လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဆောင်းရာသီအိမ်ဖြူတော် ကန်ဒေါ်လာ သန်း ၇၀ ဖြင့် အရောင်းအဝယ်ဖြစ်

လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဆောင်းရာသီအိမ်ဖြူတော် ကန်ဒေါ်လာ သန်း ၇၀ ဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
25 Jun 2020 11:55 am တွင် တင်ခဲ့သည်
949 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း တက္ကဆပ်ပြည်နယ်၊ ဒါးလက်စ်မြို့တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီ ပိုင်ဆိုင်ခဲ့ဖူးသော ဆောင်းရာသီအိမ်ဖြူတော်ကို ကန်ဒေါ်လာ သန်း ၇၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ Palm Beach တွင် တည်ရှိသည့်စံအိမ်ဖြစ်ပြီး နယူးယောက်မှ ဘီလျံနာ ဂျိန်း ဂိုးလ်ဒ်မန်း၏ ထိန်းသိမ်းမှုအောက်တွင် ၂၀၁၅ ခုနှစ်ကတည်းက ရှိနေခဲ့ခြင်းဖြစ်ကာ ယခုအခါ ဈေးကွက်ပြင်ပ ရောင်းချမှုဖြင့် အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ပင်လယ်မျက်နှာစာ ပေ ၂၀၀ ခန့် ပိုင်ဆိုင်ထားပြီး ခြံဝန်းအကျယ် ၁ ဧကနီးပါးရှိသည်။ ပင်မစံအိမ်မှာ ၁၉၂၀ ပြည့်လွန်ကာလများအတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

၁၉၂၃ ခုနှစ်တွင် ဗိသုကာပညာရှင် အက်ဒီဆန် မစ်ဇ်နာက ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးခဲ့ပြီးနောက်ပိုင်းတွင် Pembrooke & Ives ဒီဇိုင်းအဖွဲ့က ပြန်လည်ပြုပြင်မွမ်းမံပေးခဲ့သည်။

အခြားအဆောက်အအုံများလည်း ပါဝင်သေးပြီး စုစုပေါင်းလူနေကြမ်းခင်းဧရိယာ ၁၅၃၄၇ စတုရန်းပေရှိကာ အိပ်ခန်း ၁၁ ခန်း၊ ရေချိုးခန်း ၁၂ ခန်းနှင့် တစ်ဝက်ရေချိုးခန်း ၃ ခန်း ပါဝင်ကြောင်း ယခင်ဈေးကွက်တင်ခဲ့စဉ်က အချက်အလက်များအရ သိရသည်။

ရောင်းချသူ မစ္စ ဂိုးလ်ဒ်မန်းသည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ ဘီလျံနာတစ်ဦးဖြစ်သည့်အပြင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Solil Management ၏ ပူးတွဲဥက္ကဌလည်း ဖြစ်သည်။

မစ္စ ဂိုးလ်ဒ်မန်းသည် အဆိုပါစံအိမ်ကို ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုအရောင်းအဝယ်တွင် ဝယ်လက်မည်သူဖြစ်သည်ကိုမူ မသိရချေ။

ဂျွန်အက်ဖ်ကနေဒီလက်ထက်က သူ၏ ဆောင်းရာသီအိမ်ဖြူတော်ဟု လူသိများခဲ့သော စံအိမ်ကို ကနေဒီ၏ဖခင် ဂျိုးဆက်ဖ် ပီ- ကနေဒီ စီနီယာက ၁၉၄၁ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ကနေဒီ၏ အတ္ထုပ္ပတ္တိ ရေးသားသူတို့က ရေးသားဖော်ပြကြသည်။

ဂျွန် အက်ဖ် ကနေဒီသည် သူ၏ ပူလစ်ဇာစာပေဆုရစာအုပ် “Profiles in Courage” ကို ဤစံအိမ်ကြီးတွင် ရေးသားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က နောက်ကျော ခွဲစိတ်ကုသမှုခံယူထားပြီးနောက် အနားယူနေချိန် ၁၉၅၆ ခုနှစ်အတွင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ ၃၅ ဆက်မြောက် သမ္မတဖြစ်သူ ဂျွန်အက်ဖ်ကနေဒီသည် ဆောင်းကာလများတွင် ယခုစံအိမ်ကြီး၌ မကြာခဏလာရောက်နေထိုင်လေ့ရှိပြီး ကနေဒီမိသားစုလက်ထဲတွင် ၁၉၉၅ ခုနှစ်အထိ ပိုင်ဆိုင်ထားခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ဂျွန်အက်ဖ်ကနေဒီသည် ယခုစံအိမ်၌ စနေ၊ တနင်္ဂနွေရက်များအတွင်း အနားယူခဲ့ပြီး တက္ကဆပ်ပြည်နယ်၊ ဒါးလက်စ်သို့ သွားရောက်ခဲ့ရာမှ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရခြင်း ဖြစ်သည်။

ကနေဒီမိသားစုက ၁၉၉၅ ခုနှစ်တွင် Castle Harlan ကုမ္ပဏီဥက္ကဌ ဂျွန်-ကေ- ကာဆယ်ထံ ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းဖြင့် ရောင်းချခဲ့သည်။

မစ္စတာ ကာဆယ်သည် စံအိမ်ကို နှစ်ပေါင်း ၂၀ ခန့် ပိုင်ဆိုင်ထားခဲ့ပြီး နောက်ပိုင်းတွင် မစ္စ ဂိုးလ်ဒ်မန်းထံ ရောင်းချလိုက်ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ယခုအရောင်းအဝယ်သတင်းကို ပထမဆုံးရေးသားဖော်ပြသည်မှာ The Palm Beach Daily News ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: John F. Kennedy’s Former Winter White House in Palm Beach Sells (architecturaldigest)

 

[Zawgyi]

လုပ္ၾကံသတ္ျဖတ္ျခင္းခံခဲ့ရသည့္ အေမရိကန္သမၼတ ဂၽြန္အက္ဖ္ကေနဒီ၏ ေဆာင္းရာသီအိမ္ျဖဴေတာ္ ကန္ေဒၚလာ သန္း ၇၀ ျဖင့္ အေရာင္းအဝယ္ျဖစ္

၁၉၆၃ ခုႏွစ္၊ ႏိုဝင္ဘာလအတြင္း တကၠဆပ္ျပည္နယ္၊ ဒါးလက္စ္ျမိဳ႕တြင္ လုပ္ၾကံသတ္ျဖတ္ျခင္းခံခဲ့ရသည့္ အေမရိကန္သမၼတ ဂၽြန္ အက္ဖ္ ကေနဒီ ပိုင္ဆိုင္ခဲ့ဖူးေသာ ေဆာင္းရာသီအိမ္ျဖဴေတာ္ကို ကန္ေဒၚလာ သန္း ၇၀ ျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့သည္။

အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ Palm Beach တြင္ တည္ရွိသည့္စံအိမ္ျဖစ္ျပီး နယူးေယာက္မွ ဘီလ်ံနာ ဂ်ိန္း ဂိုးလ္ဒ္မန္း၏ ထိန္းသိမ္းမႈေအာက္တြင္ ၂၀၁၅ ခုႏွစ္ကတည္းက ရွိေနခဲ့ျခင္းျဖစ္ကာ ယခုအခါ ေစ်းကြက္ျပင္ပ ေရာင္းခ်မႈျဖင့္ အေရာင္းအဝယ္ျဖစ္သြားျခင္းျဖစ္ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ပင္လယ္မ်က္ႏွာစာ ေပ ၂၀၀ ခန္႔ ပိုင္ဆိုင္ထားျပီး ျခံဝန္းအက်ယ္ ၁ ဧကနီးပါးရွိသည္။ ပင္မစံအိမ္မွာ ၁၉၂၀ ျပည့္လြန္ကာလမ်ားအတြင္း ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ေျမထဲပင္လယ္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျခင္း ျဖစ္သည္။

၁၉၂၃ ခုႏွစ္တြင္ ဗိသုကာပညာရွင္ အက္ဒီဆန္ မစ္ဇ္နာက ဒီဇိုင္းေရးဆြဲေဆာက္လုပ္ေပးခဲ့ျပီးေနာက္ပိုင္းတြင္ Pembrooke & Ives ဒီဇိုင္းအဖြဲ႔က ျပန္လည္ျပဳျပင္မြမ္းမံေပးခဲ့သည္။

အျခားအေဆာက္အအံုမ်ားလည္း ပါဝင္ေသးျပီး စုစုေပါင္းလူေနၾကမ္းခင္းဧရိယာ ၁၅၃၄၇ စတုရန္းေပရွိကာ အိပ္ခန္း ၁၁ ခန္း၊ ေရခ်ဳိးခန္း ၁၂ ခန္းႏွင့္ တစ္ဝက္ေရခ်ဳိးခန္း ၃ ခန္း ပါဝင္ေၾကာင္း ယခင္ေစ်းကြက္တင္ခဲ့စဥ္က အခ်က္အလက္မ်ားအရ သိရသည္။

ေရာင္းခ်သူ မစၥ ဂိုးလ္ဒ္မန္းသည္ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံသူ ဘီလ်ံနာတစ္ဦးျဖစ္သည့္အျပင္ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီ Solil Management ၏ ပူးတြဲဥကၠဌလည္း ျဖစ္သည္။

မစၥ ဂိုးလ္ဒ္မန္းသည္ အဆိုပါစံအိမ္ကို ၂၀၁၅ ခုႏွစ္အတြင္း ကန္ေဒၚလာ ၃၁ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယခုအေရာင္းအဝယ္တြင္ ဝယ္လက္မည္သူျဖစ္သည္ကိုမူ မသိရေခ်။

ဂၽြန္အက္ဖ္ကေနဒီလက္ထက္က သူ၏ ေဆာင္းရာသီအိမ္ျဖဴေတာ္ဟု လူသိမ်ားခဲ့ေသာ စံအိမ္ကို ကေနဒီ၏ဖခင္ ဂ်ဳိးဆက္ဖ္ ပီ- ကေနဒီ စီနီယာက ၁၉၄၁ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ကေနဒီ၏ အတၳဳပၸတၱိ ေရးသားသူတုိ႔က ေရးသားေဖာ္ျပၾကသည္။

ဂၽြန္ အက္ဖ္ ကေနဒီသည္ သူ၏ ပူလစ္ဇာစာေပဆုရစာအုပ္ “Profiles in Courage” ကို ဤစံအိမ္ၾကီးတြင္ ေရးသားခဲ့ျခင္းျဖစ္ျပီး ထိုစဥ္က ေနာက္ေက်ာ ခြဲစိတ္ကုသမႈခံယူထားျပီးေနာက္ အနားယူေနခ်ိန္ ၁၉၅၆ ခုႏွစ္အတြင္း ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စု၏ ၃၅ ဆက္ေျမာက္ သမၼတျဖစ္သူ ဂၽြန္အက္ဖ္ကေနဒီသည္ ေဆာင္းကာလမ်ားတြင္ ယခုစံအိမ္ၾကီး၌ မၾကာခဏလာေရာက္ေနထိုင္ေလ့ရွိျပီး ကေနဒီမိသားစုလက္ထဲတြင္ ၁၉၉၅ ခုႏွစ္အထိ ပိုင္ဆိုင္ထားခဲ့သည္။

၁၉၆၃ ခုႏွစ္တြင္ ဂၽြန္အက္ဖ္ကေနဒီသည္ ယခုစံအိမ္၌ စေန၊ တနဂၤေႏြရက္မ်ားအတြင္း အနားယူခဲ့ျပီး တကၠဆပ္ျပည္နယ္၊ ဒါးလက္စ္သို႔ သြားေရာက္ခဲ့ရာမွ လုပ္ၾကံသတ္ျဖတ္ျခင္းခံခဲ့ရျခင္း ျဖစ္သည္။

ကေနဒီမိသားစုက ၁၉၉၅ ခုႏွစ္တြင္ Castle Harlan ကုမၸဏီဥကၠဌ ဂၽြန္-ေက- ကာဆယ္ထံ ကန္ေဒၚလာ ၄ ဒသမ ၉ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။

မစၥတာ ကာဆယ္သည္ စံအိမ္ကို ႏွစ္ေပါင္း ၂၀ ခန္႔ ပိုင္ဆိုင္ထားခဲ့ျပီး ေနာက္ပိုင္းတြင္ မစၥ ဂိုးလ္ဒ္မန္းထံ ေရာင္းခ်လိုက္ျခင္းျဖစ္ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ယခုအေရာင္းအဝယ္သတင္းကို ပထမဆံုးေရးသားေဖာ္ျပသည္မွာ The Palm Beach Daily News ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: John F. Kennedy’s Former Winter White House in Palm Beach Sells (architecturaldigest)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service