ပျော်ရွှင်စရာမိသားစုအိမ်လေးနဲ့ နေချင်တဲ့ နေယံ - Celebrity Interview on Property from iMyanmarHouse.com
2190 ကြိမ် ကြည့်ရှု့ပြီး

ပျော်ရွှင်စရာမိသားစုအိမ်လေးနဲ့ နေချင်တဲ့ နေယံ

Posted by နန္ဒာယမင်း (iMyanmarHouse.com)

သဘာဝကျတဲ့ ဇာတ်လမ်းလေးတွေမှာအမြဲလိုလိုတွေ့ရတတ်တာကတော့ သရုပ်ဆောင် နေယံပါ။ နယ်ဘက်မှာရိုက်ကူးတဲ့ ဇာတ်လမ်း အများဆုံးမှာသူ့ကိုအတွေ့များရပြီး။ နယ်ကြိုက်မင်းသားတစ်လက်ဆိုရင်လည်း မမှားပါဘူး။ မြို့အကြိုက်ဇာတ်လမ်းလေးတွေ ရိုက်ကူးရာမှာလည်း ရောက်ရှိနေတဲ့အနေအထားမှာသဘာဝဆန်ဆန်ဇာတ်ရုပ်တွေနဲ့ အတွေ့များရလို့အလွှာမျိုးစုံကပရိသတ်ရဲ့လက်ခံမှုကိုရရှိထားသူဖြစ်တဲ့ သရုပ်ဆောင် နေယံနဲ့တွေ့ဆုံခိုက်သူ့ရဲ့လက်တလောလှုပ်ရှား မှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့တဲ့အခါမှာတော့ . . .





အစ်ကိုအခု လတ်တလောလုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါရှင့်။


ဟုတ်ကဲ့အခုလတ်တလောကတော့ MTV လည်း ရိုက်နေ တယ်။ မဂ္ဂဇင်းဓာတ်ပုံတွေလည်း ရိုက်နေပါတယ်။ ဗီဒီယိုဇာတ်ကားတွေကိုလည်း ရိုက်ကူးနေပါတယ်။ ရန်ကုန်မြို့တွင်းထဲမှာပါပဲ။





အစ်ကိုကအခု လက်ရှိနေတဲ့ အိမ်လေးအပေါ် အားရကျေနပ်မှုရှိရဲ့လားရှင့်။


အခုနေတဲ့အိမ်ကအဆင်တော့ ပြေပါတယ်။ ဒါပေမဲ့ အားရကျေနပ်မှုက အတိုင်းအတာတစ်ခုထိတော့ စိတ်ကြိုက်မရှိပါဘူး။ ကျွန်တော့်မိဘတွေကတော့ နယ်မှာဆိုတော့ ဒီမှာနေလို့ အဆင်ပြေသ လောက်လေး ပဲလုပ်ထားတာပါ။





အစ်ကိုစိတ်ကြိုက်အိမ်လေး ကိုရောဘယ်လိုစိတ်ကူးပုံဖော်ထား သလဲရှင့်။


ကျွန်တော်ကညီအစ်ကိုမောင်နှမလေးယောက်ရှိတယ်။ အကုန်လုံးအိမ်ထောင်ကျသွားပြီး ဖေဖေရယ် မေမေရယ် သုံး ယောက်ပဲရှိတယ်ဆိုတော့ အိမ်အကျယ်ကြီး တော့မကြိုက်ဘူး။ ဒါပေမဲ့ ခြံကျယ်ကျယ် တော့ကြိုက်တယ်။ သင့်တင့်မျှတတဲ့ ရာသီဥတုလေးရှိတဲ့ အိမ်လေးကို သဘောကျပါတယ်။





အစ်ကိုစိတ်ကူးထဲက အိမ်လေးကိုပြင်ဆင်မယ် ဆိုဘယ်အပိုင်းဘယ်နေရာကို သဘောကျ နေထိုင်ဖြစ်မလဲရှင့်။


အခုနကပြောသလိုပဲပေါ့ ခြံဝန်းကျယ်ကျယ်ကြီးထဲမှာ အိမ်လုံးချင်းလေးနှင့်ပြီးတော့အဲဒီအိမ်ထဲမှာ ဧည့်ခန်း၊ အိပ်ခန်းလေးတွေနဲ့ မိသားစုနှင့်နွေးထွေးတဲ့ အိမ်လေးဖြစ်ရင်ရပါပြီ။ နောက်တစ်ခု က ကမ္ဘာမှာရော၊ မြန်မာမှာပါ ရာသီဥတုကြောင့် သဘာဝဘေးအန္တရာယ်တွေဖြစ်နေတဲ့အတွက် ရာသီဥတု ဒဏ်ခံနိုင်တဲ့အိမ်လေး ဖြစ်ဖို့တော့လိုတာပေါ့။ အိမ်တစ်လုံးထဲမှာ ကိုယ့်အိပ်ခန်းလေး ကိုပိုကြိုက်တယ်။ အိပ်ခန်းလေးထဲမှာနူးညံ့တဲ့ကဗျာစာသားလေးတွေရေးထားတဲ့စာလေးတွေ၊ ဗဟုသုတရစေပြီး ကိုယ့်စိတ်ကိုငြိမ်းချမ်းစေမယ့်စာလေးတွေကပ်ထားပြီး ကိုယ်ပိုင်နေရာလေး တစ်ခုလည်းဖြစ်တာမို့ အိပ်ခန်းလေး ကိုပဲပိုကြိုက်တယ်။





အစ်ကိုအနေနဲ့ ပရိသတ်ကို ဘာများပြောချင်သေးလဲရှင့်။


ပရိသတ်ကြီးလည်း နွေးထွေးတဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်တဲ့အိမ်လေးတစ်ခုထဲမှာ ပျော်ရွှင်စွာနေထိုင်နိုင်ကြပါစေလို့ ဆုတောင်း ပေးပါတယ်။ ပရိသတ်အားပေးမှုနဲ့ အနုပညာခရီးလမ်းကို လျှောက်လှမ်းနေရတဲ့အတွက် အားပေးကြပါအုံး လို့ပြောချင်ပါတယ်။





နန္ဒာယမင်း ( iMyanmarHouse.com) မှ အင်တာဗျူး၍ ဖော်ပြပေးပါသည်။


Credit: iMyanmarHouse.com
ပျော်ရွှင်စရာမိသားစုအိမ်လေးနဲ့ နေချင်တဲ့ နေယံ - Celebrity Interview on Property from iMyanmarHouse.com
ပျော်ရွှင်စရာမိသားစုအိမ်လေးနဲ့ နေချင်တဲ့ နေယံ - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)