ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
တွစ်တာ၏ ပူးတွဲတည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ် ဂျက်ခ် ဒေါ်ဆေးက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် သူ၏ ကြွယ်ဝမှုမှ ၄ ပုံ ၁ ပုံကို ပရဟိတအတွက် လှူဒါန်းမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်လျဉ်းသော ကိစ္စရပ်များအတွက် ဦးတည်မည် ဖြစ်ကြောင်း ပြောကြားသည်ဟု CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဂျက်ခ်ဒေါ်ဆေးက ၎င်းပူးတွဲတည်ထောင်ထားသည့် ဒစ်ဂျစ်တယ်ငွေပေးချေမှုကုမ္ပဏီဖြစ်သော Square (SQ) မှ ရှယ်ယာ ကန်ဒေါ်လာ ၁ ဘီလီယံကို Start Small အမည်ရှိ ကုမ္ပဏီထံ လွှဲပြောင်းပေးလိုက်ကြောင်း သူ၏တွစ်တာအကောင့်တွင် ဖော်ပြသည်။
ဒေါ်ဆေးက ပြောကြားရာတွင် အဆိုပါပမာဏသည် သူ၏ကြွယ်ဝမှုမှ ၂၈ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း ပြောကြားသည်။
Start Small က ဂျက်ခ်ဒေါ်ဆေး၏ လွှဲအပ်မှုများကို လှူဒါန်းပေးသွားမည်ဖြစ်ပြီး ပထမဆုံးအနေဖြင့် ဒေါ်လာ ၁၀၀၀၀၀ ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ရသူများအတွက် အစားအစာများထောက်ပံ့နေသည့် America's Food Fund သို့ လှူဒါန်းမည် ဖြစ်သည်။
ဂျက်ခ်ဒေါ်ဆေးက သူ၏လှူဒါန်းခဲ့မှုကို Google Doc တစ်ခုလွှင့်တင်ပြီး ထုတ်ပြန်ထားရာ… ရှယ်ယာများ၏ စုစုပေါင်းတန်ဖိုး- ကန်ဒေါ်လာ ၉၉၇၈၁၈၃၅၄ လက်ရှိ ရှယ်ယာတစ်စုဈေးနှုန်း- ၅၀ ဒသမ ၃၁ ဒေါ်လာ လှူဒါန်းခဲ့သည့်ရှယ်ယာပမာဏ- ၁၉၈၃၃၄၀၀ ဖြစ်ကြောင်း ဖော်ပြထားသည်။
လှူဒါန်းလိုက်သော ကန်ဒေါ်လာ ၁ ဘီလီယံအနက် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး မည်မျှလှူဒါန်းထားသည်ကိုမူ ဒေါ်ဆေးက ထုတ်ဖော်ပြောကြားခြင်း မရှိချေ။
“ဒီကပ်ဘေးကြီးကို ကျော်လွှားပြီးသွားရင် မိန်းကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေး၊ ပြီးတော့ UBI တို့အပေါ်မှာ အာရုံစိုက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်ဆေးက ဆိုသည်။ UBI ဟူသည်မှာ universal basic income ကို ရည်ညွှန်းခြင်းဖြစ်ပြီး ဒေသတစ်ခုတွင် လူတို့၏ ဝင်ငွေအပေါ် အခြေမခံဘဲ ငွေသားဖြန့်ဝေပေးခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
“ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် ဒါက အကောင်းဆုံးရေရှည်အဖြေတစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ဒေါ်ဆေးက ဆိုသည်။
နည်းပညာနယ်မှ အခြားသော သူဌေးကြီးများ၏ လှူဒါန်းမှုများ ပေါ်ပေါက်ပြီးနောက် ဒေါ်ဆေးက ယခုကဲ့သို့လှူဒါန်းမှုများ ပြုလုပ်လိုက်ခြင်းလည်း ဖြစ်သည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၂ ဦးဖြစ်သော Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်နှင့် မိုက္ကရိုဆော့ဖ်ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်တို့က ကိုရိုနာဗိုင်းရပ်စ်အရေးအတွက် ကန်ဒေါ်လာ သန်း ၁၀၀ အသီးသီးလှူဒါန်းခဲ့ကြသည်။
နည်းပညာလောက၏ အခြားသော ထိပ်သီးကုမ္ပဏီကြီးအချို့သည်လည်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် လှူဒါန်းမှုများ ပြုလုပ်ကြသည်။
ပြီးခဲ့သောလအတွင်း Google က စီးပွားရေးလုပ်ငန်းငယ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများအတွက် ကန်ဒေါ်လာ သန်း ၈၀၀ လှူဒါန်းခဲ့သည်။
Facebook၊ Apple , SoftBank နှင့် Alibaba တို့ကလည်း လှူဒါန်းမှုများစွာ ပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jack Dorsey sets aside $1 billion for charity. His initial focus: coronavirus relief efforts (CNN)
[Zawgyi]
တြစ္တာ၏ အမႈေဆာင္အရာရွိခ်ဳပ္ ဂ်က္ခ္ ေဒၚေဆးက ကိုရိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးအပါအဝင္ ပရဟိတလုပ္ငန္းမ်ားအတြက္ ပိုင္ဆိုင္မႈအရပ္ရပ္၏ ၄ ပံု ၁ ပံုေက်ာ္ လွဴဒါန္း
တြစ္တာ၏ ပူးတြဲတည္ေထာင္သူ၊ အမႈေဆာင္အရာရွိခ်ဳပ္ ဂ်က္ခ္ ေဒၚေဆးက ကိုရိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ သူ၏ ၾကြယ္ဝမႈမွ ၄ ပံု ၁ ပံုကို ပရဟိတအတြက္ လွဴဒါန္းမည္ျဖစ္ေၾကာင္းႏွင့္ လက္ရွိတြင္ ကိုရိုနာဗိုင္းရပ္စ္ႏွင့္ စပ္လ်ဥ္းေသာ ကိစၥရပ္မ်ားအတြက္ ဦးတည္မည္ ျဖစ္ေၾကာင္း ေျပာၾကားသည္ဟု CNN သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။
ဂ်က္ခ္ေဒၚေဆးက ၎ပူးတြဲတည္ေထာင္ထားသည့္ ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈကုမၸဏီျဖစ္ေသာ Square (SQ) မွ ရွယ္ယာ ကန္ေဒၚလာ ၁ ဘီလီယံကို Start Small အမည္ရွိ ကုမၸဏီထံ လႊဲေျပာင္းေပးလိုက္ေၾကာင္း သူ၏တြစ္တာအေကာင့္တြင္ ေဖာ္ျပသည္။
ေဒၚေဆးက ေျပာၾကားရာတြင္ အဆိုပါပမာဏသည္ သူ၏ၾကြယ္ဝမႈမွ ၂၈ ရာခိုင္ႏႈန္းခန္႔ျဖစ္ေၾကာင္း ေျပာၾကားသည္။
Start Small က ဂ်က္ခ္ေဒၚေဆး၏ လႊဲအပ္မႈမ်ားကို လွဴဒါန္းေပးသြားမည္ျဖစ္ျပီး ပထမဆံုးအေနျဖင့္ ေဒၚလာ ၁၀၀၀၀၀ ကို ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္ရသူမ်ားအတြက္ အစားအစာမ်ားေထာက္ပံ့ေနသည့္ America's Food Fund သို႔ လွဴဒါန္းမည္ ျဖစ္သည္။
ဂ်က္ခ္ေဒၚေဆးက သူ၏လွဴဒါန္းခဲ့မႈကို Google Doc တစ္ခုလႊင့္တင္ျပီး ထုတ္ျပန္ထားရာ… ရွယ္ယာမ်ား၏ စုစုေပါင္းတန္ဖိုး- ကန္ေဒၚလာ ၉၉၇၈၁၈၃၅၄ လက္ရွိ ရွယ္ယာတစ္စုေစ်းႏႈန္း- ၅၀ ဒသမ ၃၁ ေဒၚလာ လွဴဒါန္းခဲ့သည့္ရွယ္ယာပမာဏ- ၁၉၈၃၃၄၀၀ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
လွဴဒါန္းလိုက္ေသာ ကန္ေဒၚလာ ၁ ဘီလီယံအနက္ ကိုရိုနာဗိုင္းရပ္စ္ႏွင့္ ပတ္သက္ျပီး မည္မွ်လွဴဒါန္းထားသည္ကိုမူ ေဒၚေဆးက ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေခ်။
“ဒီကပ္ေဘးၾကီးကို ေက်ာ္လႊားျပီးသြားရင္ မိန္းကေလးေတြရဲ႕ က်န္းမာေရးနဲ႔ ပညာေရး၊ ျပီးေတာ့ UBI တို႔အေပၚမွာ အာရံုစိုက္သြားမွာ ျဖစ္ပါတယ္” ဟု ေဒၚေဆးက ဆိုသည္။ UBI ဟူသည္မွာ universal basic income ကို ရည္ညႊန္းျခင္းျဖစ္ျပီး ေဒသတစ္ခုတြင္ လူတို႔၏ ဝင္ေငြအေပၚ အေျခမခံဘဲ ေငြသားျဖန္႔ေဝေပးျခင္းကို ဆိုလိုျခင္း ျဖစ္သည္။
“ကမၻာၾကီးရင္ဆိုင္ေနရတဲ့ ျပႆနာေတြအတြက္ ဒါက အေကာင္းဆံုးေရရွည္အေျဖတစ္ခု ျဖစ္လိမ့္မယ္လို႔ ကၽြန္ေတာ္ယံုၾကည္ပါတယ္” ဟု ေဒၚေဆးက ဆိုသည္။
နည္းပညာနယ္မွ အျခားေသာ သူေဌးၾကီးမ်ား၏ လွဴဒါန္းမႈမ်ား ေပၚေပါက္ျပီးေနာက္ ေဒၚေဆးက ယခုကဲ့သို႔လွဴဒါန္းမႈမ်ား ျပဳလုပ္လုိက္ျခင္းလည္း ျဖစ္သည္။
ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ ၂ ဦးျဖစ္ေသာ Amazon တည္ေထာင္သူ ဂ်က္ဖ္ဘီေဇာ့စ္ႏွင့္ မိုကၠရိုေဆာ့ဖ္ပူးတြဲတည္ေထာင္သူ ဘီလ္ဂိတ္တို႔က ကိုရိုနာဗိုင္းရပ္စ္အေရးအတြက္ ကန္ေဒၚလာ သန္း ၁၀၀ အသီးသီးလွဴဒါန္းခဲ့ၾကသည္။
နည္းပညာေလာက၏ အျခားေသာ ထိပ္သီးကုမၸဏီၾကီးအခ်ဳိ႕သည္လည္း ကိုရိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ လွဴဒါန္းမႈမ်ား ျပဳလုပ္ၾကသည္။
ျပီးခဲ့ေသာလအတြင္း Google က စီးပြားေရးလုပ္ငန္းငယ္မ်ားႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈအဖြဲ႔အစည္းမ်ားအတြက္ ကန္ေဒၚလာ သန္း ၈၀၀ လွဴဒါန္းခဲ့သည္။
Facebook၊ Apple , SoftBank ႏွင့္ Alibaba တို႔ကလည္း လွဴဒါန္းမႈမ်ားစြာ ျပဳလုပ္ခဲ့ၾကသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Jack Dorsey sets aside $1 billion for charity. His initial focus: coronavirus relief efforts (CNN)