အိမ်ခြံမြေ ငှါးရန် ဒလမြို့နယ်

25' x 50' ခြံ တွင် လုံးချင်းအိမ်ငှားရန်ရှိသည်

 ဒလ |  ရန်ကုန်တိုင်းဒေသကြီး
 1.20 သိန်း (ကျပ်) (တစ်လ) |  လုံးချင်းအိမ်
25' x 50' မြေ၊ လုံးချင်းအိမ် ရေ၊ မီး၊ ပြင်ဆင်ပြီး၊ စက်မြေရပ်ကွက်၊ ဒလမြီူ့နယ်၊ ရန်ကုန်
အသေးစိတ်ကြည့်ရန်

ဒလမြို့နယ်

ဒလမြို့နယ်သည် ရန်ကုန်မြို့၏ တစ်ဖက်ကမ်းတွင်တည်ရှိပြီးသင်္ဘောဖြင့် ၁၀ မိနစ်ခန့်သွားလျင် ရောက်ရှိနိုင်သော မြို့နယ်ဖြစ်သည် ။ ရှေးသမိုင်းကြောင်းအရ မြန်မာနိုင်ငံ၏ တောင်ဖက်စွန်းခံတပ် ဖြစ်ခဲ့သည့် နေရာဖြစ်သည် ။ ယခင်ကကျေးရွာအဖြစ်သာရှိခဲ့သောဒလမြို့နယ်သည် ၁၉၇၄ ခုနှစ်ကရန်ကုန်မြို့တော်စည်ပင် သာယာရေးနယ်နိမိတ်ကော်မတီအတွင်းထည့်တွင်းခဲ့တာကြောင့် မြို့နယ်အဖြစ်သို့ ရောက်ရှိခဲ့သည် ။ ဒလမြို့နယ်၏ အနောက်ဘက်တွင် တွံ့တေးတူးမြောင်းနှင့် မြောက်ဘက်တွင် ရန်ကုန်မြစ်တို့ ဆက်သွယ်စီးဆင်းသည် ။ ဒလမြို့နယ်သည် ၂၈.၃ ကီလိုမီတာကျယ်ဝန်းပြီးရပ်ကွက်ပေါင်း ၂၃ ရပ်ကွက် ၊ ကျေးရွာအုပ်စုပေါင်း ၂၃ အုပ်စုနှင့် ရွာပေါင်း ၄၅ ရွာတို့ဖြင့်ဖွဲ့စည်းထားသည် ။ ထိုမြို့နယ်မှတဆင့် တွံ့တေး ၊ ကော့မှူး ၊ ကွမ်းခြံကုန်း ၊ ဒေးဒရဲ့ ၊ ဖျာပုံ နှင့် ကျိုတ်လတ်မြို့များသို့ ဒလမှ တဆင့် အဓိကချိတ်ဆက်သွားလာနိုင်သည် ။ အချုပ်အားဖြင့်ဆိုသော် ဒလမြို့နယ်သည် ရန်ကုန်မြို့၏ တစ်ဖက်ကမ်းတွင် ရှိသော မြို့နယ်တစ်ခုဖြစ်သော်လည်းသဘောင်္ဖြင့်အလွယ်တကူသွားလာနိုင်ပြီးမြေကွက်လွတ်များစွာကျန်ရှိနေသေးရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်ခုဖြစ်ပေသည် ။