ဆေးထိုးပြီးနောက်သေဆုံးမှုများနှင့် ကာကွယ်ဆေးအကြား ဆက်စပ်မှုမရှိကြောင်း နော်ဝေးထုတ်ပြန်

ဆေးထိုးပြီးနောက်သေဆုံးမှုများနှင့် ကာကွယ်ဆေးအကြား ဆက်စပ်မှုမရှိကြောင်း နော်ဝေးထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
19 Jan 2021 12:13 pm တွင် တင်ခဲ့သည်
820 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Pfizer-BioNTech ၏ COVID-19 ကာကွယ်ဆေးနှင့် နိုင်ငံအတွင်း ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးမှုများအကြား ဆက်စပ်မှုမရှိကြောင်း နော်ဝေအစိုးရက ဇန်နဝါရီ ၁၈ တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် ကာကွယ်ဆေးမထိုးနှံပေးခင် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအခြေအနေကို အဘက်ဘက်မှ စဉ်းစားရန် ဆရာဝန်များအား အကြံပြုခဲ့သည်။

ဇန်နဝါရီ ၁၆ ရက်ကမူ နော်ဝေဆေးပညာဌာနက “Pfizer နှင့် BioNTech ကုမ္ပဏီတို့မှ တီထွင်ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးတစ်ခုတည်းသာလျှင် နော်ဝေတွင် ဇန်နဝါရီ ၁၅ အထိ ရှိခဲ့သောကြောင့် သေဆုံးမှုအားလုံးသည် ယင်းကာကွယ်ဆေးနှင့် ဆက်နွှယ်ကြောင်း ဘလွန်းဘတ်သတင်းဌာနသို့ စာဖြင့်ရေးသားထားသော ဖြေကြားချက်တစ်ရပ်၌ ပြောကြားခဲ့သည်။

ဒီဇင်ဘာလကုန်ပိုင်းမှစကာ နော်ဝေတွင် ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုစတင်ပြီးကတည်းက စုစုပေါင်းနှစ်ကြိမ် (အလုံးရေအားဖြင့် တစ်ကြိမ်လျှင်တစ်လုံး) ထိုးနှံရမည့်ထိုကာကွယ်ဆေး၏ ပထမအကြိမ်ထိုးနှံမှုကို ခံယူပြီးနောက် သေဆုံးသွားသည့် သက်ကြီးရွယ်အိုဦးရေမှာ ၃၃ ဦး ရှိပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးအာဏာပိုင်များအဆိုအရ သိရသည်။

မကြာသေးမီက ရင်ခွဲ၍ အသေးစိတ်စစ်ဆေးလေ့လာထားသည့် သေဆုံးသူ ၁၃ ဦးစလုံးမှာ အသက်အရွယ်ကြီးရင့်သူများဖြစ်ပြီး အားနည်း၊ ချည့်နဲ့နေခဲ့ကြကာ ပြင်းထန်သော နာမကျန်းမှုများလည်းရှိသည်ဟု နော်ဝေးပြည်သူ့ကျန်းမာရေးသိပ္ပံ၏ညွှန်ကြားရေးမှူး ကမာလာစတိုတီဘတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“သေဆုံးရတဲ့အကြောင်းအရင်းတွေကိုတော့ ဆန်းစစ်လေ့လာလို့ မပြီးသေးပါဘူး၊ နော်ဝေမှာရှိတဲ့ သက်ကြီးဂေဟာတွေမှာ တစ်နေ့လျှင် ပျမ်းမျှ ၄၅ ယောက်ခန့် သေဆုံးတာကို သတိရဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီသေဆုံးမှုတွေဟာ ပိုများနေတာမဟုတ်သလို ကာကွယ်ဆေးနှင့်ဆက်နွှယ်တယ်လို့လည်း မဆိုလိုပါဘူး။” ဟုလည်း သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

သို့လင့်ကစား သေဆုံးမှုအစီရင်ခံချက်များ ရရှိပြီ‌နောက် နော်ဝေအစိုးရက အားနည်းနေသည့် သို့မဟုတ် အလွန်အမင်းနာမကျန်းဖြစ်နေသည့် လူနာများအား ကာကွယ်ဆေးထိုးသင့်မသင့်ကို ဆရာဝန်များအနေဖြင့် တစ်ဦးချင်းစဉ်းစားသင့်ကြောင်း အချို့သောနိုင်ငံများ၌အကြံပြုထားသည့်အတိုင်းပင် အလေးပေးပြောကြားခဲ့သည်။

နော်ဝေးဆေးပညာဌာနက “messenger RNA နည်းပညာကို အမှီပြုထားသော COVID-19 ကာကွယ်ဆေးများ၏ ဖျားနာခြင်းနှင့်ပျို့ချင်ခြင်းကဲ့သို့သော ပုံမှန်ဘေးထွက်ဆိုးကျိုးများသည် အားနည်းသောလူနာအချို့အတွက် အသက်သေစေနိုင်သည့် ဆိုးဝါးသောရလဒ်ကို ဖြစ်ပေါ်စေနိုင်သည်” ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။

နော်ဝေနိုင်ငံ၏အိမ်နီးချင်းများဖြစ်သော ဒိန်းမတ်၊ ဖင်လန်၊ အိုက်စလန်နှင့် ဆွီဒင်နိုင်ငံများအပါအဝင် နိုင်ငံအတော်များများသည် ကာကွယ်ဆေးထိုးပြီးနောက်သေဆုံးမှုများကို အစီရင်ခံတင်ပြလာကြသော်လည်း ယင်းသေဆုံးမှုများသည် ကာကွယ်ဆေးနှင့်တိုက်ရိုက်ဆက်နွှယ်မှု မရှိသေးပါ။

Pfizer နှင့် BioNTech ကုမ္ပဏီတို့က AFP သတင်းဌာနသို့ ဇန်နဝါရီ ၁၈ ၌ပြောကြားရာတွင် ၎င်းတို့သည် သက်ဆိုင်ရာသတင်းအချက်အလက်အားလုံး စုဆောင်းရန် နော်ဝေဆေးပညာဌာနနှင့် လက်တွဲဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

၎င်းကုမ္ပဏီတို့က နော်ဝေကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုသည် သက်ကြီးဂေဟာများတွင်နေထိုင်သော သက်ကြီးရွယ်အိုများနှင့် စတင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက်အများစုမှာ ရောဂါအခံရှိသည့် အသက်အရွယ်အလွန်အိုမင်းနေသူများဖြစ်ကြပြီး အချို့မှာ အလွန်အမင်းဖျားနာနေသူများဖြစ်ကြောင်းလည်း ပြောပြခဲ့သည်။

နော်ဝေတွင် ယခုအချိန်အထိ လူပေါင်း ၄၈,၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မွ ရေးသား ဖောျ်ပသည်။)

Credit: iMyanmarHouse.com

Ref: Norway says no link between vaccine and post-jab deaths (AFP)

 

[Zawgyi]

ေဆးထိုးၿပီးေနာက္ေသဆုံးမႈမ်ားႏွင့္ ကာကြယ္ေဆးအၾကား ဆက္စပ္မႈမ႐ွိေၾကာင္း ေနာ္ေဝးထုတ္ျပန္

Pfizer-BioNTech ၏ COVID-19 ကာကြယ္ေဆးႏွင့္ ႏိုင္ငံအတြင္း ကာကြယ္ေဆးထိုးၿပီးေနာက္ ေသဆုံးမႈမ်ားအၾကား ဆက္စပ္မႈမ႐ွိေၾကာင္း ေနာ္ေဝအစိုးရက ဇန္နဝါရီ ၁၈ တြင္ ထုတ္ျပန္ခဲ့သည္။ သို႔ေသာ္ ကာကြယ္ေဆးမထိုးႏွံေပးခင္ သက္ႀကီး႐ြယ္အိုမ်ား၏ က်န္းမာေရးအေျခအေနကို အဘက္ဘက္မွ စဥ္းစားရန္ ဆရာဝန္မ်ားအား အၾကံျပဳခဲ့သည္။

ဇန္နဝါရီ ၁၆ ရက္ကမူ ေနာ္ေဝေဆးပညာဌာနက “Pfizer ႏွင့္ BioNTech ကုမၸဏီတို႔မွ တီထြင္ထုတ္လုပ္သည့္ COVID-19 ကာကြယ္ေဆးတစ္ခုတည္းသာလွ်င္ ေနာ္ေဝတြင္ ဇန္နဝါရီ ၁၅ အထိ ႐ွိခဲ့ေသာေၾကာင့္ ေသဆုံးမႈအားလုံးသည္ ယင္းကာကြယ္ေဆးႏွင့္ ဆက္ႏႊယ္ေၾကာင္း ဘလြန္းဘတ္သတင္းဌာနသို႔ စာျဖင့္ေရးသားထားေသာ ေျဖၾကားခ်က္တစ္ရပ္၌ ေျပာၾကားခဲ့သည္။

ဒီဇင္ဘာလကုန္ပိုင္းမွစကာ ေနာ္ေဝတြင္ ကာကြယ္ေဆးထိုးႏွံေရးလႈပ္႐ွားမႈစတင္ၿပီးကတည္းက စုစုေပါင္းႏွစ္ႀကိမ္ (အလုံးေရအားျဖင့္ တစ္ႀကိမ္လွ်င္တစ္လုံး) ထိုးႏွံရမည့္ထိုကာကြယ္ေဆး၏ ပထမအႀကိမ္ထိုးႏွံမႈကို ခံယူၿပီးေနာက္ ေသဆုံးသြားသည့္ သက္ႀကီး႐ြယ္အိုဦးေရမွာ ၃၃ ဦး ႐ွိၿပီျဖစ္ေၾကာင္း ျပည္သူ႕က်န္းမာေရးအာဏာပိုင္မ်ားအဆိုအရ သိရသည္။

မၾကာေသးမီက ရင္ခြဲ၍ အေသးစိတ္စစ္ေဆးေလ့လာထားသည့္ ေသဆုံးသူ ၁၃ ဦးစလုံးမွာ အသက္အ႐ြယ္ႀကီးရင့္သူမ်ားျဖစ္ၿပီး အားနည္း၊ ခ်ည့္နဲ႔ေနခဲ့ၾကကာ ျပင္းထန္ေသာ နာမက်န္းမႈမ်ားလည္း႐ွိသည္ဟု ေနာ္ေဝးျပည္သူ႕က်န္းမာေရးသိပၸံ၏ၫႊန္ၾကားေရးမႉး ကမာလာစတိုတီဘတ္က သတင္းေထာက္မ်ားကို ေျပာၾကားခဲ့သည္။

“ေသဆုံးရတဲ့အေၾကာင္းအရင္းေတြကိုေတာ့ ဆန္းစစ္ေလ့လာလို႔ မၿပီးေသးပါဘူး၊ ေနာ္ေဝမွာ႐ွိတဲ့ သက္ႀကီးေဂဟာေတြမွာ တစ္ေန႔လွ်င္ ပ်မ္းမွ် ၄၅ ေယာက္ခန္႔ ေသဆုံးတာကို သတိရဖို႔ အေရးႀကီးပါတယ္။ ဒါေၾကာင့္ ဒီေသဆုံးမႈေတြဟာ ပိုမ်ားေနတာမဟုတ္သလို ကာကြယ္ေဆးႏွင့္ဆက္ႏႊယ္တယ္လို႔လည္း မဆိုလိုပါဘူး။” ဟုလည္း သူမက ျဖည့္စြက္ေျပာၾကားခဲ့သည္။

သို႔လင့္ကစား ေသဆုံးမႈအစီရင္ခံခ်က္မ်ား ရ႐ွိၿပီ‌ေနာက္ ေနာ္ေဝအစိုးရက အားနည္းေနသည့္ သို႔မဟုတ္ အလြန္အမင္းနာမက်န္းျဖစ္ေနသည့္ လူနာမ်ားအား ကာကြယ္ေဆးထိုးသင့္မသင့္ကို ဆရာဝန္မ်ားအေနျဖင့္ တစ္ဦးခ်င္းစဥ္းစားသင့္ေၾကာင္း အခ်ိဳ႕ေသာႏိုင္ငံမ်ား၌အၾကံျပဳထားသည့္အတိုင္းပင္ အေလးေပးေျပာၾကားခဲ့သည္။

ေနာ္ေဝးေဆးပညာဌာနက “messenger RNA နည္းပညာကို အမွီျပဳထားေသာ COVID-19 ကာကြယ္ေဆးမ်ား၏ ဖ်ားနာျခင္းႏွင့္ပ်ိဳ႕ခ်င္ျခင္းကဲ့သို႔ေသာ ပုံမွန္ေဘးထြက္ဆိုးက်ိဳးမ်ားသည္ အားနည္းေသာလူနာအခ်ိဳ႕အတြက္ အသက္ေသေစႏိုင္သည့္ ဆိုးဝါးေသာရလဒ္ကို ျဖစ္ေပၚေစႏိုင္သည္” ဟု ၿပီးခဲ့သည့္သီတင္းပတ္တြင္ ထုတ္ျပန္ခဲ့သည္။

ေနာ္ေဝႏိုင္ငံ၏အိမ္နီးခ်င္းမ်ားျဖစ္ေသာ ဒိန္းမတ္၊ ဖင္လန္၊ အိုက္စလန္ႏွင့္ ဆြီဒင္ႏိုင္ငံမ်ားအပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားသည္ ကာကြယ္ေဆးထိုးၿပီးေနာက္ေသဆုံးမႈမ်ားကို အစီရင္ခံတင္ျပလာၾကေသာ္လည္း ယင္းေသဆုံးမႈမ်ားသည္ ကာကြယ္ေဆးႏွင့္တိုက္႐ိုက္ဆက္ႏႊယ္မႈ မ႐ွိေသးပါ။

Pfizer ႏွင့္ BioNTech ကုမၸဏီတို႔က AFP သတင္းဌာနသို႔ ဇန္နဝါရီ ၁၈ ၌ေျပာၾကားရာတြင္ ၎တို႔သည္ သက္ဆိုင္ရာသတင္းအခ်က္အလက္အားလုံး စုေဆာင္းရန္ ေနာ္ေဝေဆးပညာဌာနႏွင့္ လက္တြဲေဆာင္႐ြက္ေနေၾကာင္း ေျပာၾကားခဲ့သည္။

၎ကုမၸဏီတို႔က ေနာ္ေဝကာကြယ္ေဆးထိုးႏွံေရးလႈပ္႐ွားမႈသည္ သက္ႀကီးေဂဟာမ်ားတြင္ေနထိုင္ေသာ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ စတင္ခဲ့ျခင္းျဖစ္ၿပီး ၎တို႔အနက္အမ်ားစုမွာ ေရာဂါအခံ႐ွိသည့္ အသက္အ႐ြယ္အလြန္အိုမင္းေနသူမ်ားျဖစ္ၾကၿပီး အခ်ိဳ႕မွာ အလြန္အမင္းဖ်ားနာေနသူမ်ားျဖစ္ေၾကာင္းလည္း ေျပာျပခဲ့သည္။

ေနာ္ေဝတြင္ ယခုအခ်ိန္အထိ လူေပါင္း ၄၈,၀၀၀ ေက်ာ္ကို ကာကြယ္ေဆးထိုးႏွံေပးၿပီးျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မြ ေရးသား ေဖာ္်ပသည္။)

Credit: iMyanmarHouse.com

Ref: Norway says no link between vaccine and post-jab deaths (AFP)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service