2782 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၄) ဘီလီယံနီးပါးဖိုး ရောင်းချနိုင်ခဲ့သည့် Paragon Residence အဆင့်မြင့်ကွန်ဒို အထူးအိမ်ရာအရောင်းပြပွဲ

မြန်မာနိုင်ငံ၏ နံပါတ်တစ် လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်သော iMyanmarHouse.com မှ ကြီးမှူး၍  Resources Group Global ကုမ္ပဏီမှ ဆောက်လုပ်သော အလုံမြို့ နယ်၏ အမြင့်ဆုံးအဆောက်အဦး Paragon Residence ရှိ ကွန်ဒိုအခန်းများကို ၂၀၁၇ ခုနှစ် မတ်လ (၁၁) နှင့် (၁၂) ရက်နေ့များတွင် ရန်ကုန်မြို့  ကမ်းနားလမ်းရှိ Paragon Residence တည်ဆောက်ထားသည့် နေရာ၌ပင် အထူးအိမ်ရာအရောင်းပြပွဲကြီး ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ကျပ်ငွေ (၄) ဘီလီယံနီးပါးဖိုး ရောင်းချနိုင်ခဲ့သည့် Paragon Residence အဆင့်မြင့်ကွန်ဒို အထူးအိမ်ရာအရောင်းပြပွဲ

အဆိုပါပွဲတွင် Paragon Residence ၏ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ဆောက်လုပ်ပြီးစီးမည့် ကွန်ဒိုအခန်းများကို အထူးဈေးနှုန်းများ၊ အထူးငွေချေစနစ်များဖြင့် ရောင်းချပေးခဲ့ရာ  တန်ဖိုးငွေစုစုပေါင်း (၄) ဘီလီယံကျပ်  (အမေရိကန်ဒေါ်လာ ၃ သန်း) နီးပါး အထိ ရောင်းချပေးနိုင်ခဲ့သည်ဟု iMyanmarHouse.com မှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ရှင်းလင်းပြောကြားခဲ့သည်။

ကျပ်ငွေ (၄) ဘီလီယံနီးပါးဖိုး ရောင်းချနိုင်ခဲ့သည့် Paragon Residence အဆင့်မြင့်ကွန်ဒို အထူးအိမ်ရာအရောင်းပြပွဲ

ထို Paragon Residence တွင် အထပ်ပေါင်း (၂၇) ထပ် ပါဝင်ပြီး နိုင်ငံတကာအဆင့်မှီ ကွန်ဒိုအမျိုးအစားဖြစ်ကြောင်း သိရသည်။ ရေကူးကန်၊ အားကစားရုံ၊ မြန်နှုန်းမြင့် ဓာတ်လှေကား၊ BBQ Area အစရှိသည်တို့ ပါဝင်ပြီး အိပ်ခန်းတိုင်းတွင် ကျွန်းပါကေးခင်းကာ အဲယားကွန်း တပ်ဆင်ထားမည်ဖြစ်ကြောင်း သိရသည်။

ကျပ်ငွေ (၄) ဘီလီယံနီးပါးဖိုး ရောင်းချနိုင်ခဲ့သည့် Paragon Residence အဆင့်မြင့်ကွန်ဒို အထူးအိမ်ရာအရောင်းပြပွဲ

ထိုအရောင်းပြပွဲအား စိတ်ဝင်စားမှု များပြားခဲ့ပြီး လာရောက်လေ့လာသူများ၊ ဝယ်ယူသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် နှစ်စမှစတင်ကာ အိမ်ခြံမြေ အရောင်းအဝယ်များ ပိုမိုကောင်းမွန်လာကြောင်းလည်း ဦးနေမင်းသူမှ ပြောကြားခဲ့သည်။

ကျပ်ငွေ (၄) ဘီလီယံနီးပါးဖိုး ရောင်းချနိုင်ခဲ့သည့် Paragon Residence အဆင့်မြင့်ကွန်ဒို အထူးအိမ်ရာအရောင်းပြပွဲ

အခြား အိမ်ခြံမြေ ပွဲစဉ်များ

Shwe Taung Group မှဖော်ဆောင်နေသော Homes @ Ponnami အခန်းများကို 10% Down Payment ဖြင့်ရောင်းချပေးခဲ့
သိန်း (၅၀) အထိသက်သာခွင့်ပေးခဲ့သည့် မြောက်ဒဂုံမြို့နယ်ရှိ ကြိုပွိုင့် Maha Mini Condo အရောင်းပြပွဲ အောင်မြင်စွာကျင်းပ ပြီးစီး
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
ဘဏ်(၁၅) နှစ်ရှည်အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မန္တလေးမြို့ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၂၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်သည့် Shwe Wutt Hmone Housing လုံးချင်းအိမ်ရာများကို အရောင်းပြပွဲပြုလုပ်ရောင်းချပေးခဲ့
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးမှပုံရိပ်များ
YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့
Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)