" နှစ်နေရာမှာ တစ်အိမ်စီ ရှိချင်တယ်ဆိုတဲ့ သဘောပေါ့။ သိပ်လောဘကြီးသွားလား " တေးသံရှင် ဖြူဖြူကျော်သိန်း - Celebrity Interview on Property from iMyanmarHouse.com

" နှစ်နေရာမှာ တစ်အိမ်စီ ရှိချင်တယ်ဆိုတဲ့ သဘောပေါ့။ သိပ်လောဘကြီးသွားလား " တေးသံရှင် ဖြူဖြူကျော်သိန်း

Posted by အိမ့်မှူးခင် (iMyanmarHouse.com)

ဂီတသက်တမ်း ၁၅ နှစ် နီးပါးရှိပြီဖြစ်သည့် တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် တွေ့ဆုံစဉ် အိမ်ဆိုသည့် ဝေါဟာ ရအပေါ်သူခံယူထားသည့် ခံယူချက်၊ သူ့စိတ်ကူးထဲက အိမ်ပုံစံ၊ သူသဘောကျနှစ်သက်ရသည့် အိမ် အလှဆင်ခြင်းများအပြင် သူ၏ လတ်တလော ဂီတလှုပ်ရှားမှုများ ကို အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ( iMyanmarHouse.com ) ပရိသတ်ကြီးအတွက် မေးမြန်းဖြစ်ခဲ့သည်။

မေး-ဖြူဖြူအနေနဲ့ အိမ်ဆိုတဲ့ဝေါဟာရအပေါ် ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုချင်လဲ။

ဖြူဖြူအနေနဲ့ကတော့ အိမ်လေးထဲမှာ ကိုယ်ချစ်တဲ့သူ တွေရှိတယ်။ နွေးထွေးလုံခြုံမှုရှိတယ်။ စိတ်ချလက်ချ အိပ်ပျော်လို့ရတယ်။ စိတ်ရော ကိုယ်ပါ သက်သောင့်သက်သာရှိတဲ့ နေရာလေးတစ်ခုလို့ ဆိုချင်တယ်။

မေး-စိတ်ကူးထဲက အိမ်ပုံစံလေးကကော ဘယ်လိုမျိုးများ ဖြစ်မလဲ

စိတ်ကူးထဲက အိမ်ပုံစံကတော့ အများကြီးပဲ( ရယ်လျက်) ဖြူဖြူ့စိတ် ပြောင်းလဲမှုကိုလိုက်ပြီး စိတ်ကူးထဲမှာ အိမ်တွေအများကြီး ဆောက်ထားတယ်။

မေး- ခုလက်ရှိ အိမ်လေးက ဖြူုဖြူ သဘောကျနှစ်သက်တဲ့ အိမ်လေးလို့ ပြောလို့ရလား

ပြောလို့ရတာပေါ့။ ခုလက်ရှိနေတဲ့အိမ်ကို ဖြူသဘော အကျဆုံး ဖြစ်နိုင်မယ့်အနေအထားမျိုးဖြစ်အောင် လုပ်ထားတာမို့ ခုအိမ်ပုံစံက ဖြူသဘောကျတဲ့ ပုံစံပါပဲ။

မေး-အိမ်တွင်းအလှဆင်တာတွေကိုကော သဘောကျလား။ အရောင်ထဲမှာ ဘယ်လိုအရောင်လေးတွေကို ကြိုက်လဲ

Decoration သိပ်များတာ မကြိုက်ဘူး။ ရိုးရိုးရှင်းရှင်း သန့်သန့်ပြန့်ပြန့်လေးပဲကြိုက်တယ်။ အဖြူရောင် ကြိုက်တယ်။ အဖြူ၊ အမည်း၊ ခဲရောင် စပ်ထားတာတွေကို သဘောကျတယ်။

မေး-ဖြူဖြူအနေနဲ့ ဘယ်လိုနေရာဒေသတွေမှာ နေချင်လိုက်တာဆိုတဲ့ စိတ်ကူးမျိုးကော ဖြစ်ပေါ်မိလား

ဘယ်လိုနေရာဒေသမှာ နေချင်တယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ကိုယ့်အလုပ်အတွက် အစအစအရာအရာ အဆင် ပြေချောမွေ့နိုင်မယ့် ရာခိုင်နှုန်းများတဲ့ ဘယ်နေရာမဆို အိမ် ဖြစ်လို့ရတာပဲ။ အခြေခံလိုအပ်ချက်တွေ ပြည့်စုံနေရင် ပြီးတာ ပဲလေ။ အလုပ်နားတဲ့အချိန်(ဥပမာ-တစ်လ၊ နှစ်လလောက်) သီးသန့်အပန်းဖြေလို့ရတဲ့ နေရာမျိုးဆိုတာလည်း ဖြူဖြူ အတွက် လိုနေပြန်တာပဲလေ။ ပြောရရင် နှစ်နေရာမှာ တစ်အိမ် စီ ရှိချင်တယ်ဆိုတဲ့ သဘောပေါ့။ သိပ်လောဘကြီးသွားလား (ရယ်လျက်)

မေး - လတ်တလော ဂီတလှုပ်ရှားမှုတွေအကြောင်းကိုလည်း ဖြူဖြူ့ကိုချစ်ခင်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဝေမျှပေးပါဦး။

ဖြူဖြူ လတ်တလောမှာတော့ ဖြူဖြူ နဲ့ အမေရိကန် အဆိုတော် lancifier တို့နှစ်ယောက်ပေါင်းပြီး ဖန်တီးထားတဲ့ Storm (မုန်တိုင်း) ဆိုတဲ့ အယ်လ်ဘမ်လေး ထွက်ထားပါ တယ်။ အဲဒီအခွေအတွက် ပရိုမိုးရှင်းအနေနဲ့ ရန်ကုန်နဲ့ မန္တလေးက ပရိသတ်တွေနဲ့ တွေ့ဆုံဖြစ် တယ်။ ပြီးတော့ ဖြူဖြူ နယ်ရှိုးလေးတွေ ဖျော်ဖြေဖြစ်နေတယ်။

အိမ်မှူးခင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
" နှစ်နေရာမှာ တစ်အိမ်စီ ရှိချင်တယ်ဆိုတဲ့ သဘောပေါ့။ သိပ်လောဘကြီးသွားလား " တေးသံရှင် ဖြူဖြူကျော်သိန်း - Celebrity Interview on Property from iMyanmarHouse.com
" နှစ်နေရာမှာ တစ်အိမ်စီ ရှိချင်တယ်ဆိုတဲ့ သဘောပေါ့။ သိပ်လောဘကြီးသွားလား " တေးသံရှင် ဖြူဖြူကျော်သိန်း - Celebrity Interview on Property from iMyanmarHouse.com
" နှစ်နေရာမှာ တစ်အိမ်စီ ရှိချင်တယ်ဆိုတဲ့ သဘောပေါ့။ သိပ်လောဘကြီးသွားလား " တေးသံရှင် ဖြူဖြူကျော်သိန်း - Celebrity Interview on Property from iMyanmarHouse.com
" နှစ်နေရာမှာ တစ်အိမ်စီ ရှိချင်တယ်ဆိုတဲ့ သဘောပေါ့။ သိပ်လောဘကြီးသွားလား " တေးသံရှင် ဖြူဖြူကျော်သိန်း - Celebrity Interview on Property from iMyanmarHouse.com

Other Celebrity Interviews

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)