အမေရိကန်က ကြံကြံဖန်ဖန်မြို့နာမည်များ

အမေရိကန်က ကြံကြံဖန်ဖန်မြို့နာမည်များ - Property News in Myanmar from iMyanmarHouse.com
3 Jul 2020 12:35 pm တွင် တင်ခဲ့သည်
1160 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာတစ်လွှားတွင် ဆန်းဆန်းပြားပြား အမည်ပေးထားသော မြို့များ များစွာရှိသည်။ အဆိုပါမြို့များအနက် အမေရိကန်ပြည်ထောင်စုမှ ဆန်းဆန်းပြားပြား မြို့အချို့ကို စုစည်းဖော်ပြအပ်ပါသည်။

ကော်ဖီပူ၊ မစ္စစ္စပီပြည်နယ်

အမေရိကန်ပြည်ထောင်စု၊ မစ္စစ္စပီပြည်နယ်၊ ကိုဗင်တန်ခရိုင်တွင် ကော်ဖီပူအမည်ရှိ ဒေသတစ်ခု ရှိသည်။

အဆိုပါဒေသတွင် ၁၈၇၀ ပြည့်နှစ်၌ အယ်လ်-ဂျေ ဒေးဗစ်ဆိုသူက စတိုးဆိုင်တစ်ခုဖွင့်လှစ်ခဲ့ပြီး တံခါးဝတွင် ကော်ဖီအိုးတစ်ခု ချိတ်ဆွဲထားကာ ဒေသတွင်းဝန်းကျင်တစ်ဝိုက် အကောင်းဆုံးကော်ဖီပူဟု ကြော်ငြာခဲ့သည်။ သူ၏ ကော်ဖီမှာ သန့်စင်သော စမ်းရေ၊ နယူးအော်လင်းမှ ပဲစေ့များ ရောစပ်ကာ အချိုအတွက် သကာရည်ကို အသုံးပြုသည်။

ဒေးဗစ်က ကော်ဖီတွင် နို့မလိုင်များ မထည့်ချေ။ နို့မလိုင်က ကော်ဖီအရသာကို ပျက်စီးစေသည်ဟု သူက ယုံကြည်သည်။

ဒေသတွင်း နိုင်ငံရေးသမားများသည် ဒေးဗစ်၏ စတိုးဆိုင်သို့ လာရောက်ကာ မဲဆန္ဒရှင်များနှင့် ဖြတ်သွားဖြတ်လာခရီးသွားများအတွက် ကော်ဖီလာရောက်ဝယ်ယူလေ့ရှိကြသည်။ ဒေးဗစ်၏ ကော်ဖီဆိုင်ကျော်ကြားမှုမှာ အဆိုပါဒေသကို ကော်ဖီပူဟု အမည်တွင်စေသည့်အထိ ဖြစ်ခဲ့သည်။

ဘီယာပုလင်းလမ်းကူး၊ အိုင်ဒါဟိုပြည်နယ်

အမေရိကန်ပြည်ထောင်စု၊ အိုင်ဒါဟိုပြည်နယ်၊ အဒမ်စ်ခရိုင်ရှိ Payette အမျိုးသားသစ်တောအတွင်း တည်ရှိသည်။ အဘယ်ကြောင့် ထိုသို့ အမည်ပေါ်ပေါက်လာသည်ကိုမူ မသိရချေ။

နွားမနို့သီးမြို့၊ အိုဟိုင်းအိုးပြည်နယ်

နွားမနို့သီးသည် အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်၊ Van Wert ခရိုင်တွင် တည်ရှိပြီး အိုဟိုင်းအိုးမြို့၏ အနောက်တောင်ဘက် ၂ ဒသမ ၅ မိုင်အကွာတွင် တည်ရှိသည်။ မူလက McKee မြို့ဟု ခေါ်ခဲ့သော်လည်း ၁၈၇၉ ခုနှစ်မှစတင်ပြီး ဂျေ-အမ်-ဒူးလ်နှင့် အခြားသူတို့က နွားမနို့သီးမြို့ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမည်ဖြင့်ပင် စာတိုက်တစ်ခုကို ၁၈၈၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၀၉ ခုနှစ်အထိ လုပ်ငန်းလည်ပတ်ခဲ့သည်။

ငါးခူနိဗ္ဗာန်ဘုံ၊ အရီဇိုးနားပြည်နယ်

အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ် ၊ Mohave ခရိုင်အတွင်းတွင် ငါးခူနိဗ္ဗာန်ဘုံအမည်ရှိ ထူးဆန်းသောအမည်ဖြင့် ဒေသတစ်ခုရှိသည်။ Mohave ခရိုင် ၊ Topock Marsh ဒေသ၏ တောင်ဘက်စွန်းတွင် တည်ရှိသည်။ အဘယ်ကြောင့် ယခုအမည်တွင် သည်ကို မသိရသော်လည်း အဆိုပါဒေသတွင် ငါးခူများ ပေါများသောကြောင့်ဖြစ်ဖွယ်ရှိသည်။ ယင်းဒေသတွင် Bullfrog ဟုခေါ်သော အမေရိကန်ဖားပြုပ်များ၊ ငါးကြင်း၊ moonfish (သို့မဟုတ်) sunfish ဟုခေါ်သော ငါး၊ ငါးခူ၊ မြောက်အမေရိက Crappie ငါးမျိုးနှင့် တိလားပီးယားငါးမျိုးများ ပေါများသည်ဟု ဆိုသည်။

သစ်နက် မီးမြိုက်၊ မစ္စစ္စပီပြည်နယ်

ဒေသတွင်း ကျေးလက်ရိုးရာပုံပြင်များအရ သစ်နက်မီးမြိုက်ဟူသည့် ထူးဆန်းသောအမည် ပေါ်ပေါက်လာရခြင်း၏ အကြောင်းမှာ တစ်ချိန်က ဒေသခံ လူအုပ်တစ်ခုသည် လူတို့ကို ဒုက္ခပေးနေသည့် သစ်နက်တစ်ကောင်ကို ထောင်ချောက်ဖြင့် ဖမ်းဆီးက မီးရှို့ပစ်ခဲ့သည့် ဖြစ်ရပ်ကို အစွဲပြုကာ အမည်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ သို့သော် အဆိုပါယုံတမ်းပုံပြင်မှာ အမှန်တကယ်မဟုတ်ကြောင်း အတည်ပြုခဲ့ကြပြီးလည်း ဖြစ်သည်။ မီးမြိုက်လောင်ကျွမ်းဟူသည့် စကားမှာ တချိန်က စမ်းချောင်း (သို့မဟုတ်) ချောင်းကို ခေါ်ဝေါ်သည့် အခေါ်အဝေါ်ဖြစ်ခဲ့သည်ဟုဆိုရာ ယခုအမည်မှာ အနီးရှိ ရေအရင်းအမြစ်တစ်ခုခုကို အစွဲပြုကာ မှည့်ခေါ်ခဲ့ခြင်း ဖြစ်တန်ရာချေ ရှိသည်။

ပေါင်မုန့်လူသား၊ မစ္စစ္စပီပြည်နယ်

ပက်စ်ကာဂူးလာဟူသည် Mobilian Jargon ဘာသာစကား အခေါ်အဝေါ်ဖြစ်ပြီး ပေါင်မုန့် လူသားဟု အဓိပ္ပာယ်ရသည်။ မက္ကဆီကိုပင်လယ်ကွေ့ဝန်းကျင်သို့ ဥရောပသားများ စတင်အခြေချစဉ်က အဆိုပါဒေသတွင် ရှိနေခဲ့သာ ဌာနေတိုင်းရင်းသားတို့၏ ဘာသာစကားဖြစ်သည်။ ပက်စ်ကာ ဂူးလာသည် အမေရိကန်ပြည်ထောင်စု၊ မစ္စစ္စပီပြည်နယ်၊ ဂျက်ခ်ဆင်ခရိုင်မှ မြို့တစ်မြို့၏ အမည်ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် သန်းကောင်စာရင်းအရ လူဦးရေ ၂၂၃၉၂ ရှိရာ ၂၀၀၀ ပြည့်နှစ်တွင် ၂၆၂၀၀ ဦးရှိခဲ့မှုနှင့် နှိုင်းယှဉ်လျှင် လူဦးရေ ၄၀၀၀ နီးပါးကျဆင်းသွားသည်။ ၂၀၁၉ ခုနှစ် ခန့်မှန်းလူဦးရေမှာ ၂၁၆၉၉ ဦးဖြစ်သည်။ လေဆိပ် ၃ ခုနှင့် နီးစပ်ပြီး အရှေ့မြောက်ဘက် ၃၄ မိုင်အကွာ အယ်လ်ဘားမားတွင် Mobile Regional လေဆိပ်၊ အနောက်ဘက် မိုင် ၄၀ ခန့်အကွာတွင် Gulfport-Biloxi နိုင်ငံတကာလေဆိပ်နှင့် မြောက်ဘက် ၉ မိုင်အကွာ ဂျက်ခ်ဆင်ခရိုင်တွင် Trent Lott နိုင်ငံတကာ လေဆိပ်များ တည်ရှိသည်။ လက်ရှိ မြို့တော်ဝန်မှာ Steve Demetropoulos ဖြစ်သည်။

(ဆက်စပ်သတင်း)

https://www.imyanmarhouse.com/news/read/839529

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Unusual place names in United States (onlyinyourstate)

[Zawgyi]

အေမရိကန္က ၾကံၾကံဖန္ဖန္ျမိဳ႕နာမည္မ်ား

ကမၻာတစ္လႊားတြင္ ဆန္းဆန္းျပားျပား အမည္ေပးထားေသာ ျမိဳ႕မ်ား မ်ားစြာရွိသည္။ အဆိုပါျမိဳ႕မ်ားအနက္ အေမရိကန္ျပည္ေထာင္စုမွ ဆန္းဆန္းျပားျပား ျမိဳ႕အခ်ဳိ႕ကို စုစည္းေဖာ္ျပအပ္ပါသည္။

ေကာ္ဖီပူ၊ မစၥစၥပီျပည္နယ္

အေမရိကန္ျပည္ေထာင္စု၊ မစၥစၥပီျပည္နယ္၊ ကိုဗင္တန္ခရိုင္တြင္ ေကာ္ဖီပူအမည္ရွိ ေဒသတစ္ခု ရွိသည္။

အဆိုပါေဒသတြင္ ၁၈၇၀ ျပည့္ႏွစ္၌ အယ္လ္-ေဂ် ေဒးဗစ္ဆိုသူက စတိုးဆိုင္တစ္ခုဖြင့္လွစ္ခဲ့ျပီး တံခါးဝတြင္ ေကာ္ဖီအိုးတစ္ခု ခ်ိတ္ဆြဲထားကာ ေဒသတြင္းဝန္းက်င္တစ္ဝိုက္ အေကာင္းဆံုးေကာ္ဖီပူဟု ေၾကာ္ျငာခဲ့သည္။ သူ၏ ေကာ္ဖီမွာ သန္႔စင္ေသာ စမ္းေရ၊ နယူးေအာ္လင္းမွ ပဲေစ့မ်ား ေရာစပ္ကာ အခ်ဳိအတြက္ သကာရည္ကို အသံုးျပဳသည္။

ေဒးဗစ္က ေကာ္ဖီတြင္ ႏို႔မလိုင္မ်ား မထည့္ေခ်။ ႏို႔မလိုင္က ေကာ္ဖီအရသာကို ပ်က္စီးေစသည္ဟု သူက ယံုၾကည္သည္။

ေဒသတြင္း ႏိုင္ငံေရးသမားမ်ားသည္ ေဒးဗစ္၏ စတိုးဆိုင္သို႔ လာေရာက္ကာ မဲဆႏၵရွင္မ်ားႏွင့္ ျဖတ္သြားျဖတ္လာခရီးသြားမ်ားအတြက္ ေကာ္ဖီလာေရာက္ဝယ္ယူေလ့ရွိၾကသည္။ ေဒးဗစ္၏ ေကာ္ဖီဆိုင္ေက်ာ္ၾကားမႈမွာ အဆိုပါေဒသကို ေကာ္ဖီပူဟု အမည္တြင္ေစသည့္အထိ ျဖစ္ခဲ့သည္။

ဘီယာပုလင္းလမ္းကူး၊ အိုင္ဒါဟိုျပည္နယ္

အေမရိကန္ျပည္ေထာင္စု၊ အိုင္ဒါဟိုျပည္နယ္၊ အဒမ္စ္ခရိုင္ရွိ Payette အမ်ဳိးသားသစ္ေတာအတြင္း တည္ရွိသည္။ အဘယ္ေၾကာင့္ ထိုသို႔ အမည္ေပၚေပါက္လာသည္ကိုမူ မသိရေခ်။

ႏြားမႏို႔သီးျမိဳ႕၊ အိုဟိုင္းအိုးျပည္နယ္

ႏြားမႏို႔သီးသည္ အေမရိကန္ျပည္ေထာင္စု၊ အိုဟိုင္းအိုးျပည္နယ္၊ Van Wert ခရိုင္တြင္ တည္ရွိျပီး အိုဟိုင္းအိုးျမိဳ႕၏ အေနာက္ေတာင္ဘက္ ၂ ဒသမ ၅ မိုင္အကြာတြင္ တည္ရွိသည္။ မူလက McKee ျမိဳ႕ဟု ေခၚခဲ့ေသာ္လည္း ၁၈၇၉ ခုႏွစ္မွစတင္ျပီး ေဂ်-အမ္-ဒူးလ္ႏွင့္ အျခားသူတို႔က ႏြားမႏို႔သီးျမိဳ႕ဟု အမည္ေပးခဲ့ျခင္းျဖစ္သည္။ အဆိုပါ အမည္ျဖင့္ပင္ စာတိုက္တစ္ခုကို ၁၈၈၀ ျပည့္ႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျပီး ၁၉၀၉ ခုႏွစ္အထိ လုပ္ငန္းလည္ပတ္ခဲ့သည္။

ငါးခူနိဗၺာန္ဘံု၊ အရီဇိုးနားျပည္နယ္

အေမရိကန္ျပည္ေထာင္စု၊ အရီဇိုးနားျပည္နယ္ ၊ Mohave ခရိုင္အတြင္းတြင္ ငါးခူနိဗၺာန္ဘံုအမည္ရွိ ထူးဆန္းေသာအမည္ျဖင့္ ေဒသတစ္ခုရွိသည္။ Mohave ခရိုင္ ၊ Topock Marsh ေဒသ၏ ေတာင္ဘက္စြန္းတြင္ တည္ရွိသည္။ အဘယ္ေၾကာင့္ ယခုအမည္တြင္ သည္ကို မသိရေသာ္လည္း အဆိုပါေဒသတြင္ ငါးခူမ်ား ေပါမ်ားေသာေၾကာင့္ျဖစ္ဖြယ္ရွိသည္။ ယင္းေဒသတြင္ Bullfrog ဟုေခၚေသာ အေမရိကန္ဖားျပဳပ္မ်ား၊ ငါးၾကင္း၊ moonfish (သုိ႔မဟုတ္) sunfish ဟုေခၚေသာ ငါး၊ ငါးခူ၊ ေျမာက္အေမရိက Crappie ငါးမ်ဳိးႏွင့္ တိလားပီးယားငါးမ်ဳိးမ်ား ေပါမ်ားသည္ဟု ဆိုသည္။

သစ္နက္ မီးျမိဳက္၊ မစၥစၥပီျပည္နယ္

ေဒသတြင္း ေက်းလက္ရိုးရာပံုျပင္မ်ားအရ သစ္နက္မီးျမိဳက္ဟူသည့္ ထူးဆန္းေသာအမည္ ေပၚေပါက္လာရျခင္း၏ အေၾကာင္းမွာ တစ္ခ်ိန္က ေဒသခံ လူအုပ္တစ္ခုသည္ လူတို႔ကို ဒုကၡေပးေနသည့္ သစ္နက္တစ္ေကာင္ကို ေထာင္ေခ်ာက္ျဖင့္ ဖမ္းဆီးက မီးရႈိ႕ပစ္ခဲ့သည့္ ျဖစ္ရပ္ကို အစြဲျပဳကာ အမည္ေပးခဲ့ျခင္းျဖစ္သည္ဟု ဆိုၾကသည္။ သို႔ေသာ္ အဆိုပါယံုတမ္းပံုျပင္မွာ အမွန္တကယ္မဟုတ္ေၾကာင္း အတည္ျပဳခဲ့ၾကျပီးလည္း ျဖစ္သည္။ မီးျမိဳက္ေလာင္ကၽြမ္းဟူသည့္ စကားမွာ တခ်ိန္က စမ္းေခ်ာင္း (သို႔မဟုတ္) ေခ်ာင္းကို ေခၚေဝၚသည့္ အေခၚအေဝၚျဖစ္ခဲ့သည္ဟုဆိုရာ ယခုအမည္မွာ အနီးရွိ ေရအရင္းအျမစ္တစ္ခုခုကို အစြဲျပဳကာ မွည့္ေခၚခဲ့ျခင္း ျဖစ္တန္ရာေခ် ရွိသည္။

ေပါင္မုန္႔လူသား၊ မစၥစၥပီျပည္နယ္

ပက္စ္ကာဂူးလာဟူသည္ Mobilian Jargon ဘာသာစကား အေခၚအေဝၚျဖစ္ျပီး ေပါင္မုန္႔ လူသားဟု အဓိပၸာယ္ရသည္။ မကၠဆီကိုပင္လယ္ေကြ႔ဝန္းက်င္သို႔ ဥေရာပသားမ်ား စတင္အေျခခ်စဥ္က အဆိုပါေဒသတြင္ ရွိေနခဲ့သာ ဌာေနတိုင္းရင္းသားတို႔၏ ဘာသာစကားျဖစ္သည္။ ပက္စ္ကာ ဂူးလာသည္ အေမရိကန္ျပည္ေထာင္စု၊ မစၥစၥပီျပည္နယ္၊ ဂ်က္ခ္ဆင္ခရိုင္မွ ျမိဳ ႔တစ္ျမိဳ႕၏ အမည္ျဖစ္သည္။

၂၀၁၀ ျပည့္ႏွစ္ သန္းေကာင္စာရင္းအရ လူဦးေရ ၂၂၃၉၂ ရွိရာ ၂၀၀၀ ျပည့္ႏွစ္တြင္ ၂၆၂၀၀ ဦးရွိခဲ့မႈႏွင့္ ႏိႈင္းယွဥ္လွ်င္ လူဦးေရ ၄၀၀၀ နီးပါးက်ဆင္းသြားသည္။ ၂၀၁၉ ခုႏွစ္ ခန္႔မွန္းလူဦးေရမွာ ၂၁၆၉၉ ဦးျဖစ္သည္။ ေလဆိပ္ ၃ ခုႏွင့္ နီးစပ္ျပီး အေရွ႕ေျမာက္ဘက္ ၃၄ မိုင္အကြာ အယ္လ္ဘားမားတြင္ Mobile Regional ေလဆိပ္၊ အေနာက္ဘက္ မိုင္ ၄၀ ခန္႔အကြာတြင္ Gulfport-Biloxi ႏိုင္ငံတကာေလဆိပ္ႏွင့္ ေျမာက္ဘက္ ၉ မိုင္အကြာ ဂ်က္ခ္ဆင္ခရိုင္တြင္ Trent Lott ႏိုင္ငံတကာ ေလဆိပ္မ်ား တည္ရွိသည္။

လက္ရွိ ျမိဳ ႔ေတာ္ဝန္မွာ Steve Demetropoulos ျဖစ္သည္။

(ဆက္စပ္သတင္း)

https://www.imyanmarhouse.com/news/read/839529

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Unusual place names in United States (onlyinyourstate)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
MIngalardon Garden City
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service