အထပ်အမြင့်ကြီးမဟုတ်ဘဲ ချစ်စရာကောင်းတဲ့အိမ်ပုံစံလေးလိုချင်သူ ရွှေပိုးအိမ် - Celebrity Interview on Property from iMyanmarHouse.com

အထပ်အမြင့်ကြီးမဟုတ်ဘဲ ချစ်စရာကောင်းတဲ့အိမ်ပုံစံလေးလိုချင်သူ ရွှေပိုးအိမ်

Posted by အိမ့်မှူးခင် (iMyanmarHouse.com)

သရုပ်ဆောင်ရွှေပိုးအိမ်နဲ့တွေ့ဆုံပြီး၊ အိမ်ဆိုတဲ့ ဝေါဟာရအပေါ် သူမခံယူထားတဲ့ ခံယူချက်၊ စိတ်ကူးထဲက အိမ်ပုံစံနဲ့ သူရည်ရွယ်ထားတဲ့ စိတ်ကူးအိပ်မက်တွေ အကြောင်းကို iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း)ပရိသတ်ကြီးအတွက် မေးမြန်းထားပါတယ် ။

မေး- အိမ်ဆိုတဲ့ဝေါဟာရအပေါ် ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ။

အိမ်ဆိုတဲ့ဝေါ်ဟာရအပေါ် ရွှေပိုး ခံယူထားတာက မိသားစုတွေ စုစုဝေးဝေးနေလို့ရတဲ့ နေရာလည်းဟုတ်တယ် ၊ ဗိမာန်လည်းဟုတ်တယ်၊ လုံခြုံမှုရှိတဲ့နေရာလေးလို့ခံယူပါတယ်။

မေး- ရွှေပိုး စိတ်ကူးထဲကအိမ်ပုံစံလေးရှိရင်လည်း ပြောပြပါအုံး။

ရွှေပိုးက အနုပညာ အလုပ်လုပ်နေတဲ့သူဆိုတော့ အိမ်ကိုကျယ်ကျယ်နဲ့ ကြီးကြီး ၊ ခြံနဲ့ ဝန်းနဲ့ ကားလည်းထားလိုရတဲ့၊ ပန်းခြံနဲ့ ရေကူးကန်လည်းပါတဲ့အိမ်မျိုး၊ အထပ်အမြင့်ကြီး မဟုတ် ဘဲ ချစ်စရာကောင်းတဲ့အိမ်ပုံစံလေးလိုချင်ပါတယ်။

မေး - Decorations ဆင်တာသဘောကျလား၊ အရောင်ကို ဘယ်လိုအရောင်လေးတွေကြိုက်လဲ။

Decorations ဆင်တာသဘောကျတယ်၊ ရွှေပိုးအခန်း က အရမ်းအကျယ်ကြီးမဟုတ်ပေမယ့် Hello Kitty အရုပ်လေး တွေနဲ့ အလှဆင်ထားတယ်၊ ရွှေပိုးက နုနုရွရွလေးတွေကြိုက် တယ်၊ မီးသီးလှလှလေးတွေဆင်ရတာမျိုးကြိုက်တယ်၊

အရောင် ဆိုရင် မျက်စိထဲအေးမယ့်အရောင် အ၀ါနုရောင်လေးတွေ၊ ပန်း ရောင်နုနုလေးတွေ ၊ အပြာနုနုလေးတွေသဘောကျတယ်၊ မြင်လိုက်တာနဲ့ စိတ်အေးချမ်းမှုပေးနိုင်တဲ့အရောင်လေးတွေ သဘောကျပါတယ်။

မေး - နေရာဒေသရွေးချယ်ခွင့်ရရင် ဘယ်လိုနေရာဒေသမှာ နေချင်လဲ၊ ဥပမာ တောင်ပေါ်ဒေသ၊ ကမ်းခြေ တစ်ခုခုပေါ့။

ရွှေပိုးက တောင်ပေါ်ဒေသရော၊ ကမ်းခြေရော သဘော ကျတယ်၊ တိုက်အိမ်ထက်စာရင် ပျဉ်ထောင်အိမ်လေးတွေ၊ ၀ါးအိမ် လေးတွေ၊ တောတောင်သဘာဝရှုခင်းလေးတွေနဲ့ နေရတာ ပိုသဘောကျတယ်။

မေး - လက်ရှိအိမ်ပုံစံကိုရောသဘောကျလား။

လက်ရှိနေတဲ့ အိမ်လေးကိုလည်းသဘောကျပါတယ်၊ အိမ်ဘယ်လောက်ပဲကျယ်ကျယ် မိသားစုနွေးထွေးမှုမရှိဘူးဆို ရင် ဒီအိမ်မှာနေရတာ ပျော်စရာလည်းမကောင်းသလို၊ ပြည့်စုံ တယ်လို့လည်း မခံစားရပါဘူး၊ အိမ်ကျယ်တာ၊ ကျဉ်းတာနဲ့ မဆိုင်ပါဘူး၊

အဓိက ကိုယ့်မိသားစု စည်းစည်းလုံးလုံးလေးနေရ တာ ပိုသဘောကျတယ်၊ အခုလက်ရှိနေတဲ့အိမ်ကိုလည်း သဘော ကျပါတယ်၊ ဒါပေမယ့် ကိုယ့်မိသားစုတွေကို ခြံဝန်းကျယ်ကျယ်၊ အိမ်ကြီးကြီးလေးနဲ့ ထားပေးချင်တယ်၊ အဲဒီအတွက်ကြိုးစား ရမှာပါ။

မေး - အခုလတ်တလော ရိုက်ဖြစ်နေတဲ့ ဇာတ်ကားတွေနဲ့လည်း မိတ်ဆက်ပေးပါဦး။

အခုက ကိုသူထူးစံနဲ့ “အခန်းထဲမှာရှိတယ်” ဗီဒီယို ကားလေးရိုက်နေပါတယ်၊ ဒါရိုက်တာက ကိုနန္ဒကျော်ပါ။ ဇာတ် လမ်းပုံစံလေးကစိတ္တဇဆန်ဆန် သည်းထိတ်ရင်ဖို ဇာတ်လမ်း လေးပါ၊ အဲဒီဇာတ်ကားလေးထွက်လာရင်လည်း သဘောကျ ကြမယ်လို့ ထင်ပါတယ်။

မေး - ကိုယ်တိုင်ကရော ဘယ်လိုဇာတ်ရုပ်လေးတွေမှာ သရုပ် ဆောင်ချင်လဲ။

ရွှေပိုးက သရုပ်ဆောင်ဝါသနာပါတဲ့သူဆိုတော့ ကိုယ့် ကိုလာကမ်းလှမ်းတဲ့ ဇာတ်ကားတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစား သရုပ်ဆောင်ပါတယ်၊ ဇာတ်ရုပ်ပုံစံတွေတော့ သိပ်ပြီး မရွေးဖြစ်ပါဘူး။

မေး - အိမ်ဆိုတဲ့ခေါင်းစဉ်အောက်က ရွှေပိုး ဖြည့်စွက်ပြောပြ ချင်တာရှိရင်ပြောပြပေးပါဦး။

လူတိုင်းမှာ မျှော်လင့်ချက်တွေ၊ စိတ်ကူးတွေရှိကြပါ တယ်၊ အဓိက အိမ်ဘယ်လောက်ကျယ်မှ မိသားစုတွေ ပျော်ရွှင် ပြည့်စုံမှုရှိမယ်ဆိုတာ မဟုတ်ပါဘူး၊ အဓိက အိမ်ကျဉ်းတာ၊ ကျယ်တာထက် ကိုယ့်မိသားစုနဲ့ ကိုယ်ဘယ်လိုနေရာမျိုးကိုပဲ ရောက်ရောက်၊

ဘယ်လိုအိမ်မျိုးမှာပဲနေနေ ရောင့်ရဲတင်းတိမ် ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေမယ်ဆိုရင် အဲဒီအချိန်လေးက တကယ်ကို ပြည့်စုံတဲ့ အချိန်လေးဖြစ်မှာပါ။


အိမ်မှူးခင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အထပ်အမြင့်ကြီးမဟုတ်ဘဲ ချစ်စရာကောင်းတဲ့အိမ်ပုံစံလေးလိုချင်သူ ရွှေပိုးအိမ် - Celebrity Interview on Property from iMyanmarHouse.com
အထပ်အမြင့်ကြီးမဟုတ်ဘဲ ချစ်စရာကောင်းတဲ့အိမ်ပုံစံလေးလိုချင်သူ ရွှေပိုးအိမ် - Celebrity Interview on Property from iMyanmarHouse.com

Other Celebrity Interviews

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)