အင်ဒိုနီးရှားတွင် Covid-19 ကူးစက်မှုမြင့်မားနေပြီး ကျန်းမာရေးစနစ်ပြိုလဲတော့မည့်အရေးရင်ဆိုင်နေရ

အင်ဒိုနီးရှားတွင် Covid-19 ကူးစက်မှုမြင့်မားနေပြီး ကျန်းမာရေးစနစ်ပြိုလဲတော့မည့်အရေးရင်ဆိုင်နေရ - Property News in Myanmar from iMyanmarHouse.com
12 Sep 2020 11:57 am တွင် တင်ခဲ့သည်
1451 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေပြီး ဆေးရုံများတွင် လူနာကုတင်များ မလုံလောက်တော့မှုကြောင့် ဂျကာတာ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲတော့မည့်အရေး ရင်ဆိုင်နေရသည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ဂျကာတာတွင် လူနာသစ် ၁၀၂၆ ဦးအထိ စံချိန်တင်တွေ့ရှိခဲ့ပြီး ၁၇ ဦးသေဆုံးသည့် အခြေအနေဖြစ်ပေါ်ခဲ့ကာ စုစုပေါင်း အတည်ပြုလူနာ ၄၉၈၃၇ ဦးရှိခဲ့သည်။

အတည်ပြုလူနာများအနက် ရောဂါရှိနေဆဲမှာ ၁၁၂၄၅ ဦးရှိပြီး ၄၅၅၄ ဦးမှာ ဆေးရုံတက်နေရသည်။

ဇွန်လမှ စတင်ပြီး လူမှုရေးတင်းကြပ်မှုများကို တဖြည်းဖြည်းချင်း လျှော့ချပေးလာခဲ့ပြီးနောက် Covid-19 ကူးစက်ခံရကြောင်း အတည်ပြုလူနာသစ်များနှင့် သံသယလူနာများမှာ ဆေးရုံများတွင် များပြားလာခဲ့သည်။

ဂျကာတာရှိ ဆေးရုံများ၏ သီးခြားလူနာကုတင်နေရာများအနက် ၇၇ ရာခိုင်နှုန်း လူနာများရှိနေပြီး အထူးကြပ်မတ်ကုသဆောင် (ICU) ၏ ကုတင်များတွင် ၈၃ ရာခိုင်နှုန်းအထိ လူနာများ ပြည့်နှက်လာသည်။

ဂျကာတာတွင် လက်ရှိအားဖြင့် သီးခြားလူနာခန်း ကုတင်အရေအတွက် ၄၄၅၆ နှင့် အထူးကြပ်မတ်ကုသဆောင် ကုတင် ၄၈၃ ခုရှိသည်။

Covid-19 ထိန်းချုပ်ကာကွယ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Wiku Adisasmito က ပြောကြားရာတွင် လူနာကုတင်များ၏ ၈၀ ရာခိုင်နှုန်းမျှ လက်ခံခြင်းကသာ ဘေးကင်းသည့် အနေအထားဖြစ်ပြီး ထိုပမာဏမှာ ဆေးရုံက ကောင်းစွာစောင့်ရှောက်ကုသမှု ပေးနိုင်သည့် ပမာဏဖြစ်ကြောင်း ပြောကြားသည်။

ဂျကာတာ၏ ရောဂါကူးစက်နှုန်း (Positivity rate) မှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်းရှိနေရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ စံသတ်မှတ်ချက်ဖြစ်သော ၅ ထက် ၂ ဆကျော် မြင့်မားနေသည်။

Positivity rate ဟုခေါ်သော ကူးစက်မှုနှုန်းကို တွက်ချက်ရာတွင် ပေါ့စတစ် စမ်းသပ်တွေ့ရှိသူ ဦးရေကို စုစုပေါင်းစမ်းသပ်သူဦးရေ နှင့်စားကာ ၁၀၀ ဖြင့် မြှောက်ရခြင်းဖြစ်သည်။

Positivity rate ရလဒ်ကိုကြည့်ကာ ကူးစက်မှုအခြေအနေနှင့် မည်မျှစမ်းသပ်မှုများ ပြုလုပ်ထားသည်ကို သိရှိနိုင်သည်။ စမ်းသပ်မှုနှုန်း နည်းလွန်း၊ များလွန်းလျှင် Positivity rate မြင့်မားလေ့ရှိသည်။

Positivity rate မြင့်မားပါက ကူးစက်ခံရသူ မြင့်မားပြီး ရောဂါမစစ်ဆေးရသေးသူ များပြားနေကြောင်း အဖြေထုတ်နိုင်သည်။

Positivity rate မြင့်မားလျှင် ရောဂါစစ်ဆေးမှုများ ပိုမိုပြုလုပ်သင့်ပြီး ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းတင်းကြပ်မှုများကို ဖြေလျှော့မပေးသင့်သေးဟု နားလည်နိုင်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jakarta gears up for possible collapse of healthcare system (Phnompenh Post)

 

[Zawgyi]

အင္ဒိုနီးရွားတြင္ Covid-19 ကူးစက္မႈျမင့္မားေနၿပီး က်န္းမာေရးစနစ္ၿပိဳလဲေတာ့မည့္အေရးရင္ဆိုင္ေနရ

အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာၿမိဳ႕ေတာ္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ျမင့္မားေနၿပီး ေဆး႐ုံမ်ားတြင္ လူနာကုတင္မ်ား မလုံေလာက္ေတာ့မႈေၾကာင့္ ဂ်ကာတာ၏ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ ၿပိဳလဲေတာ့မည့္အေရး ရင္ဆိုင္ေနရသည္။

ၿပီးခဲ့ေသာ ဗုဒၶဟူးေန႔က ဂ်ကာတာတြင္ လူနာသစ္ ၁၀၂၆ ဦးအထိ စံခ်ိန္တင္ေတြ႕ရွိခဲ့ၿပီး ၁၇ ဦးေသဆုံးသည့္ အေျခအေနျဖစ္ေပၚခဲ့ကာ စုစုေပါင္း အတည္ျပဳလူနာ ၄၉၈၃၇ ဦးရွိခဲ့သည္။

အတည္ျပဳလူနာမ်ားအနက္ ေရာဂါရွိေနဆဲမွာ ၁၁၂၄၅ ဦးရွိၿပီး ၄၅၅၄ ဦးမွာ ေဆး႐ုံတက္ေနရသည္။

ဇြန္လမွ စတင္ၿပီး လူမႈေရးတင္းၾကပ္မႈမ်ားကို တျဖည္းျဖည္းခ်င္း ေလွ်ာ့ခ်ေပးလာခဲ့ၿပီးေနာက္ Covid-19 ကူးစက္ခံရေၾကာင္း အတည္ျပဳလူနာသစ္မ်ားႏွင့္ သံသယလူနာမ်ားမွာ ေဆး႐ုံမ်ားတြင္ မ်ားျပားလာခဲ့သည္။

ဂ်ကာတာရွိ ေဆး႐ုံမ်ား၏ သီးျခားလူနာကုတင္ေနရာမ်ားအနက္ ၇၇ ရာခိုင္ႏႈန္း လူနာမ်ားရွိေနၿပီး အထူးၾကပ္မတ္ကုသေဆာင္ (ICU) ၏ ကုတင္မ်ားတြင္ ၈၃ ရာခိုင္ႏႈန္းအထိ လူနာမ်ား ျပည့္ႏွက္လာသည္။

ဂ်ကာတာတြင္ လက္ရွိအားျဖင့္ သီးျခားလူနာခန္း ကုတင္အေရအတြက္ ၄၄၅၆ ႏွင့္ အထူးၾကပ္မတ္ကုသေဆာင္ ကုတင္ ၄၈၃ ခုရွိသည္။

Covid-19 ထိန္းခ်ဳပ္ကာကြယ္ေရးအဖြဲ႕ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ Wiku Adisasmito က ေျပာၾကားရာတြင္ လူနာကုတင္မ်ား၏ ၈၀ ရာခိုင္ႏႈန္းမွ် လက္ခံျခင္းကသာ ေဘးကင္းသည့္ အေနအထားျဖစ္ၿပီး ထိုပမာဏမွာ ေဆး႐ုံက ေကာင္းစြာေစာင့္ေရွာက္ကုသမႈ ေပးႏိုင္သည့္ ပမာဏျဖစ္ေၾကာင္း ေျပာၾကားသည္။

ဂ်ကာတာ၏ ေရာဂါကူးစက္ႏႈန္း (Positivity rate) မွာ ၁၂ ဒသမ ၂ ရာခိုင္ႏႈန္းရွိေနရာ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး (WHO) ၏ စံသတ္မွတ္ခ်က္ျဖစ္ေသာ ၅ ထက္ ၂ ဆေက်ာ္ ျမင့္မားေနသည္။

Positivity rate ဟုေခၚေသာ ကူးစက္မႈႏႈန္းကို တြက္ခ်က္ရာတြင္ ေပါ့စတစ္ စမ္းသပ္ေတြ႕ရွိသူ ဦးေရကို စုစုေပါင္းစမ္းသပ္သူဦးေရ ႏွင့္စားကာ ၁၀၀ ျဖင့္ ေျမႇာက္ရျခင္းျဖစ္သည္။

Positivity rate ရလဒ္ကိုၾကည့္ကာ ကူးစက္မႈအေျခအေနႏွင့္ မည္မွ်စမ္းသပ္မႈမ်ား ျပဳလုပ္ထားသည္ကို သိရွိႏိုင္သည္။ စမ္းသပ္မႈႏႈန္း နည္းလြန္း၊ မ်ားလြန္းလွ်င္ Positivity rate ျမင့္မားေလ့ရွိသည္။

Positivity rate ျမင့္မားပါက ကူးစက္ခံရသူ ျမင့္မားၿပီး ေရာဂါမစစ္ေဆးရေသးသူ မ်ားျပားေနေၾကာင္း အေျဖထုတ္ႏိုင္သည္။

Positivity rate ျမင့္မားလွ်င္ ေရာဂါစစ္ေဆးမႈမ်ား ပိုမိုျပဳလုပ္သင့္ၿပီး ကို႐ိုနာဗိုင္းရပ္စ္စည္းမ်ဥ္းတင္းၾကပ္မႈမ်ားကို ေျဖေလွ်ာ့မေပးသင့္ေသးဟု နားလည္ႏိုင္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jakarta gears up for possible collapse of healthcare system (Phnompenh Post)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service