ဘယ်နေရာကမှ ကိုယ့်အိမ်လောက်နွေးထွေးလုံခြုံမှုကို မပေးနိုင်ဘူးဆိုတဲ့ ဆန်းသစ်လ - Celebrity Interview on Property from iMyanmarHouse.com
2105 ကြိမ် ကြည့်ရှု့ပြီး

ဘယ်နေရာကမှ ကိုယ့်အိမ်လောက်နွေးထွေးလုံခြုံမှုကို မပေးနိုင်ဘူးဆိုတဲ့ ဆန်းသစ်လ

Posted by နန္ဒာယမင်း (iMyanmarHouse.com)

အနုပညာအလုပ်တွေကို အရင်ထဲက ၀ါသနာပါတယ်။ မေမေ့ကို ကြည့်ပြီးတော့ အားလည်းကျတယ်။ ၂၀၁၂ ခုနှစ်ကစပြီး အနုပညာလှုပ်ရှားမှုတွေ စတင်လုပ်လာပြီး မိမိအတွက် ဘယ်လောက်ကောင်းတဲ့နေရာ ဟိုတယ် တွေဖြစ်လင့်ကစား ကိုယ့်အိမ်ကိုယ့်ရာလောက် လုံခြုံနွေးထွေးမှု၊ ကြင်နာမှုတွေမပေးနိုင်ဘူးလို့ ပြောလာတဲ့ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ၊ မော်ဒယ် ဆန်းသစ်လနှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။







အခုလတ်တလောအနုပညာလှုပ်ရှားမှုက ကြော်ငြာလေးတွေ ရိုက်နေတယ်။ တစ်ကိုယ်တော်အခွေထွက်ဖို့ကို ကြိုးစားနေတယ်။ အခွေထဲမှာ ၁၀ ပုဒ်ပါမယ်။ ၆ ပုဒ်လောက်တော့ ပြီးသွားပြီ။ ပထမဦးဆုံးအခွေလေးပါ။ အနုပညာလောကကို စ၀င်လာတော့ ဏ့သအသ မော်ဒယ်လုပ်တယ်။ မော်ဒယ်သင်တန်းတွေ



တက်တယ်။ အဆိုပိုင်းကိုတော့ ဆရာခေါ်ပြီးသင်တယ်။ သီချင်းဆို တာက ညီမရဲ့ အဓိက၀ါသနာလို့လည်း ပြောလို့ရပါတယ်။ လက်ရှိဖြစ်နေ တဲ့ စိတ်အနေအထားဆိုရင် လွတ်လပ်ပေါ့ပါးစွာ နေချင်တယ်။ ပျော်ပျော်နေတတ်တယ်။ တစ်ယောက်တည်း စိတ်ငြိမ်စွာ နေရတာကို သိပ်သဘောမကျဘူး။ ဖက်ရှင်နဲ့ ပတ်သက်လည်း အခုတလော အတိုတွေကို သိပ်မ၀တ်ဖြစ်ဘူး ဘောင်းဘီရှည်၊ ပေါ့ပါးတဲ့အင်္ကျီတွေကိုပဲ ၀တ်ဖြစ်တာများတယ်။ အခုတလောနေထိုင်ရတဲ့ ခံစားချက်ကိုက အလုပ်ပြီးရင် အိမ်ပြန် လွတ်လွတ်လပ်လပ်နေတယ်။ အခုလက်ရှိက မောင်လေးက ၁၀ တန်းဆိုတော့ ဘော်ဒါပို့ထားတော့ မေမေနဲ့ ညီမ နှစ်ယောက် ပဲ အိမ်မှာရှိပါတယ်။ တိတ်ဆိတ်နေတယ်။ ခွေးချစ်တတ်တော့ ခွေးလေးနဲ့ဆော့ရင်း အပန်းဖြေဖြစ်ပါတယ်။







ဧည့်ခန်း







ညီမတို့က ဧည့်ခန်းထဲမှာဆိုရင် စတီဆိုဖာတွေရှိမယ်၊ မိသားစုဓာတ်ပုံတွေ မေမေငယ်ငယ်က မင်းသမီးပုံတွေ၊ ညီမ ဆုရတဲ့ပုံတွေ။ နောက်တစ်ခုထူးခြားတာက ဧည့်ခန်းမှာ ပန်းအိုး ထိုးထားတယ်။ အရောင်အသွေးစုံလင်ပြီး လှပတဲ့ ပန်းတွေနဲ့ အလှ ဆင်ထားတယ်။







အိပ်ခန်း







အိပ်ခန်းဆိုတာတော့ ဘယ်သူမဆို ကြိုက်နှစ်သက်တဲ့နေရာ လေးပါ။ ဒါပေမဲ့ တစ်ယောက်တည်းနေရတာကို မကြိုက်လို့ မေမေ့အိပ်ခန်းထဲမှာသွားအိမ်တယ်၊ ကိုယ့် အခန်းကတော့ ဒီအတိုင်းထားထား တယ်။ အိပ်ခန်းထဲမှာပဲ နေရတာ မကြိုက်ဘူး။ အားရင် တီဗွီကြည့်ရင်ကြည့်၊ မကြည့်ခွေး လေးတွေနဲ့ ဆော့တယ်။ တစ်ယောက်တည်း ငြိမ်သက်စွာနေရတာကို မကြိုက်ဘူး။ ပေါ့ပါးပြီး ပျော်ပျော်နေရတာပဲ ကြိုက်တယ်။







ဘုရားခန်း







မနက်တိုင်း ဘုရားရှိခိုးတယ်၊ ပရိတ်ကြီး ၁၁ သုတ်၊ ပဋ္ဌာန်း ၂၄ ပစ်္စည်းကိုတော့ နေ့စဉ်ရွတ်ဖတ်ပူဖော်ပြီး အမျှဝေဖြစ်ပါတယ်။ ကောင်းမှုကုသိုလ်တွေကိုလည်း တတ်နိုင် သလောက် လုပ်ဖြစ်ပါတယ်။



စိတ်ကူးထဲက အိမ်လေးက အိမ်နဲ့ အခုလက်ရှိအိမ်နဲ့က ထပ်တူတော့မကျဘူး။ တွေးကြည့်ထားတဲ့ အိမ်လေးက တောင် ကုန်းမြင့်လေးမှာ ရာသီဥတုကလည်းအေး အေးလေးနဲ့ ခြံဝန်းကျယ်ကျယ်မှာ အိမ်လေး အနေတော်လောက်ဆောက်ပြီး မိသားစု တွေနဲ့ပျော်ရွှင်စွာနေပြီး ခွေးလေးတွေ ရယ်ပေါ့၊ အိမ်ဆိုတာတော့ဘယ်လောက် ကောင်းတဲ့



နိုင်ငံရောက်ရောက် ဟိုတယ် တွေပဲသွားသွား ကိုယ့်အိမ်လောက် နွေး ထွေးလုံခြုံမှုနဲ့ ကြင်နာမှုကို မပေးနိုင်ဘူး လို့ ညီမထင်တယ်။ ပရိသတ်ကြီးလည်း ပျော်ရွှင်တဲ့မိသားစုနဲ့ နေနိုင်ပါစေ။ ။








နန္ဒာယမင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
ဘယ်နေရာကမှ ကိုယ့်အိမ်လောက်နွေးထွေးလုံခြုံမှုကို မပေးနိုင်ဘူးဆိုတဲ့ ဆန်းသစ်လ - Celebrity Interview on Property from iMyanmarHouse.com
ဘယ်နေရာကမှ ကိုယ့်အိမ်လောက်နွေးထွေးလုံခြုံမှုကို မပေးနိုင်ဘူးဆိုတဲ့ ဆန်းသစ်လ - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)