စိတ်ကူးထဲကအိမ်လေးကိုတည်ဆောက်နေတယ်ဆိုတဲ့ သရုပ်ဆောင်ဘေဘီမောင်နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
3129 ကြိမ် ကြည့်ရှု့ပြီး

စိတ်ကူးထဲကအိမ်လေးကိုတည်ဆောက်နေတယ်ဆိုတဲ့ သရုပ်ဆောင်ဘေဘီမောင်နှင့် တွေ့ဆုံခြင်း

Posted by ဖူးဖူး (iMyanmarHouse.com)

မေး။ ။ အိမ်လေး တည်ဆောက်ဖြစ်နေတယ်ဆို အဲဒါလေးကို အရင်ဆုံး ပြောပြပေးပါဦး။

ကိုယ်လည်း ချမ်းသာတဲ့ အသိုင်းအ၀ိုင်းထဲက မဟုတ်တော့ တစ်ဆင့်စီ တက်လာရတာပါပဲ။ အစ်မ အခုလောလောဆယ်တော့ ကျိုက်ဝိုင်းထဲမှာနေတယ်။ အဲဒီမှာတော့ တိုက်ခန်းနဲ့ပဲ နေတာပါ။ တိုက်ခန်းတွေက ရှင်းရှင်းပြောလို့ရှိရင် သာမန် မိသားစုနှစ်ယောက် ၊ သုံးယောက်ပဲ နေလို့အဆင်ပြေတာပါ။ အစ်မတို့ကျတော့ မိသားစုက ငါးယောက်ရှိတယ်။ နောက်ပြီး အဘိုးနဲ့ အဘွားကလည်း အသက်ကြီးပြီဖြစ်တော့
အစ်မက အဘိုးနဲ့ အဘွားကိုလည်း အလုပ်အကျွေးပြုချင်လို့ ခေါ်ထားတာ အားလုံးပေါင်းခုနှစ်ယောက်ဖြစ်နေတာပေါ့။ ကျိုက်ဝိုင်းထဲမှာကျတော့ မိသားစုခုနှစ်ယောက်နေဖို့က အဆင်မပြေဘူး။ တိုက်ခန်း
ဆိုတော့ ကားပါကင်တွေဘာတွေ အဆင်မပြေဘူး။အစ်မအရင်တုန်းက ပိုက်ဆံစုပြီးတော့ မြေကွက်ဝယ်ထားတာ ရှိတယ်။ အဲဒီမြေကွက်က လမ်းမတန်းရဲ့
ထောင့်ကွက်ဖြစ်တယ်နောက်ပြီး ပေ ၄၀ x ပေ ၆၀ လောက်ရှိတော့ အိမ်တစ်လုံးလောက်ဆောက်မယ်ဆိုရင် မိသားစုစည်းစည်းရုံးရုံးနဲ့ ကျယ်ကျယ်ဝန်း
ဝန်းနေလို့ ရမယ်ဆိုပြီးတော့ ၀ယ်ဖြစ်ခဲ့တယ်။ အဘိုးနဲ့အဘွားကလည်းအသက် ၇၀ကျော်၊ ၈၀နီးပါးဖြစ်နေတဲ့အခါကျတော့ သူတို့အတွက်က တိုက်ခန်းတွေနဲ့ အဆင်
မပြေနိုင်ဘူး။ အဘိုးတွေ ၊ အဘွားတွေကို အသက်ရလာတော့ ခြံလေးဝင်းလေး မှာ လမ်းဆင်းလျှောက်ပြီးတော့ ဘုရား၊ တရားနဲ့ ဘုရားခန်းလေးနဲ့ နေလို့ရ
အောင်ဆိုပြီးတော့ အစ်မစိတ်ကူးထဲက ပုံဖော်ထားတဲ့အိမ်လေးတော့ရှိပါတယ်။ သိပ်မကြာခင် တစ်နှစ်ခွဲလောက်ဆိုရင်တော့ ပြီးတော့မှာပေါ့။ အခု အကောင်
အထည်ဖော်နေပြီ။ အိမ်လေးကို စဆောက်နေပြီ။ အဲဒါလေးက သုံးထပ်တိုက်ပုံစံလေးပါ။

မေး။ ။ စိတ်ကူးထဲက အိမ်ပုံစံလေးကို ဘယ်လိုပုံစံလေးတည်ဆောက် မယ်လို့ စဉ်းစားထားလဲ။

အပေါ်ထပ်မှာ လဟာပြင်ဆောင်ရှိတယ်။ အောက်ထပ်မှာလည်း ဧည့်ခန်းကျယ်ကျယ်လေးလုပ်မယ်။ ကိုယ်က အင်တာဗျူးတွေ၊ ရိုက်ကူးရေးတွေရှိတယ်။ အပေါင်းအသင်း မိတ်ဆွေတွေလည်း ရှိတဲ့အခါကျတော့ ဧည့်ခန်းကျယ်ကျယ်လေး နဲ့ ဧည့်ခံမယ်။ အရှေ့မှာ မှန်လေးတွေလည်း ထည့်ထားတယ်။ မိုးရွာလို့ရှိရင် အရှေ့အခန်းကနေ လိုက်ကာလေးဟပြီး ကြည့် လိုက်ရင် မိုးပက်တဲ့အချိန် အေးတဲ့အရသာလေးကို ခံစားရမယ် ပေါ့။ ကိုယ့်ဆီကို ရေမစိုဘဲနဲ့ ထိနေတဲ့အရသာလေးကို အစ်မ အရမ်းကြိုက်တယ်။ ပွင့်ပွင့်လင်းလင်းပြောရင် အဲဒါက အရင်က တည်းက အိပ်မက်တစ်ခုလိုဖြစ်နေခဲ့တာပါ။ အိမ်လေးက ကျယ်တော့ အခန်းလေးတွေ များများလုပ်ထားတယ်။ အောက်ထပ်မှာ ပဲ မိသားစု ထမင်းစားခန်းလေးလည်း ထည့်ထားတယ်။ ထမင်း စားခန်းနဲ့အတူ ဟင်းချက်တဲ့ အခန်းကိုလည်း ရှယ်လုပ်ထားတယ်။ အမေကလည်း ဟင်းချက်ရတာကို ၀ါသနာတဲ့ပါတော့ ကိုယ့်အိမ်မှာ ဟင်းချက်တဲ့အခန်းကိုပဲ သန့်သန့်ခန့်ခန့်လေး နဲ့ အကြီးကြီးလုပ်ထားတယ်။ လှေကားခွင်အောက်မှာဆိုရင် လည်း ဖိနပ်လေးတွေထားမယ်။ ဒုတိယအထပ်မှာ ဆိုရင်လည်း အစ်မမောင်လေးရှိတော့ သူက တစ်ခန်း၊ အစ်မ အမေကလည်း တစ်ခန်း ၊ ပြီးရင် အစ်မအ၀တ်အစားလဲခန်းရှိမယ်။ အစ်မကျ တော့ အနုပညာသည်ဆိုတော့ တော်ကြာနေရင် ဒေါက်တာ၊ တော်ကြာနေရင် ဆရာမ ၊ ရဲမေ အဲ့လိုဖြစ်နေတာဆိုတော့ ၀န်ထမ်းအ၀တ်အစားတွေလည်း ရှိမယ်။ တောကား၊ မြို့ကား အဖုံဖုံ ရှိတဲ့အခါကျတော့ အ၀တ်အစားတွေက အများကြီးပဲ။ အရင်တုန်းက အစ်မနေတဲ့ တိုက်ခန်းလေးကကျတော့ အိပ်ခန်း တစ်ခန်းက အ၀တ်အစားတွေနဲ့ပဲ အပြည့်ဖြစ်ခဲ့တယ် လူတောင် နေလို့မရတဲ့ ပုံစံမျိုးဖြစ်နေတဲ့အခါကျတော့ ခြံနဲ့ဝင်းနဲ့ ဆောက်ပြီး တော့ ဒုတိယထပ်မှာ အဲ့လိုလေးထားဖြစ်မယ်လို့ စိတ်ကူးဖြစ် သွားတာပေါ့။ နောက် ဧည့်သည်တွေလာရင် ဧည့်သည့်အတွက် တစ်ခန်းထားတယ်။ သုံးထပ်မှာကျတော့ အစ်မညီမနဲ့ အစ်မအခန်း ကို ဟိုဘက်ဒီဘက်လုပ်ထားတယ်။ အဲဒီအ ရှေ့မှာတော့ အစ်မ သူငယ်ချင်းတွေလာရင် ဧည့်ခံဖို့ အခန်းလေးထည့်ထားတယ်၊ အပေါ်ဆုံးထပ်မှာတော့ လဟာပြင်ဆောင်လေးထည့်ထားတယ်၊ မိသားစု ပျော်ပွဲရွှင်ပွဲလေးတွေ လုပ်ချင်ရင် လုပ်ရအောင်ထည့် ထားတယ်။ သူငယ်ချင်းတွေလာရင်လည်း ပါတီလေး ဘာလေး လုပ်လို့ရအောင် မီးလေးတွေနဲ့ သပ်သပ်ရပ်ရပ်ပုံစံမျိုးလေး လုပ်ထားတယ်။ ခြံအရှေ့မှာဆိုရင်လည်း ခြံကအကျယ်ကြီး တော့ မဟုတ်ပေမယ့် အရှေ့မှာ ကားပါကင် ထိုးတဲ့ နေရာလေး နဲ့ သပ်သပ်ရပ်ရပ် လှလှပပလေးဖြစ်အောင် အလှဆင်ထား မှာပေါ့။

မေး။ ။ ဒီလိုအိမ်လေးကို ဆောက်ဖို့ ဘယ်အချိန်ကတည်းက စိတ်ကူး ယဉ်ခဲ့ရတာလဲ။

ငယ်ငယ်တုန်းကဆိုရင် အစ်မက လိုင်းခန်းမှာနေရတဲ့ အခြေအနေပါ။ ၀န်ထမ်းအိမ်ဖြစ်တဲ့အတွက် အိမ်သာတောင် အောက်မှာ ဆင်းသွားရတာပေါ့။ ရေချိုးခန်း၊ အိမ်သာဆိုရင် လည်း အောက်မှာပဲ သွားရတာဆိုတော့ အပျိုလေး ဖြစ်လာ တော့ ရင်လျားကြီးနဲ့ သွားရတာကို ရှက်လာတယ်။ အိမ်သာ တက်ချင်တယ်ဆိုလည်း ပြေးရတယ် အဲ့လိုမျိုးဘ၀တွေကို ကျော်ဖြတ်လာရတဲ့ သူတစ်ယောက်ဖြစ်တဲ့အခါကျတော့ ကြီး လာရင်တော့ အိမ်ကျယ်ကျယ်လေးနဲ့ နေချင်တယ်ဆိုပြီး စိတ်ကူး လေးရှိခဲ့တာပေါ့။ ငယ်ငယ်တုန်းက ကိုယ့်စီးပွားရေးကလည်း ဘာမှမဟုတ်ဘူး။ ဘာမှလည်း မလုပ်တတ်တဲ့သူဆိုတော့ အိပ်မက်တောင် မမက်ဖူးဘူးလို့ပဲ ပြောရမှာပေါ့။ အစ်မ စီးပွားရေးလုပ်တဲ့အချိန်၊ အနုပညာသမားတစ်ယောက် ဖြစ်တဲ့ အချိန်မှာ ရှုတင်အိမ်တွေကို လိုက်ပြီးရုပ်ရှင် ရိုက်ရင်းနဲ့သူဌေး အိမ်တွေ မြင်တွေ့လာရတယ်။ လှေကားလေးက ဆင်းလာ တယ်။ နောက်ဖေးမီးဖိုချောင် အခန်းလေးတွေ ရှိတယ်။ စားပွဲ လေးတွေရှိတယ် ဟင်းဆိုရင် လုစရာမလိုဘူး လှည့်လိုက်တာ နဲ့ ကိုယ့်အရှေ့ ရောက်လာတယ်။ အဓိက,ကတော့ အစ်မက ဘာသာရေးလုပ်တာ ၀ါသနာပါတယ်။ တရားထိုင်ချင်တယ်၊ ပုတီးစိပ်ချင်တယ်၊ ဘုရားရှိခိုးချင်တယ် ၊ ပြီးရင် အိမ်မှာ အလှူ အတန်းတွေ ခဏခဏလုပ်ချင်တာဆိုတော့ ဒီတိုက်ခန်း တွေနဲ့ က အဆင်မပြေဘူး ခြံနဲ့ ၀င်းနဲ့ဆောက်ဖို့ အမေနဲ့ တိုင်ပင်ဖြစ် ခဲ့တယ်။ နောက်ပြီးတစ်ခု အားသာတာက အစ်မက ပိုက်ဆံစု ရင်လည်း သူများနဲ့ မတူဘူး၊ ဘဏ်မှာလည်း မစုဘူး၊ ရွှေငွေ လည်း သိပ်မလုပ်ဘူး ။ အစ်မကျတော့ မြေ၀ယ်တယ်၊ အိမ်ဝယ် တယ် ဒါပဲလုပ်တတ်တဲ့သူဆိုတော့ အစ်မမှာ ခြံတွေအများကြီး ပဲ။ အခုဆိုရင် အစ်မလိုချင်တဲ့နေရာလေးဖြစ်တယ်၊ မီးလည်း ရတယ်၊ စည်ကားတဲ့ပြီး စီးပွားရေးလုပ်လို့ရတဲ့ နေရာမျိုး လမ်းမ တန်းထောင့်ကွက်ကို ရွေးဝယ်ဖြစ်ခဲ့တာ မြောက်ဒဂုံဘက်မှာပါ၊ ဒဂုံတက္ကသိုလ်နဲ့လည်း နီးတယ်။ အဲဒီနားမှာ အစ်မ ခြံဆောက် မယ်ဆိုပြီးတော့ လွန်ခဲ့တဲ့ တစ်လလောက်မှ အကောင်အထည် ဖော်ဖြစ်သွားတာ၊ အခုဆိုရင် ပန်္နက်ရိုက်ပြီးသွားပြီ။ အိမ်က စဆောက်နေပါပြီ။

မေး။ ။ စိတ်ကူးထဲက အိမ်လေးကို တည်ဆောက်နိုင်ပြီဖြစ်တဲ့အတွက် ခံစားချက်က ဘယ်လိုမျိုးရှိနေလဲ။

အမှန်တိုင်းပြောရရင် ရန်ကုန်မြို့မှာ အိမ်တစ်အိမ် ဆောက်ဖို့ ဆိုတာလည်း မလွယ်ပါဘူး။ ဒါကလည်း မြေကြီးက နဂိုကတည်းက ရှိနေပြီးသားမို့လို့သာ ဖြစ်တာပေါ့။ အစ်မ စ၀ယ်တုန်းက ၂၅ သိန်း ပဲရှိတယ် အခု သိန်း၁၀၀၀ ကျော်သွား ပြီ။ အစ်မက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ပိုက်ဆံ ကို မသုံးဘူး။ မြေ၀ယ်လိုက်တဲ့ အခါကျတော့မြေကြီးက ရွှေသီး လာတယ်လို့ပဲ ပြောရမှာပေါ့၊ အဓိကက မြေရှိတဲ့အတွက် အစ်မအိမ်ဆောက်ဖို့ အခွင့်အရေးရသွားတယ်။ ပြီးတော့ အစ်မလုပ်ချင်တဲ့ ဆန္ဒတွေကလည်း အစ်မတစ်ကိုယ်တည်း အတွက်မဟုတ်ပဲနဲ့ မိသားစုအတွက် ဖြစ်တဲ့အခါကျတော့ ဘုရားကပေးတဲ့ ဆုလာဘ်လေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရလိုက် တာပါ။ ဒီကြားထဲမှာလည်း အခက်အခဲတွေ အများကြီး ကြုံ တွေ့ခဲ့ရတာတွေတော့ ရှိပါတယ်။ ကိုယ်ကလည်း သူဌေးတစ် ယောက်မဟုတ်တော့ အခက်အခဲတွေတော့ ရှိတာပေါ့။ ကိုယ့် ရှိတာလေးတွေ ချွတ်ပြီး မိသားစုငွေ လေးတွေနဲ့ ဆောက်ထား တာပါ။ အရမ်းကြီး ချမ်းသာလို့တော့ မဟုတ်တဲ့အတွက် အရမ်း ၀မ်းသာမိတယ်။

မေး။ ။ အိမ်ရဲ့ Decoration အပြင်အဆင်ပိုင်းဆိုရင်ရော ဘယ်လိုလုပ် မယ်လို့ စဉ်းစားထားသေးလဲ။

အစ်မကကျတော့ အနုပညာရှင်ဖြစ်တော့ ပုံလေး တွေကြိုက်တယ်။ အဓိက,ကတော့ အစ်မမိသားစု ပုံလေးတွေ ကို အောက်မှာထားမယ်။ အကယ်ဒမီပွဲတက်တဲ့ ပုံလေးတွေ ထားမယ်။ အကယ်ဒမီဆုကကျတော့ အစ်မအများကြီး ကြိုးစား ရဦးမှာဆိုတော့ ပွဲတက်ပုံလေးတွေထားမယ်။ အစ်မ အခန်းထဲ မှာဆိုရင်တော့ အစ်မ အမျိုးသားနဲ့ ပုံလေးတွေထားမယ်။ သူ (အဆိုတော် သားဂန်း)က အဆိုတော်ဖြစ်တော့ ဂစ်တာလေး တွေ တန်းစီပြီးတော့ အများကြီးထားမယ်။ ပရိသတ်ပေးတဲ့ လက်ဆောင်လေးတွေကိုထားမယ်။ အဓိက,ကတော့ အစ်မက အနုပညာသမားဆိုတော့ အနုပညာနဲ့ ပတ်သက်တဲ့ အရာ လေးတွေထားမယ်လို့တော့ စဉ်းစားထားတယ်။

မေး။ ။အိမ်အရောင်ဆိုရင် ဘယ်လိုအရောင်လေးကို ကြိုက်နှစ်သက် တာလဲ။

အစ်မက အိမ်ဆိုရင် အဖြူလေးပဲ ကြိုက်တယ်။ ဒါပေမယ့် ကိုယ်နေမယ့် အခန်းထဲမှာဆိုရင် နန်းတော်လိုမျိုး လုပ်ချင်တာ ရွှေရောင်တွေ နဲ့လုပ်ချင်တာ။ ဘုရင်မတစ်ယောက် စံစားပြီးနေသလိုပေါ့ အဲ့လိုမျိုးနေချင်တာပါ။ အစ်မက ဘုရင်မ ဖြစ်ချင်တာဆိုတော့ ကုတင်တွေ ဘာတွေဆိုရင်လည်း နန်းဆောင်ထဲက ပုံစံလိုမျိုး ပိုက်ဆံစုပြီး ၀ယ်မယ်လို့ စဉ်းစားထားတယ်။ အိမ်အပြင်အဆင်ကတော့ ရိုးရိုးလေးပဲ ဖြစ်ချင်တယ်။ သန့်သန့်လေးနဲ့ တိုက်လေးကို ကြည့်လိုက်တာနဲ့ ရိုးရိုးလေးနဲ့ အဖြူရောင်အိမ်လေးပုံစံပဲ ဖြစ်ချင်တာပေါ့။

မေး။ ။ရန်ကုန်မဟုတ်တဲ့ အခြားနေရာဒေသတစ်ခုကို ရွေးချယ်ခွင့်ရ မယ်ဆိုရင် ဘယ်နေရာကို ရွေးချယ်ချင်လဲ။

အစ်မနဲ့ အစ်မချစ်သူ ပြောထားတာတော့ ရှိတယ်။ ပြင်ဦးလွင် ဘက်မှာနေချင်တယ်။ စားပင်၊ သီးပင်လေးတွေ စိုက်ပြီး အေးအေးချမ်းချမ်းလေးနေချင်တယ်။ အမြဲတမ်းကြီး တော့ မနေချင်ဘူး။ အစောင့်လေးထားထားပြီးတော့ အိမ်မှာ relax အနေနဲ့ နားမယ်။ ပြီးရင် အိမ်မှာ အသီးအနှံလေးတွေ စိုက်ထားပြီး စားမယ်။ အဲဒီလိုမျိုးလေးတော့ စိတ်ကူးထားတယ်။

မေး။ ။ အနုပညာရှင်တစ်ယောက်တွက် ကိုယ့်ရဲ့အိမ်က အပန်းဖြေတဲ့ နေရာတစ်ခုလို့ ဆိုလို့ရနိုင်မလား။

သိပ်မှန်ပါတယ် ။ ဘ၀မှာ ကားတွေတောင်မလိုဘူး။ တက္ကစီငှားသွားလို့ရတယ်။ အရစ်ကျနဲ့ ၀ယ်လို့လည်း ရတယ်။ အိမ်ကတော့ မိသားစု စုစုစည်းစည်းလေး ရှိတဲ့ နေရာဖြစ်တယ်။ မိသားစုလေးနဲ့ ပျော်ရွှင်မှုလေးတွေကလည်း ဒီအိမ်လေးမှာပဲ ရှိနိုင်တာပါ။ ခရီးတွေဘယ်လောက်သွားသွား အချိန်တန် ပြန်လာတဲ့အခါကျရင် ကိုယ့်မိသားစုနဲ့ နွေးထွေးတဲ့အရသာလေး က အိမ်လေးမှာပဲ ရနိုင်တာပါ။ကိုယ့်အိမ်မှာဆိုရင် ချက်ပြုတ် စားသောက်ပြီး မိသားစု ပျော်ပျော်ရွှင်ရွှင်လေးနေရတယ်။ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေပြီး ဘုရား၊ တရားတွေ လုပ်လို့ ရတယ်ဆိုတော့ အစ်မအတွက် အိမ်က အရမ်းကိုနက်ရှိုင်းလွန်း အားကြီးတယ်။ အရမ်းကို အရေးပါတယ်။ လူတိုင်း လူတိုင်း အတွက်လညိး အိမ်ကအမြဲနံပါတ်တစ်ဖြစ်သင့်တယ်။ ကိုယ်နေ မယ့်နေရာမှာ ဘယ်လိုမျိုးနေကြမလဲ။ အသက်အရွယ်ရလာရင် ဘယ်လိုမျိုးခေါင်းချမလဲဆိုတာရှိတော့ အိမ်ဆိုတာက ကျောတခင်းမှ မဟုတ်ဘူး တကယ့်ကို ကြီးကြီးမားမားလိုအပ်တဲ့ အရာတစ်ခုပါပဲ။

မေး။ ။ အိမ်ဆိုတဲ့ ခေါင်းစဉ်ကို ရည်ညွှန်းပြောချင်တဲ့စကား များရှိမလား။

အိမ်ဆိုတာကလေ မိသားစုရဲ့နွေးထွေးဆုံး အရာ ပေါ့နော်။ မိသားစု ပျော်ပျော်ပါးပါး စုစုရုံးရုံးလေးနဲ့ နေမယ် ဆိုရင် အိမ်တစ်လုံးက တကယ့်ကို အရေးပါပါတယ်။ အစ်မ လည်း အဲဒါကြောင့် မိသားစု စုစုရုံးရုံး ပျော်ပျော်ရွှင်ရွှင်လေး relax ဖြစ်ချင်တယ်။ ဘယ်လောက်ပဲ ခရီးတွေသွားသွား အချိန် တန်ရင် ကိုယ့်အိမ်လေးကပဲ relax ဖြစ်စေတာပါပဲ။ ကိုယ်အိမ် လောက် ဘယ်အရာမှ မကောင်းဘူး။မိသားစုတိုင်းလည်း အိုး ပိုင် အိမ်ပိုင်လေးနဲ့ ပျော်ရွှင်တဲ့ မိသားစုဘ၀၊ မိသားစုအိမ်လေး ကို ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

မေး။ ။ လတ်တလော အနုပညာလှုပ်ရှားမှုလေးကိုလည်း ပရိသတ်ကြီး သိရှိအောင် မျှဝေပေးပါဦး။

လတ်တလောကတော့ သိတဲ့အတိုင်း ကားရိုက်က လည်း ပါးတယ်ဆိုတော့ စီးပွားရေးဘက်ပဲ အစ်မလုပ် နေရတယ်။ နယ်တွေ သွားပြီးတော့ သီချင်းတွေ ဆိုဖြစ်နေတယ်။ ချစ်သူက လည်း အဆိုတော်ဖြစ်နေတော့ သူနဲ့ ကိုယ်နှစ်ယောက်ပေါင်းပြီး တော့ ဖွင့်ပွဲတွေတက်နေရတယ်။ မြန်မာဝတ်စုံလေးတွေနဲ့ ဓာတ်ပုံရိုက် photo shotting လေးတွေ ရှိတယ်။ ဘန်ကောက်မှာ လည်း သီချင်းတွေ သွားဆိုဖြစ်တယ်၊ အခုလည်း သားဂန်းရဲ့ ဒုတိယအခွေ ဖန်တီးဖို့အတွက်ကို အစ်မကပဲ မူပိုင်ရှင်မကြီး ဘေဘီမောင်အနေနဲ့ စရိုက်ရတယ်။ သီချင်းဝယ်တာတွေ အကုန်လုံးကိုပဲ အခုလက်ရှိ အစ်မပဲ ဖန်တီးပေးနေတယ်။ ဒီ တစ်ခေါက်တော့ ကိုယ့်ထက် ကိုယ့်ချစ်သူကို အရင်ဦးစားပေး ပြီးတော့ အနုပညာလုပ်ငန်းတွေမျှာကစစသမအငညါ လေးတွေ လုပ်ပေးနေရပါတယ်။

မေး။ ။ အားပေးတဲ့ ပရိသတ်တွေကြီးအတွက် စကားလက်ဆောင်လေး ပြောကြားပေးပါဦး။

ပရိသတ်ရှိလို့ ဘေဘီမောင်ဆိုတာ ရှိလာတာပါ။ ချစ်တဲ့ပရိသတ်တွေ အားပေးနေသရွေ့တော့ အနုပညာလုပ်ငန်းတွေ အများကြီးလုပ်သွားမယ်၊ ပရိသတ်ချစ်တဲ့သူဖြစ် အောင်လည်း ဘေဘီအမြဲတမ်း ကြိုးစားပြီးနေပါတယ်၊ ပရိသတ် ကျွေးတဲ့ ထမင်းကိုစားတဲ့အတွက် အမြဲတမ်း လက်အုပ်ချီပြီး ကန်တော့တယ်။ အမြဲတမ်းလည်း ပရိသတ် ကြီးကို မေတ်္တာပို့သ ပါတယ်လို့ ပြောချင်ပါတယ်။


ဖူးဖူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
စိတ်ကူးထဲကအိမ်လေးကိုတည်ဆောက်နေတယ်ဆိုတဲ့ သရုပ်ဆောင်ဘေဘီမောင်နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
စိတ်ကူးထဲကအိမ်လေးကိုတည်ဆောက်နေတယ်ဆိုတဲ့ သရုပ်ဆောင်ဘေဘီမောင်နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
စိတ်ကူးထဲကအိမ်လေးကိုတည်ဆောက်နေတယ်ဆိုတဲ့ သရုပ်ဆောင်ဘေဘီမောင်နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
စိတ်ကူးထဲကအိမ်လေးကိုတည်ဆောက်နေတယ်ဆိုတဲ့ သရုပ်ဆောင်ဘေဘီမောင်နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)