Miss Myanmar World 2014 , အိမ်မက်ဆုံရာ season(4) ၏ 2nd Runner Up ဆုရှင် Wyne Lay ၏ ရိုးရှင်းမှုကို ကြိုက်နှစ်သက်သော နေအိမ်လေးနှင့် ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၁) - Celebrity Interview on Property from iMyanmarHouse.com
2041 ကြိမ် ကြည့်ရှု့ပြီး

Miss Myanmar World 2014 , အိမ်မက်ဆုံရာ season(4) ၏ 2nd Runner Up ဆုရှင် Wyne Lay ၏ ရိုးရှင်းမှုကို ကြိုက်နှစ်သက်သော နေအိမ်လေးနှင့် ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၁)

Posted by ပန်စုစုထွန်း (iMyanmarHouse.com)

၂၀၁၄ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော Miss Myanmar World 2014 ပြိုင်ပွဲကြီး၏ Miss Myanmar World 2014 ဆုရှင် Miss Wyne Lay နှင့်တွေ့ဆုံကာ လက်ရှိသူမနေထိုင်ရာ နေအိမ်လေးဆီသို့ သွားရောက် ကာ အခုလိုပဲ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။ ဝိုင်းလေး အနေဖြင့် ယခု လက်ရှိတွင် အမှတ်(၅၀) သြဘာလမ်း၊ ကျောက်မြောင်းတွင် နေထိုင်လျှက် ရှိပြီး မိသားစုဝင် ၅ဦးရှိကြောင်း သိရှိပါသည်။ယခုနေထိုင်လျှက် ရှိသော တိုက်ခန်းမှာ ၆နှစ်ကျော်ရှိပြီ ဖြစ်ကြောင်းနှင့် အစုစုပေါင်း အခန်း၆ခန်းဖြင့် ဖွဲ့စည်းထားကြောင်း ပြောပြပေးခဲ့ပါသည်။







တိုက်ခန်းအမျိုးအစား ဖြစ်သော်လည်း ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုချောင် ခန်း နှင့် ရေချိုးခန်းများကို မိမိ၏စိတ်ကူး idea များဖြင့် စနစ်တကျ ဖွဲ့စည်း ထားဖြစ်ကြောင်း သိရှိရပါသည်။ ဧည့်ခန်းဖွဲ့စည်းပုံနှင့် ပတ်သတ်ပြီး ရိုးရှင်းသော ပုံစံမျိုးကိုကြိုက်နှစ်သက် သောကြောင့်တစ်အိမ်လုံး ဆေး အဖြူရောင်များသုတ်ကာ အလှဆင်ထားကြောင်း သိရှိရပါသည်။ Furniture များကိုလည်း မှန်အကြည်များဖြင့်သာ အသုံးပြု ပြုလုပ်ထားပြီး စားပွဲပေါ်တွင် ပန်းခြင်းလေးများ၊ အရုပ်လေးများ တင်ကာအလှဆင်ခြင်းကို သဘောကျနှစ် သက်ကြောင်း ပြောပြပေးခဲ့ပါသည်။







အရုပ်လေးများကို ကြိုက်နှစ်သက်သော သူမအဖို့ Decoration ပိုင်းကို အရုပ်လေးများ၊ ကျောက်ပန်းချီကားလေး များဖြင့်သာ အလှဆင်ကြောင်းနှင့် ခန်းဆီးလိုက်ကာလေးများ ကိုအဖြူရောင် ဇာတစ်မျိုးတည်းသာ အသုံးပြု တပ်ဆင် ဖြစ်ကြောင်း ပြောပြခဲ့ပါသည်။လက်ရှိတွင်သူမ၏ အစ်မနှင့်နှစ်ယော က် တစ်ခန်းနေထိုင်သောကြောင့် အိပ်ခန်း၏ Decoration ပိုင်းကိုစိတ်ကြိုက် မပြင်ဆင်ဖြစ်သေးသော်လည်း နောက်ပိုင်းတွင် မိမိ၏ကိုယ်ပိုင် အခန်းကို တစ်ခန်းလုံးပန်းရောင်အနုအရောင် လေးကိုအသုံးပြုကာ ဆေးသုတ်အလှဆင်လိုကြောင်း ပြောပြခဲ့ပါသည်။







နှစ်ကူးကာလ ရောက်တိုင်း အိမ်၏ Decoration ပိုင်းကိုပြောင်း လဲပြင်ဆင်ြ ဖစ်ကြောင်း သိရှိရပါသည်။ ဧည့်ခန်းတွင်စာအုပ် စင်လေးကို ထားရှိကာ စာအုပ်များကို စနစ်တကျစုဆောင်း ထားမှုနှင့်ပတ်သတ်ပြီး ဖခင်၏စာဖတ် ဝါသနာ ပါမှုကြောင့် စာအုပ်များကို စနစ်တကျ စုဆောင်းလေ့ရှိကြောင်း သိရှိရပါသည်။

ပန်းစုစုထွန်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App