1803 ကြိမ် ကြည့်ရှု့ ပြီး

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ရန်ကုန်မြို့လယ်ရှိ Ga Mone Pwint Wholesale Mall ဆိုင်ခန်းများ Private အရောင်းပြပွဲ

[Unicode]

၂၀၂၀ ပြည့်နှစ် ၊ စက်တင်ဘာလ ( ၁၂ ၊ ၁၃ ) စနေ ၊ တနင်္ဂနွေ နေ့များတွင် မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ Ga Mone Pwint Wholesale Mall ဆိုင်ခန်းများ Private အရောင်းပြပွဲကို MOHS ၏ညွှန်ကြားချက်များနှင့်အညီ မနက် (၉) နာရီ မှ ညနေ (၅) နာရီ အထိ စီမံကိန်းတည်ရှိရာ မြန်မာ့ဂုဏ်ရည်လမ်း ၊ ၁၀၁ လမ်း နှင့် ၁၀၄ လမ်းကြား ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအရောင်းပြပွဲအတွင်း ဝယ်ယူသူများသည် အထူးသက်သာခွင့်များအပြင် အတိုးမဲ့အရစ်ကျစနစ် ၊ ဘဏ်များဖြင့် နှစ်ရှည်ပေးချေစနစ်များဖြင့် ဝယ်ယူနိုင်ခဲ့ကြောင်းသိရသည်။

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ရန်ကုန်မြို့လယ်ရှိ Ga Mone Pwint Wholesale Mall ဆိုင်ခန်းများ Private အရောင်းပြပွဲ

Ga Mone Pwint Wholesale Mall သည် ရန်ကုန်မြို့လယ်တွင် မကြာမီဖွင့်လှစ်တော့မည့် အဆင့်မြင့်လက္ကားဈေးဖြစ်သည်။ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ မြန်မာ့ဂုဏ်ရည်လမ်း နှင့် ဗိုလ်မင်းရောင်လမ်းကြားတွင် တည်ရှိသည့် အဆိုပါ Ga Mone Pwint Wholesale Mall တွင် စားသောက်ဆိုင်များ ၊ ဈေးဆိုင်ခန်းများ ၊ ရုံးခန်းများ ၊ အဝတ်အထည် နှင့် အလှကုန်ဆိုင်ခန်း ၊ ဖိနပ်နှင့်အိတ်ဆိုင်များ ၊ နာရီဆိုင်များ ၊ လျှပ်စစ်နှင့်ဖုန်းဆက်စပ်ပစ္စည်းဆိုင်ခန်းများ ၊ ပရိဘောဂဆိုင်များ ၊ အိမ်သုံး မီးဖိုချောင်သုံးပစ္စည်းဆိုင်ခန်းများ ၊ အခြားအသုံးအဆောင်ပစ္စည်းဆိုင်ခန်းများ ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ ဆိုင်ခန်းများကို 200 sqft မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ငွေရေးကြေးရေး ကြန့်ကြာမှုမရှိစေရန် မြန်မာပြည်၏ ထိပ်တန်းဘဏ်များလည်း ဖွင့်လှစ်သွားမည်ဖြစ်သည်။

Ga Mone Pwint Wholesale Mall တစ်ခုလုံးကို နောက်ဆုံးပေါ် ခေတ်မီနည်းပညာများသုံး၍ မီးဘေးကာကွယ်ရေးစနစ်များ ၊ မီးငြိမ်းသတ်ရေးစနစ် ၊ အရေးပေါ်ထွက်ပေါက်နှင့်လှေခါးများ ၊ ၂၄ နာရီ CCTV နှင့် လုံခြုံရေးစနစ်များ ထည့်သွင်းကာ ဆောက်လုပ်ထားကြောင်းသိရသည်။ ဈေးဝယ်သူနှင့်ဆိုင်ရှင်များ အဆင်ပြေစေရန် ကားအစီးရေ ( ၆၀၀ ) ကျော်ရပ်နိုင်မည့် ကားပါကင်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ရန်ကုန်မြို့လယ်ရှိ Ga Mone Pwint Wholesale Mall ဆိုင်ခန်းများ Private အရောင်းပြပွဲ

“ ယခုကျင်းပပြုလုပ်တဲ့ အရောင်းပြပွဲဟာ မြန်မာပြည်ရဲ့ အကြီးဆုံးနဲ့ အဆင့်မြင့်ဆုံးလက္ကားဈေးဖြစ်လာမယ့် Ga Mone Pwint Wholesale Mall ဆိုင်ခန်းများအရောင်းပြပွဲပါ။ မကြာမီဆောက်လုပ်ပြီးစီးတော့မှာဖြစ်တဲ့အတွက်ကြောင့် အချိန်တိုအတွင်း ဖွင့်လှစ်တော့မှာပဲ ဖြစ်ပါတယ်။ စီးပွားရေးအကွက်အကွင်းကျတဲ့နေရာမှာ တည်ရှိတဲ့အပြင်
အားသာချက်များစွာရှိတဲ့ Gamone Pwint Wholesale Mall မှာဆိုင်ခန်းဝယ်ယူခြင်းဟာ သေချာခိုင်မာတဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်လို့ ဒီစီမံကိန်းကို စိတ်ဝင်စားရင် ကျွန်တော်တို့ iMyanmarHouse.com မှာ အသေးစိတ်လာရောက် စုံစမ်းနိုင်ပါတယ်။ ” ဟု ပြပွဲစီစဉ် ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားသည်။

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ရန်ကုန်မြို့လယ်ရှိ Ga Mone Pwint Wholesale Mall ဆိုင်ခန်းများ Private အရောင်းပြပွဲ

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

 

[Zawgyi]







iMyanmarHouse.com

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ရန်ကုန်မြို့လယ်ရှိ လူတိုင်းကြိုက်ကြတဲ့ လမ်းမတော်မြို့နယ် သံရုံးများအနီးရှိ Magical World အသစ်စက်စက်ကွန်ဒိုအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
သိန်း ၆၀၀ အထိ သက်သာခွင့် ရရှိမည့် မင်္ဂလာဈေးသစ်ကြီးရှိ အခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
လူစိတ်ဝင်စားမှုအများဆုံး INNO CITY ဇိမ်ခံကွန်ဒို အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့လယ်ရှိ လူတိုင်းကြိုက်ကြတဲ့ လမ်းမတော်မြို့နယ် သံရုံးများအနီးရှိ Magical World အသစ်စက်စက်ကွန်ဒိုအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တောင်ဥက္ကလာပမြို့ရဲ့ အချက်အချာနေရာရှိ သဒ္ဒါကွန်ဒိုအခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
မကြာမီဖွင့်လှစ်တော့မည့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့လယ်နှင့် အနီးဆုံး ရှုခင်းသာလမ်းမကြီးပေါ်ရှိ ဝယ်ယူပြီးအသင့်နေထိုင်နိုင်သည့် Emerald Bay Condo အထူးအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
5 % သာ ပေးသွင်းပြီး ၁၈လ အတိုးမဲ့အရစ်ကျနဲ့ ပိုင်ဆိုင်နိုင်မယ့် Yadanar Bone Real Estate မှ ဂရန်မြေကွက်များ၊ အဆောက်အဦးပါမြေကွက်များအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
50% Down Payment ပေးသွင်းပြီးချက်ချင်း အသင့်တက်နေနိုင်မည့် BCC ကျပြီး INNO CITY Luxury ကွန်ဒိုအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
တည်နေရာ ချက်ကောင်းမှာ လွယ်ကူတဲ့ငွေပေးချေမှုနဲ့ ရန်ကုန်မြို့ကြီးရဲ့ အလှဆုံး View ကိုမြင်တွေ့ရမယ့် ERC Condoအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App