[Unicode]
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse နှင့် CarsDB တို့မှကြီးမှူး၍ (၁၅) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် ကားအရောင်းပြပွဲကြီးကို၂ဝ၂၃ ခုနှစ် ၊
အောက်တိုဘာလ (၂၁ ၊ ၂၂) ရက် ၊ နံနက် (၉) နာရီ မှ ညနေ (၅) နာရီအထိ Lotte Hotel (Crystal Ballroom) တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
(အဆိုပါအရောင်းပြပွဲတွင်)
iMyanmarHouse နှင့် CarsDB တို့၏ Group CEO - ဦးနေမင်းသူ
(2) Official Banking Partner အဖြစ် ပါဝင်ပြသပါသော AYA Bank - Business Banking ၏ Managing Director -ဒေါ်သဇင်အောင်
(3) Official Banking Partner အဖြစ် ပါဝင်ပြသပါသော AYA Bank - Head of Consumer Banking – Retail Banking ၏ Director - ဦးဇာနည်လင်း
(4) မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း၏ဥက္ကဌ ဦးဇော်ထိုက်အေး
(5) မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း၏ ဒုဥက္ကဌ ဦးမျိုးဇင်ဝင်း
(6) Diamond Sponsor အဖြစ် ပါဝင်ပြသပါသော Myanmar Agro Exchange Public Co.,Ltd - Sales and Marketing Department ၏ General Manager - ဒေါ်ဥမ္မာအောင်
(7) Diamond Sponsor အဖြစ်ပါဝင်ပြသပါသော Green Stone Realty Co., Ltd ၏ Director - ဒေါ်မိုးသင်္ချေ
(8) Diamond Sponsor အဖြစ်ပါဝင်ပြသပါသော Mya Development Co., Ltd ၏ Project Director - ဦးလှမြင့်ဦး
(9) Gold Sponsor အဖြစ်ပါဝင်ပြသပါသော Nagar Lady Auto Mobile ၏ Chairman - ဦးတင်ကျော်နန္ဒ
(10) Gold Sponsor အဖြစ်ပါဝင်ပြသပါသော WM Corporation ၏ CEO - ဦးထိပ်ခွန်နောင်မြင့်ဝေ
(11) Gold Sponsor အဖြစ်ပါဝင်ပြသပါသော Taunggyi Garden City မှ တာဝန်ရှိသူ ဦးသူရစောသိန်း တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ပွဲအခမ်းအနားကို အစပြုခဲ့သည်။
ပွဲအတွင်းဝယ်ယူသူများကိုလည်း အတိုးမဲ့အရစ်ကျ စနစ်များ ၊ အထူးလျှော့ဈေးနှုန်းများ ၊ ဘဏ်ချေးငွေများ ၊အကောင်းဆုံးငွေချေစနစ်များ ၊ နှစ်ရှည်အရစ်ကျစနစ်များ ၊ ခိုင်မာမှုရှိသည့် စာချုပ်စာတမ်းများ ဖြင့် ရောင်းချပေးခဲ့ရာ ရောင်းအားကောင်းခဲ့ကြောင်းသိရသည်။
အရောင်းပြပွဲကြီးအတွင်းတွင် နာမည်ကြီး ဆောက်လုပ်ရေး ကုမ္ပဏီပေါင်းများစွာမှ ဆောက်လုပ်ပြီး ၊ ဆောက်လုပ်ဆဲ တိုက်ခန်း ၊ ကွန်ဒိုနှင့် LUXURY ကွန်ဒိုများ ၊ မြေကွက်သီးသန့်ဝယ်လိုသူများအတွက်ခိုင်မာတဲ့မြေကွက်များ ၊ လုံးချင်းအိမ်များ ၊ မြန်မာနိုင်ငံတဝှမ်းရှိ အိမ်ခြံမြေများနှင့် ဘန်ကောက်မြို့ရှိ ကွန်ဒိုများစွာ၊ ကားမော်ဒယ် အမျိုးအစားပေါင်းများစွာ ၊ နာမည်ကြီး ကားဘရန်းပေါင်းများစွာကို တစ်နေရာထဲတွင်စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်အောင် ရောင်းချပေးခဲ့ကြောင်းသိရသည်။
(အဆိုပါ အရောင်းပြပွဲကြီးတွင်)
- Official Banking Partner အဖြစ် AYA Bank
- Diamond Sponsor များအဖြစ် Myanmar Agro Exchange Public Co.,Ltd ၊ Green Stone Realty Co.,Ltd ၊ Mya Development Co.,Ltd ၊ Golden City Condominium ၊ Yangon Pauk Development Co.,Ltd ၊ Dagon International Limited
- Gold Sponsor များအဖြစ် Phyu Zin Co.,Ltd ၊ Property Boss Real Estate Co.,Ltd ၊ WM Corporation ၊ NagarLady Automobile ၊ Yoma Bank ၊ Shwe Taung Real Estate ၊ Quick Food Company Limited
- Other Sponsor များအဖြစ် Pin Myint Yan Construction Co.,Ltd ၊ Hoang Anh Gia Lai Myanmar Co.,Ltd ၊ Sustain Construction Co.,Ltd ၊ Royal AMM Construction Co.,Ltd , Sein Win Villa ၊ Royal Thazin Nwe Construction ၊ Shwe Bon San Myanmar Construction ၊ Apex Myittar Construction Co.,Ltd ၊ Aung Myay Saytanar Real Estate Co.,Ltd ၊ Alpha International Co.,Ltd ၊ Ayeyarwady Resort & Villa Development Co.,Ltd ၊ KBZ Bank ၊ Chan Thar Shwe Myay Construction ၊ Hope Land Company ၊ Alvin Realty Co.,Ltd ၊ Myanmar Thilawa SEZ Holdings Public Co.,Ltd ၊ GGI TOKIO MARINE GENERAL INSURANCE ၊ SMT Construction Co.,Ltd ၊ Cherry Yoma Group Public Co.,Ltd ၊ Allin Pwint Construction Co.,Ltd တို့နှင့် အခြားအခြားသော အိမ်ခြံမြေနဲ့ ကားလုပ်ငန်းပေါင်းများစွာ အသီးသီး ပါဝင်ပြသခဲ့ကြသည်။
Official Banking Partner အဖြစ်ပါဝင်သော AYA Bank ၏ပြခန်းနေရာတွင် အိမ်ရာချေးငွေနှင့် ကားချေးငွေများလည်း တထိုင်တည်းလျှောက်ထားနိုင်ရန် စီစဉ်ပေးထားကြောင်းသိရသည်။
“ အခုကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် ကားအရောင်းပြပွဲကြီးကို Lotte Hotel (Crystal Ballroom) မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ အရောင်းပြပွဲအတွင်းမှာ ဝယ်ယူခဲ့ကြသူများကိုလည်း အတိုးမဲ့အရစ်ကျစနစ် ၊ အထူးလျှော့ဈေး ၊ ဘဏ်ချေးငွေ ၊အကောင်းဆုံးငွေချေစနစ် ၊နှစ်ရှည်အရစ်ကျစနစ်များ ၊ ခိုင်မာမှုရှိသည့် စာချုပ်စာတမ်းများ ဖြင့် ရောင်းချပေးခဲ့ပါတယ်။ ပြပွဲအတွင်း အိမ်ရာချေးငွေများ၊ ကားချေးငွေများကိုလည်း တထိုင်တည်း လျှောက်ထားနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ဒါ့အပြင် များ၏ Top Fan ပရိတ်သတ်များထဲမှ ကံထူးရှင် (၁၀) ဦး ရွေးချယ်ပြီး ကျေးဇူးတုံ့ပြန် မေတ္တာလက်ဆောင်အနေနဲ့ ပထမဆု- ရွှေဆွဲကြိုး(၁)ဆု ၊ ဒုတိယဆု- ရွှေလက်ကောက် (၁)ဆု ၊ တတိယဆု- ရွှေနားကပ် (၁)ဆု နှင့် နှစ်သိမ့်ဆု- ရွှေလက်စွပ် (၇)ဆု တို့ကို ပွဲကြီးအတွင်းကံစမ်းမဲဖောက်ပေးခဲ့ပါတယ် ” ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
(၁၅) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကြီးကို စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့
ဒေါ်သဇင်အောင်
iMyanmarHouse.com