အိမ်ဆိုတာ နွေးထွေးတဲ့နေရာတစ်ခုပါတေးသံရှင်ရေဗက္ကာဝင်းနှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
4974 ကြိမ် ကြည့်ရှု့ပြီး

အိမ်ဆိုတာ နွေးထွေးတဲ့နေရာတစ်ခုပါတေးသံရှင်ရေဗက္ကာဝင်းနှင့် တွေ့ဆုံခြင်း

Posted by အိမ့်မှူးခင် (iMyanmarHouse.com)

မိသားစုတစ်ခုကို ပိုင်ဆိုင်ထားပြီး သူနေထိုင် တဲ့ သူအိမ်လေးက သူ့အတွက်တော့ နွေးထွေး တဲ့နေရာလေးတစ်ခုပါတဲ့။ သူက ဂီတသက်တမ်း ဆယ့်လေးနှစ် ကျော်ကာလကို ဖြတ်သန်းခဲ့ပြီး အောင်မြင်မှုများစွာနှင့်အတူ အတွဲခွေများစွာ ထွက်ရှိထားသည့် တေးသံရှင်တစ်ဦးပါ။ မကြာ သေးမီကာလကမှ သူရဲ့တစ်ကိုယ်တော် အယ်လ်ဘမ်ကို မိခင် ဘာသာစကား ကချင်ဘာသာနဲ့ ထုတ်ဝေခဲ့သူလည်း ဖြစ်ပါတယ်။

သူနဲ့တွေ့ဆုံစဉ် သူရဲ့ပထမဆုံးတစ်ကိုယ်တော် အယ်လ် ဘမ်အကြောင်းနဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အနုပညာလောကမှာ ရေရှည်ရပ်တည်နိုင်အောင် သူဘယ်လို တည်ဆောက်ခဲ့တယ်ဆို တာ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ပရိသတ်ကြီးအတွက် မေးမြန်းခဲ့တာတွေကို ပြန်လည်ရေးသား ဖော်ပြလိုက်ပါတယ်။

မေး - “အိမ်” ဆိုတဲ့ နေရာတစ်ခုအပေါ် ရေဗက္ကာ ခံယူထား တဲ့ ခံယူချက်က ဘယ်လိုမျိုးလဲ

အိမ်ဆိုတာကနားခိုရာနေရာ၊ ခိုလှုံရာနေရာ၊ စိတ် အပန်းဖြေရာနေရာ၊ နွေးထွေးတဲ့နေရာလေးတစ်ခုလို့ ရေဗက္ကာ ခံယူထားပါတယ်။

မေး - လက်ရှိနေထိုင်တဲ့အိမ်လေးကကောရေဗက္ကာ နှစ်သက် သဘောကျတဲ့ပုံစံမျိုးလား၊ ဒါမှမဟုတ် တစ်ခြား စိတ်ကူးထား တဲ့ အိမ်ပုံစံမျိုးကော ရှိသေးလား။

လက်ရှိနေတဲ့ အိမ်လေးကို သဘောကျနှစ်သက်တဲ့ အတွက် တစ်ခြား စိတ်ကူးထားတဲ့ အိမ်ပုံစံမျိုးတော့ မရှိသေးပါ ဘူး။ ဒါပေမယ့် နေထိုင်မယ့် မိသားစုလူဦးရေနဲ့ အနေတော် လောက်ဖြစ်မယ့် အိမ်ပုံစံမျိုးကိုတော့ ကြိုက်ပါတယ်။ အဲဒီအိမ် လေးမှာ အရောင်ဆိုရင် လင်းတဲ့ဘက်ရောက်တာမျိုး လင်းလင်း ရှင်းရှင်းရှိတာလေးတွေ ၊ Decoration ဆိုလည်း ရှုပ်ယှက်ခတ် နေတာမျိုးမဟုတ်ဘဲ ရှင်းရှင်းလင်းလင်းရှိတာမျိုးတွေကိုတော့ ထည့်သွင်းပြင်ဆင်ချင်တာမျိုးတော့ ဖြစ်မိတယ်။

မေး-မြန်မာနိုင်ငံအနှံနေရာ အများအပြားထဲကမှ နေရာတစ်ခု ကို ရွေးချယ်ပြီး နေထိုင်မယ်ဆို ဘယ်လိုနေရာတွေက ရေဗက္ကာကို ဆွဲဆောင်နိုင်မလဲ။

အေးအေးချမ်းချမ်းလေးနဲ့ စိတ်ကြည်နူးဖို့ကောင်းတဲ့ တောင်ပေါ်ဒေသလေးတွေပဲ ဖြစ်ပါလိမ့်မယ်။

မေး - တည်ဆောက်ထားတဲ့ ဘ၀ကရော ရေဗက္ကာလိုချင်တဲ့ ပုံစံပဲလား

ဟုတ်ကဲ့။ ရေဗက္ကာတို့တွေ နွေးနွေးထွေးထွေးနဲ့ တစ် ယောက်ကို တစ်ယောက် နားလည်မှုရှိပါတယ်။

မေး - လတ်တလော ထွက်ရှိထားတဲ့ရေဗက္ကာရဲ့  တစ်ကိုယ်တော် အယ်လ်ဘမ်လေးအကြောင်းကိုလည်း ပြောပြပေးပါဦး။

ရေဗက္ကာဂီတသက်တမ်း ဆယ့်လေးနှစ်ရှိပါပြီ။ အတွဲ ခွေတွေအများကြီး ထွက်ဖူးပေမယ့် ဒါက ပထမဆုံး တစ်ကိုယ် တော် အယ်လ်ဘမ်ပါ။ အခွေနာမည်ကို ကချင်ဘာသာစကားနဲ့ “မက”လို့ပေးထားပါတယ်။ ကိုယ့်လူမျိုးရဲ့  ဂီတ ၊ စာပေ ၊ ယဉ်ကျေး မှုပုံစံ အရာအားလုံးကို ကျန်တဲ့တိုင်းရင်းသားတွေအားလုံးနဲ့ မျှဝေခံစားချင်တာကြောင့် လုပ်ဖြစ်ခဲ့တာပါ။

မေး - စီးရီးနာမည်က နည်းနည်းလေးဆန်းနေသလိုပဲနော်။ အဓိပ္ပာယ်က ဘယ်လိုမျိုးလဲ။

“မက” ( Maka )လို့ပေးထားဖြစ်တဲ့အဓိပ်္ပါယ်က ရေဗက္ကာအတွက်တော့ အရမ်းကိုလေးနက်ပါတယ်၊ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုလို့လည်းရတယ်၊ အဓိပ္ပာယ်ကတော့ ရေဗက္ကာဝင်းရဲ့ ပုံရိပ်၊ ရေဗက္ကာဝင်းရဲ့ အရောင်အဆင်း၊ ရေဗက္ကာဝင်းရဲ့ ပုံသဏ္ဌာန်၊ အငွေ့အသက်ဆိုတဲ့ သဘောမျိုးလေးပါ။

မေး - ဂီတအမျိုးအစားတွေကကော ဘယ်လိုပုံစံမျိုးလဲ။

သီချင်းတွေအားလုံး ကချင်ဘာသာစကားနဲ့ဆိုပေ မယ့် ခေတ်ပေါ်ပုံစံလေးတွေဆိုပေမယ့် ရေဗက္ကာ ဂီတအမျိုး အစား စုံအောင်ထည့်ထားပါတယ်။

မေး-ကြားထဲမှာအနုပညာနဲ့ အချိန်အကြာကြီး အဆက်ပြတ် နေတယ်နော်။ ဘယ်လိုကြောင့် အချိန်တွေအကြာကြီးအဆက် ဖြတ်ထားတာလဲ။

ရေဗက္ကာ ၂၀၁၀ ကနေ စပြီးကျောင်းတက်လိုက်တယ်၊ ပြီးတော့အနုပညာအလုပ်တွေနားပြီးတော့ အမျိုးသားနဲ့ စီးပွား ရေးလုပ်တယ်၊ ၂၀၁၆ မှာမှ ဂီတဘက်ကို ပြန်လှည့်ပြီးတော့ ဓမ္မတေးခွေရော၊ အခုအခွေလေးရောလုပ်ဖြစ်ခဲ့တာ။ အခုနောက် ပိုင်းတော့ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်သွားမှာပါ။

မေး-ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အနုပညာလောကမှာ ရေရှည်ရပ် တည်နိုအောင် ကိုယ့်ကိုယ်ကိုယ်ကော ဘယ်လိုတည်ဆောက် ဖြစ်လဲ။

ရဗက္ကာက ကိုယ့်ကိုယ်ကိုယ် မကျေနပ်စိတ်တွေဖြစ် အောင်မနေပါဘူး။ စိတ်ထားတတ်အောင်နေတယ်ဆိုတဲ့အထဲ မှာ အဲဒါတွေလည်း ပါတာပေါ့နော်၊ ကိုယ့်ရဲ့အခြေအနေကို ကိုယ်လက်ခံတယ်၊ ကိုယ့်ရဲ့ အနေအထားကို ကိုယ်ကျေနပ်တယ် တခြားလူအပေါ်မှာလည်း မုဒိတာထားတယ် ၊ အဲဒီလိုနေထိုင် ခြင်းဖြင့် စိတ်နှလုံးအေးချမ်းတယ်လို့ ရေဗက္ကာ မြင်ပါတယ်။

မေး - ဆယ့်လေးနှစ်တာ ဂီတခရီးလမ်းကိုပြန်ကြည့်တဲ့အခါ ကိုယ့်ရပ်တည်မှုကို ကျေနပ်အားရရဲ့လား၊ ဖြတ်သန်းခဲ့တဲ့ လမ်း တလျှောက် အမှတ်တရဖြစ်စရာတွေကော ရှိခဲ့သေးလား။

ရေဗက္ကာ ကျေနပ်ပါတယ်၊ ကိုယ်အတတ်နိုင်ဆုံးကြိုး စားခဲ့တာဖြစ်အတွက် ကျေနပ်ပါတယ်။ ပရိသတ်တွေ ချစ်ခင် အားပေးမှုက ရေဗက္ကာအတွက် ကျေနပ်စရာအဖြစ်ဆုံးနဲ့ အမှတ် တရ အဖြစ်ဆုံးပါပဲ ။

မေး-ကချင်ဘာသာစကားနဲ့ အခွေထွက်ပြီးပြီဆိုတော့ မြန်မာ ဘာသာစကားနဲ့ကော တစ်ကိုယ်တော်အခွေ ထွက်ဖို့ရှိသေး လား။

ဟုတ်ကဲ့။ ရေဗက္ကာ မြန်မာဘာသာစကားနဲ့ သီဆိုမယ့် တစ်ကိုယ်တော်ခွေ ထွက်ဖို့ရှိပါတယ်။ အဲ့မှာတော့ ဂီတပုံစံ ပြောင်းလဲထားပါတယ်။ ဒီအခွေထွက်ဖို့အတွက်ကိုလည်း စိတ် ကူးတွေက အများကြီးပါပဲ။ အဲဒီစိတ်ကူးတွေကိုလည်း အကောင် အထည်ပေါ်နိုင်အောင်ကြိုးစားနေပါတယ်။

မေး ရေဗက္ကာကို အားပေးနေကြတဲ့ပရိသတ်တွေကို ပြောပြချင် တာတွေ၊ အသိပေးချင်တာတွေရှိရင်လည်း ပြောပြပေးပါဦး။

ရေဗက္ကာကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်၊ ရေဗက္ကာက ကချင် ဘာသာစကားနဲ့ သီဆိုထားတဲ့အခွေလေးလည်း ထွက်ထားပါ တယ်၊ မြန်မာဘာသာစကားနဲ့သီဆိုထားတဲ့ အခွေလည်းထွက် ဖို့ရှိတာမို့ ထွက်လာရင် အားပေးကြပါဦးလို့ပြောချင်ပါတယ်။

အိမ့်မှူးခင် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
အိမ်ဆိုတာ နွေးထွေးတဲ့နေရာတစ်ခုပါတေးသံရှင်ရေဗက္ကာဝင်းနှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
အိမ်ဆိုတာ နွေးထွေးတဲ့နေရာတစ်ခုပါတေးသံရှင်ရေဗက္ကာဝင်းနှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
အိမ်ဆိုတာ နွေးထွေးတဲ့နေရာတစ်ခုပါတေးသံရှင်ရေဗက္ကာဝင်းနှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)