3125 ကြိမ် ကြည့်ရှု့ ပြီး

စင်္ကာပူနိုင်ငံတွင် ဒုတိယအကြိမ် ကျင်းပခဲ့သည့် “မြန်မာ့အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး”

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုဒ်ဖြစ်သော iMyanmmarHouse.com မှကြီးမှူး၍ ၂၀၁၆ ခုနှစ် ​မတ်လ ၂၆ ၊ ၂၇ ရက် များတွင် စင်္ကာပူနိုင်ငံ မြန်မာရပ်ကွက် Peninsula Plaza အနီးရှိ Grand Park City Hall Hotel တွင် စင်္ကာပူနိုင်ငံရှိ မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီးကို ဒုတိယအကြိမ်မြောက် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုသို့ ဒုတိယအကြိမ်မြောက် အရောင်းပြပွဲပြုလုပ်ရခြင်းမှာ စင်္ကာပူနိုင်ငံသို့ ရောက်ရှိ၍ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အလွယ်တကူဖြင့် အိမ်ခြံမြေများကို ဝယ်ယူခွင့်ရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း iMyanmarHouse.com မှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားခဲ့ပါသည်။

 

စင်္ကာပူနိုင်ငံတွင် ဒုတိယအကြိမ် ကျင်းပခဲ့သည့် “မြန်မာ့အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး”

အဆိုပါပွဲတွင် မြန်မာနိုင်ငံမှ ဆောက်လုပ်ရေး ကုမ္ပဏီ(၁၂)ခုကျော်မှ တိုက်ခန်းနှင့် အဆင့်မြင့် ကွန်ဒိုများကို အထူးဈေးနှုန်းများ၊ အရစ်ကျစနစ်များဖြင့် ပါဝင်ပြသ ရောင်းချခဲ့ရာ လာရောက်ကြည့်ရှု လေ့လာဝယ်ယူသူများ များပြားခဲ့ပါသည်။ ထို့အပြင် အိမ်ခြံမြေဆိုင်ရာ ဗဟုသုတများကို တတ်ကျွမ်း နားလည်သော အသိပညာရှင် အတတ်ပညာရှင်များဖြစ်သော ဦးကျော်ကျော်လှိုင် (Chairman) Smart Group of Companies ၊ ဦးစိုင်းခွန်နောင် (စိုင်းခွန်နောင် အိမ်ခြံမြေ) ၊ ဦးသက်နိုင်ဦး (CEO - Maverick Management) ၊ Charm May Thu (Branch Division Director - ERA (SG)၊ Managing Director -YPF (YGN)) နှင့် ဦးနေမင်းသူ (MD - iMyanmarHouse.com)တို့မှ အိမ်ခြံမြေနှင့် ပတ်သက်၍လည်းကောင်း၊ ဘဝအောင်မြင်ရေးနှင့်ပတ်သက်၍လည်းကောင်း ဟောပြောဆွေးနွေး ပေးခဲ့ပါသည်။

စင်္ကာပူနိုင်ငံတွင် ဒုတိယအကြိမ် ကျင်းပခဲ့သည့် “မြန်မာ့အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး”

ပွဲကျင်းပသည့် ရက်များအတွင်း ပွဲသို့လာရောက်လေ့လာ တက်ရောက်သူမှာ စုစုပေါင်းမှာ လူ ၂၅၀၀ ကျော် အထိရှိခဲ့ပါသည်။ ပွဲသို့ တက်ရောက်လာသူများအတွက် SAMSUNG Galaxy Tab 3 အပါအဝင် အခြား ငွေကျပ် သိန်း(၅၀) တန်ဖိုးရှိ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ  ကံစမ်းမဲ ဖောက်ပေးခဲ့ကြောင်းလည်း သတင်းရရှိသည်။

စင်္ကာပူနိုင်ငံတွင် ဒုတိယအကြိမ် ကျင်းပခဲ့သည့် “မြန်မာ့အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး”

စင်္ကာပူနိုင်ငံတွင် ဒုတိယအကြိမ် ကျင်းပခဲ့သည့် “မြန်မာ့အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး”

စင်္ကာပူနိုင်ငံတွင် ဒုတိယအကြိမ် ကျင်းပခဲ့သည့် “မြန်မာ့အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး”

စင်္ကာပူနိုင်ငံတွင် ဒုတိယအကြိမ် ကျင်းပခဲ့သည့် “မြန်မာ့အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး”

 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးမှပုံရိပ်များ
YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့
Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)