13779 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သော စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် “မြန်မာ့အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး”

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmmarHouse.com မှကြီးမှူး၍ ၂၀၁၇ ခုနှစ် ​ဖေဖော်ဝါရီလ ၂၅ ၊ ၂၆ ရက် များတွင် စင်္ကာပူနိုင်ငံ မြန်မာရပ်ကွက် Peninsula Plaza အနီးရှိ Peninsula Excelsior Hotel တွင် စင်္ကာပူနိုင်ငံရှိ မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီးကို တတိယအကြိမ်မြောက် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ အရောင်းပြပွဲပြုလုပ်ရခြင်းမှာ စင်္ကာပူနိုင်ငံသို့ ရောက်ရှိ၍ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အလွယ်တကူဖြင့် အိမ်ခြံမြေများကို ဝယ်ယူခွင့်ရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း iMyanmarHouse.com မှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားခဲ့သည်။

 

အဆိုပါပွဲတွင် မြန်မာနိုင်ငံမှ ဆောက်လုပ်ရေး ကုမ္ပဏီ(၁၀) ခုကျော်မှ တိုက်ခန်း၊ ကွန်ဒိုနှင့် မြေကွက်များကို အထူးဈေးနှုန်းများ၊ အရစ်ကျစနစ်များဖြင့် ပါဝင်ပြသ ရောင်းချခဲ့ရာ လာရောက်ကြည့်ရှု လေ့လာဝယ်ယူသူများ များပြားခဲ့ကြောင်း သိရှိရသည်။ ပြပွဲ (၂) ရက်အတွင်း ကျပ်ငွေ (၈) ဘီလီယံကျော်တန်ဖိုးရှိသော အိမ်ခြံမြေများကို ရောင်းချနိုင်ခဲ့ကြောင်းလည်း သိရသည်။

 

ကျပ်ငွေ (၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သော စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် “မြန်မာ့အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး”

 

“ကျွန်တော်တို့ iMyanmarHouse.com ကနေ စင်္ကာပူနိုင်ငံမှာ အိမ်ခြံမြေ အရောင်းပြပွဲပြုလုပ်တာ ဒီပွဲနဲ့ဆိုရင် တတိယအကြိမ်ရှိပါပြီ။ တစ်ပွဲထက်တစ်ပွဲ ပိုပိုပြီး အောင်မြင်တာကို တွေ့ရပါတယ်။ စင်္ကာပူနိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံသားပေါင်း (၃) သိန်းကျော်ရှိပါတယ်။ သူတို့တွေက စင်္ကာပူမှာ အလုပ်လုပ်ကြတယ်။ ငွေစုကြတယ်။ ပြီးတော့ မြန်မာပြည်မှာ ကိုယ်တိုင်နေထိုင်ဖို့ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံဖို့ ဖြစ်စေ အိမ်ခြံမြေကို ဝယ်ယူကြတယ်။ အဲဒီအတွက် မြန်မာပြည်ကို ပြန်လာစရာမလိုဘဲ စင်္ကာပူမှာတင် အိမ်ခြံမြေကို အလွယ်တကူ ဝယ်ယူလို့ရအောင် ဒီလိုပွဲမျိုးကို စီစဉ်ရခြင်းဖြစ်ပါတယ်။ ယခုပွဲမှာတော့ ထူးထူးခြားခြားအဖြစ် ကျပ်သိန်း (၁၀၀) ကျော်မှစတဲ့ တိုက်ခန်းတွေ၊ သိန်း (၁၅၀) ကျော်မှစတဲ့ မြေကွက်တွေ၊ သိန်း (၉၀၀) ကျော်မှစတဲ့ ကွန်ဒိုတွေကို ထည့်သွင်းရောင်းချပေးခဲ့တာပါ။” ဟု ဦးနေမင်းသူမှ ရှင်းလင်းပြောကြားခဲ့သည်။

 ကျပ်ငွေ (၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သော စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် “မြန်မာ့အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး”

ပွဲကျင်းပသည့် ရက်များအတွင်း ပွဲသို့လာရောက် တက်ရောက်သူမှာ စုစုပေါင်းမှာ လူ (၃၀၀၀) ကျော် အထိရှိခဲ့ကြောင်း သိရသည်။

ကျပ်ငွေ (၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သော စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် “မြန်မာ့အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး”

အခြား အိမ်ခြံမြေ ပွဲစဉ်များ

Shwe Taung Group မှဖော်ဆောင်နေသော Homes @ Ponnami အခန်းများကို 10% Down Payment ဖြင့်ရောင်းချပေးခဲ့
သိန်း (၅၀) အထိသက်သာခွင့်ပေးခဲ့သည့် မြောက်ဒဂုံမြို့နယ်ရှိ ကြိုပွိုင့် Maha Mini Condo အရောင်းပြပွဲ အောင်မြင်စွာကျင်းပ ပြီးစီး
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
ဘဏ်(၁၅) နှစ်ရှည်အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မန္တလေးမြို့ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၂၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်သည့် Shwe Wutt Hmone Housing လုံးချင်းအိမ်ရာများကို အရောင်းပြပွဲပြုလုပ်ရောင်းချပေးခဲ့
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးမှပုံရိပ်များ
YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့
Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)