ရီဟားနား ငှားရမ်းနေထိုင်မည့် နယူးယောက်နေအိမ် တစ်လလျှင် ကန်ဒေါ်လာ ၄ သိန်းကျော် ကျသင့်

ရီဟားနား ငှားရမ်းနေထိုင်မည့် နယူးယောက်နေအိမ် တစ်လလျှင် ကန်ဒေါ်လာ ၄ သိန်းကျော် ကျသင့် - Property News in Myanmar from iMyanmarHouse.com
21 Jun 2020 12:45 pm တွင် တင်ခဲ့သည်
768 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော် တေးသံရှင် ရီဟားနားသည် နယူးယောက်မြို့၊ ဟမ့်ပ်တန်အရပ်ရှိ နေအိမ်တစ်လုံးကို ဇူလိုင်လလယ်မှ သြဂုတ်လလယ်အထိ နေထိုင်ရန်အတွက် တစ်လလျှင် ကန်ဒေါ်လာ ၄၁၅၀၀၀ ပေးကာ ငှားရမ်းမည်ဟု ဆိုသည်။

ဟမ့်ပ်တန်တောင်ပိုင်း၊ North Sea အရပ်တွင် တည်ရှိပြီး နေအိမ်အကျယ် ၈၂၆ စတုရန်းမီတာရှိကာ အိပ်ခန်း ၅ ခန်း ပါဝင်သည့် နေအိမ် ဖြစ်သည်။

အဆိုပါနေအိမ်တွင် တစ်ချိန်က ကာဒါရှီယန်ညီအစ်မများ နေထိုင်ခဲ့ဖူးသည်။ Kourtney and Khloe Take the Hamptons ဇာတ်လမ်းကို ရိုက်ကူးစဉ် ၂၀၁၄ ခုနှစ်အတွင်း နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

Fenty Beauty တည်ထောင်သူလည်းဖြစ်သော ရီဟားနားသည် နယူးယောက်မြို့၊ လောင်းအိုင်းလန်းအရှေ့ပိုင်းတွင် နေအိမ်ရှာဖွေခဲ့ရာတွင် ယခုနေအိမ်ကို တွေ့ရှိငှားရမ်းခဲ့ခြင်းလည်း ဖြစ်သည်။

နေအိမ်ကို မဝယ်ယူမီ ငှားရမ်းနေထိုင်ကြည့်ခြင်းလည်း ဖြစ်နိုင်သည်။

မြက်ခင်းတို့ ဖြန့်ကျက်ထားသည့် မြေ ၂ ဧကပေါ်တွင် ဆောက်လုပ်ထားပြီး ကိုယ်ပိုင်ကျွန်းတစ်ခုအသွင်ဖွဲ့စည်းထားကာ လှေ ၂ စင်းမှ ၃ စင်းအထိ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတစ်ခု ပါဝင်သည်။

နေအိမ်ငှားရမ်းခမှာ ဈေးကြီးလှသည်ဟု ယူဆဖွယ်ရှိသော်လည်း အဆိုပါဒေသတွင် မျှတသည့် ဈေးနှုန်းသာ ဖြစ်သည်။

“ငှားရမ်းခက မယုံနိုင်လောက်အောင် ဈေးကြီးတယ်လို့ ထင်ရပေမယ့် လက်ရှိဈေးကွက်အခြေအနေအရ ဒါက မျှတတဲ့ ဈေးနှုန်းပါ။ ဟမ့်ပ်တန်မှာရှိတဲ့ ဇိမ်ခံစံအိမ်တွေဟာ စံချိန်တင်ဈေးနှုန်းတွေနဲ့ ငှားရမ်းလာမှုတွေ မြင့်မားနေတဲ့ကာလလည်း ဖြစ်နေပါတယ်” ဟု နယူးယောက်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ Dolly Lenz က ပြောကြားသည်။

ဟမ့်ပ်တန်သည် အမေရိကန်ပြည်သူတို့အတွက် နွေရာသီအပန်းဖြေသည့်နေရာအဖြစ် ကျော်ကြားပြီး covid-19 ကာလတွင် ပြည်ပသွားလာမှုများ ရပ်ဆိုင်းသွားရာ ဟမ့်ပ်တန်တွင် နွေရာသီငှားရမ်းမှုများ တဟုန်ထိုးမြင့်တက်လာဖွယ်ရှိနေသည်။

ရီဟားနားသည် လာမည့်နွေတွင် ကမ္ဘာတစ်ဝန်းပုံမှန်အတိုင်း ဂီတဖျော်ဖြေရေးခရီးစဉ်များ ထွက်ဖွယ်ရှိရာ အခြားသော အကျော်အမော်များနည်းတူ ဟမ့်ပ်တန်တွင် အပန်းဖြေခြင်းလည်း ဖြစ်သည်။

ဟမ့်ပ်တန်သည် စားသောက်ဆိုင်ကောင်းများ၊ လှပသော ကမ်းရိုးတန်းဝန်းကျင်၊ လှပသည့်ကမ်းခြေများ၊ မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။

နွေရာသီအပန်းဖြေကာလပြီးဆုံးပါက ကန်ဒေါ်လာ ၁၀ ဒသမ ၉၉ တန်ကြေးှရှိသော အဆိုပါနေအိမ်ကို ရီဟားနားက ဝယ်ယူကာ အမြဲနေထိုင်ခြင်းကိုလည်း တွေ့မြင်ရဖွယ်ရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Rihanna's stunning Hamptons rental cost $600k per month ( realestate.com )

 

 

[Zawgyi]

ရီဟားနား ငွားရမ္းေနထိုင္မည့္ နယူးေယာက္ေနအိမ္ တစ္လလွ်င္ ကန္ေဒၚလာ ၄ သိန္းေက်ာ္ က်သင့္

ကမၻာေက်ာ္ ေတးသံရွင္ ရီဟားနားသည္ နယူးေယာက္ျမိဳ ႔၊ ဟမ့္ပ္တန္အရပ္ရွိ ေနအိမ္တစ္လံုးကို ဇူလိုင္လလယ္မွ ၾသဂုတ္လလယ္အထိ ေနထိုင္ရန္အတြက္ တစ္လလွ်င္ ကန္ေဒၚလာ ၄၁၅၀၀၀ ေပးကာ ငွားရမ္းမည္ဟု ဆိုသည္။

ဟမ့္ပ္တန္ေတာင္ပိုင္း၊ North Sea အရပ္တြင္ တည္ရွိျပီး ေနအိမ္အက်ယ္ ၈၂၆ စတုရန္းမီတာရွိကာ အိပ္ခန္း ၅ ခန္း ပါဝင္သည့္ ေနအိမ္ ျဖစ္သည္။

အဆိုပါေနအိမ္တြင္ တစ္ခ်ိန္က ကာဒါရွီယန္ညီအစ္မမ်ား ေနထိုင္ခဲ့ဖူးသည္။ Kourtney and Khloe Take the Hamptons ဇာတ္လမ္းကို ရိုက္ကူးစဥ္ ၂၀၁၄ ခုႏွစ္အတြင္း ေနထိုင္ခဲ့ၾကျခင္း ျဖစ္သည္။

Fenty Beauty တည္ေထာင္သူလည္းျဖစ္ေသာ ရီဟားနားသည္ နယူးေယာက္ျမိဳ ႔၊ ေလာင္းအိုင္းလန္းအေရွ ႔ပိုင္းတြင္ ေနအိမ္ရွာေဖြခဲ့ရာတြင္ ယခုေနအိမ္ကို ေတြ႔ရွိငွားရမ္းခဲ့ျခင္းလည္း ျဖစ္သည္။

ေနအိမ္ကို မဝယ္ယူမီ ငွားရမ္းေနထိုင္ၾကည့္ျခင္းလည္း ျဖစ္ႏိုင္သည္။

ျမက္ခင္းတို႔ ျဖန္႔က်က္ထားသည့္ ေျမ ၂ ဧကေပၚတြင္ ေဆာက္လုပ္ထားျပီး ကိုယ္ပိုင္ကၽြန္းတစ္ခုအသြင္ဖြဲ႔စည္းထားကာ ေလွ ၂ စင္းမွ ၃ စင္းအထိ ဆိုက္ကပ္ႏိုင္သည့္ ဆိပ္ခံတစ္ခု ပါဝင္သည္။

ေနအိမ္ငွားရမ္းခမွာ ေစ်းၾကီးလွသည္ဟု ယူဆဖြယ္ရွိေသာ္လည္း အဆိုပါေဒသတြင္ မွ်တသည့္ ေစ်းႏႈန္းသာ ျဖစ္သည္။

“ငွားရမ္းခက မယံုႏိုင္ေလာက္ေအာင္ ေစ်းၾကီးတယ္လို႔ ထင္ရေပမယ့္ လက္ရွိေစ်းကြက္အေျခအေနအရ ဒါက မွ်တတဲ့ ေစ်းႏႈန္းပါ။ ဟမ့္ပ္တန္မွာရွိတဲ့ ဇိမ္ခံစံအိမ္ေတြဟာ စံခ်ိန္တင္ေစ်းႏႈန္းေတြနဲ႔ ငွားရမ္းလာမႈေတြ ျမင့္မားေနတဲ့ကာလလည္း ျဖစ္ေနပါတယ္” ဟု နယူးေယာက္မွ အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦးျဖစ္သူ Dolly Lenz က ေျပာၾကားသည္။

ဟမ့္ပ္တန္သည္ အေမရိကန္ျပည္သူတို႔အတြက္ ေႏြရာသီအပန္းေျဖသည့္ေနရာအျဖစ္ ေက်ာ္ၾကားျပီး covid-19 ကာလတြင္ ျပည္ပသြားလာမႈမ်ား ရပ္ဆိုင္းသြားရာ ဟမ့္ပ္တန္တြင္ ေႏြရာသီငွားရမ္းမႈမ်ား တဟုန္ထိုးျမင့္တက္လာဖြယ္ရွိေနသည္။

ရီဟားနားသည္ လာမည့္ေႏြတြင္ ကမၻာတစ္ဝန္းပံုမွန္အတိုင္း ဂီတေဖ်ာ္ေျဖေရးခရီးစဥ္မ်ား ထြက္ဖြယ္ရွိရာ အျခားေသာ အေက်ာ္အေမာ္မ်ားနည္းတူ ဟမ့္ပ္တန္တြင္ အပန္းေျဖျခင္းလည္း ျဖစ္သည္။

ဟမ့္ပ္တန္သည္ စားေသာက္ဆိုင္ေကာင္းမ်ား၊ လွပေသာ ကမ္းရိုးတန္းဝန္းက်င္၊ လွပသည့္ကမ္းေျခမ်ား၊ ျမင္ကြင္းမ်ား ပိုင္ဆိုင္ထားသည္။

ေႏြရာသီအပန္းေျဖကာလျပီးဆံုးပါက ကန္ေဒၚလာ ၁၀ ဒသမ ၉၉ တန္ေၾကးွရွိေသာ အဆိုပါေနအိမ္ကို ရီဟားနားက ဝယ္ယူကာ အျမဲေနထိုင္ျခင္းကိုလည္း ေတြ႔ျမင္ရဖြယ္ရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Rihanna's stunning Hamptons rental cost $600k per month ( realestate.com )

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service