မလေးရှားအစိုးရပိုင် ရန်ပုံငွေမှ ဒေါ်လာသန်းပေါင်းများစွာ မသမာမှုပြုလုပ်ကာ အမေရိကန်တွင် အိမ်ခြံမြေများဝယ်ယူထားသူ ဂျေဟိုလို၏ လော့စ်အိန်ဂျလိစံအိမ်ကို အမေရိကန်အာဏာပိုင်တို့က ကန်ဒေါ်လာ ၁၈ သန်းကျော်ဖြင့် ရောင်းချလိုက်ပြီ

မလေးရှားအစိုးရပိုင် ရန်ပုံငွေမှ ဒေါ်လာသန်းပေါင်းများစွာ မသမာမှုပြုလုပ်ကာ အမေရိကန်တွင် အိမ်ခြံမြေများဝယ်ယူထားသူ ဂျေဟိုလို၏ လော့စ်အိန်ဂျလိစံအိမ်ကို အမေရိကန်အာဏာပိုင်တို့က ကန်ဒေါ်လာ ၁၈ သန်းကျော်ဖြင့် ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
25 Mar 2020 11:31 am တွင် တင်ခဲ့သည်
823 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

မလေးရှားအစိုးရပိုင် ရန်ပုံငွေဖြစ်သော 1MDB မှ ပိုင်ဆိုင်ထားသောငွေ ဒေါ်လာသန်းပေါင်းများစွာ မသမာမှုကြီးသည် ကမ္ဘာကိုသာမက မလေးရှားပြည်သူများအကြားတွင်ပါ ဂယက်ရိုက်ခဲ့သော ဖြစ်ရပ်ဖြစ်ပြီး မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်ကိုယ်တိုင် အဆိုပါအမှုဖြင့် တရားရင်ဆိုင်နေရသည်။

အမေရိကန်နှင့် မလေးရှားအာဏာပိုင်တို့၏ ပြောကြားချက်များအရ 1MDB မှ ပိုင်ဆိုင်သော ကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံအနက် ဒေါ်လာ ၁ ဘီလီယံခန့်ကို နာဂျစ်ရာဇက်၏ ကိုယ်ပိုင်ဘဏ်စာရင်းများအတွင်း ခိုးယူထည့်သွင်းထားခဲ့သည်ဟု ဆိုသည်။

နာဂျစ်ရာဇက်၏ မယားပါသားမှာလည်း အဆိုပါငွေများဖြင့် အမေရိကန်ပြည်ထောင်စုတွင် တန်ဖိုးကြီးနေအိမ်များ ဝယ်ယူခဲ့သေးသည်။

(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီးဖြစ်ရာ

(၁) https://www.imyanmarhouse.com/news/read/476583

(၂) https://www.imyanmarhouse.com/news/read/499079

(၃) https://www.imyanmarhouse.com/news/read/850333 အင်တာနက်လင့်ခ်များတွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။)

မလေးရှား စီးပွားရေးလုပ်ငန်းရှင် ဂျေဟိုလိုသည် 1MDB မှ ငွေများ ခိုးထုတ်ရေးတွင် နောက်ကွယ်မှ ကြိုးကိုင်ခဲ့သူဖြစ်သည်ဟု ယူဆကြသည်။

ယခုအခါ ဂျေဟိုလို ဝယ်ယူထားသော လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်းဖြင့် အမေရိကန် အာဏာပိုင်တို့က တရားဝင်ရောင်းချလိုက်ခြင်း ဖြစ်သည်။

လော့စ်အိန်ဂျလိမြို့၊ အနောက်ဟောလိဝုဒ် လူကုံထံရပ်ကွက်ဖြစ်သော Bird Streets မှ အငူတစ်ခုပေါ်တွင် တည်ရှိပြီး ခေတ်ပြိုင်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် အဆိုပါစံအိမ်ရောင်းချမှုသည် အမေရိကန်သမိုင်းတွင် အကြီးမားဆုံး နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းယူလိုက်မှုကြီးများတွင် တစ်ခုအပါအဝင်ဖြစ်လာသည်။

အမေရိကန်အစိုးရ၏ တရားရေးအရာရှိများက မစ္စတာလိုကို မလေးရှားအစိုးရပိုင် ရန်ပုံငွေမှ ဒေါ်လာ ဘီလီယံနှင့်ချီကာ ခိုးယူမှုဖြင့် စွပ်စွဲခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ မစ္စတာလိုသည် တရုတ်ပြည်တွင် ပုန်းအောင်းနေသည်ဟု ယူဆရသည်။

မစ္စတာလိုက လော့စ်အိန်ဂျလိ၊ နယူးယောက်နှင့် လန်ဒန်တို့တွင်ရှိသော ကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်တန်ဖိုးရှိ လူနေအိမ်များနှင့် အဆိုပါအမှုနှုင့် ဆက်နွှယ်သော ပိုင်ဆိုင်မှုအရပ်ရပ် ကန်ဒေါ်လာ သန်း ၇၀၀ ကို အမေရိကန်အစိုးရမှ သိမ်းယူစေရန် ပြီးခဲ့သောနှစ် အောက်တိုဘာလအတွင်းက သဘောတူခဲ့သည်ဟု ဆိုသည်။

အဆိုပါစံအိမ်များအနက် လော့စ်အိန်ဂျလိမှ စံအိမ်ကို အမေရိကန်အစိုးရက ပထမဆုံး ရောင်းထုတ်လိုက်ခြင်း ဖြစ်သည်။

နာဂျစ်ရာဇက်၏ မယားပါသား အမေရိကန်တွင် ပိုင်ဆိုင်ထားသော နေအိမ်များကိုမူ အမေရိကန်အစိုးရက ရောင်းချကာ မလေးရှားအစိုးရထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။

ယခုစံအိမ်ကို ဝယ်ယူလိုက်သူမှာ မည်သူဖြစ်သည်ကိုမူ မသိရချေ။ဂျေဟိုလိုက အဆိုပါစံအိမ်ကို ၂၀၁၂ ခုနှစ်အတွင်း ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၃၉ သန်းခန့် ပေးခဲ့ရရာ ယခုရောင်းချလိုက်သည့် ဈေးနှုန်းမှာ ဝယ်ဈေး၏ ထက်ဝက်ပင်မရှိချေ။

သို့သော် ဝယ်လက်များသည် ယခုစံအိမ်ကို လူနေထိုင်နိုင်စေရန် ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ ပြုပြင်ရဦးမည်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင် အားနီ ကားစ်ဝဲလ်က ပြောကြားသည်။

ကားစ်ဝဲလ်သည် Douglas Elliman အိမ်ခြံမြေကုမ္ပဏီမှဖြစ်ပြီး ပြည်ထောင်စုအစိုးရက အဆိုပါနေအိမ်ကို ရောင်းချပေးရန် Douglas Elliman ထံ အပ်နှံထားခြင်း ဖြစ်သည်။

မစ္စတာလိုသည် ၁ ဒသမ ၂ ဧက ကျယ်ဝန်းသော အဆိုပါစံအိမ်ကို အိမ်ခြံမြေ developer တစ်ဦးထံမှ လွန်ခဲ့သော ၆ နှစ်က ဝယ်ယူခဲ့ခြင်းဖြစ်သည်။

စတုရန်းပေ ၁၃၀၀၀ ကျယ်ဝန်းသော စံအိမ်တွင် မှန်အပြည့်ကာရံထားသည့်အခန်းများ၊ အဆင့်မြင့်အသုံးအဆောင်အမျိုးမျိုးနှင့် ရေကူးကန်တစ်ခုတို့ ပါဝင်သည်။

မစ္စတာ ကားစ်ဝဲလ်က ပြောကြားရာတွင် ရေကူးကန်တစ်ခုတည်းကို ပြန်လည်မွမ်းမံစရိတ်သည်ပင် ကန်ဒေါ်လာ ၁ သန်းခန့် ကုန်ကျနိုင်ကြောင်း ပြောကြားသည်။

“ဒါက ရေကူးကန်တစ်ခုတည်းအတွက်ပဲ ရှိပါသေးတယ်။ စံအိမ်တစ်ခုလုံးကို ပြန်လည်မွမ်းမံဖို့ဆိုရင် ကန်ဒေါ်လာ ၈ သန်းကနေ ၁၂ သန်းကြား ကုန်ကျဖွယ်ရာ ရှိပါတယ်” ဟု မစ္စတာ ကားစ်ဝဲလ်က ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

မေလးရွားအစိုးရပိုင္ ရန္ပံုေငြမွ ေဒၚလာသန္းေပါင္းမ်ားစြာ မသမာမႈျပဳလုပ္ကာ အေမရိကန္တြင္ အိမ္ျခံေျမမ်ားဝယ္ယူထားသူ ေဂ်ဟိုလို၏ ေလာ့စ္အိန္ဂ်လိစံအိမ္ကို အေမရိကန္အာဏာပိုင္တို႔က ကန္ေဒၚလာ ၁၈ သန္းေက်ာ္ျဖင့္ ေရာင္းခ်လုိက္ျပီ

မေလးရွားအစိုးရပိုင္ ရန္ပံုေငြျဖစ္ေသာ 1MDB မွ ပိုင္ဆိုင္ထားေသာေငြ ေဒၚလာသန္းေပါင္းမ်ားစြာ မသမာမႈၾကီးသည္ ကမၻာကိုသာမက မေလးရွားျပည္သူမ်ားအၾကားတြင္ပါ ဂယက္ရိုက္ခဲ့ေသာ ျဖစ္ရပ္ျဖစ္ျပီး မေလးရွားဝန္ၾကီးခ်ဳပ္ နာဂ်စ္ရာဇက္ကိုယ္တိုင္ အဆိုပါအမႈျဖင့္ တရားရင္ဆိုင္ေနရသည္။

အေမရိကန္ႏွင့္ မေလးရွားအာဏာပိုင္တို႔၏ ေျပာၾကားခ်က္မ်ားအရ 1MDB မွ ပိုင္ဆိုင္ေသာ ကန္ေဒၚလာ ၆ ဒသမ ၅ ဘီလီယံအနက္ ေဒၚလာ ၁ ဘီလီယံခန္႔ကို နာဂ်စ္ရာဇက္၏ ကိုယ္ပိုင္ဘဏ္စာရင္းမ်ားအတြင္း ခိုးယူထည့္သြင္းထားခဲ့သည္ဟု ဆိုသည္။

နာဂ်စ္ရာဇက္၏ မယားပါသားမွာလည္း အဆိုပါေငြမ်ားျဖင့္ အေမရိကန္ျပည္ေထာင္စုတြင္ တန္ဖိုးၾကီးေနအိမ္မ်ား ဝယ္ယူခဲ့ေသးသည္။

(အဆိုပါသတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေဖာ္ျပခဲ့ျပီးျဖစ္ရာ

(၁) https://www.imyanmarhouse.com/news/read/476583

(၂) https://www.imyanmarhouse.com/news/read/499079

(၃) https://www.imyanmarhouse.com/news/read/850333 အင္တာနက္လင့္ခ္မ်ားတြင္ ျပန္လည္ဖတ္ရႈႏိုင္ပါသည္။)

မေလးရွား စီးပြားေရးလုပ္ငန္းရွင္ ေဂ်ဟိုလိုသည္ 1MDB မွ ေငြမ်ား ခိုးထုတ္ေရးတြင္ ေနာက္ကြယ္မွ ၾကိဳးကိုင္ခဲ့သူျဖစ္သည္ဟု ယူဆၾကသည္။

ယခုအခါ ေဂ်ဟိုလို ဝယ္ယူထားေသာ ေလာ့စ္အိန္ဂ်လိစံအိမ္ကို ကန္ေဒၚလာ ၁၈ ဒသမ ၅ သန္းျဖင့္ အေမရိကန္ အာဏာပိုင္တို႔က တရားဝင္ေရာင္းခ်လိုက္ျခင္း ျဖစ္သည္။

ေလာ့စ္အိန္ဂ်လိျမိဳ႕၊ အေနာက္ေဟာလိဝုဒ္ လူကုံထံရပ္ကြက္ျဖစ္ေသာ Bird Streets မွ အငူတစ္ခုေပၚတြင္ တည္ရွိျပီး ေခတ္ျပိဳင္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားသည့္ အဆိုပါစံအိမ္ေရာင္းခ်မႈသည္ အေမရိကန္သမိုင္းတြင္ အၾကီးမားဆံုး ႏိုင္ငံ့ဘ႑ာအျဖစ္ သိမ္းယူလိုက္မႈၾကီးမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္လာသည္။

အေမရိကန္အစိုးရ၏ တရားေရးအရာရွိမ်ားက မစၥတာလိုကို မေလးရွားအစိုးရပိုင္ ရန္ပံုေငြမွ ေဒၚလာ ဘီလီယံႏွင့္ခ်ီကာ ခိုးယူမႈျဖင့္ စြပ္စြဲခဲ့ၾကျခင္း ျဖစ္သည္။

ယခုအခါ မစၥတာလိုသည္ တရုတ္ျပည္တြင္ ပုန္းေအာင္းေနသည္ဟု ယူဆရသည္။

မစၥတာလိုက ေလာ့စ္အိန္ဂ်လိ၊ နယူးေယာက္ႏွင့္ လန္ဒန္တို႔တြင္ရွိေသာ ကန္ေဒၚလာ သန္း ၁၀၀ ဝန္းက်င္တန္ဖိုးရွိ လူေနအိမ္မ်ားႏွင့္ အဆိုပါအမႈႏွုင့္ ဆက္ႏႊယ္ေသာ ပိုင္ဆိုင္မႈအရပ္ရပ္ ကန္ေဒၚလာ သန္း ၇၀၀ ကို အေမရိကန္အစိုးရမွ သိမ္းယူေစရန္ ျပီးခဲ့ေသာႏွစ္ ေအာက္တိုဘာလအတြင္းက သေဘာတူခဲ့သည္ဟု ဆိုသည္။

အဆိုပါစံအိမ္မ်ားအနက္ ေလာ့စ္အိန္ဂ်လိမွ စံအိမ္ကို အေမရိကန္အစိုးရက ပထမဆံုး ေရာင္းထုတ္လိုက္ျခင္း ျဖစ္သည္။

နာဂ်စ္ရာဇက္၏ မယားပါသား အေမရိကန္တြင္ ပိုင္ဆိုင္ထားေသာ ေနအိမ္မ်ားကိုမူ အေမရိကန္အစိုးရက ေရာင္းခ်ကာ မေလးရွားအစိုးရထံ ျပန္လည္လႊဲေျပာင္းေပးခဲ့ျပီး ျဖစ္သည္။

ယခုစံအိမ္ကို ဝယ္ယူလိုက္သူမွာ မည္သူျဖစ္သည္ကိုမူ မသိရေခ်။

ေဂ်ဟိုလုိက အဆိုပါစံအိမ္ကို ၂၀၁၂ ခုႏွစ္အတြင္း ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ ၃၉ သန္းခန္႔ ေပးခဲ့ရရာ ယခုေရာင္းခ်လိုက္သည့္ ေစ်းႏႈန္းမွာ ဝယ္ေစ်း၏ ထက္ဝက္ပင္မရွိေခ်။

သို႔ေသာ္ ဝယ္လက္မ်ားသည္ ယခုစံအိမ္ကို လူေနထိုင္ႏိုင္ေစရန္ ေဒၚလာသန္းေပါင္းမ်ားစြာ အကုန္အက်ခံ ျပဳျပင္ရဦးမည္ျဖစ္ေၾကာင္း အိမ္ျခံေျမအက်ဳိးေဆာင္ အားနီ ကားစ္ဝဲလ္က ေျပာၾကားသည္။

ကားစ္ဝဲလ္သည္ Douglas Elliman အိမ္ျခံေျမကုမၸဏီမွျဖစ္ျပီး ျပည္ေထာင္စုအစိုးရက အဆိုပါေနအိမ္ကို ေရာင္းခ်ေပးရန္ Douglas Elliman ထံ အပ္ႏွံထားျခင္း ျဖစ္သည္။

မစၥတာလိုသည္ ၁ ဒသမ ၂ ဧက က်ယ္ဝန္းေသာ အဆိုပါစံအိမ္ကို အိမ္ျခံေျမ developer တစ္ဦးထံမွ လြန္ခဲ့ေသာ ၆ ႏွစ္က ဝယ္ယူခဲ့ျခင္းျဖစ္သည္။

စတုရန္းေပ ၁၃၀၀၀ က်ယ္ဝန္းေသာ စံအိမ္တြင္ မွန္အျပည့္ကာရံထားသည့္အခန္းမ်ား၊ အဆင့္ျမင့္အသံုးအေဆာင္အမ်ဳိးမ်ဳိးႏွင့္ ေရကူးကန္တစ္ခုတို႔ ပါဝင္သည္။

မစၥတာ ကားစ္ဝဲလ္က ေျပာၾကားရာတြင္ ေရကူးကန္တစ္ခုတည္းကို ျပန္လည္မြမ္းမံစရိတ္သည္ပင္ ကန္ေဒၚလာ ၁ သန္းခန္႔ ကုန္က်ႏိုင္ေၾကာင္း ေျပာၾကားသည္။

“ဒါက ေရကူးကန္တစ္ခုတည္းအတြက္ပဲ ရွိပါေသးတယ္။ စံအိမ္တစ္ခုလံုးကို ျပန္လည္မြမ္းမံဖို႔ဆိုရင္ ကန္ေဒၚလာ ၈ သန္းကေန ၁၂ သန္းၾကား ကုန္က်ဖြယ္ရာ ရွိပါတယ္” ဟု မစၥတာ ကားစ္ဝဲလ္က ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service