အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးတွေလည်း အစပျိုးပြီး လုပ်ထားပါတယ်။”
“အိမ်ဆိုတာ ထက်အတွက်တော့ အမျိုးမျိုး ပုံဖော်နိုင်တဲ့နေရာလေးတစ်ခုပါပဲ” ဟု မော်ဒယ်သရုပ်ဆောင် ထက်ထက်ထွန်းက ပြောပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Photo Credit: htet htet htun (Fb)
[Zawgyi]
“အိမ္ဆိုတာ အမ်ိဳးမ်ိဳးပုံေဖာ္ႏိုင္တဲ့ေနရာေလးတစ္ခုပါ” ဆိုတဲ့
ထက္ထက္ထြန္း
"ထက္ထက္ထြန္း" ဆိုတာကေတာ့ Miss တစ္ေယာက္အျဖစ္ အႏုပညာ ေလာကထဲကို စတင္ဝင္ေရာက္ခဲ့ၿပီးေနာက္ ႐ုပ္သံဇာတ္လမ္းတြဲေတြ၊ ေၾကာ္ျငာေတြ၊ ႐ုပ္႐ွင္ဇာတ္ကားႀကီးေတြမွာ လွပတဲ့ သ႐ုပ္ေဆာင္မႈေတြအျပင္ ပီျပင္လွတဲ့ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပရိသတ္အၾကား ေရပန္းစားလာခဲ့သူေလးလည္း ျဖစ္ပါတယ္။ ၂၀၂၃ ခုႏွစ္ကေတာ့သူမအတြက္ ပရိသတ္ေတြဆီက အခ်စ္ေတြအျပင္ သူမရဲ႕ စိတ္ကူးအိပ္မက္ေတြလည္း အေကာင္အထည္ေဖာ္ႏိုင္ခဲ့ပါတယ္။ အဲဒီထဲကမွ အိမ္ေလးကေတာ့ “အေမစိတ္ခ်မ္းသာေစဖို႔” ရည္႐ြယ္ၿပီး ဝယ္ႏိုင္ခဲ့တာလို႔လည္း ျပည္တြင္းမီဒီယာေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာ ေျပာျပသြားခဲ့တာ ျဖစ္ပါတယ္။
“ ထက္ဝယ္လိုက္တဲ့အိမ္က သိန္း ၈၀၀၀ ေက်ာ္တန္ဖိုး႐ွိပါတယ္။ သိန္း၂၀၀၀ ေက်ာ္ အရင္သြင္းထားပါတယ္။ ၁၀ ႏွစ္အရစ္က်နဲ႔ ဝယ္လိုက္တာပါ။ lone ေပးေငြသိန္း ၂၀၀၀ ေက်ာ္ဆိုတာကလည္း က်န္ခဲ့တဲ့ႏွစ္ေတြမွာ ေခြးလို၊ ႏြားလို၊ ဝက္လို႐ုန္းၿပီး အလုပ္ေတြအမ်ားႀကီးလုပ္၊ မိဘအတြက္ဆိုတဲ့စိတ္နဲ႔ ႀကိဳးစားၿပီး သမာအာဇီဝနဲ႔ ႐ွာခဲ့တဲ့ေငြေတြပါပဲ။ ျဖဴစင္သန္႔႐ွင္းတဲ့ ေငြေတြပါ႐ွင့္။ ပရိသတ္ႀကီးကလည္း ကိုယ့္ကို သီခ်င္းဘယ္လိုပဲဆိုဆို အားေပးၾကတာကေတာ့ ထက္အတြက္ အရမ္းဝမ္းသာရပါတယ္။ ”
“အေမစိတ္ ခ်မ္းသာေအာင္အိမ္ေလးတစ္လုံး ဝယ္ေပးမယ္ဆိုတဲ့စိတ္ကူးနဲ႔ ႀကိဳးစားၿပီး ဝယ္လိုက္တာပါ။ ၂၀၂၃ ခုႏွစ္ထဲမွာ ထက္အလုပ္ေတြအမ်ားႀကီး လုပ္ခဲ့ပါတယ္။ ထက္က အႏုပညာအလုပ္ေတြအျပင္ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေလးေတြလည္း အစပ်ိဳးၿပီး လုပ္ထားပါတယ္။”
“အိမ္ဆိုတာ ထက္အတြက္ေတာ့ အမ်ိဳးမ်ိဳး ပုံေဖာ္ႏိုင္တဲ့ေနရာေလးတစ္ခုပါပဲ” ဟု ေမာ္ဒယ္သ႐ုပ္ေဆာင္ ထက္ထက္ထြန္းက ေျပာပါတယ္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Photo Credit: htet htet htun (Fb)