ဗိုက်တာမင် D သည် COVID-19 ကို အကာအကွယ်ပေးနိုင်စွမ်းရှိ၊ မရှိ လေ့လာတော့မည်

ဗိုက်တာမင် D သည် COVID-19 ကို အကာအကွယ်ပေးနိုင်စွမ်းရှိ၊ မရှိ လေ့လာတော့မည် - Property News in Myanmar from iMyanmarHouse.com
14 Oct 2020 12:02 pm တွင် တင်ခဲ့သည်
7043 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်မှ ဆရာဝန်များသည် တစ်ရက်လျှင် 3 pence (မြန်မာငွေ ၅၀ ကျပ်ခန့်) သာ ကုန်ကျမည့် ဗိုက်တာမင် D ဖြည့်စွက်အားဆေး သောက်သုံးခြင်းဖြင့် COVID-19 ကို အမှန်တကယ် အကာအကွယ်ပေးနိုင်စွမ်း ရှိ၊ မရှိ လေ့လာတော့မည်ဖြစ်သည်။

လန်ဒန်မြို့ရှိ Queen Mary တက္ကသိုလ်မှ သုတေသနပညာရှင်များသည် မိမိဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံမည့်သူ ၅၀၀ ဦး ခေါ်ယူသွားမည်ဖြစ်ကာ ဗိုက်တာမင် D ကို ၆ လ သောက်သုံးစေမည် ဖြစ်သည်။

ပါဝင်စမ်းသပ်ခံမည့်သူတို့သည် လာမည့် ဆောင်းကာလများအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိနှင့် ကူးစက်ခံရပါကလည်း ရောဂါဝေဒနာကို အပြင်းအထန်ခံစားရခြင်း ရှိ၊ မရှိ လေ့လာသွားမည် ဖြစ်သည်။

COVID-19 ပေါ့စတစ် စစ်ဆေးတွေ့ရှိသူများစွာတွင် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း ဗိုက်တာမင် D လုံလောက်သည့် ပမာဏ မတွေ့ရသည့် လေ့လာတွေ့ရှိမှုများ အလွန်များပြားလာနေပြီး ရောဂါပြင်းထန်သူများတွင် ဗိုက်တာမင် D အလွန်ချို့တဲ့နေသည်ကိုလည်း တွေ့ရသည်။

ဗြိတိန်နိုင်ငံသားများသည် အောက်တိုဘာလမှ ဧပြီလများအကြား ဗိုက်တာမင် D ချို့တဲ့သည့် အန္တရာယ်ရှိသည်။ အဆိုပါကာလများသည် ခန္ဓာကိုယ်က ဗိုက်တာမင် D ထုတ်လုပ်နိုင်ရန် နေရောင်ခြည်ရရှိမှု အလွန်နည်းပါးသည့် ကာလများဖြစ်သည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဓိကဖြစ်ပွားလေ့ရှိသည့် ဆောင်းကာလအတွင်း ဗြိတိန်နိုင်ငံသား ၅ ဦးတွင် ၂ ဦးသည် ဗိုက်တာမင် D ချို့တဲ့လေ့ရှိသည်။

အမေရိကန်ပြည်ထောင်စုတွင်လည်း လူ ၅ ဦးလျှင် ၂ ဦးမှာ ဗိုက်တာမင် D ချို့တဲ့ကြလေ့ရှိသည်။

သို့အတွက် ဆရာဝန်များသည် မည်သည့်အခါမှ ရနိုင်မည်မသိသော ကာကွယ်ဆေးကို မျှော်နေခြင်းထက် ရောဂါတိုက်ဖျက်ရေးအတွက် ကြီးမားသည့် ဘေးထွက်ဆိုးကျိုးမရှိဘဲ တစ်ရက်လျှင် ကုန်ကျစရိတ် ၃ ပြား (3 pence- မြန်မာငွေ ၅၀ ကျပ်ခန့်) သာ ကုန်ကျမည့် ဈေးသက်သာသော ဗိုက်တာမင် D တိုက်ကျွေးရေးကို ဦးတည်လာသည်။

ဘရိုက်တန် တက္ကသိုလ် ( University of Brighton) မှ သုတေသီများကလည်း ဘိုးဘွားဂေဟာများတွင် ဗိုက်တာမင် D များ တိုက်ကျွေးကြရန် ယနေ့ တောင်းဆိုလိုက်သည်။

ဗိုက်တာမင် D ဖြည့်စွက်အားဆေးတို့မှာ ဘေးကင်းကာ ဈေးသက်သာသည့်အပြင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး ဆေးဆိုင်များ၊ ဈေးဝယ်စင်တာများတွင် ရရှိနိုင်သည်။

ဗိုက်တာမင် D ကို အစားအစာများမှလည်း ရရှိနိုင်ရာ အဆီများသည့် ငါး၊ အနီရောင်ရှိသော အသားနှင့် ဥအမျိုးမျိုး ပါဝင်သည်။

ယခုနှစ်အစောပိုင်းတွင် စင်္ကာပူနိုင်ငံတွင် လေ့လာခဲ့သော လေ့လာချက်အရ COVID-19 ကြောင့် သေဆုံးသွားရသူ ၉၉ ရာခိုင်နှုန်းတွင် ဗိုက်တာမင် D ချို့တဲ့နေသည်ဟု ဆိုသည်။

အင်္ဂလန် ပြည်သူ့ကျန်းမာရေးဌာန (Public Health England) မှ အကြံပြုရာတွင် “အသားအရည်နှင့် နေရောင်ခြည်ထိတွေ့မှုနည်းသူများ၊ ထိတွေ့မှု မရှိသူများ- ဥပမာအားဖြင့် ဘိုးဘွားဂေဟာများတွင် နေထိုင်သူများနှင့် အပြင်ထွက်ချိန်တွင် အသားအရေကို နေရောင်မထိအောင် ဖုံးလွှမ်းကာကွယ်ထားသူများတွင် ဗိုက်တာမင် D ချို့တဲ့နိုင်သည့် အန္တရာယ်ရှိပြီး တစ်နှစ်တာလုံး ဗိုက်တာမင် D သောက်သုံးပေးရန် လိုအပ်သည်” ဟု အကြံပြုထားသည်။

ထိုသူတို့အနေဖြင့် နေရောင်နည်းပါးသော ဆောင်းတွင်းတွင်သာမက တစ်နှစ်ပတ်လုံးတွင် ဗိုက်တာမင် D ဖြည့်စွက်အားဆေး နေ့စဉ် ၁၀ မိုက်ကရိုဂရမ်ခန့် သောက်သုံးသင့်ကြောင်းလည်း အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနက အကြံပြုထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  UK doctors will finally trial whether vitamin D can protect people from Covid-19 after months of mounting evidence the cheap supplement could be a life-saver (Daily Mail)

 

[Zawgyi]

 

ဗိုက္တာမင္ D သည္ COVID-19 ကို အကာအကြယ္ေပးႏိုင္စြမ္းရွိ၊ မရွိ ေလ့လာေတာ့မည္

 

ျဗိတိန္မွ ဆရာဝန္မ်ားသည္ တစ္ရက္လွ်င္ 3 pence (ျမန္မာေငြ ၅၀ က်ပ္ခန္႔) သာ ကုန္က်မည့္ ဗိုက္တာမင္ D ျဖည့္စြက္အားေဆး ေသာက္သံုးျခင္းျဖင့္ COVID-19 ကို အမွန္တကယ္ အကာအကြယ္ေပးႏိုင္စြမ္း ရွိ၊ မရွိ ေလ့လာေတာ့မည္ျဖစ္သည္။

လန္ဒန္ျမိဳ ႔ရွိ Queen Mary တကၠသိုလ္မွ သုေတသနပညာရွင္မ်ားသည္ မိမိဆႏၵအေလ်ာက္ ပါဝင္စမ္းသပ္ခံမည့္သူ ၅၀၀ ဦး ေခၚယူသြားမည္ျဖစ္ကာ ဗိုက္တာမင္ D ကို ၆ လ ေသာက္သံုးေစမည္ ျဖစ္သည္။

ပါဝင္စမ္းသပ္ခံမည့္သူတို႔သည္ လာမည့္ ေဆာင္းကာလမ်ားအတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရျခင္း ရွိ၊ မရွိႏွင့္ ကူးစက္ခံရပါကလည္း ေရာဂါေဝဒနာကို အျပင္းအထန္ခံစားရျခင္း ရွိ၊ မရွိ ေလ့လာသြားမည္ ျဖစ္သည္။

COVID-19 ေပါ့စတစ္ စစ္ေဆးေတြ႔ရွိသူမ်ားစြာတြင္ ၎တို႔၏ ခႏၶာကိုယ္အတြင္း ဗိုက္တာမင္ D လံုေလာက္သည့္ ပမာဏ မေတြ႔ရသည့္ ေလ့လာေတြ႔ရွိမႈမ်ား အလြန္မ်ားျပားလာေနျပီး ေရာဂါျပင္းထန္သူမ်ားတြင္ ဗိုက္တာမင္ D အလြန္ခ်ဳိ ႔တဲ့ေနသည္ကိုလည္း ေတြ႔ရသည္။

ျဗိတိန္ႏိုင္ငံသားမ်ားသည္ ေအာက္တိုဘာလမွ ဧျပီလမ်ားအၾကား ဗိုက္တာမင္ D ခ်ဳိ ႔တဲ့သည့္ အႏၱရာယ္ရွိသည္။ အဆိုပါကာလမ်ားသည္ ခႏၶာကိုယ္က ဗိုက္တာမင္ D ထုတ္လုပ္ႏိုင္ရန္ ေနေရာင္ျခည္ရရွိမႈ အလြန္နည္းပါးသည့္ ကာလမ်ားျဖစ္သည္။

အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ား အဓိကျဖစ္ပြားေလ့ရွိသည့္ ေဆာင္းကာလအတြင္း ျဗိတိန္ႏိုင္ငံသား ၅ ဦးတြင္ ၂ ဦးသည္ ဗိုက္တာမင္ D ခ်ဳိ ႔တဲ့ေလ့ရွိသည္။

အေမရိကန္ျပည္ေထာင္စုတြင္လည္း လူ ၅ ဦးလွ်င္ ၂ ဦးမွာ ဗိုက္တာမင္ D ခ်ဳိ ႔တဲ့ၾကေလ့ရွိသည္။

သို႔အတြက္ ဆရာဝန္မ်ားသည္ မည္သည့္အခါမွ ရႏိုင္မည္မသိေသာ ကာကြယ္ေဆးကို ေမွ်ာ္ေနျခင္းထက္ ေရာဂါတိုက္ဖ်က္ေရးအတြက္ ၾကီးမားသည့္ ေဘးထြက္ဆိုးက်ဳိးမရွိဘဲ တစ္ရက္လွ်င္ ကုန္က်စရိတ္ ၃ ျပား (3 pence- ျမန္မာေငြ ၅၀ က်ပ္ခန္႔) သာ ကုန္က်မည့္ ေစ်းသက္သာေသာ ဗိုက္တာမင္ D တိုက္ေကၽြးေရးကို ဦးတည္လာသည္။

ဘရိုက္တန္ တကၠသိုလ္ ( University of Brighton) မွ သုေတသီမ်ားကလည္း ဘိုးဘြားေဂဟာမ်ားတြင္ ဗိုက္တာမင္ D မ်ား တိုက္ေကၽြးၾကရန္ ယေန႔ ေတာင္းဆိုလိုက္သည္။

ဗိုက္တာမင္ D ျဖည့္စြက္အားေဆးတို႔မွာ ေဘးကင္းကာ ေစ်းသက္သာသည့္အျပင္ အလြယ္တကူ ဝယ္ယူရရွိႏိုင္ျပီး ေဆးဆိုင္မ်ား၊ ေစ်းဝယ္စင္တာမ်ားတြင္ ရရွိႏိုင္သည္။

ဗိုက္တာမင္ D ကို အစားအစာမ်ားမွလည္း ရရွိႏိုင္ရာ အဆီမ်ားသည့္ ငါး၊ အနီေရာင္ရွိေသာ အသားႏွင့္ ဥအမ်ဳိးမ်ဳိး ပါဝင္သည္။

ယခုႏွစ္အေစာပိုင္းတြင္ စကၤာပူႏိုင္ငံတြင္ ေလ့လာခဲ့ေသာ ေလ့လာခ်က္အရ COVID-19 ေၾကာင့္ ေသဆံုးသြားရသူ ၉၉ ရာခိုင္ႏႈန္းတြင္ ဗိုက္တာမင္ D ခ်ဳိ ႔တဲ့ေနသည္ဟု ဆိုသည္။

အဂၤလန္ ျပည္သူ႔က်န္းမာေရးဌာန (Public Health England) မွ အၾကံျပဳရာတြင္ “အသားအရည္ႏွင့္ ေနေရာင္ျခည္ထိေတြ႔မႈနည္းသူမ်ား၊ ထိေတြ႔မႈ မရွိသူမ်ား- ဥပမာအားျဖင့္ ဘိုးဘြားေဂဟာမ်ားတြင္ ေနထိုင္သူမ်ားႏွင့္ အျပင္ထြက္ခ်ိန္တြင္ အသားအေရကို ေနေရာင္မထိေအာင္ ဖံုးလႊမ္းကာကြယ္ထားသူမ်ားတြင္ ဗိုက္တာမင္ D ခ်ဳိ ႔တဲ့ႏိုင္သည့္ အႏၱရာယ္ရွိျပီး တစ္ႏွစ္တာလံုး ဗိုက္တာမင္ D ေသာက္သံုးေပးရန္ လိုအပ္သည္” ဟု အၾကံျပဳထားသည္။

ထိုသူတို႔အေနျဖင့္ ေနေရာင္နည္းပါးေသာ ေဆာင္းတြင္းတြင္သာမက တစ္ႏွစ္ပတ္လံုးတြင္ ဗိုက္တာမင္ D ျဖည့္စြက္အားေဆး ေန႔စဥ္ ၁၀ မိုက္ကရိုဂရမ္ခန္႔ ေသာက္သံုးသင့္ေၾကာင္းလည္း အဂၤလန္ျပည္သူ႔က်န္းမာေရးဌာနက အၾကံျပဳထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: UK doctors will finally trial whether vitamin D can protect people from Covid-19 after months of mounting evidence the cheap supplement could be a life-saver  (Daily Mail)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service