ကျွန်တော် နှစ်ထပ်အိမ်ကြိုက်တယ်ဆိုတဲ့တေးသံရှင်၊ သရုပ်ဆောင် လွှမ်းပိုင် နှင့်တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com

ကျွန်တော် နှစ်ထပ်အိမ်ကြိုက်တယ်ဆိုတဲ့တေးသံရှင်၊ သရုပ်ဆောင် လွှမ်းပိုင် နှင့်တွေ့ဆုံခြင်း

Posted by အိမ့်မှူးခင် (iMyanmarHouse.com)

ဒုံးပျံနဲ့ ဂီတဗေဒ သီချင်းခွေ နှစ်ခွေ ထွက်ရှိထားပြီး သူ၏ သီချင်းတွေက လူငယ်ပရိသတ် ကြား အလွန်ပင် ရေပန်းစားခဲ့တယ်။

သူက အနုပညာ ဂီတရပ်ဝန်း အောင်မြင်တဲ့ တေးသံရှင် တစ်ဦး ဖြစ်ခဲ့သလိုအခုအချိန်မှာ သရုပ်ဆောင်တစ်ဦးအဖြစ် သူ့ကို ထပ်မံ မြင်တွေ့ရတော့မှာပါ။

သူက တေးသံရှင်၊ သရုပ်ဆောင် လွှမ်းပိုင်ဖြစ်ပြီး သူနဲ့တွေ့ဆုံစဉ် သူ၏ စိတ်ကူးထဲက အိမ်လေးအကြောင်းနဲ့ ကိုးနှစ်တာ Relation တစ်ခုကို ခိုင်မြဲအောင် ဘယ်လိုတည်ဆောက်ခဲ့လဲ၊ သူရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးအကြောင်း
စတာတွေကိုiMyanmarHouse.com ( အိုင်မြန်မာ ဟောက်စ်ဒေါ့ကွန်း) ပရိသတ်ကြီးအတွက် မေးမြန်းခဲ့ပါသည်။

မေး - အိမ်ဆိုတဲ့ဝေါဟာရအပေါ် ကိုလွှမ်းပိုင်ခံယူထားတဲ့ခံယူ ချက်ကို အရင်ဆုံးပြောပြပေးပါလား။

ကျွန်တော်ခံယူထားတာတော့ အိမ်ဆိုတာ ကိုယ့်အတွက် လုံခြုံစိတ်ချရဆုံးနဲ့ နွေးထွေးမှု အရှိဆုံးနေရာပေါ့။

မေး - စိတ်ကူးထဲက ရည်ရွယ်ထားတဲ့အိမ်ပုံစံရှိရင်လည်း သိချင်ပါတယ်။

ကျွန်တော့်စိတ်ကူးထဲကအိမ်ဆိုရင် ကျွန်တော်အရမ်း ဖြစ်ချင်တာက သစ်တောလေးနဲ့သစ်ရိပ် ၀ါးရိပ်လေးနဲ့ အေးအေး ချမ်းချမ်းလေး အရမ်းနေချင်တယ်။ အဲဒါ ကျွန်တော်လိုချင်တဲ့ အိမ်လေး။

မေး - သစ်တောလေးနဲ့ သစ်ရိပ် ၀ါးရိပ်လေးနဲ့ဆိုတော့ တောင်ပေါ်ဒေသ ဒါမှမဟုတ် တောင်တန်းတွေရှိတဲ့ ဒေသတွေ ကို ဆိုလိုတာလား။အဲဒီလိုတော့မဟုတ်ဘူး ၊ မြို့ ထဲမှာပဲ ခြံကျယ်ကျယ် လေးနဲ့ ၊ ခြံထဲမှာမှ သစ်ပင်ကြီးတွေ ၊ စမ်းချောင်းပုံစံလေးတွေ၊ ရေတံခွန်အတုလေးတွေနဲ့  ၊ ခြံထဲဝင်လိုက်တာနဲ့ အေးချမ်းသွား တာမျိုးလေး နေချင်တာပါ။

မေး - အိမ်ပုံစံတွေဆိုရင်ရော ဘယ်လိုမျိုးသဘောကျ နှစ်သက် တာလဲ

ကျွန်တော်က နှစ်ထပ်အိမ်ကြိုက်တယ် ၊ သိပ်ကြီးကြီး မားမားလည်းမဟုတ်ဘူး ၊ သာသာယာယာလေးနဲ့ နွေးထွေးမှု ရှိမယ့်ပုံစံမျှိုးကြိုက်တယ် ။

မေး - အိမ်အလှဆင်တာကိုရောသဘောကျလား ။

ကြိုက်ပါတယ်၊ အရောင်ခပ်လင်းလင်းလေးတွေ ကြိုက်တယ် ၊ အဖြူရောင်ကြိုက်တယ်။

မေး - ပရိသတ်တွေသိချင်နေကြတဲ့ မင်္ဂလာသတင်းကိုရော ဘယ်တော့လောက်ကြားခွင့်ရမလဲ။စိတ်ကူးထဲမှာ ပုံဖော်ထား တဲ့ မိသားစုပုံစံကရော ဘယ်လိုပုံစံလေးဖြစ်မလဲ။

လိုပါသေးတယ် ၊ ဘာမှလည်းအဆင်သင့်မဖြစ်သေး ဘူး၊ ကျွန်တော်တို့မပြည့်စုံသေးတဲ့အတွက် အဝေးကြီးလိုပါ သေးတယ်။ ကျွန်တော့်စိတ်ကူးထဲက မိသားစုပုံစံကတော့ အေးအေးချမ်းချမ်းလေးပါပဲ ၊ ကျွန်တော်အများကြီး ထွေထွေ ထူးထူး မမျှော်လင့်ပါဘူး ၊ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ် ခင်ခင်နဲ့ နေချင်တယ်၊ ဒါလေးပါပဲ။

မေး - ကိုးနှစ်တာ တည်ဆောက်ထားတ Relationship တစ်ခုဆိုတော့ ကိုလွှမ်းပိုင်တို့နှစ်ယောက်ကြားမှာ ဘယ်လို နားလည်မှုတွေနဲ့ တည်ဆောက်ခဲကြတာလဲ။

နားလည်မှုဆိုတာထက် တစ်ယောက်က တင်းတဲ့ အခါ တစ်ယောက်က လျှော့ပေါ့နော်၊ အဓိက အဲဒါပါပဲ၊ နှစ် ယောက်လုံးတင်းရင်တော့ ပြတ်တာများပါတယ်၊ နှစ်ယောက် လုံးက လူသားတွေဖြစ်တဲ့အတွက် ပြီးပြည့်စုံမှုဆိုတာတော့ မရှိဘူး၊ တစ်ယောက်နဲ့ တစ်ယောက် မှားတဲ့အခါရှိရင် ပြန်ညှိ ပေါ့၊ တစ်ယောက်က ပြန်အလျှော့ပေးသင့်တာပေး ၊ ဒါမျိုးပေါ့၊ Relationship တစ်ခုကို အဲဒီလိုပဲသွားရမယ်လို့ ကျွန်တော် ထင်ပါတယ်။

မေး - ဂီတလှုပ်ရှားမှု အနေနဲ့ရော ဘာတွေလုပ်ဖြစ်နေလဲ။

သီချင်းခွေတစ်ခွေထွက်ဖို့လုပ်နေပါတယ် ၊ အဲဒီအခွေ ကိုတော့ အတတ်နိုင်ဆုံး ဘာနဲ့မှမတူအောင်တော့ ကြိုးစား ထားပါတယ် ၊ ပြောရရင်တော့ Reference လုံးဝမယူဘဲ လုပ်သွားဖို့ စဉ်းစားထားပါတယ်။

မေး။ “ငါ့ ကို နမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်လည်း ရုံတင်တော့မယ် နော်၊ အဲဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကိုကြို ပြီး အသိပေးထားချင်တာမျိုးရှိရင်လည်းပြောပြပေးပါဦး ။

ဒီကားလေးက Drama ကားလည်းဖြစ်တယ်၊ Drama ဆိုတာက ဇာတ်ကောင်ရဲ့  ရင်ထဲမှာခံစားရတာကို ပေါ်အောင် လို့ သရုပ်ဆောင်ရတာဆိုတော့ လွယ်တော့မလွယ်ပါဘူး၊ ပြီးတော့ တစ်ဘက်ကကျွန်တော်တို့နဲ့ တွဲပြီး သရုပ်ဆောင်ရမယ့် မင်းသမီးက သရုပ်ဆောင် အလွန်တော်တဲ့ မင်းသမီးဖြစ်နေ တော့ Action လွဲသွားတဲ့အခါကျရင် သူပါ လိုက်ပြီးကျသွား နိုင်တယ်လေ။ ဒါ့ကြောင့် အရမ်းဂရုစိုက်ခဲ့ရတယ်။

ပြီးတော့ ပထမဆုံးရုပ်ရှင်ကားကြီးဆိုတော့ အဘက် ဘက်ကဖိအားတွေနဲ့ ကျွန်တော်တို့ မမှားအောင် သေချာစိတ်နှစ်ပြီး ရိုက်ထားတာပါ။ ဒါ့ကြောင့်လည်း ပရိသတ်ဆီက ပြန်ကြားရမယ့်အသံကို ကျွန်တော်အများကြီးမျှော်လင့်ထား ပါတယ်၊ ဒီဇာတ်ကားလေး အဆင်ပြေသွားရင် အောင်မြင် တယ်ဆိုရင် ကျွန်တော်တို့ ကြိုးစားရကျိုး ပင်ပန်းရကျိုးနပ်တယ်၊ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေလည်း လက်မထောင် နိုင်ပြီပေါ့ ။

မေး - နောက်ဆုံးအနေနဲ့ ကိုလွှမ်းပိုင်ဘက်က ဖြည့်စွက် ပြောပြချင်တာတွေရှိရင်လည်း ပြောပြပေးပါဦး။

ကျွန်တော့်ကားတွေကို ပရိသတ်တွေကြည့်ပြီး ကြားရမယ့် တုန့်ပြန်မှုတွေကို ကျွန်တော် အရမ်းသိချင်တယ်၊ စိတ် လည်းလှုပ်ရှားတယ် ၊ ရုပ်ရှင်အနေနဲ့ ပထမဆုံးရုံတင်မှာဖြစ် တဲ့အတွက် ကျွန်တော့်အတွက် စာမေးပွဲတစ်ခုလိုပါပဲ၊ ဒီ ဇာတ်ကားရုံတင်တဲ့အခါလည်း အားပေးဝေဖန်ကြပါဦးလို့ ပြောချင်ပါတယ်။

အိမ့်မှူးခင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ကျွန်တော် နှစ်ထပ်အိမ်ကြိုက်တယ်ဆိုတဲ့တေးသံရှင်၊ သရုပ်ဆောင် လွှမ်းပိုင် နှင့်တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
ကျွန်တော် နှစ်ထပ်အိမ်ကြိုက်တယ်ဆိုတဲ့တေးသံရှင်၊ သရုပ်ဆောင် လွှမ်းပိုင် နှင့်တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
ကျွန်တော် နှစ်ထပ်အိမ်ကြိုက်တယ်ဆိုတဲ့တေးသံရှင်၊ သရုပ်ဆောင် လွှမ်းပိုင် နှင့်တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
ကျွန်တော် နှစ်ထပ်အိမ်ကြိုက်တယ်ဆိုတဲ့တေးသံရှင်၊ သရုပ်ဆောင် လွှမ်းပိုင် နှင့်တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com

Other Celebrity Interviews

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)