အိန္ဒိယထုတ် Covid-19 ကာကွယ်ဆေးသည် တစ်ကမ္ဘာလုံးအတွက် ဖြစ်စေမည်ဟု အိန္ဒိယဝန်ကြီးချုပ် ကတိပြု
အိန္ဒိယထုတ် Covid-19 ကာကွယ်ဆေးသည် တစ်ကမ္ဘာလုံးအတွက် ဖြစ်စေမည်ဟု အိန္ဒိယဝန်ကြီးချုပ် ကတိပြု - Property News in Myanmar from iMyanmarHouse.com
30 Sep 2020 12:13 pm တွင် တင်ခဲ့သည်
1350 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အိန္ဒိယ၏ ကာကွယ်ဆေးထုတ်လုပ်နိုင်မှုစွမ်းအားသည် COVID-19 ကပ်ဘေးတွင် တစ်ကမ္ဘာလုံးအတွက် ဖြစ်စေရမည်ဟု အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ကုလသမဂ္ဂတွင် စက်တင်ဘာ ၂၆ ရက်က ကတိပြုလိုက်သည်။
“ကမ္ဘာပေါ်မှာ ကာကွယ်ဆေးတွေ အကြီးမားဆုံး ထုတ်လုပ်နေတဲ့ နိုင်ငံတစ်ခုအနေနဲ့ ဒီနေ့မှာ ကမ္ဘာ့အသိုင်းအဝန်းကို ကျွန်တော် ကတိပြုလိုပါတယ်” ဟု ဝန်ကြီးချုပ်မိုဒီက ကြိုတင်ရိုက်ကူးထားသော ဗွီဒီယိုဖိုင်ဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
“အိန္ဒိယရဲ့ ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုစွမ်းပကားကို ကပ်ရောဂါဘေးရင်ဆိုင်နေရတဲ့ လူသားအားလုံးအတွက် ကူညီဖို့ အသုံးပြုသွားမှာ ဖြစ်ပါတယ်”
“ကာကွယ်ဆေးတွေ ဖြန့်ဖြူးရေးအတွက် နိုင်ငံအားလုံးရဲ့ အအေးခန်းစနစ်နဲ့ သိုလှောင်မှုစွမ်းအားတွေ မြှင့်တင်ပေးနိုင်ဖို့အတွက်လည်း အိန္ဒိယက ကူညီပေးသွားမှာပါ” ဟု မိုဒီက ပြောကြားသည်။ (မှတ်ချက်။ ကာကွယ်ဆေးထိုးဆေးများကို အအေးခန်းစနစ်ဖြင့်သာ သယ်ယူရပြီး အပူချိန်မြင့်မားမှု ခံနိုင်စွမ်းမရှိချေ။)
ဝန်ကြီးချုပ် မိုဒီက ဆက်လက်ပြောကြားရာတွင် အိန္ဒိယသည် အဆင့် ၃ လက်တွေ့စမ်းသပ်မှု ( Phase 3 clinical trial) များကို ပြုလုပ်နေကြောင်းလည်း ပြောကြားသည်။ ကာကွယ်ဆေးများ၏ ဘေးကင်းမှုနှင့် ထိရောက်မှုကို သိရှိနိုင်ရန်အတွက် အဆင့် ၃ စမ်းသပ်မှုသည် ကမ္ဘာ့စံနှုန်းတစ်ခုလည်း ဖြစ်သည်။
အိန္ဒိယသည် COVID-19 ကာကွယ်ဆေး အလုံးအရင်းထုတ်လုပ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က သြဂုတ်လအတွင်း ပြောကြားခဲ့ဖူးသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း လူတိုင်း၊ နေရာတိုင်းအတွက် ရနိုင်မည့် ဈေးသက်သာ သော ကာကွယ်ဆေးမျိုးထုတ်လုပ်ရေးကို တွန်းအားပေးနေခဲ့ပြီး အချို့သောနိုင်ငံများသည် မိမိတို့နိုင်ငံသားများ အတွက်သာ ရည်စူး လုပ်ဆောင်နေကြကြောင်း အင်္ဂါနေ့က ပြောကြားသည်။
“ကာကွယ်ဆေးအမျိုးသားရေးဝါဒ (vaccinationalism) ဟာ မျှတမှုမရှိရုံသာ မဟုတ်ဘဲ ကိုယ့်ဂိုး ကိုယ်သွင်းနေတာလည်း ဖြစ်ပါတယ်။ အားလုံးရောဂါမကင်းဘဲနဲ့ ဘယ်သူမှ ဘေးကင်းလုံခြုံမှု မရှိပါဘူး။ ဒါကို လူတိုင်းသိပါတယ်” ဟု ဂူတာရက်စ်က အထွေထွေညီလာခံတွင် ပြောကြားသည်။
သြစတေးလျဝန်ကြီးချုပ် စကော့ထ် မောရစ်ဆန်ကလည်း “ဘယ်သူပဲ ကာကွယ်ဆေးတွေ့သည်ဖြစ်စေ မျှဝေရမှာ ဖြစ်ပါတယ် ” ဟု ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့သည်။
“တချို့တွေက ရေတိုအတွက်ပဲကြည့်တာ၊ အမြတ်ရဖို့ပဲ ကြည့်တာမျိုး ရှိနိုင်ပါတယ်။ သြစတေးလျရဲ့ ကတိကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ ကာကွယ်ဆေးတွေ့ရင် ဒါကို ကျွန်တော်တို့ မျှဝေမယ်။ ဒါက ကျွန်တော်တို့အားလုံး ထားရှိရမယ့် ကတိကဝတ်မျိုး ဖြစ်ပါတယ်” ဟု မောရစ်ဆန်က ပြောကြားသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ပါက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ အရင်ဆုံးရသင့်ကြောင်း ကုလသမဂ္ဂတွင် သောကြာနေ့က ပြောကြားခဲ့သည်။
အိန္ဒိယသည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် လူဦးရေ ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး COVID-19 ရောဂါကူးစက်မှုမှာ လူပေါင်း ၅ ဒသမ ၈ သန်းကျော်ရှိခဲ့ပြီဖြစ်ကာ အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယနေရာတွင် ရပ်တည်နေသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: PM Modi pledges to use India's vaccine-production capacity to help 'all humanity' (CNA)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service