ပကာသနတွေ မပါဘဲနဲ့ ရိုးရှင်းအေးချမ်းတဲ့ အိမ်လေးမှာနေချင်သူ နီနီခင်ဇော် - Celebrity Interview on Property from iMyanmarHouse.com
8946 ကြိမ် ကြည့်ရှု့ပြီး

ပကာသနတွေ မပါဘဲနဲ့ ရိုးရှင်းအေးချမ်းတဲ့ အိမ်လေးမှာနေချင်သူ နီနီခင်ဇော်

Posted by အိမ့်မှူးခင် (iMyanmarHouse.com)

တချို့ကလည်း ကိုယ်ပိုင်ဆိုင်တဲ့ အိမ်လေးမှာ ကိုယ့်စိတ်ကြိုက် ပြင်ဆင်ခြယ်သမှုတွေနဲ့။ တချို့ကလည်း ကိုယ်ပိုင်ဆိုင်တဲ့ အိမ်လေးမှာ ပကတိ ရိုးရှင်းစွာ နဲ့ နေထိုင်ကြတယ်။ အဲဒီအထဲကမှ နိုင်ငံကျော် တေးသံရှင်တစ်ဦး ဖြစ်သူ နီနီခင်ဇော်ကတော့ သူရဲ့အိမ်လေးကို ပကာသနတွေ မပါဘဲနဲ့ ရိုးရှင်း အေးချမ်းတဲ့ အိမ်လေးမှာသာ နေလိုတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

သူနဲ့တွေ့ဆုံစဉ် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မဂ္ဂဇင်း ပရိသတ်ကြီးအတွက် သူလိုချင်တဲ့ အိမ်လေးအကြောင်းကို မေးမြန်းခဲ့သလို သူရဲ့အနုပညာလှုပ်ရှားမှု တွေကိုလည်း ချစ်တဲ့ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါသည်။

မေး- နီနီ့အတွက် အိမ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်ရှိတွေလဲ။

အိမ်ဆိုတာကတော့ ဘယ်အချိန် ဘယ်နေရာက ပြန် ရောက်ရောက် အမြဲတမ်းအမောပြေတယ်။ အခုဆိုရင် အိမ်မှာ ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ (ရယ်လျက်) အိမ်ပြန်ရမယ့် အချိန်ကိုပဲ တစ်နေ့တစ်နေ့မျှော်နေတာ။

မေး - ဘယ်လိုအိမ်မျိုးလေးတွေကို နီနီက သဘောကျ နှစ်သက်လဲ။

အိမ်သေးသေးလေးပဲ နီနီ သဘောကျတယ်။ တစ်ထပ် တစ်လုံးလေးပဲ။ ဘာဖြစ်လို့လည်းဆိုတော့ နီနီ ဖုန်မှုတ်၊ တံမြက် စည်းလှည်းရတာ မလုပ်ချင်ဘူး။ (ရယ်လျက်) အဲဒါကြောင့်မို့ နီနီ တစ်ကိုယ်ရေတကာရ အေးအေးချမ်းချမ်းလေးနဲ့ မြေစိုက် အိမ်သေးသေးလေးပဲ ဖြစ်ပါစေ။ နီနီ နေချင်တယ်။ နှစ်သက် တယ်။

မေး - ဘယ်လိုနေရာလေးမှာ နေချင်လိုက်တာလို့ကော နီနီ တွေးထားလား။

နီနီ အေးချမ်းတဲ့နေရာ၊ သစ်ပင်စိုက်လို့ရမယ့် နေရာ လေးမှာ နေချင်တယ်။

မေး - အိမ်အတွင်း အလှဆင်ရတာတွေကော ၀ါသနာပါလား။ တကယ်လို့ ကိုယ့်မှာ မိသားစုတစ်ခု ပိုင်ဆိုင်ရပြီဆိုရင် အိမ်ကို ဘယ်လိုအလှဆင်မယ်လို့ စိတ်ကူးထားတာကောရှိလား။

နီနီ အိမ်အတွင်းအလှဆင်ရတာ ၀ါသနာပါပါတယ်။ ဒါပေမယ့် တအားကြီးတော့လည်း မဟုတ်ပါဘူး။ တစ်ခါမှ မိသားစုနဲ့ ကလေးတွေရလာရင်ဆိုပြီး ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာတော့ စိတ်ကူးထားတာမရှိသေးဘူး။ အေးချမ်းတဲ့အိမ်လေး ပဲ လိုချင်တယ်။ ပကာသနတွေမများတဲ့၊ မရှိတဲ့ အိမ်လေးတစ်လုံး လောက်တော့ နီနီ လိုချင်တယ်။

မေး -လက်ရှိနေနေတဲ့အိမ်လေးကကော နီနီ့အတွက် အဆင် ပြေလား။

အခု နီနီနေတဲ့အိမ်လေးကလည်း နီနီ့အတွက် အဆင် ပြေတယ်။ နွေးနွေးထွေးထွေးရှိတယ်။ မိသားစုတွေ အားလုံး ဖေးမကြတယ်။ ချစ်ခင်ကြတယ်။ ခွေးလေးတွေ ကြောင်လေး တွေနဲ့ စိုပြေတယ်။

မေး - နီနီက အခုဆိုရင် တစ်ဖက်မှာလည်း အောင်မြင် တဲ့ အဆိုတော်တစ်ယောက် တစ်ဖက်မှာလည်း စီးပွားလုပ်ငန်း ရှင်တစ်ဦးအဖြစ် မြင်တွေ့နေရတော့ နီနီ့ ရည်မှန်းချက်တွေ အတွက် ဘာတွေဆက်လုပ်သွားမှာလဲ။

နီနီ ရည်မှန်းချက်တွေ မပြည့်သေးပါဘူး။ အများကြီး ကြိုးစားရအုံးမယ်။ နီနီ ကိုယ်တိုင်လည်း လိုအပ်ချက်တွေ အများကြီး၊ တစ်နေ့တစ်နေ့ ပိုပို များလာတာတွေ့နေရတယ်ဆို တော့ နီနီ အများကြီး ကြိုးစားရ အုံးမှာပါ။ လက်ရှိမှာ နီနီက ကြိုးစားနေတဲ့ လူငယ်တစ် ယောက်ပါ။ အောင်မြင်တဲ့သူ တစ်ယောက် မဟုတ်သေးပါဘူး။

မေး - နီနီရဲ့လတ်တလော အနုပညာ လှုပ်ရှား မှုတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးပါ ဦး။

နီနီ အခု “ U ” အခွေထဲက “ Good Kisser ” ကတော့ ဒီ နေ့ တင်လိုက်တယ်ပေါ့နော်။ Online မှာလည်း တောက် လျှောက်ဆိုသလို အခုလိုမျိုး video လေးတွေ တင်ပေးမယ်။ နယ်ပွဲ တွေလည်း
တောက်လျှောက်ဆိုဖြစ်တယ်။ နိုင်ငံခြားပွဲလေးတွေလည်း သွားဆိုစရာရှိတယ်။ နောက်နှစ်တွေမှာ နီနီရဲ့ One Lady Show ကို နောက်ထပ် တစ်ကြိမ်ကျင်းပပါမယ်။

မေး - နီနီ့ကိုချစ်တဲ့ ပရိသတ်ကြီးအတွက် စကားလက် ဆောင်ပါးပေးပါဦး။

ပရိသတ်တွေကတော့ နီနီ့အတွက် အမှတ်တရပါပဲ။ အမြဲတမ်း သူတို့ဆီက အေးချမ်းတဲ့မေတ္တာလေးရတဲ့ အတွက် နီနီ ပျော်တယ်။ ကျေးဇူးလည်းတင်ပါတယ်။

ဟုတ်... အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်။


အိမ်မှူးခင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
ပကာသနတွေ မပါဘဲနဲ့ ရိုးရှင်းအေးချမ်းတဲ့ အိမ်လေးမှာနေချင်သူ နီနီခင်ဇော် - Celebrity Interview on Property from iMyanmarHouse.com
ပကာသနတွေ မပါဘဲနဲ့ ရိုးရှင်းအေးချမ်းတဲ့ အိမ်လေးမှာနေချင်သူ နီနီခင်ဇော် - Celebrity Interview on Property from iMyanmarHouse.com
ပကာသနတွေ မပါဘဲနဲ့ ရိုးရှင်းအေးချမ်းတဲ့ အိမ်လေးမှာနေချင်သူ နီနီခင်ဇော် - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)