ဒေါ်နယ်ထရမ့်၏ စံအိမ်တော်အတွင်း AK-47 ရိုင်ဖယ်ဖြင့် ဝင်လာသော လူငယ် ၃ ဦး ဖမ်းဆီးခံရ
ဒေါ်နယ်ထရမ့်၏ စံအိမ်တော်အတွင်း AK-47 ရိုင်ဖယ်ဖြင့် ဝင်လာသော လူငယ် ၃ ဦး ဖမ်းဆီးခံရ - Property News in Myanmar from iMyanmarHouse.com
7 Aug 2020 12:41 pm တွင် တင်ခဲ့သည်
1589 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ Palm Beach တွင်တည်ရှိကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပိုင်ဆိုင်ထားပြီး မကြာခဏ အပန်းဖြေလေ့ရှိသည့် ကမ္ဘာကျော် မာရာလာဂိုစံအိမ်အတွင်းသို့ အသက် ၁၅ နှစ်အရွယ် လူငယ် ၃ ဦးသည် AK-47 ရိုင်ဖယ်သေနတ်များဖြင့် ကျူးကျော်ဝင်ရောက်သွားရာ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြသည်။
မာရာလာဂိုသည် အပန်းဖြေကလပ်တစ်ခုအဖြစ်လည်း နာမည်ကျော်ပြီး ကလပ်ဝင်ကြေးမှာ အလွန်မြင့်မားလှရာ သူဌေးကြီးများနှင့် အကျော်အမော်များသာ ကလပ်ဝင်နိုင်ကြသည်။
အဆိုပါထူးခြားသောဖြစ်ရပ်သည် သောကြာနေ့ည သန်းခေါင်ယံအချိန်ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါလူငယ်များသည် ထရမ့်၏ စံအိမ်မှ ၂ မိုင်ခန့် ဝေးကွာသည့်နေရာတွင် လမ်းပေါ်၌ Hyundai ကားတစ်စီးအတွင်း ရပ်နား စုဝေးနေမှုကို ရဲတပ်ဖွဲ့က သတိပြုမိခဲ့ကြောင်း Palm Beach ရဲတပ်ဖွဲ့က NBC သတင်းဌာန၏ မိတ်ဖက်ဖြစ်သော ဒေသတွင်း သတင်းဌာနတစ်ခုသို့ ပြောကြားသည်။
ရဲတပ်ဖွဲ့က အဆိုပါကားထံ ချဉ်းကပ်သွားချိန်တွင် ကားကို မောင်းကာထွက်ပြေးသွားခဲ့ရာ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရမှု ဖြစ်ပေါ်ခဲ့သည်။
နောက်ဆုံးတွင် လူငယ်များသည် မာရာလာဂိုစံအိမ်အနီးသို့ရောက်သောအခါ ကားပေါ်မှ ထွက်ပြေးခဲ့ကြသည်။ ၎င်းတို့ထံတွင် ယူဆောင်သွားသော ကျောပိုးအိတ်ကြီးတစ်လုံးထဲတွင် ရိုင်ဖယ်သေနတ်တစ်လက်ပါဝင်သည်ဟု ဆိုသည်။ အဆိုပါအိတ်ဖြင့် စံအိမ်အတွင်းသို့ ဝင်ပြေးခဲ့ကြခြင်း ဖြစ်သည်။
မာရာလာဂိုကလပ်မှ လုံခြုံရေးက စစ်ဆေးရာတွင် ကျောပိုးအိတ်အတွင်း ရိုင်ဖယ်တစ်လက်နှင့် ကျည် ၁၄ တောင့်ပါ ကျည်ကတ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
(ကယ်လီဖိုးနီးယားပြည်နယ်ဥပဒေအရဆိုလျှင် ကျည် ၁၀ တောင့်အထက်ပါသော ကျည်ကတ်များ ဝယ်ယူပိုင်ဆိုင်ခွင့် မရှိချေ။)
လူငယ်များကို မာရာလာဂိုစံအိမ်အတွင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ရိုင်ဖယ်သေနတ်နှင့် ပတ်သက်ပြီး ရဲအရာရှိတစ်ဦးက စစ်မေးရာတွင် လူငယ်တစ်ဦးက သေနတ်ကို တစ်နေရာတွင် ရှာတွေ့ခဲ့ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။
ယခုအခါ လူငယ် ၃ ဦးလုံးသည် လက်နက်ကိုင်ဆောင်ကာ ပိုင်နက်ကျူးလွန်မှု၊ လက်နက်ကိုင် ဖောက်ထွင်းမှုနှင့် ဖမ်းဆီးခြင်းကို ခုခံမှုတို့ဖြင့် အမှုဖွင့်အရေးယူခံထားရသည်။
ရဲတပ်ဖွဲ့က ပြောကြားရာတွင်မူ လူငယ်များသည် ၎င်းတို့ဝင်ပြေးခဲ့သည်မှာ သမ္မတ၏ အပန်းဖြေစခန်းအတွင်းဖြစ်နေသည်ကို သိပုံမရဘဲ ဖမ်းဆီးခြင်းမှ လွတ်မြောက်ရန် မတော်တဆ ဝင်ရောက်ခဲ့မိခြင်းသာဖြစ်ကြောင်း ပြောကြားသည်။
ဖမ်းဆီးထားသော လူငယ်များ၏ အသေးစိတ်အချက်အလက်များကိုမူ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်း မရှိချေ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Three teens arrested after illegally entering Mar-a-Lago with AK-47 in backpack (New York Post)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service