720 ကြိမ် ကြည့်ရှု့ ပြီး

အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မြဝတီမြို့ရှိဂရန်အမည်ပေါက်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့

 

 

[Unicode]

 

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အရစ်ကျဖြင့် ဝယ်ယူနိုင်သည့် မြဝတီမြို့ရှိ ဂရန်အမည်ပေါက်မြေကွက်များ အထူးအရောင်းပြပွဲကို ၂၀၂၃ ခုနှစ် မေလ (၂၀) နှင့် (၂၁) ရက်နေ့များတွင် မနက် (၉)နာရီမှ ညနေ (၅)နာရီထိ ၊ ရန်ကုန်မြို့ ၊ ပြည်လမ်းမပေါ်ရှိ Lotte Hotel (2nd Floor, Sapphire Ballroom) တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

 

ပြပွဲ (၂) ရက်အတွင်း ပထမဆုံး ဝယ်ယူသူ (၅) ဦးအတွက် 20% အထိ သက်သာခွင့် ၊ အရစ်ကျစနစ်တို့ဖြင့် ဝယ်ယူနိုင်သည့်အပြင် 100% Bank Transfer ငွေပေးချေခွင့် စသည့် အခွင့်အရေးများဖြင့် ရောင်းချပေးခဲ့ပြီး စာရင်းပေးသွင်းဝယ်ယူခဲ့ကြသူများအတွက် iPhone ၊ iPad ၊ MacBook စသည့် တန်ဖိုးကြီးကံစမ်းမဲလက်ဆောင်များနှင့် ဗလာမပါအခြားကံစမ်းမဲများကို မဲဖောက်ပေးမည့်အစီအစဉ်များလည်း ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

 

အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မြဝတီမြို့ရှိဂရန်အမည်ပေါက်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့

 

 

1. Billionaire Commercial Zone (ရင်းနှီးမြှုပ်နှံရန်အကောင်းဆုံး ထိုင်း-မြန်မာနယ်စပ်ရှိ စီးပွားရေးဇုန်ကြီး)

 


Billionaire Commercial Zone   သည် နိုင်ငံတကာ ကုန်သွယ်စီးပွားရေးအချက်အချာကျသည့် မြဝတီမြို့လည်ခေါင်တွင်ရှိပြီး စီးပွားရေးလုပ်ငန်းရှင်များ အကြိုက်တွေ့သည့်စီမံကိန်းကြီးတစ်ခုဖြစ်သည်။

- မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ချစ်ကြည်ရေးလမ်းမကြီး အမှတ် (၁) လမ်းဟောင်းပေါ်မှာတည်ရှိသည်။

- (၃၅.၃) ဧက ကျယ်ဝန်းသည့် နှစ် (၇၀) BOT မြေပေါ်တွင် ဖော်ဆောင်နေသည့် စီမံကိန်းဖြစ်သည်။

- လျှပ်စစ်မီးအနေနဲ့ ဝယ်ယူသူရဲ့ မြေကွက်ရှေ့အရောက် 11 KV ဗို့အားရှိ လျှပ်စစ်မီးတိုင်များကို ပေ (၁၀၀) ခြားစီ သွယ်တန်းပေးမည်။


- စီမံကိန်းအတွင်းရှိ လမ်းအားလုံးမှာ ပေ (၆၀) လမ်းများဖြစ်ပြီး ပေ (၃၀) ရှိသော ကွန်ကရစ်ကားလမ်း ၊ တစ်ဖက် (၁၀) ပေ ကျယ်သော လမ်းပုခုံး ၊ (၅) ပေ အကျယ် အုတ်စီရေမြောင်းများ ဖောက်လုပ်ထားသည့်အတွက် ကားကြီးများအဝင်အထွက် အဆင်ပြေမည့်အပြင် အလွယ်တကူရပ်နားသွားလာနိုင်မည်ဖြစ်သည်။

- မြဝတီမြို့ရှိ တစ်ခုတည်းသော ဂေါက်ကွင်းဖြစ်သည့် မြစန္ဒီ ဂေါက်ကွင်းနှင့် ကပ်လျက် ဖြစ်သောကြောင့် စိတ်အပန်းပြေစေပြီး View အလွန်ကောင်းသောနေရာဖြစ်သည်။

 

အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မြဝတီမြို့ရှိဂရန်အမည်ပေါက်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့

 

 

2. Billionaire Breeding Zone (မွေးမြူရေးလုပ်ငန်းရှင်များအတွက် သီးသန့်စီမံကိန်း)

 


Billionaire Breeding Zone  သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြိး ဂရန်အမည်ပေါက်ရရှိမည့်မြေကွက်များဖြစ်သဖြင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လိုသူများအတွက် သင့်တော်သည့် သီးသန့်စီမံကိန်းဖြစ်သည်။

- ရန်ကုန်မြို့နှင့် အနီးဆုံး မွေးမြူရေးဇုံဖြစ်ပြီး ထန်းတပင်မြို့နယ်၊ ဘုရင့်နောင်တံတားကြီးနှင့် မိုင် (၂၀) ခန့်အကွာတွင် တည်ရှိသည်။

(၁၂၀၀ ဧက) ကျယ်ဝန်းသည့်မြေပေါ်တွင် မွေးမြူရေးဇုံ (A+B) ဆိုပြီး နှစ်ပိုင်းပါဝင်မည်။

- Steel Stone ကုမ္ပဏီအမည်နှင့် အမည်ပေါက် ကျထားပြီး ဝယ်ယူသူ ဂရန်အမည်ပေါက် လျှောက်ထားပေးမည်။

- ထန်းတပင်မြို့ရှောင်လမ်းမှ မွေးမြူရေးဇုံအထိ (၁၈) ပေအကျယ် ကွန်ကရစ်လမ်းများခင်းပေးထားမည်။

- ဒါ့အပြင် မွေးမြူရေးအတွင်းရှိ ကန်ပတ်လမ်းများအား နွေ ၊ မိုး ၊ ဆောင်း သွားလာနိုင်ရန် ကျောက်ချောလမ်းများ ခင်းပေးထားခြင်း ၊ ရေသွင်းရေထုတ်စနစ်များ ထည့်သွင်းတည်ဆောက်ပေးခြင်းတို့ပြုလုပ်ပေးမည်။

- ငါးများဖော်လျှင် ကြည့်မြင်တိုင်ညဈေး/ ရွှေပိတောက်ငါးဈေးများသို့ ယခုမွေးမြူရေးဇုံမှ ငါးများကို ကုန်းလမ်း၊ ရေလမ်းနှစ်သွယ် သယ်ယူလို့ရသည့် အလွန်အဆင်ပြေသော စီမံကိန်းဖြစ်သည်။

 

အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မြဝတီမြို့ရှိဂရန်အမည်ပေါက်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့

 

3. Myawaddy New City (မြဝတီမြို့ရှိ ရောင်းအားအကောင်းဆုံးစီမံကိန်း)


Myawaddy New City   သည် မြဝတီမြို့တွင် ရောင်းအားအလွန်ကောင်းသည့် စီမံကိန်းဖြစ်ပြီး အလွန်တန်သောစျေးနှုန်းများဖြင့် ဝယ်ယူနိုင်တာကြောင့် ရင်းနှီးမြုပ်နှံလိုသူများအတွက် ရွေးချယ်ဝယ်ယူသင့်သည့် စီမံကိန်းဖြစ်သည်။

- လက်ရှိမြဝတီမြို့ရှိ ရပ်ကွက်ကြီး ၅ ၏ အနီးတွင် ရပ်ကွက် ၆ နှင့် ၇ အဖြစ် ထွက်ပေါ်လာမည်။

- မြေချပါမစ်ထုတ်ပေးပြီး ကိုယ်ပိုင်ဂရန်အဖြစ် လျှောက်ထားနိုင်မည်။

- မြေကွက်အကျယ် ပေ (၄၀ x ၆၀) ၊ ပေ (၆၀ x ၆၀) ၊ ပေ (၆၀ x ၁၂၀) စသည့်မြေကွက်များ ရွေးချယ်နိုင်မည်။

- မြေကွက်အားလုံးအတွက် ဦးပိုင်မြေစာရင်းအမှတ် ထွက်ထားပြီးဖြစ်သည်။

- မြို့မဈေးမှ (၅) မိနစ်ခန့် ကားမောင်းရုံဖြင့် ရောက်မည်။

- အဓိက ကွန်ကရစ်မိန်းလမ်းမကြီး (၃) လမ်း ၊ လမ်းသွယ် (၂၀) လမ်း နှင့် မီးတိုင်အချို့တို့ကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးသွယ်တန်းပေးခြင်း များဆောင်ရွက်ပြီးဖြစ်သည်။

- မြို့သစ်အင်္ဂါရပ်နှင့်အညီ ကျောင်း ၊ ဆေးရုံ ၊ ဈေး ၊ တန်ဖိုးသင့်တိုက်ခန်းများ ၊ ဌာနဆိုင်ရာရုံးများ ၊ ပန်းခြံ ၊ ဘောလုံးကွင်း စသည်တို့ပါဝင်သည်။

- Car Owner ၊ စီးပွါးလုပ်ငန်းများ ၊ ဟိုတယ် ၊ ဂိုဒေါင် ၊ ရုံး ၊ စက်ရုံ ၊ အလုပ်ရုံ ၊ စားသောက်ဆိုင်များ ဖွင့်ရန်အဆင်ပြေပြီး အလွန်စည်ကားသည့် စီးပွားရေးဇုန်တစ်ခုဖြစ်လာနိုင်မည်ဖြစ်သည်။

 

 

အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မြဝတီမြို့ရှိဂရန်အမည်ပေါက်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့

 

4. Myawaddy City Villa (Gated Community နှင့် Facilities အပြည့်အစုံပါဝင်သည့် အိမ်ရာစီမံကိန်း)

 


Myawaddy City Villa  အိမ်ရာစီမံကိန်းအတွင်း Facilities အပြည့်အစုံပါဝင်ပြီး အဆင့်အတန်းမြင့်မြင့်၊ အေးအေးချမ်းချမ်းနှင့် သီးသီးသန့်သန့် နေလိုသူများအတွက် လုံခြုံစိတ်ချရသည့် Gated Community ပါဝင်သောကြောင့် ရွေးချယ်သင့်သည့် စီမံကိန်းတစ်ခုဖြစ်ပါသည်။

- အမှတ် (၂) တံတားသို့သွားသော အာရှလမ်းဟောင်း (ဗိုလ်ချုပ်လမ်း) သို့ တိုက်ရိုက်ပေါက်ပြီး မြဝတီမြို့အဝင် အာရှလမ်းမကြီးဘေး တည်ရှိသည်။

- မြေ (၄၈.၄ ဧက) အကျယ်တွင် တည်ဆောက်ထားပြီး ပေ (60x60) ၊ ပေ (60x80) မြေကွက်များနှင့် အခြားအတိုင်းအတာမြေကွက်များလဲ ရွေးချယ်ဝယ်ယူနိုင်မည်။

- ၄၀ ပေ ကျယ်ဝန်းသည့် ကွန်ကရစ်မိန်းလမ်းမများ ၊ ၃၀ ပေ ကျယ်ဝန်းသည် ကွန်ကရစ်လမ်းများ ၊ ၅ ပေအကျယ် ပလပ်ဖောင်းများနှင့် ၂ ပေအကျယ် ၊ ၂ ပေအနက် ကျောက်စီရေမြောင်းများ ပြုလုပ်ပေးမည်။

- Infinity ရေကူးကန် ၊ ပန်းခြံ ၊ ကစားကွင်း ၊ လုံခြုံရေး စသည့် Facilities များပြည့်စုံစွာ ထည့်သွင်းတည်ဆောက်ထားသည်။

- ခမ်းနားထည်ဝါသောမုဒ်ဦးထားရှိပြီး အိမ်ရာ တစ်ဝန်းလုံးကို ခြံစည်းရိုးခတ်ပေးခြင်း ၊ မီးများအိမ်ရှေ့အရောက်သွယ်တန်းပေးခြင်း ၊ ရေပေးဝေရေးစနစ်များ ပါဝင်ခြင်း ၊ စွန့်ပစ်အမှိုက်များအတွက် စည်ပင်အမှိုက်ကားမှ တာဝန်ယူဆောင်ရွက်ပေးခြင်းတို့ ပါဝင်မည်။

 အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မြဝတီမြို့ရှိဂရန်အမည်ပေါက်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့

 

5. Blue Mountain Villa (ဂရန်အမည်ပေါက်ရရှိနိုင်မည့် ဂွမြို့ရှိ မြေကွက်များ)


သာယာလှပသောပင်လယ်ကမ်းခြေအနီးတွင် Facilities အပြည့်အစုံနှင့် အပန်းဖြေနေထိုင်နိုင်မည့် အဆင့်မြင့်အိမ်ရာစီမံကိန်းကြီးတစ်ခုဖြစ်သောကြောင့် နောင်တစ်ချိန်အတွက်ဝယ်ယူထားသင့်သည့်စီမံကိန်းဖြစ်သည်။
- ဂွမြို့အနီး ပင်လယ်ပြင်အား မျက်စိတဆုံးမြင်တွေ့ရမည့်အပြင် ရခိုင်ရိုးမပါမြင်ရမည့် တောင်ပေါ်အမြင့်တွင်ရှိသည်။

- Developer အမည်ပေါက် ဂရန်မြေဖြစ်ပြီး ဝယ်ယူသူဂရန်အမည်ပေါက် ပြောင်းပေးမည်။

- Blue Mountain Villa စီမံကိန်းအားတက်သည့် လမ်းကို ပေ (၄၀) ကွန်ကရစ်လမ်းခင်းမည်ဖြစ်ပြီး ကွန်ကရစ်ရေမြောင်းများ ၊ လျှစ်စ်မီးတိုင်များ ၊ အိမ်ရှေ့အရောက် သွယ်တန်းပေးမည်။

- စီမံကိန်းအတွင်း 5 Star ဟိုတယ် ၊ ပန်းခြံ ၊ ကလေးကစားကွင်း ၊ ဖူဆယ်ဘောလုံးကွင်း ၊ တင်းနစ်ကွင်း ၊ မြင်းစီးကွင်း ၊ မြှားပစ်ကွင်း ၊ ရေကူးကန် ၊ ကော်ဖီဆိုင်များ ၊ Club House များပါဝင်မည့် အဆင့်မြင့် အိမ်ရာစီမံကိန်းကြီးဖြစ်သည်။

- စိတ်အပန်းပြေစေမည့် စိမ်းလမ်းမြေဧရိယာများ ၊ Food Court ၊ ကားပါကင်နှင့် မိသားစုများ ၊ မိတ်ဆွေသူငယ်ချင်းများနှင့် လူငယ်များ ဓါတ်ပုံရိုက်ရန်လှပသည့် တောင်ပေါ်ရှုခင်းများစွာ ပါဝင်မည်ဖြစ်သည်။

အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မြဝတီမြို့ရှိဂရန်အမည်ပေါက်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့

 

 

“ ဒီအရောင်းပြပွဲမှာတော့ Steel Stone Group of Companies ကဖော်ဆောင်ပေးနေတဲ့


1. Billionaire Commercial Zone (ရင်းနှီးမြှုပ်နှံရန်အကောင်းဆုံး ထိုင်း-မြန်မာနယ်စပ်ရှိ စီးပွားရေးဇုန်ကြီး)

2. Billionaire Breeding Zone (မွေးမြူရေးလုပ်ငန်းရှင်များအတွက် သီးသန့်စီမံကိန်း)

3. Myawaddy New City (မြဝတီမြို့ ရပ်ကွက် ၆/ ၇ ရှိ ရောင်းအားအကောင်းဆုံးစီမံကိန်း)

4. Myawaddy City Villa (Gated Community နှင့် Facilities အပြည့်အစုံပါဝင်သည့် Private အိမ်ရာစီမံကိန်း)


5. Blue Mountain Villa (ဂရန်အမည်ပေါက်ရရှိနိုင်မည့် ဂွမြို့ရှိ မြေကွက်များ)

 

အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မြဝတီမြို့ရှိဂရန်အမည်ပေါက်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့

 

စတဲ့ စီမံကိန်းတွေက ပိုင်ဆိုင်မှုခိုင်မာတဲ့ မြေကွက်တွေကို ရောင်းချပေးခဲ့တာပါ။ ပွဲအတွင်းဝယ်ယူခဲ့ကြသူတွေကိုလည်း အထူးသက်သာခွင့် ၊ အရစ်ကျစနစ်တွေအပြင် 100% Bank Transfer စတဲ့ ပရိုမိုးရှင်းတွေနဲ့ ရောင်းချပေးခဲ့ပြီး စာရင်းပေးသွင်းဝယ်ယူခဲ့ကြသူတွေကို iPhone ၊ iPad ၊ MacBook စတဲ့ တန်ဖိုးကြီးကံစမ်းမဲလက်ဆောင်တွေနဲ့ ဗလာမပါအခြားကံစမ်းမဲတွေကို မဲဖောက်ပေးတဲ့အစီအစဉ်လည်းပြုလုပ်ပေးခဲ့ပါတယ်။’’ ဟု iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။

 

 

အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မြဝတီမြို့ရှိဂရန်အမည်ပေါက်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့

 

အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မြဝတီမြို့ရှိဂရန်အမည်ပေါက်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့


iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်

 

 

 

[Zawgyi]


 



 


 










 










 



Myawaddy New City သည် မြဝတီမြို့တွင် ရောင်းအားအလွန်ကောင်းသည့် စီမံကိန်းဖြစ်ပြီး အလွန်တန်သောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်တာကြောင့် ရင်းနှီးမြုပ်နှံလိုသူများအတွက် �

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ် (၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
BCC ကျပြီးအသင့်နေနိုင်သည့် ဂျန်းရှင်းဇဝနအနီးက အသစ်စက်စက် Cherry Condo အရောင်းပြပွဲ
သင်္ကြန် အကြို၊ အကျ၊ အကြတ် (၃) ရက်ဆက်တိုက်ကျင်းပပြုလုပ်မည့် ငွေဆောင်ရှိ Sweet Dream Villa မြေကွက်အရောင်းပြပွဲကြီး
HOMES@PONNAMI Block 2 အရောင်းဖွင့်ပွဲ အထူးပရိုမိုးရှင်:ကို စင်ကာပူနှင့် ရန်ကုန် (၂) နေရာတွင် တစ်ပြိုင်တည်းကျင်းပခဲ့ ‌
Shwe Taung Group မှဖော်ဆောင်နေသော Homes @ Ponnami အခန်းများကို 10% Down Payment ဖြင့်ရောင်းချပေးခဲ့
သိန်း (၅၀) အထိသက်သာခွင့်ပေးခဲ့သည့် မြောက်ဒဂုံမြို့နယ်ရှိ ကြိုပွိုင့် Maha Mini Condo အရောင်းပြပွဲ အောင်မြင်စွာကျင်းပ ပြီးစီး
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
ဘဏ်(၁၅) နှစ်ရှည်အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မန္တလေးမြို့ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၂၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်သည့် Shwe Wutt Hmone Housing လုံးချင်းအိမ်ရာများကို အရောင်းပြပွဲပြုလုပ်ရောင်းချပေးခဲ့
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)