2626 ကြိမ် ကြည့်ရှု့ ပြီး

၂၀၁၆ အိမ်ခြံမြေဈေးကွက်အခြေအနေနှင့် အနာဂတ်အလားအလာ ဟောပြောပွဲ

iMyanmarHouse.com နှင့် ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းတို့မှ ပူးပါင်း၍ ရန်ကုန်မြို့၊ UMFCCI Office Tower တွင် ၂၀၁၆ မေလ (၇) ရက် (စနေနေ့)၊ နံနက် (၉:၀၀) နာရီမှ (၁၂:၀၀) နာရီတွင် "၂၀၁၆ အိမ်ခြံမြေဈေးကွက်အခြေအနေနှင့် အနာဂတ်အလားအလာ" ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပခဲ့ရာ ပွဲတက်ရောက်သူ ၇၀၀ ကျော်ဖြင့် စည်ကားခဲ့ပါသည်။

၂၀၁၆ အိမ်ခြံမြေဈေးကွက်အခြေအနေနှင့် အနာဂတ်အလားအလာ ဟောပြောပွဲ

ပွဲအစီအစဉ်အရ ဦးနေမင်းသူ (MD - iMyanmarHouse.com) မှ ပဏာမ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက် ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း၏ ဥက္ကဌဖြစ်သူ ဦးစိုင်းခွန်နောင် မှ ပွဲတက်ရောက်သူများနှင့် စာနယ်ဇင်းဆရာ၊ ဆရာမများအား ကျေးဇူးတင်စကားနှင့် အသင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

၂၀၁၆ အိမ်ခြံမြေဈေးကွက်အခြေအနေနှင့် အနာဂတ်အလားအလာ ဟောပြောပွဲ

ဆက်လက်၍ ဖိတ်ကြားထားသော ဆရာများဖြစ်သည့် တော်ဝင်စင်တာနှင့်တော်ဝင်မိသားစုကုမ္ပဏီမှ ဦးကိုကိုထွေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒေါက်တာမောင်မောင်အောင် နှင့် မန္တလေးတိုင်း အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဌ ဦးတင်မောင် တို့မှ အိမ်ခြံမြေ အခွန်နှုန်းထားများ၊ ကွန်ဒိုဥပဒေ၊ အိမ်ခြံမြေ ဈေးအတက်အကျ ရာဇဝင်၊ ကြိုပွိုင့်တိုက်ခန်း စသည်တို့ကို ဆွေးနွေးဟောပြောကာ ကြွရောက်လာသော ဧည့်သည်တော်များအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

၂၀၁၆ အိမ်ခြံမြေဈေးကွက်အခြေအနေနှင့် အနာဂတ်အလားအလာ ဟောပြောပွဲ

ထိုနောက် ကြွရောက်လာကြသော ပရိသတ်ကြီးမှ သိလိုသော အိမ်ခြံမြေ မေးခွန်းများကို မေးမြန်းပြီး ဦးနေမင်းသူ၊ ဦးစိုင်းခွန်နောင်နှင့် ဦးတင်မောင်တို့မှ ပြန်လည်ဖြေကြားပေးခဲ့ကာ အခန်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

၂၀၁၆ အိမ်ခြံမြေဈေးကွက်အခြေအနေနှင့် အနာဂတ်အလားအလာ ဟောပြောပွဲ

၂၀၁၆ အိမ်ခြံမြေဈေးကွက်အခြေအနေနှင့် အနာဂတ်အလားအလာ ဟောပြောပွဲ

အခြား အိမ်ခြံမြေ ပွဲစဉ်များ

RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးမှပုံရိပ်များ
YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့
Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)